Pages

January 31, 2007

IT Hotdesking Launch & Reception

ဒီနေ့ တော့ အလုပ်မှာ ညနေ IT Hotdesking Launch & Reception ရှိတယ်၊ အားလုံး မတက်မနေရ တက်ရမယ်ဆိုပြီး အီးမေးလာတာနဲ့  သွားလိုက်ရတယ်။ ညနေ ၄း၃၀ စပြီး ညနေ ၆း၀၀ အထိ။ ဒီအလုပ်မှာ လုပ်တာ ၃ လ လောက်ရှိတော့မယ်ဆိုပေမယ့် အီးမေးထဲမှာ ပြောထားတဲ့ နေရာကို တခါမှ မကြားဘူး၊ ဘေးကတစ်ယောက်မေးတော့လည်း ပြောတော့ပြောတယ် သူပြောတာကို ကိုယ်ကမသိ။ နောက်တော့ မထူးပါဘူး အားလုံးသွားကြမှာပဲ မေးမနေတော့ဘူး၊ အဲ့ဒီအချိန်မှသာ သူတို့ ရှေ့ ကသွားတဲ့နေရာ၊ နောက်က လိုက်သွားတော့မယ် စဉ်းစားပြီး အလုပ်ဆက်လုပ်နေလိုက်တယ်။ အချိန်လည်းနီးလာတော့ ဘယ်သူနောက် လိုက်သွားရ ကောင်းမလဲ စဉ်းစားနေတာ အပေါက်ဝမှာ IT CEO ကိုတွေ့ တာနဲ့  သူကတော့ အဲ့ဒီမှာ Opening Address ပေးမှာဆိုတော့ သူနောက်လိုက်သွားရင် နေရာအမှန် ရောက်မှာပဲလို့ တွေးပြီး လိုက်သွားလိုက်တာ အဲ့ဒီ အခန်းက နေစဉ် အလုပ်လုပ်နေတဲ့ အဆောက်အဦးမှာ မဟုတ်ပဲ အရှေ့က အဆောက်အဦးမှ ဖြစ်နေကြောင်း သိလိုက်ရတယ်။

လူတွေ အများကြီးပဲ။ အားလုံး လူ ၂၀၀ နီးပါးရှိမယ် ထင်မိတယ်။ အခန်းပေါက်ဝမှာ Hotdesking Survivor Kit (Goodies Bag) ပေးနေတယ်၊ အားလုံး လက်မှတ်ထိုးပြီး ထုတ်ယူပါဆိုတာနဲ့  သွားယူလိုက်တာ အိတ်တစ်အိတ်ရလာခဲ့တယ်။ Laptop ထည့်တဲ့ အိတ်ပုံစံ လက်ကဆွဲလို့ လည်းရ၊ လွယ်လို့ လည်း ရတဲ့ တဲ့ အနက်ရောင် အိတ်လေးတွေ ပေးနေတာပါ။ အိတ်လေးထဲမှာ ရေဘူး၊ တစ်ရှူးထုတ်၊ Kitkat၊ Name Card Box နဲ့  တစ်ခြားဟာ အားလုံး Item 10 ခုပါတာတယ် သိရတယ်။ ကျွန်မက စိတ်မ၀င်စားလို့  အဲ့ဒီ အိတ်ကို ယူလာပြီး အခန်းထဲမှာ ထိုင်၊ ပွဲစမယ့် အချိန်စောင့်ရင်း Hand Ph ထုတ်ပြီး Game Play နေလိုက်တာ၊ ဘေးနားမှာ ထိုင်နေတဲ့လူတွေက အိတ်ထဲကဟာတွေ ဟိုထုတ်ကြည့်၊ ဒီထုတ်ကြည့်လုပ်ပြီး တရုတ်လို ကွစိကွစိ ပြောလိုက်၊ အင်္ဂလိပ်လို ပြောလိုက်နဲ့ မို့  အိတ်ထဲမှာ ဘာတွေပါလဲ သိလိုက်ရတာပါ။ ဒီလူတွေ တော်တော် စပ်စုကြတာပဲ လို့ တွေးမိလိုက် သေးတယ်။

၅ နာရီလည်း ထိုးရော ကောင်မလေးတစ်ယောက်က ပွဲ အစီအစဉ်တွေပြောတယ်။ နောက်တော့ ဟိုလူကြီး တက်လာပြီး စကားတွေ စပြောတော့တယ်။ လည်ချောင်းနာနေလို့  နည်းနည်းပဲ ပြောတော့မယ်ဆိုပြီး ပြောသွားတာ မိနစ် ၂၀ လောက်ကြာတယ်။ ဒီအလုပ်ရောက်ပြီးထဲက သူပြောတာ နားထောင်ရတာ ဒါ ၅ကြိမ် မြောက်ပါပဲ။ အရင်ကတော့ သူလည်း ပြောချင်ရာပြော၊ ကိုယ်ကလည်း စိတ်မ၀င်စားတာနဲ့  သူပြောသမျှ နားထဲ ဒီဘက်က၀င်၊ ဟိုဘက်ကထွက် လုပ်နေခဲ့တာ ဒီတခါတော့ သူ့  နောက်ကလိုက်ပြီးမှ ဒီအခန်းကို ရှာတွေ့ တာဆိုတော့ ဘာပဲဖြစ်ဖြစ် သူပြောတာလေး နားထောင်လိုက်ပါဦးမယ် ဆိုပြီး ဂရုတစိုက် နားထောင်ဖြစ်သွားတယ်။

Hotdesking လုပ်တဲ့ အကြောင်း၊ ဘာကြောင့် လုပ်ရတယ်ဆိုရယ်၊ ဘာတွေ ကောင်းတယ်၊ ဘယ်နေရာမှာ ပြင်ဖို့ လိုသေးတယ် ဆိုတာတွေ နဲ့  ကျေးဇူးတင်တဲ့ အကြောင်းတွေ ပြောသွားတယ်။ တစ်ခုက ဒီ Company မှာ IT dapartment မှာတင် Staff အားလုံးပေါင်း ၂၂၀ ကျော်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ အရင်နှစ်က ဒီအချိန်မှာ ရှိတဲ့ IT department ရဲ့ Staff အရေအတွက်က ၁၇၀ ကျော်ပဲရှိတယ် ပြောတယ်။ ဒီလို Staff တွေ တိုးခန့် နေလို့ လည်း Hotdesking ပုံစံကို ပြောင်းမသုံးရင် Office ကို ပြောင်းရမှာ ဖြစ်ကြောင်း ရှင်းပြတယ်။ နောက် စိတ်ဝင်စားစရာ ကောင်းတာ တစ်ခုက အလုပ်လာစရာမလိုပဲ အိမ်တွေကနေပဲ အလုပ်လုပ်နိုင်အောင်လည်း စီစဉ်ဦးမယ် ပြောတယ်။ Policy အရတော့ ခုအချိန်မှာ မလုပ်နိုင်သေးပေမယ့် သူတို့ ပထမဆုံး လုပ်နိုင်အောင် ကြိုးစားနေတယ် ပြောတာပဲ။ မဆိုးပါဘူး။ အပြောကတော့ အတော် ကောင်းသားပဲ။ မဆီမဆိုင် ရှေ့ မှာတော့ လူမြင်ကွင်းလို ဟာမျိုးမှာဆို သာယာ၊ ချိုသာမယ့် စကားလေးတွေ ပြောပြီး နောက်ကွယ်မှာ မဟုတ်တာလုပ်နေတဲ့ သူတွေ၊ အမြင်ပန်းအရ ယဉ်ကျေးချင်ယောင် ဆောင်နေပေမယ့် တကယ့်တကယ်တော့ ပြောသလို မဟုတ်သူတွေ အများသားလို့  တွေးမိလိုက်သေးတယ်။

ပြီးတော့ Hotdesking နဲ့  ပတ်သတ်ပြီး Staff တွေ သရုပ်ဆောင်ထားတဲ့ ၁၀ မိနစ်လောက် Vedio လေးပြတယ်။ အလုပ်မှာ တကယ် ဖြစ်နေတာတွေ အားလုံးပါအောင် ရိုက်ထားတာမို့ ရယ်နေရတယ်။ အဲ့ဒီထဲက Hotdesking လုပ်ပြီး နေရာ တနေရာထဲ မထိုင်တော့ မတွေ့ ချင်တဲ့ သူတွေကို ရှောင်နိုင်တယ် ဆိုတာလေးကို အကြိုက်ဆုံးပါပဲ။ ရှောင်ချင်ပြီဆို ကိုယ်ထိုင်တဲ့ နေရာက ဖုန်းတွေကိုလည်း login မ၀င်ထားတော့ ဘယ်လိုမှ ရှာလို့ မရနိုင်တော့ဘူးလေ။ တချို့ ဆို တစ်နေ့ လုံး ဖုန်းကို Login မလုပ်ကြဘူးဆိုတာကိုလည်း ကြားလိုက်ရ သေးတယ်။

Vedio ပြီးတော့ Tea Time ဆိုတာနဲ့  သွားစားရသေးတယ်။ မုန့်် တွေကလည်း အများကြီး၊ Buffet ကျွေးတာမို့  ကိုယ့်လည်း ဘယ်သူမှ သိတာမဟုတ်ဘူး၊ ၀ အောင်စားတာကောင်းပါတယ်လို့ တွေးမိတာနဲ့  ကိုယ်ကြိုက်တဲ့ မုန့် ကို ၃ ခါပြန်သွားထည့်စားလိုက်တယ်။ :D မုန့် အမျိုးပေါင်း ၁၀ မျိုး လောက်တော့ ရှိတယ်။ အားလုံးထဲမှာ အကြိုက်ဆုံးမုန့် ကတော့ မုန့် ကုလားမည်းလို မုန့် မျိုးကို အုန်းသီးလေး ဖြူးထားတဲ့မုန့် ပါ။ စားလို့  အရမ်းကောင်းတာနဲ့  ညစာ အလွတ်ကို စားဖြစ် သွားတယ်။ စားပြီး သောက်ပြီး ဗိုက်ဝ သွားတော့၊ တခြား ဘာလုပ်စရာ ရှိဦးတော့မလဲ။ အိတ်လေးယူပြီး အိမ်ပြန်ရုံပဲ ရှိတော့တာပေါ့။

January 29, 2007

ကျွန်မ စိတ်ဝင်စားသော အရာတစ်ခု

ဒီနေ့ တော့ Laptop တစ်လုံးမှာ Installation လုပ်နေရတာကို စောင့်ရင်း ပျင်းလာတာနဲ့  Technical Websites တွေ သွားကြည့်လိုက်တာ Haskell အကြောင်း ရေးထားတာလေး တစ်ခုကို တွေ့ လိုက်ရတယ်။ Haskell ဆိုတဲ့ နာမည်ကြားရင် အလိုလို စိတ်ဝင်စားလာတဲ့ အကျင့်က ရှိနေတော့ သွားဖတ်ကြည့် ဖြစ်သွားတယ်။ အဲ့ဒီ Site မှာ ရေးထားတာ အစလေးကလည်း ယဉ်တယ်ပြောရမလားပဲ.. ဒီလိုလေး ရေးထားပါတယ်။

Danger! If you are happy with your current knowledge of programming languages, don’t read on – Haskell might be responsible for some serious defects in your motivation.

သူဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ၊ ကျွန်မကလည်း မဖတ်ဘဲ မနေနိုင်ဆိုတော့ ဆက်ပြီး အားလုံး ပြီးအောင် ဖတ်ဖြစ်သွားတာပေါ့။ စိတ်ဝင်စားစရာပါပဲ။ Haskell ကို စတင် လေ့လာနေသူ တစ်ယောက်ရဲ့ အမြင်ကို ရေးထားတာပါ။ တစ်နေရာမှာ ပြောထားတာက သူ့ အတွက်တော့ Haskell ဟာ လေ့လာရ ခက်တဲ့ Languages တွေထဲမှာပါ ပါတယ်တဲ့။ ဟုတ်မှာပါ။ ကျွန်မ ဖတ်ဖူး သလောက်လည်း Haskell က တခြား ကျွန်မသိတဲ့ တခြား Languages တွေ နဲ့ ယှဉ်ရင် လေ့လာရ ခက်တာပါပဲ။ ဒါပေမယ့် နားလည်သွားရင်တော့ ရေးရတာ အရမ်း မြန်ပါတယ်။

Haskell က Functional Programming Language ပါ။ အဲ့ဒီတော့ Haskell ရဲ့ ရေးတော့မယ်ဆို စဉ်းစားရတဲ့ ပုံတွေက တခြား ကျွန်မတို့  သုံးနေကြ C, Java, Pascal တို့ နဲ့  Procedural Programming Language တွေနဲ့  လုံးဝ မတူပါဘူး။ ကျွန်မ အတွက်တော့ Haskell ဟာ စိတ်ဝင်းစားဖို့ အရမ်း ကောင်းပါတယ်။ အသေးစိတ် လေ့လာခွင့် မရခဲ့တော့ သေချာ မရှင်းပြနိုင်သေး ပါဘူး။ ဒါပေမယ့် Recursive functions ရေးတာကို စိတ်ဝင်စားသူတွေဟာ ဒီ Haskell နဲ့ ရေးရတာကို နှစ်သက်ကြမှာတော့ သေချာ ပါတယ်။
ဒီမှာ Haskell နဲ့ ရေးထားတဲ့ Sorting ပါ။
Haskell quicksort:
qsort [] = []
qsort (x:xs) = qsort (filter (<>= x) xs)

The first line reads: "When you sort an empty list ([]), the result is another empty list". The second line reads: "To sort a list whose first element is named x and the rest of which is named xs, sort the elements of xs that are less than x, sort the elements of xs that are greater than or equal to x, and concatenate (++) the results, with x sandwiched in the middle."

Code အနေနဲ့ ကတော့ နည်းနည်းလေး ရေးရတာပါ။ ဒါပေမယ့် အရင်ဆုံး နားလည်ဖို့ တော့ အတော်လေး ကြိုးစားရပါတယ်။

အဲ့ဒါကိုပဲ C လို Procedural Programming Language မှာ ရေးမယ်ဆို ဒီလိုဆိုပြီး ရေးပြထားသေးတယ်။ Java လို ရေးပြဖို့ ကျွန်မ့ စိတ်ကူးခဲ့ပေမယ့် C နဲ့  Java သိပ်မကွာတာနဲ့  C နဲ့ ရေးထားတာကိုပဲ ကူးပြီး နှိုင်းယှဉ်ကြည့် လိုက်ပါတော့တယ်။

void qsort(int a[], int lo, int hi) {
{
int h, l, p, t;
if (lo < l =" lo;" h =" hi;" p =" a[hi];" l =" l+1;"> l) && (a[h] >= p))
h = h-1;
if (l < h) {
t = a[l];
a[l] = a[h];
a[h] = t;
}
} while (l < h);
t = a[l];
a[l] = a[hi];
a[hi] = t;
qsort( a, lo, l-1 );
qsort( a, l+1, hi );
}
}

ကျွန်မ Haskell ကို စသိခဲ့တာ 2000 လောက်ကပါ။ ကျွန်မတို့  ကျောင်းမှာ သင်လို့ ရတဲ့ Modules တွေထဲမှာ Haskell ကို အဓိက ထားပြီး သင်တဲ့ Subject တစ်ခုရှိ ပါတယ်။ ကျွန်မတို့ လို ခုမှ ကျောင်းတက်ရမယ့် Fresher လေးတွေကို Senior ကြီးတွေက Subjects တွေ အကြောင်း ရှင်းပြတာနဲ့  Haskell ဆိုတဲ့ နာမည်ကို စတင်သိ ခဲ့တာပါ။ Haskell ဟာ ကျွန်မ စိတ်ဝင်းစားတဲ့ Programming Language ပုံစံမျိုး ဖြစ်တာနဲ့  အဲ့ဒီ Subject ကို ယူချင်ပေမယ့် အခြေအနေ အမျိုးမျိုးကို တွေးတောပြီး ကျွန်မ အယူဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် စိတ်ဝင်စားတာနဲ့  သူငယ်ချင်းတွေ တက်တဲ့ Lectures တချို့ ကို လိုက်တက် ကြည့်ခဲ့ ပါတယ်။ နောက်ပိုင်း ကျောင်းပြီးတော့လည်း အနည်းအကျဉ်း ဖတ်ဖြစ်တာလောက်ပဲ ရှိပါတယ်။ ကျွန်မ Haskell ကို စိတ်ဝင်စားပေမယ့် ခုချိန်ထိတော့ အသေးစိတ် လေ့လာကြည့်ဖို့  အခွင့်အရေး မရသေးပါဘူး။ တချိန်ချိန်တော့ Haskell လို System Programming Languages တွေကို လေ့လာကြည့်ချင် ပါသေးတယ်။

Haskell ဆိုနဲ့  စာလုံးတွေကိုမြင်တိုင်း…
ကျောင်းသားဘ၀ နဲ့ အဲ့ဒီတုန်းက သူငယ်ချင်းတွေကို သတိရမိတယ်

Source : Haskell.org (Introduction) , Haskell Programming (Wiki)

အတွေးပန်းပွင့်


မခူးအား၍
ဆူးကြား ကျန်ခဲ့လေသလော။

မခူးရက်၍
ဆူးထက် ကျန်ခဲ့လေသလော။

မခူးလို၍
ဆူးညိုထက်တွင်
သူ့ ကံပင်ဟု
တမင် ချန်ခဲ့လေသလော။

ဝင်းဝင်းမြင့် (နန်းတော်ရှေ့)
ပန်းတပွင့်၏ ရင်ခုန်သံ စာအုပ်မှ ...

To Read - Java Tutorials

ခုတလော ဟိုရှုပ်ဒီရှုပ် လုပ်နေတာနဲ့  ကိုယ့်အလုပ် ကိုယ်သေချာမလုပ်ဖြစ်ဖူး ဖြစ်နေတယ်။ အိမ်မှာ ဆိုလည်း ဟိုရှုပ်ဒီရှုပ်နဲ့  ဖတ်မယ် စဉ်းစားထားတဲ့ စာတွေလည်း သေချာ မဖတ်ဖြစ်၊ အလုပ်ရောက်ပြန်တော့လည်း အလုပ်နည်းနည်းအားတဲ့ အချိန်ဆို ဖိုရမ်ဖတ်၊ ဘလောခ့်တွေဖတ်၊ မြန်မာသတင်းဆိုဒ်တွေဖတ်၊ နောက်ပြီး ဘလောခ့်ရေးတာကိုပဲ လုပ်ဖြစ်နေတယ်။ တခါတလေမှသာ Technical Websites တချို့ က IT news တွေကို ဖတ်ဖြစ်တယ်။

ဒီရက်ပိုင်း ကိုယ်လုပ်နေတာတွေ ပြန်စဉ်းစားကြည့်မိတော့ ကျွန်မ လက်ရှိ လုပ်နေတဲ့ အလုပ်အတွက် အကျိုးရှိမယ့် စာတွေ မဖတ်ဖြစ်တာ ကြာပြီဆိုတာ သတိထားမိလိုက်တယ်။ လက်ရှိ ကျွန်မ လုပ်နေတာက IT Programming နဲ့  ပတ်သက်တဲ့ အလုပ်၊ အဓိက သုံးတဲ့ Programming Language က Java။ အဲ့ဒီတော့ အလုပ်မှာ အားတယ်၊ အချိန်ရတယ် ဆိုရင် Java နဲ့  ပတ်သက်တဲ့ Tutorial လေးတွေပဲ ပေါ့ပေါ့ပါးပါး ဖတ်တာ ကောင်းတယ် ဆိုပြီး တွေးမိလိုက်တယ်။

