Pages

February 28, 2014

လူ

ဇော်ဝင်းထွဋ် - လူ
အစတုံးက မြှောက်ပင့်ပေးတယ်..
ငါသွေးနဲ့  သီချင်းသစ်ရေးမယ်..
တကယ် ဒုက္ခရာက်တော့ ပြေးတယ်...... လူတွေ လူတွေ...

အမှောင်ထဲငါ ရောက်သွားရော...
တစ်ယောက်မှ သတိမရဘူး ... ဘယ်သူမှ မရှိကြဘူး..
သြော် လူတွေ .. လူတွေ ...

ကျဆုံးတော့ ၀မ်းနည်းရမယ်.. အနိုင်ရတော့ နှစ်သက်ကြတယ် ...
လွန်ကဲတဲ့ အတ္တစိတ်နဲ့ .. လူတွေ လူတွေ ...

ခဏတာ ဘ၀ခရီးကို...
ပြိုင်ဆိုင် တိုးဝှေ့ ရင်းနဲ့ ပဲ.. နေ၀င်မိုးချုပ်သွားကြတယ်.. လူတွေ လူတွေ ...

အမှားတွေလုပ်ရင်း.. အမှားကြီး မှားကြတယ်...
ရက်စက်တတ်ကြတယ်.. မသိကြသေးဘူးလား...
မကောင်းရင်နေကြ.. အဆိုးများတော့ အားမပေးနဲ့ ...
နောက်ဆုံးတော့ လောကကို .. အမှန်တရားက နိုင်လိမ့်မယ်...

အမှားတွေလုပ်ရင်း.. အမှားကြီး မှားကြတယ်...
ရက်စက်တတ်ကြတယ်.. မသိကြသေးဘူးလား...
မကောင်းရင်နေကြ.. အဆိုးများတော့ အားမပေးနဲ့ ...
မျှမျှတတပေါ့.. အသက်ရှင်ချိန်လေးမှာ...