အရင်က ကျွန်မ Java Tutorials တော်တော်များများကို အွန်လိုင်းကနေ ဖတ်ခဲ့ဖူး ပါတယ်။ အကြောင်းအရာ တစ်ခုကို အဓိကထားမဖတ်ပဲ Java ကို သိအောင် ဖတ်မယ်ဆို Sun Java က Tutorials တွေကို အကြိုက်ဆုံးပါပဲ။ အဲ့ဒီက Tutorials တွေက Java စပြီး လေ့လာသူတွေ အတွက်လည်း သင့်တော်သလို၊ Java Language နဲ့  အလုပ်လုပ်ပြီး တစ်ခုခုဆို သိသလိုလို မသိသလိုလို ဖြစ်နေတတ်တဲ့ ကျွန်မတို့ လို လူတွေအတွက်လည်း သင့်တော့်ပါတယ်။

ဒီရက်ပိုင်းတော့ အလုပ်မှာ အားတဲ့ အချိန်လေး Java Tutorials လေးတွေ ပြန်ဖတ်လိုက်ဦးမယ်... ကျွန်မလုပ်လေ့ရှိတာက အဲ့ဒီ Sun က Tutorials ကို အဓိကထား ဖတ်ပြီး၊ နောက်အသေးစိတ် သိချင်တာလေးတွေ ရှိလာရင် Google အားကိုးပြီး ရှာဖတ်လိုက် ပါတယ်။ ကျွန်မ့ အတွက်တော့ အဲ့လို ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပါတယ်။

ကျွန်မ ဖတ်လေ့ရှိတဲ့ Sun Java Tutorials လင့်ခ့်တွေပါ။

Sun Java Tutorials (Books)
Sun Java EE Tutorials
Sun Java WebServices Tutorials
Other Resourcss For Java Programmers

Sun Tutorials တွေ ပြန်ကြည့် ဖြစ်မှပဲ.. Sun မှာ Java Tutorials' Blog ဆိုပြီး အသစ် လုပ်ထားတာကို တွေ့ လိုက် ရတယ်.. အဲ့ဒီမှာ Sun က Java Tutorials တွေနဲ့  ပတ်သတ်တဲ့ သတင်းတွေကို တင်ထားပေးတဲ့ အတွက် စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်မ အတွက်တော့ နောက်ဖတ်စရာ Technical Blog တစ်ခု တိုးလာတာပေါ့။

January 28, 2007

အကျင့်ဆိုး

နေနေနိုင်တစ်ယောက် မနေနိုင်တော့ပဲ... ဒီသီချင်းကို တင်ဖြစ်သွားပါတော့တယ်..
သီချင်းလေးရဲ့ အဓိပ္ပါယ်က ကောင်းလွန်းလို့ ပါ။

အကျင့်ဆိုး
အလုပ်လုပ်ရာဝယ် အစက သာရယ်
အဆုံးထိအောင်ပင် မကြံချင်တယ်
အာလျှော့တာရယ် ပေါ့ရော့တာရယ်
အဲ့ဒါ အကျင့်ဆိုးတယ်။

တစ်ယောက်က ဒီလို၊ တစ်ယောက်က ဟိုလို
အမျိုးမျိုးအဖုံဖုံ ဂုဏ်ပြိုင်တယ်
နည်းလမ်းအပိုတွေ စည်းကမ်းမရိုသေ၊ ရက်တွေ ကုန်ခဲ့တယ်
ဒီလိုအကျင့်ဆိုး စိတ်မျိုးထားလို့ ၊သံသရာ ရှည်လာတယ်
မြန်မာပြည်မှာကွယ် ကောင်းအောင်အထူး မနောကရွယ်
ခေါင်းဆောင်တစ်ဦးတည်း ပြောသမျှ နာခံတယ်

Cho:
(ငယ်သူဟာ နည်းလမ်းမှားကာ၊ အကြီးအကဲများကို မရိုသေတယ်
ရွယ်တူရင် အသင်းအပင်းဖွဲ့ နှောင်၊ အချင်းချင်းတည့်အောင် မပေါင်းကြတယ်
သေချာစွာ နောက်တစ်ထစ်မှတ်ဖွယ်၊ ကောက်ကျစ်တတ်တယ့် ၀ါသနာရယ်
ဂုဏ်ပါဝါမိုးလောက်မကရင်၊ ကိုယ့်အောက်ကလူ နှိပ်စက်တယ်

သူလုပ်တော့ အရာရာမတွင်ကျယ်၊ အများတကာလုပ်တော့ ရှုပ်ဖို့ ကြံတတ်တယ်
အာကျယ်တာတွေရယ်၊ စည်ပင်တိုးစေ အမျိုးမတိမ်ဖွယ်
ဒီအကျင့်ဆိုးတွေ ချိုးနှိမ်ကာ ဖျောက်ကွယ်။ )

အလိုက်မသိတာတွေရယ်
ကိုယ်အဖို့ တော့ ကိုယ်သိတယ်၊ နောက်လူတော့ မသိပါရယ်
ဒီညဉ်မျိုး အလွန်ဆိုးတယ်
ရှေးစကားတွေကိုပယ်၊ ခေတ်အလိုက်တော့ သူနားမလည်
ဆရာ့ကိုလည်း ပြစ်ခါပယ်၊
ဒီညဉ်မျိုး အလွန်ဆိုးတယ်။

ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊ ကမ္ဘာမှာလည်း ခေတ်မှီဖွယ်၊
မြန်မာနိုင်ငံကြီးကို တကယ်၊
ဒီသီချင်းတေးဟာ ပြည်တွင်းရေးပါ
ဒီသီချင်းတေးနဲ့  မနှေးပဲ ပြုပြင်မယ်။

Cho:
......
......

အခု နားထောင်ရတဲ့ "အကျင့်ဆိုး" သီချင်းက သန်မြတ်စိုး ပြန်ဆိုထားတဲ့ ဗားရှင်းပါ။

January 27, 2007

အဖေ - လေးဖြူ

မနေ့ က ညစား စားရင်း သီချင်းနားထောင်မယ်ဆိုပြီး သူငယ်ချင်းတစ်ယောက် ပေးတဲ့ ရဲလေး ရဲ့ အိမ် ဆိုတဲ့ သီချင်းကို နားထောင်လိုက်မိ ပါတယ်.. ချက်ချင်း သီချင်းပြန်ပြောင်း လိုက်ရတယ်။ တကယ်ပါ၊ အဲ့ဒီသီချင်းသာ ဆက်နားထောင်ရင်၊ ကျွန်မ စားလက်စ ထမင်းကို ဘယ်လိုမှ ဆက်ပြီး စားဝင်တော့မှာ မဟုတ်တော့ပါဘူး။ တကယ်တော့ အဲ့ဒီ သီချင်းက ဖခင် အကြောင်းကို ရေးထားတဲ့ သီချင်းပါ။ အဓိပ္ပါယ် ကောင်းချင် ကောင်းမှာပါ၊ ဒါပေမယ့် ရဲလေးက အဲ့ဒီ သီချင်းကို ငိုသံကြီးလုပ်ပြီး ဆိုလိုက်တာကိုတော့ ဘယ်လို မှ ခံစားလို့ မရဘူး။ ရဲလေးကို ဘယ်သူကများ သီချင်းတွေကို ခံစားချက်နဲ့ ဆိုကြောင်းပြချင်ရင် ငိုသံကြီး လုပ်ဆိုရမယ် ပြောလိုက်လဲ မသိဘူး။ ကျွန်မတော့ အဲ့ဒီ ငိုသံကြီး နားထောင်ရတာ အန်ချင်တယ်။ ထားပါ။

ဘာပဲပြောပြော အဲ့ဒီသီချင်းကြောင့် ကျွန်မ လေးဖြူ ဆိုတဲ့ လိပ်ပြာအခွေထဲက အဖေ ဆိုတဲ့ သီချင်းကို ပြန်ပြီး နားထောင်ကြည့်ချင်တဲ့စိတ် ပေါက်သွားတယ်။ အဲ့ဒီသီချင်းဟာ တကယ်ကောင်းတဲ့ သီချင်းလေး တစ်ပုဒ်ပါ။ ဒီသီချင်းလေးကို စပြီး နားထောင်ဖြစ်ထဲက အဖေ့သမီးလို့  အမြဲ ပြောလေ့ရှိတဲ့ ကျွန်မ၊ အလွန် ကြိုက်နှစ်သက် ခဲ့ပါတယ်။ နောက်ပိုင်း တချို့ သူတွေက ဒီသီချင်ဟာ ဖခင်တွေကို ရည်ညွှန်းရုံမက ကျွန်မတို့  ခေတ်သစ် ဗမာနိုင်ငံတော် ရဲ့ လွတ်လပ်ရေး ဖခင် ဖြစ်သူကိုလည်း ရည်စူးပြီး ဆိုထားတဲ့ သီချင်းလေး ဖြစ်တယ်လို့  ပြောကြတာနဲ့  သေချာ ခံစား နားထောင်ကြည့်တော့လည်း သူတို့ ပြောတာ ဟုတ်နေသလိုပဲမို့  ပိုမိုကြိုက်နှစ်သက် ခဲ့ပါတယ်။ "အဖေ တစ်ခု၊ သားတစ်ခု" ရုပ်ရှင် ထဲက ဇာတ်ကွက်တွေပါဝင်ပြီး လေးဖြူ ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီသီချင်းရဲ့ MTV ကိုလည်း နှစ်သက်မိပါတယ်။ အဓိပ္ပါယ် အရမ်းရှိတဲ့ သီချင်းလေး တစ်ပုဒ်ပါ။

အဖေ
တေးဆို ။ ။ လေးဖြူ
စီးရီး ။ ။ လိပ်ပြာ

အဖေနင်းဖြတ်ခဲ့တဲ့
ဘ၀ရဲ့ ဆူးတော့ အပြည့်နဲ့  လမ်းထဲ
အဖေပေးသွားခဲ့တဲ့
မြေပုံ လမ်းပြကွန်းပတ်စ်လေးနဲ့ 
ရှည်လျားလွန်းတဲ့ လောက
တောနက်ထဲ့ ကျွန်တော် ရောက်နေပြီ အဖေ

သင်ကြားသွားခဲ့တဲ့
အဖေရဲ့ စကားသင်ခန်းစာများနဲ့ 
အဖေမရှိတော့တဲ့ နောက်မှ
အထပ်ထပ်တွေးခေါ်ရင်းနဲ့ 
တန်ဖိုးတွေ နားလည်ခဲ့ပြီ
အခွင့်ရှိသေးရင်ကြားချင်တယ် အဖေ

အိုး ... အဖေမရှိတော့တဲ့နောက်
အိုး ... လူလားမြောက်တဲ့နောက်

သုည ဘ၀ကစလို့ 
အဖေရုန်းကန် မြှင့်တင်ပေးခဲ့
ရင်ကော့ခေါင်းမော့လို့ 
သေမလောက်ဆိုးတဲ့ လောကဓံတရားလည်း
ဖြေရှင်းတိုက်ခိုက်ခဲ့ အဖေရဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ် အဖေ

အဖေထွန်းညှိခဲ့တဲ့ အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့ 
အဖေ အိပ်မက်ခဲ့တဲ့ အနာဂါတ် လောကအကျိုး သယ်ပိုးမယ့်
ကျွန်တော်ကိုယ်ထဲမှာ လှည့်ပတ်
အဖေ့ရဲ့ သွေးတွေ ရဲပါတယ် အဖေ

အိုး ... အဖေမရှိတော့တဲ့နောက်
အိုး ... လူလားမြောက်တဲ့နောက်

လှိုင်းထန်လေထဲမျောတဲ့အခါ၊ အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင် တမ်းတမိတယ် အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ၊ မျက်ရည်တွေ စို့ ရတဲ့အခါ
အမြဲမြင်ယောင် တမ်းတမိတယ် အဖေ
ဒုက္ခတွေ ထည်လဲတွေ့ တဲ့အခါ၊ တခြားသူမရှိဘူး ကျွန်တော်အတွေးမှာ
အမြဲမြင်ယောင် တမ်းတမိတယ် အဖေ

............
............
............

January 26, 2007

Cool Java Script

ဒီတစ်ခါ ပရိုဂရမ်မာတွေ လက်ဆော့လို့ ရတဲ့ Java Script တစ်ခု အကြောင်း ရေးချင်ပါတယ်။

ကျွန်မ ကို ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က Script လေးတစ်ခု Gtalk ကနေ လှမ်းပေးပါတယ်။ ပြီးတော့ Browser ဖွင့် ၊ Google or Yahoo လို WebSite တစ်ခုဖွင့်လိုက်၊ ပြီးရင် Browser မှာ သူပေးတဲ့ Script လေး ထည့်လိုက်တဲ့.. ဟိုတလောက ကျွန်မရေးဖူးတဲ့ Funky Javascirpt လိုမျိုးပဲ ထူးဆန်းတာလေး တွေ့ ရမယ် ပြောတယ်။ ကျွန်မ စမ်းကြည့်တယ်.. ဘာမှလည်း ထူးခြားတာ မတွေ့ ဘူး။

ဘယ်ဖြစ်မလဲ ... အဲ့ဒီ Script က Auto Movement လုပ်ပေးတာမှ မဟုတ်တာ။ သူငယ်ချင်း ရှင်းပြတာနဲ့ .. ကျွန်မလည်း Button တွေ၊ Picture တွေ၊ Icon လေးတွေ ကို Click လုပ်ပြီး မလွှတ်ပဲ.. တခြားနေရာပို Drag လုပ်လိုက်ပါတယ်။ ပုံလေးတွေက နဂိုနေရာမှာ မရှိတော့ပဲ ကျွန်မ ဆွဲခေါ်လာတဲ့ နေရာကို ရွှေ့ သွားတာကို တွေ့ လိုက်ရ တယ်ရှင့်။ ပြီးတော့ Text တွေကိုလည်း ဒီ Java Script ကို သုံးပြီး ပြောင်းကြည့်လို့ ရပါတယ်။ IE နဲ့  FireFox နှစ်မျိုးလုံးမှာ အလုပ် လုပ်ပါတယ်။ ဒီမှာပါ..

javascript:document.body.contentEditable='true'; document.designMode='on'; void 0
1.Open Browser ( IE or FireFox)
2.Open One Web Site
3.Copy Java Script
4.Paste JavaScript at Address Bar and Click Enter
5.Feel free to edit whatever you want on the page

ဒါလေးသုံးပြီး တခြား Programmer တွေကို နောက်လို့ ရတယ် ဆိုတာကို တွေးလိုက်မိတယ်။

အလုပ်မှာ သူများရေးထားတဲ့ WebPage တွေ Test လုပ်ရရင်... အဲ့ဒီ Script လေးကို သုံးပြီး.. ဟိုပြောင်း ဒီပြောင်းလေးလုပ်... ပြီးရင် အဲ့ဒီ Page ရေးတဲ့ Programmer ကို ခေါ်ပြပြီး .. ဒါဘယ်လိုတွေ ဖြစ်နေတာလဲလို့ မေးလိုက်ရင်...... အဲ့ဒီတစ်ယောက် ဘယ်လို ဖြစ်သွားမလဲ ..... ဘယ်လို တုန့် ပြန်မလဲ..... သိချင်မိတယ်။ :D... နောက်ထပ် စဉ်းစားမိတာက Programmer ကို ဘေးနား ခေါ်ပြမယ့် အစား.. Print Screen လုပ်ပြီး Email လေးပို့ ပြီး မေးရင် ပိုကောင်းပါလိမ့်မယ်.. ဘာလို့ လဲဆိုတော့ တချို့ Programmer တွေက သူတို့ ရေးထားတဲ့ Page မှာ တစ်ခုခုမှားနေပြီ ဆိုပြီး ပြလိုက်ရင် ဒါသူတို့ ရဲ့ Site မှ ဟုတ်ရဲ့လား၊ သေချာရဲ့လား ဆိုပြီး URL ကို ကြည့်လေ့ ရှိကြ တယ်လေ။ အဲ့လိုသာ ကြည့်လိုက်ရင် ကျွန်မ run ထားတဲ့ JavaScript ကိုသူတို့ တွေ့ သွားနိုင်လို့ ပါ။ ပြောသာပြောတာ ကျွန်မ အလုပ်မှာ နောက်စရာ လူမရှိလို့  နောက်လို့  မရဘူး ဖြစ်နေတယ်။ တတ်နိုင်သူများ ဘယ်လို နေမလဲဆိုတာကို သိအောင် စမ်းကြည့် ပါလား။

January 25, 2007

မဟာဆန်သူ - ခင်မောင်တိုး

မဟာဆန်သူများကိုမှ ကြိုက်နှစ်သက်လေ့ရှိသော သူငယ်ချင်းများ အတွက်....

မဟာဆန်သူ
ရေး - ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုရဲလွင်
ဆို - ခင်မောင်တိုး

နှုတ်ဆက်ပြုံးနေသူ ရှက်လို့ သွားအောင်
တခြားဘက် လှည့်ကာ ကျောခိုင်းပြေးတော့မယ်ပေါ့
ပြန်ပါစေလေ မဟာဆန်သူရေ မတားနဲ့ 

လက်နဲ့ ဆက်လိုသူ တွေ့ ဖို့ ခက်အောင်
ပြတင်းတံခါးပိတ်ကာ ကြိတ်မှိတ်အိပ်တော့မယ့်ပေါ့
မဟာဆန်သူရေ ပျော်ပါစေ မလွမ်းနဲ့ တော့

အကျိုးနဲ့ အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့  ဘယ်ကိုနှင်မှာလဲ
ဆုံးဖြတ်တဲ့ အတိုင်း မင်းရဲ့ ကံပေါ့

အနားတိုးလှမ်းလိုသူ ရပ်တန့် သွားအောင်
အနောက်ဘက်မျက်နှာ ကျားကွက်ရွှေ့ လိုက်တယ်ပေါ့
နေပါစေလေ မဟာဆန်သူရေ မလှမ်းနဲ့ တော့

လှသထက် နုယဉ်သူ မင်းမို့ ပြုံးရင်
အနီးက အလှတွေ ခေါင်းငုံထားကြမယ်ပေါ့
မဟာဆန်သူရေ က္ကုနြေ္ဒရေရှင်ရေ မင်းအတွက်ပေါ့

Free Online Photography Course

ကျွန်မ ရဲ့ သူငယ်ချင်းတွေထဲမှာ ဓာတ်ပုံရိုက် ၀ါသနာပါသူ တော်တော်များများ ရှိတာကို သတိထားမိ နေတယ်။ တချို့ က ဓာတ်ပုံရိုက်ခံတာကို ၀ါသနာပါတယ်။ တချို့ ကတော့ သူများကို ဓာတ်ပုံရိုက် ပေးရတာ ဒါမှမဟုတ် တစ်စုံတစ်ခုကို ဓာတ်ပုံရိုက်ရတာကို ၀ါသနာပါကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်သူတို့ အားလုံးကို ဓာတ်ပုံရိုက် ၀ါသနာပါသူ တွေလို့ ပဲ ခေါ်မိတယ်။

တကယ်တော့ ဓာတ်ပုံရိုက်တယ်၊ ဓာတ်ပုံအရိုက်ခံတယ်ဆိုတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူးရှင့်။ ဒီခေတ်မှာတော့ လူတိုင်းဓာတ်ပုံရိုက်ခံဖူးကြမှာပါ။ ဟိုတလောကတောင် ကျွန်မတို့  နိုင်ငံမှာတောင် ဓာတ်ပုံ မရိုက်မနေရ ဆိုပြီး၊ မိသားစုလိုက် ဓာတ်ပုံအရိုက်ခံကြရသေး တယ်လေ။ ကိုယ်တိုင် ဓာတ်ပုံ အရိုက်ခံရင် ဓာတ်ပုံထဲမှာ လှတပတလေး ဖြစ်နေအောင်နေတတ်ကြပါသလား။ ကျွန်မ စိတ်ထင် အများစုက မနေတတ်ကြဘူးလိုပဲ။ တချို့ ဆို အပြင်မှာဆို တကယ် လှပေမယ့် ဓာတ်ပုံထဲမှာဆို တောင့်တောင့်ကြီးနဲ့  လာလိုနေမှန်းမသိ၊ ဘယ်လိုမှ ကြည့်ရတာ အဆင်မပြေ ဖြစ်နေတာတွေကို တွေ့ ဖူးပါတယ်။

ဒါပေမယ့် ဓာတ်ပုံအရိုက်ခံတာထက်စာရင်၊ ဓာတ်ပုံရိုက်တာက ပိုခက်မယ် ထင်ပါတယ်။ ဘာလို့ လဲဆိုတော့ ဓာတ်ပုံရိုက်ခံသူုက မနေတတ်ရင်တောင်မှ ဓာတ်ပုံရိုက်ပေးသူက တော်တယ်ဆိုရင် သူဟာသူ နေချင်သလိုသာနေ၊ လှမယ် ကြည့်ကောင်းမယ် ထင်တဲ့ ရှု့ ထောင့်ကနေ ရိုက်လိုက်ရင် ပုံလှလှလေး ထွက်လာပါမယ်။ ဓာတ်ပုံရိုက်သူက မတော်ရင်တော့ ဓာတ်ပုံအရိုက်ခံသူ ဘယ်လောက်ပဲ လှနေပါစေ၊ ဘယ်လောက်ပဲ အဆင်ပြေအောင် နေတတ်နေပါစေ၊ ထွက်လာတဲ့ ဓာတ်ပုံထဲမှ မလှမပ၊ မည်းမည်းတူးတူးနဲ့  ဘယ်လိုမှ ကြည့်မကောင်းအောင် ရိုက်ပေးတတ်ပါတယ်။ ( ကိုယ်တွေ့ မို့ ပြောတာပါ :P )

ဓာတ်ပုံရိုက်တယ်ဆိုတာ မရင်တုန်းကဆို သိပ်မလွယ်တဲ့ အရာတစ်ခုပါ၊ Camera က ဈေးကြီး၊ Flim ကဈေးကြီးရုံမက ပုံကူးခကလည်း ဈေးကြီးပါသေးတယ်။ ဒါပေမယ့် ခုခေတ်မှာက Digital Camera တွေက ဈေးကလည်း သိပ်မကြီး၊ Physical Photo အဖြစ်မကူးချင်တောင် ၊ Digital Photo အနေနဲ့ ပဲ ကွန်ပြူတာထဲမှာ သိမ်းထားနိုင်တော့ လူတိုင်းနီးပါးမှာ Digital Camera တွေ ရှိနေကြပါတယ်။ ( ကျွန်မ မှာတော့ မရှိပါဘူး :D ) အဲ့ဒီတော့ ဓာတ်ပုံရိုက်တာ ၀ါသနာ မပါတောင်မှ ကိုယ့်မှာ ရှိတဲ့ Camera လေးနဲ့  သူများတွေကိုပဲ ဖြစ်ဖြစ်၊ ရောက်ရာ ဒေသမှာ အမှတ်တရ ရှု့ ခင်းလေးတွေ ရိုက်ရင်ပဲ ဖြစ်ဖြစ်၊ ကိုယ်ရိုက်ပေးတဲ့ ပုံလေးတွေ လှလှပပ ထွက်လာအောင် ဒီ Free Online Photography Course မှာ သွားပြီး ဖတ်ကြည့်၊ ဓာတ်ပုံရိုက်တဲ့ ပညာကို ဆည်းပူးကြည့်နိုင်ကြဖို့  ဒီပိုစ့်လေးကို တင်ပေးလိုက်တာပါ။


Lesson 1: Composition And Impact - It's A Beautiful Photograph, But Do You Know WHY It's Beautiful?
Lesson 2: Aperture And Shutter Speed - How They Work Together.
Lesson 3: The lens - choosing camera optics.
Lesson 4: ISO, Grain, Transparency vs. Negative, Specialty Films
Lesson 5: Fun Effects - Camera Filters, Soft Focus, Zooming And Panning
Lesson 6: Landscape, Nature and Travel Photography
Lesson 7: Portraits And Studio Lighting
Lesson 8: Studio Lighting - Still Life and Product Photography
Lesson 9: Tying It All Together
Lesson 10: Special Requests

ဒီပိုစ့်အတွက် ကျွန်မကို ကျေးဇူးတင်ရင် ကျေးဇူးတင်စကားပြောစရာ မလိုပါဘူး၊ နောက်ကြုံမှသာ ကျွန်မကို ဓာတ်ပုံထဲမှာ လှလှလေး ဖြစ်အောင် ဓာတ်ပုံရိုက်ပေးရင် ကျေနပ်ပါပြီ။ :D

January 24, 2007

Helping Hands for New Generation (HH4NG)

ဒီနေ့  နေးတစ်ဖိုရမ်မှာ တွေ့ ရတာလေးကို အားလုံးနဲ့  မျှဝေချင်လို့ ပါ။

နဂိုက ဘယ်ဖိုရမ်မှာမှ ၀င်ရေးလေ့၊ ၀င်ဖတ်လေ့ ရှိတဲ့ ကျွန်မ၊ နေးတစ်ဖိုရမ်ကို ၀င်လိုက်မှပဲ မြန်မာနိုင်ငံမှာ လူငယ်တွေ စုပြီး တတ်နိုင်သမျှ လူမှု့ ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အဖွဲ့ အစည်း တွေ အများအပြား ရှိနေကြောင်းသိခဲ့ ရပါတယ်။ တကယ့်ကို ၀မ်းသာစရာ ကောင်းပါတယ်။ နေးတစ်ဖိုရမ်မှာလည်း အဲ့ဒီ အဖွဲ့ တွေရဲ့ မန်ဘာဝင်တွေ အများအပြားရှိမှန်း သိခဲ့ရပါတယ်။ အဲ့လို ရှိတဲ့ အတွက် အဖွဲ့ တွေဟာ သူတို့  လုပ်ကိုင်တဲ့ ကုသိုလ်ကောင်းမှု့ အလှူတွေ အကြောင်းကို အားလုံးသိရှိ နိုင်ရန် သတင်းတွေ တင်၊ ဓာတ်ပုံတွေ တင်ပေးလေ့ရှိပြီး၊ လှူဒါန်းမှုများအတွက် စာရင်းဇယားတွေတင်ပေးခြင်းနဲ့  တခြား လှူဒါန်းလိုသူများ လှူဒါန်းနိုင်ရန် အလှူငွေကောက်ခံပေးခြင်းကို ပြုလုပ်ပေးလေ့ရှိပါတယ်။

ဒီနေ့ တော့ "မျိုးဆက်သစ်သို့ ကူညီသော လက်များ အဖွဲ့  (HH4NG) " ကနေပြီး သူတို့ အဖွဲ့ 

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ
လိပ်စာ.. အမှတ် (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၆၅၃၂၈၈
နာယက ဆရာတော်ကြီး ဘွဲ့အမည် - ဦးဓမ္မသေဌ
တာဝန်ခံဦးပဇင်း ဘွဲ့အမည် - ဦးဇောတိက
ကို သွားရောက်လေ့လာစဉ်က တွေ့ ရှိရတဲ့ အခြေအနေတွေ၊ ဓာတ်ပုံတွေ ၊သူတို့  လှူဒါန်းခဲ့တာတွေ နဲ့ 
တခြားလှူဒါန်း လိုသူများရှိပါက လှူဒါန်းနိုင်ရန် အချက်အလက်တွေ တင်ပေးခဲ့ပါတယ်။

ကျွန်မ HH4NG အဖွဲ မှ နေးတစ်မှာ တင်ပေးခဲ့တဲ့ သတင်းတွေ၊ အလှူစာရင်းတွေကို စုစည်းပြီး အားလုံးဖတ်နိုင်အောင် ပီဒီအက် ပြောင်းပြီး အောက်က လင့်မှာ တင်ပေးထားပါတယ်။ ဖတ်ကြည့်ကြပါ။ မြန်မာ လူငယ်တွေရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့  တက်စွမ်းသမျှ လုပ်ဆောင်နေတာတွေ ကို တွေ့ ရမှာပါ။

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ by RedRose (HH4NG) from Native Myanmar Community
  • အလှူရှင်များ ဖိတ်ခေါ်ခြင်း - နေ့စဉ်စားသောက်စရိတ်အတွက် ဆန် နှင့် စားစရာ လိုအပ်ချက်
  • အလှူရှင်များ ဖိတ်ခေါ်ခြင်း - နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ ကျောင်းသား များအတွက် အိပ်ယာ များ ပံ့ပိုးခြင်း
  • နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက်.. ကူညီသော လက်များမှ အလှူရှင်များ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ (၁) (၂)
  • စေတနာရှင်လူငယ်များ ဖိတ်ခေါ်ခြင်း (volunteer invitation)

ဒီ စကားလေးကိုလည်း ဖတ်ကြည့်ကြပါဦး။
စေတနာရှင်များအနေဖြင့် အထက်ပါကျောင်းအတွက် မိမိတို့ တက်စွမ်းသမျှ လှူဒါန်းလိုပါက မိမိတို့ ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်တိုင် မသွားရောက်နိုင်ပါက မျိုးဆက်သစ်သို့ ကူညီသောလက်များ အဖွဲ့ (HH4NG)သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ကျွန်မ အဲ့ဒီအဖွဲ့ အစည်းတွေရဲ့ လုပ်ဆောင်မှု့ တွေကို အမြဲဝင်ဖတ်လေ့ရှိပေမယ့် တစ်ခါမှ သူတို ကို မဆက်သွယ်မဖူးပါဘူး။ ဒီနေ့ ဘယ်လို အလှူငွေတွေ လွှဲပေးရမလည်း မေးကြည့်တဲ့ အခါ သူတို့ ရဲ့ အံ့သြဖွယ်ကောင်းတဲ့ လုပ်ဆောင်ပေးမှု့ ကို သိရပါတယ်။
သူတို့ စီကို တိုက်ရိုက် ပိုက်ဆံလွှဲလဲရတယ်။ ဒါမှမဟုတ် ရန်ကုန်က အိမ်လိပ်စာသာပေးလိုက်ပါ..
သူတို့ တွေထဲက တစ်ယောက်ယောက်ဟာ အလှူငွေကို အိမ်မှာ သွားယူပေးမယ်လို့ ပြောပါတယ်။
ကျွန်မတို့ လို အဝေးကနေ လှူဒါန်းလိုသူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ အချက်ပါပဲ။ HH4G အဖွဲ့ ဝင်တွေကို တကယ့်ကိုလေးစားမိပါတယ်။ တခြားအဖွဲ့ တွေလဲ အဲ့လိုပဲနေပါလိမ့်မယ်။ နောက်မှပဲ တခြား အဖွဲ့ တွေအကြောင်း သတင်းပေးပါဦးမယ်။

ဒီမှာ "မျိုးဆက်သစ်သို့ ကူညီသော လက်များ" အကြောင်း အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ မ Pretty Princess ကနေးတစ်ဖိုရမ်မှာ ရေးထားတာလေးကို အားလုံးသိအောင် ထပ်ဆင့် ပြောပြချင်ပါတယ်။
မျိုးဆက်သစ်သို့ ကူညီသော လက်များ ဆိုတာ ပုဂံဖိုရမ် မှာ ဆုံဆည်းကြတဲ့ သူငယ်ချင်းများ စုစည်းထားတဲ့ အဖွဲ့လေးပါ..။ အဓိကအားဖြင့်တော့.. ဆင်းရဲနွမ်းပါးပြီး မိဘမဲ့ နဲ့.. မိဘ တစ်ဦးမဲ့.. ဆင်းရဲနွမ်းပါး ပညာမသင်နိုင်သော ကလေးငယ်များကို ခေါ်ယူစောင့်ရှောက်ပညာသင်ပေးသော.. မိဘမဲ့ ဂေဟာများကို ဘာသာမရွေး လိုအပ်သော ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ကြပါတယ်..။ မိမိတို့တက်နိုင်သော ငွေထည့်ဝင်လှူဒါန်းခြင်း၊ လုပ်အားပေးဆောင်ရွက်ခြင်းတို့အပြင် ဂေဟာများရဲ့ အမှန်တကယ်လိုအပ်ချက်များ ရှာဖွေဖော်ထုတ်ပြီး အလှူရှင်များ ရှာဖွေပေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းတို့ လုပ်ကြပါတယ်..။ ဒါ့အပြင် ဂေဟာများမှ ကလေးငယ်များ သာမန်ကလေးများရရှိသော ပျော်ရွှင်မှုများရစေလိုသော စေတနာဖြင့် အားလပ်ရက် တနင်္ဂနွေများမှာ ဂေဟာများမှ ကလေးငယ်များ နှင့် ကစားနည်းများ သွားရောက် ကစားကြခြင်းများ လည်း အလျင်းသင့်သလို လူစုစည်းပြီး သွားရောက် ကစားလေ့ရှိကြပါတယ်..။ ဂေဟာကလေးငယ်များကို တိရိစာန်ရုံလိုက်လံပို့ဆောင်ပေးခြင်း စတာတွေကိုလည်း အလှူရှင်များ အကူအညီနှင့် ဆောင်ရွက်ပေးကြပါတယ်..။
ဟောသည် လင့်ကလေးမှာ ရှိပါတယ်..။
အသေးစိပ် လုပ်ငန်းကလေးများ ကြည့်နိုင်အောင်ပါ..။
Helping Hands for New Generation (HH4NG) - Bagan Forum
(ဒီလင့် အလုပ်လုပ်မလုပ် မသေချာပါဘူး)
Helping Hands for New Generation (HH4NG) - Native Forum
( ဒီမှာ ဖတ်မယ်ဆိုရင် နေးတစ်ဖိုရမ်မှာ မန်ဘာ အရင် ၀င်ဖို့ လိုပါတယ်)
Helping Hands for New Generation (HH4NG) - Blog
(ဒါကတော့ HH4NG ရဲ့ ဘလောခ့်ပါ။ ခု update လုပ်ဖို့ ကြိုးစားနေတယ်လို့  သိရပါတယ် )

သူငယ်ချင်းများ အနေနဲ့  လှူဒါန်းလိုတာတွေ ရှိရင် HH4NG ကိုဆက်သွယ်လို့ မရပါက၊ ဘယ်လို ဆက်သွယ်ရမှန်းမသိပါက ကျွန်မစီဆက်သွယ်လည်းရပါတယ်။ ကျွန်မတတ်နိုင်တာဆို ကူညီလုပ်ကိုင်ပေးပါ့မယ်။

January 22, 2007

Happy Birthday Su

မနေ့ က အထိ ကျွန်မထက် ၁ နှစ် ငယ်ခဲ့တယ် သူငယ်ချင်းတစ်ယောက်၊ ဒီနေ့ တော့ ကျွန်မ နဲ့  အသက် တူတူ ဖြစ်သွားပြီ။ ၀မ်းသာပါတယ်။ :D

မဟုတ်ရင် ကျွန်မမွေးနေ့ နဲ့  သူမွေးနေ့ မရောက်ခင် ကာလလေးမှာ ကိုယ်က သူ့ ထက် ၁ နှစ်ကြီးသလို ခံစားနေရတာ၊ ဒီနေ့ ကစပြီ နောက်ကျွန်မမွေးနေ့ ရောက်တဲ့ အချိန်အထိ သူနဲ့  ကျွန်မ အသက်တူသွားပါပြီ။ ကျွန်မရဲ့ အရင်းနှီဆုံးလို့  ပြောရမယ့် ဒီသူငယ်ချင်းက ထူးထူးခြားခြား ကျွန်မနဲ့ မွေးရက်တူပါတယ်။ အင်း.. မွေးရက်တူလို့ လားမသိဘူး သူနဲ့  ကျွန်မ တချို့ အကျင့်လေးတွေမှာ အနည်းနဲ့  အများ တူနေတယ်လို့  ထင်ပါတယ်။ ဒီနေ့ သူ့ မွေးနေ့ ဆိုတော့ မွေးနေ့ ဆုတောင်းလေး လုပ်ဦးမှ...

၂၂- ၀၁ -၂၀၀ရ
မင်္ဂလာရှိသော၊ ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့ ဖြစ်ပါစေ။
မွေးနေ့ မှာလည်း ပျော်ရွှင်ပါစေ။
နောက်ရက်တွေမှာလည်း ပျော်ရွှင်ပါစေ။
တသက်လုံး ထာဝရ ပျော်ရွှင်နိုင်ပါစေ။
ပူပန်သောကကင်းစွာနဲ့  အောင်မြင်တဲ့ဘ၀တစ်ခုကိုလည်း အမြဲတမ်း ပိုင်ဆိုင်နိုင်ပါစေ။


မြန်မာလို တော့ မွေးနေ့ ဆုတောင်းပြီးပြီ။ အင်္ဂလိပ်လို ထပ်ဆုတောင်းပေးလိုက်ဦးမယ်။ ကိုယ်တိုင်ရေးထာထက်စာရင် ကူးချတာ က ပိုကောင်းမယ်ထင်လို့  သဘောကျတဲ့ စာသာလေးတွေနဲ့  မွေးနေ့ ဆုတောင်းပေးလိုက်ပါတယ်။

Birthday Wishes For My Dearest Friend
On your birthday,
I wish for you the fulfillment
of all your fondest dreams.
I hope that for every candle
on your cake
you get a wonderful surprise.
I wish for you that
whatever you want most in life,
it comes to you,
just the way you imagined it,
or better.
I hope you get as much pleasure
from our friendship as I do.
I wish we were sisters,
so I could have known you
from the beginning.
I look forward to
enjoying our friendship
for many more of your birthdays.
I'm so glad you were born,
because you brighten my life
and fill it with joy.

Happy Birthday My Dear Su!

အင်း... ဒီ ညနေကြရင် မွေးနေ့  အထိမ်းအမှတ် ကျွေးတာလေး သွားစားရဦးမယ်။ ( update: မနက်ဖြန်သို့  ရွှေ့ သွားပြီဖြစ်ကြောင်း အကြောင်းကြားလာပါတယ်) ။ မွေးနေ့ လက်ဆောင်ကတော့ မ၀ယ်ရသေးဘူး။ မပေးတော့ရင် ကောင်းမလား။ မနှစ်ကတော့ ပြီးခဲ့တဲ့ ၃ နှစ်စာ မွေးနေ့ တွေအတွက် ဆိုပြီး လက်ဆောင်လေး ၀ယ်ပေးဖြစ်ခဲ့တာတယ်။ ဒီနှစ်လည်း ဘာမှမပေးတော့ပဲ ၂၀၀၉ ရောက်မှပဲ ၃ နှစ်စာ မွေးနေ့ လက်ဆောင်ဆိုပြီး တစ်ခုခု ပေးရင် ကောင်းမလား စဉ်းစားနေမိတယ်။

စိတ်ညစ်နေလား Sorry ပါ

ပိုစ့် ခေါင်းစဉ်ကို ကြည့်ပြီး ကျွန်မ သီချင်းဆိုနေတယ် မထင်လိုက်ပါနဲ့ ....
ကျွန်မ စိတ်ညစ်ရင် ဘာလုပ်လဲ ဆိုတာလေး ပြောချင်လို့ ဒီပိုစ်လေး တင်လိုက်တာပါ။

ကျွန်မ ဘာလုပ်လဲ.... စိတ်ညစ်လာပြီဆို ကျွန်မကတော့ အခန်းတံခါးပိတ် .. ဆူညံနေတဲ့ သီချင်းတွေကို နားထောင်ပြီး နားပိတ်၊ မျက်စိပိတ်၊ အားလုံးကိုမေ့ .. သီချင်း အော်ဆိုနေလိုက်တယ်။.. ပုံမှန်ဆို ကျွန်မက အသံကလည်း မကောင်း၊ သီချင်းဆိုတဲ့ စည်းမျဉ်းတွေကိုကလည်း နားမလည် ဆိုတော့ ကျွန်မသီချင်းဆိုရင် မိသားစုနဲ့  သူငယ်ချင်း၊ ရင်းနှီးသူတွေက ... မဆိုပါနဲ့  ဆိုပြီး အားပေးလေ့ရှိကြတာနဲ့  သီချင်းဆိုလေ့ မရှိပါဘူး။ အဲ့ဒီ စိတ်အရမ်း ရှုပ်လာတဲ့ အချိန်ဆိုရင်တော့ တစ်ယောက်တည်း ဘယ်သူမှ ဂရုမစိုက်ပဲ အော်ချင်တဲ့ သီချင်းအော်ဆိုနေလိုက်တာပါပဲ။ ဒါဆို အော်ချင်ရာ အော်ပြီးသွားရင်၊ စိတ်ပေါ့သွားပြီး နေလိုကောင်းသွားသလို ခံစားရပါတယ်။

ကျွန်မ အကြိုက်ဆုံး သီချင်းတွေ၊ ဒီ ၃ နှစ် အတွင်းမှာ စိတ်ညစ်တိုင်း Simple Plan ရဲ့ သီချင်းတွေကို နားထောင်ဖြစ်ခဲ့တယ်။

ကျွန်မ အကြိုက်ဆုံးသီချင်းတွေကတော့
Simple Plan - Welcome To My Life
Do you ever feel like breaking down?
Do you ever feel out of place?
Like somehow you just don't belong
And no one understands you
Do you ever wanna runaway?
Do you lock yourself in your room?
With the radio on turned up so loud
That no one hears you screaming

No you don't know what it's like
When nothing feels all right
You don't know what it's like
To be like me

Simple Plan - Jump
I dont wanna wake up today
Cause everyday's the same
And I'd been waiting so long
For things to change
I'm sick of this town
Sick of my job
Sick of my friends 'cause everyone's jaded
Sick of this place, I wanna break free
I'm so frustrated, I just wanna

Jump! (Jump!)
Don't wanna think about tomorrow (Jump!)
I just don't care tonight
I just wanna jump (Jump!)
Don't wanna think about my sorrow
Let's go
Forget your problems
I just wanna jump

Simple Plan - Shut Up
So shut up, shut up, shut up
Don't wanna hear it
Get out, get out, get out
Get out of my way
Step up, step up, step up
You'll never stop me
Nothing you say today
Is gonna bring me down

( So Shut up, shut up, shut up)
Is gonna bring me down
(Shut up, shut up, shut up)
You'll never bring me down

(စိတ်ရှုပ်နေသော သူငယ်ချင်းတစ်ယောက်အတွက်ပါ။ )

January 21, 2007

Rubaiyat of Omar Khayyam

ဒီ ကဗျာကို လူတိုင်းသိကြမယ်ထင်ပါတယ်။ ဒီကဗျာလေးကို လိုက်ရှာနေတာကြာပြီ။ ဟိုနေ့ ကမှ စာအုပ်တစ်အုပ်မှ တွေ့ လိုက်ရလို့  နောက် မမေ့ အောင် ဒီမှာ မှတ်ထားလိုက်ဦးမယ်။

အဲ့ဒီ ကဗျာရဲ့ ကို ပါရှင်းလူမျိုး အိုမာခေယမ် ရေးသားခဲ့ တာလို သိရပါတယ်။ ကဗျာရဲ့ မူရင်းနာမည်က "Rubaiyat" ဖြစ်ပါတယ်။ အဲ့ဒီ စာလုံးရဲ့ အဓိပ္ပါယ်ကို သိချင်လို့ ရှာကြည့်လိုက်တော့ ဒီလိုတွေ့ မိတယ်။
"Rubaiyat" (derived from the Arabic root word for 4) means "quatrains"...

ကျွန်မ မူရင်းကဗျာကို လိုက်ရှာတာ၊ ရှာလို့ မရတာနဲ့  တွေ့ တဲ့ ပုံလေးကိုပဲ သိမ်းထားလိုက်တော့မယ်။
အဲ့ဒီ ကဗျာကို Edward FitzGerald က English လို သာသာပြန်ခဲ့ပြီး၊ မြန်မာလိုကိုတော့ မင်းယုဝေက ဘာသာပြန်ခဲ့တာပါ.

Beneath the Bough
Translated By Edward FitzGerald

Here with a Loaf of Bread beneath the Bough,

A Flask of Wine, a Book of Verse -- and Thou

Beside me singing in the Wilderness --
And Wilderness is Paradise enow.


သစ်ရိပ်သာဝယ်
ဘာသာပြန်သူ = မင်းယုဝေ

သစ်ရိပ်သာဝယ်
ကဗျာလင်္ကာ၊ ဖတ်စရာနှင့်
အစာအတွက်၊
ပေါင်မုန့် တစ်ရှက်နှင့်
တစ်ခွက်သောက်လို၊ ၀ိုင်ချိုချိုနှင့်
နှစ်ကိုယ်ကြည်ဖြူ၊
မောင့်ချစ်သူနှင့်
အတူယှဉ်ကာ၊ နေရပါသော်
ကန္တာရပင်၊ ဖြစ်ပါလျှင်လည်း
မြူရွှင်ခိုလုံ၊ နှိဗ္ဗာန်ဘုံဟု
ကြည်ယုံမှတ်ထင်နိုင်သည်တကား။


ဒီပိုစ်လေးရေးနေရင်း တွေးမိတာက ကဗျာရေးသူ ပါရှင်း ကဗျာဆရာအိုမာခေယမ်ဟာ ၁၁ ရာစုမှာ မမွေးပဲ၊ ဒီခေတ်မှာ မွေးဖွါးကြီးပြင်းလာသူ တစ်ယောက်သာ ဖြစ်မယ်ဆို သူရေးတဲ့ ကဗျာလေးက တစ်မျိုးပြောင်းသွားနိုင်တယ်.... ခု ဒီကဗျာထဲကလို စာအုပ်၊ ပေါင်မုန့် ၊ ၀ိုင် နဲ့  ချစ်သူ ရယ်နဲ့  တင် လုံလောက်တော့မယ် မထင်ဘူး။ ဘာလို မလဲ။ အင်း.. ကျွန်မစိတ်ထင်တော့ .. အင်တာနက်ရတဲ့ ကွန်ပြူတာလေး တစ်လုံးလိုနေမယ် ထင်တယ်။ High Speed Wireless Internect Connection ရတဲ့ Laptop လေးများ ဖြစ်နေမလားပဲရယ်။

January 19, 2007

Present (Cute Couple)

မမေ ပေးတဲ့ လက်ဆောင်
THKZ And MNNNကျေးဇူးတင်ပါတယ်။

ရှင်သန်ခြင်း - ဇော်ဝင်းထွဋ်
ရှင်သန်ခြင်း - ဇော်ဝင်းထွဋ် + တင်ဇာမော်

For You

စဉ်းစားဆင်ခြင်မှု့  မရှိပဲ ကိုယ်လုပ်ချင်ရာကို လုပ်တာဟာ အမြဲတမ်းတော့ မကောင်းနိုင်ပေမယ့်၊ ဘယ်သူ့ ကိုမှ မထိခိုက်ဘူး ဆိုရင်တော့ ဘ၀ ဆိုတာ ခဏလေးမို့  ကိုယ်လုပ်ချင်တာလေးတွေလုပ်ပြီး ပျော်အောင် နေလိုက်တာဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်..

Dream what you want to dream;
go where you want to go;
be what you want to be,
because you have only one life and
one chance to do all the things you want to do.

January 18, 2007

Google Checkout

နိုင်ငံခြားမှာနေသူတွေ အဖို့ Online Shopping ဆိုတာကို စိတ်ချယုံကြည်ရတယ် မထင်လို့  မသုံးဘူးကြတောင်မှ အနည်းဆုံးတော့ ကြားဖူးနေကြမှာ ပါပဲ။ အဲ ကျွန်မခုရောက်နေတဲ့ နိုင်ငံလို ကျွန်းနိုင်ငံ ပိစိလေးမှာတော့ အွန်လိုင်းမှာ ဈေးဝယ်တယ်ဆိုတာ မရှိပါဘူး။ ဒီလို နိုင်ငံအတွက် လိုမှ မလိုတာ။ ဒါပေမယ့် နိုင်ငံကြီးတွေ ဖြစ်တဲ့ ယူအက်စ်လို ၊ ယူကေလို နိုင်ငံတွေမှာတော့ အွန်လိုင်းက ဈေးဝယ်တယ်ဆိုတာ လူတိုင်းပုံမှန် လုပ်နေကြ အရာတစ်ခုပါပဲ။

ကျွန်မတို့  ကျောင်းသားဘ၀ကတောင်မှ Amazon လို Site တွေကနေ လိုအပ်တဲ့ စာအုပ်တွေ ၀ယ်ယူခဲ့ရပါတယ်။ တခါတလေ အွန်လိုင်းက ဈေးဝယ်တာက အပြင်မှာ ၀ယ်တာထက် ပိုသက်သာတာမို့ လို့ ပါ။ သုံးဖူးသူတိုင် သိကြမှာပါ။ အွန်လိုင်းမှာဈေးဝယ်ဖို့  Site တစ် Site မှာ ၀ယ်ဖို့ ကြံတိုင်း အကောင့် တစ်ကောင့်တော့ register လုပ်ရတာမို့  ကြာလာရင် Sites တွေကများတော့ Account Name တွေမေ့၊ Password တွေမေ့ ဖြစ်ကုန်ကြတယ်လေ။ အဲ့လို ပြဿနာကို ဖြေရှင်းဖို့  Google ကနေပြီးတော့ Google Email နဲ့  Password သုံးပြီး Shopping လုပ်နိုင်အောင်လို့ 
"Find it with Google. Buy it with Google Checkout."
ဆိုပြီး Google CheckOut ကို စတင်မိတ်ဆက်လိုက်တာ တွေ့ ရပါတယ်။

February 15, 2007 မတိုင်မီ Register လုပ်ရင် Google ကနေ ပထမဆုံးအကြိမ် ၀ယ်တဲ့အခါသုံးဖို့ ဆိုပြီး Bonus အနေနဲ့  $10 ပေးနေပါတယ်။ ဒါပေမယ့် ပထမဆုံး ၀ယ်တဲ့ဟာက $10 တန်တာ၊ ဒါမှမဟုတ် $10 ထက်များတာ ဖြစ်ရမယ်လို့  ဆိုထားပါတယ်။ Bonus expires ဖြစ်မယ့်နေ့ ကတော့ Mar 31, 2007ပါ။ ဘာပဲ ဖြစ်ဖြစ် အွန်လိုင်းမှာ ဈေးဝယ်လေ့ရှိသူများ၊ ကျွန်မလို အသစ်အဆန်းဆို သိချင်စိတ်နဲ့  စပ်စပ်စုစု လုပ်တတ်သူများ သွားပြီး Register လုပ်ကြည့်သင့်ပါတယ်။

Register မလုပ်ခင် Google CheckOut ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို သိချင်သူများ ကြည့်နိုင်အောင် short video tour လေးနဲ့  ပြထားသေးတယ်။ ကျွန်မတော့ အဲ့လို Vedio Tour တွေကို သဘောကျတယ်။ စာတွေ ရေးထားတာကို ဖတ်ရတာထက်စာရင် ပိုပြီး မြင်လွယ်စေတယ်။ ဒါနဲ့  CITY Bank ကလည်း Citi + Google Checkout = bonus ဆိုပြီး သူ့ ကတ်ကို သုံးသူများအောင် ကြော်ငြာထား သေးတယ်။ စီးပွါးရေး အကွက်မြင်ကြပုံလေး ကိုပြောချင်တာပါ။ (ကျွန်မ သူငယ်ချင်းတွေထဲမှာ CITI Bank Credit Card ရှိသူတွေ များသလိုပဲ။)

ကျွန်မ ကြည့်မိသလောက်တော့ အွန်လိုင်း Shopping ရှိတဲ့ နာမည်ကြီး WebSite (eg. Buy.com) တော်တော် များများမှာ Google CheckOut Feature ရနေတာတွေ့ ရတယ်။ ဒီမှာက GoogleCheckOut Shop List ပါ။ နောက်လည်း အများကြီးတိုးလားဦးမယ်ဆိုတာ သေချာပါတယ်။ Google က သူ Service သုံးပြီးရောင်းတဲ့ OnlineSite တွေများလာအောင် Process sales for free ဆိုပြီး 2007 နှစ်ကုန်အထိ အလကား ၀င်ဆောင်မှု့  ပေးမယ် ပြောထားတာတွေ့ ရတယ်။ အွန်လိုင်းမှာ ဈေးရောင်းသူများ.. ဒီမှာ Google Checkout helps you increase sales. And process them for free. သွားကြည့်နိုင်ပါတယ်။

ကျွန်မတို့ လို ဈေးဝယ်သူများကိုတော့ ... Google က ဒီလို ပြောထားတယ်...

Google Checkout gives you a faster, safer way to shop online.
* Use one login to shop at stores across the web
* Track all your orders and shipping information in one place
* Keep your credit card number and email address confidential
Shop faster and safer online with Google Checkout.

ကျွန်မရဲ့ ချစ်သူငယ်ချင်းများ..
ဒါလေးကြည့်မိလို့  Google CheckOut မှာ Register လုပ်ဖြစ်တယ်ဆို ပြောကြပါဦး။ နောက်ဆို ရှင်တို့  စီက Credit Card No တွေ၊ တခြား Information တွေ မတောင်းတော့ဘူး.. Google Email နဲ့  Password ပဲ တောင်းပြီး Online Shopping လုပ်ပါတော့မယ်။

January 17, 2007

Double Taxation & Me

ဟိုတနေ့ က ကျွန်မရဲ့ ချစ်လှစွာသော သူငယ်ချင်းတွေက အက်စ်အမ်အက်စ်နဲ့  တမျိုး ၊ messenger ကတဖုံ၊ email နဲ့ တသွယ် နည်းမျိုးစုံနဲ့  သတင်းပေးလို့  ဒီစင်္ကာပူဆိုတဲ့ နိုင်ငံမှာ နေကြတဲ့ သူတိုင်း ရင်းနှီးနေတဲ့ Double Taxation အကြောင်း ဆွေးနွေးထားတဲ့ Yahoo Group တစ်ခု အကြောင်းသိခဲ့ရပါတယ်။ သိတယ်ဆို ကျွန်မလည်း ဘယ်နေနိုင် မလဲ၊ ချက်ချင်းပဲ အဲ့ဒီ Group ကို Join လိုက်တာပေါ့။ ဘာတွေ ဆွေးနွေးတာလည်း သိချင်မိယုံမကဘူး၊ ရင်ထဲမှာကလည်း အဲ့ဒီ ကိစ္စနဲ့ ပတ်သက်တဲ့ ခံစားချက်တွေက ရှိနေတယ်လေ။ တခြားသူတွေ အနေနဲ့  ဘယ်လို ရှိမလဲ ကျွန်မသေချာမသိပါဘူး၊ ကျွန်မ အနေနဲ့ ကတော့ ဟိုနိုင်ငံမှာတုန်းက တစ်ခါပဲ ပေးခဲ့ရပြီး၊ ဒီနိုင်ငံမှာ အလုပ်လုပ်မှ နှစ်ခါဆောင်နေရတဲ့ အခွန်ဆိုတာကြီးက စိတ်ကို တော်တော်လေး ခိုးလို့ ခုလု ဖြစ်စေပါတယ်။

ကျွန်မ ဒီနိုင်ငံမှာ အလုပ်လုပ်ပြီး သိပ်မကြာပါဘူး၊ အဲ့ဒီတုန်းက မပြန်တာ ကြာပြီဖြစ်တဲ့ အမိမြေကို တစ်ခါလောက်တော့ ပြန်လိုက်ဦးမယ်ဆိုပြီး၊ ခွင့်တွေတင်၊ လေယာဉ်လက်မှတ် ၀ယ်ဖို့ စုံစမ်းလိုက်တော့ ကျွန်မကို သူငယ်ချင်းတွေက သတင်းပေးတယ်။ အခွန်ဆောင်ရဦးမယ်နော်၊ မဟုတ်ရင် ရန်ကုန်လေဆိပ်ရောက်မှ ကွိ နေမယ်တဲ့လေ။ ထူးဆန်းသွားတယ်။ ကျွန်မ ဒီနိုင်ငံ စင်္ကာပူ အစိုးရကို အခွန်ဆောင်ပြီး ပြီလေ။ ကျွန်မရဲ့ မိခင်သံရုံးမှာ ထပ်ဆောင်ဖို့ က လိုသေးလား။ ကျွန်မ တကယ်နားမလည်ဘူး။ ဒီတော့ ကိုယ့်ထက် ပိုသိတဲ့ ပိုတတ်တဲ့ ပိုနားလည်တဲ့ ပိုအတွေ့ အကြုံရှိတဲ့ သူငယ်ချင်းတွေကို မေးရတော့တာပေါ့။

မမေးခင်လေး ကျွန်မကြုံဖူးတာလေး သူတို့ ကို ရှင်းပြမိတယ်။ ကျွန်မ အရင်နေခဲ့တဲ့ နိုင်ငံမှာက အခွန်ဆိုတာ လခရတိုင်း လခကနေ ဖြတ်သွားတဲ့ အရာ။ အဲ့ ရန်ကုန်ပြန်မယ်ဆို လစဉ်၊ ဒါမှမဟုတ် ၂ ပတ်တခါရတဲ့ ပေးစလစ် ဆိုတာလေးတွေ (အဲ့ဒီတုန်းကတော့ နောက်ဆုံးပေးစလစ် ၆ ရွက်ပါ) ကို ယူပြီး သံရုံးကိုသွား၊ သံရုံးကနေ အဲ့ဒါတွေကြည့်ပြီး ပေးစရာ အခွန်တွေ ပေးဆောင်ပြီးလို အခွန်ပေးစရာ ကင်းရှင်းပြီး ဖြစ်ကြောင်း စာလေး တစ်စောင် ထုတ်ပေးတယ်။ ဒါလေး ယူပြီး မြန်မာ ပြည်ပြန်လိုက်ရုံပါပဲ။ အဲ့ ကျောင်းသားဖြစ်သေးရင်တော့ ကျောင်းက Attendance Sheet လေး ယူသွားရပါတယ်။ ဒါဆို ကျောင်းသားပါဆိုတဲ့ စာလေးပါ ထုတ်ပေးတယ်။ ဒီမှာရော အဲ့ဒီလို မဟုတ်ဘူးလားလို့  မေးလိုက်မိတာပေါ့။ ကျွန်မမှ မသိတာ မေးရတော့တာပေါ့ရှင်။

ဖြေကြပါတယ်။ မဟုတ်ပါဘူးတဲ့။ ဒီမှာ အခွန်ဆိုတာ ကျွန်မကြုံဖူးသလို စင်္ကာပူ အစိုးရက လခကနေ လတိုင်းမဖြတ်ပါဘူး၊ နှစ်ကုန်မှသာ ဘယ်လောက် အခွန်ပေးစရာ ရှိတယ်ဆိုပြီး ပေးရတယ်လို့  ပြောပါတယ်။ အင်း... ကျွန်မတွေးလိုက်မိတာပေါ့၊ ဒါဆို စင်္ကာပူ အစိုးရကို မပေးရသေးလို့  မြန်မာ သံရုံးကို ပေးရတာလားလို့ ။ တခါတလေ ကျွန်မတို့ ကလည်း ကိုယ်က ပေးစရာရှိတာလေးဆို မပေးပဲ နေချင်ကြတယ်လေ။ လူ့ သဘာဝ လို့  ပြောရမလား။ ကျွန်မလည်း စိတ်ထဲ သိပ်မရှင်းတော့ ထပ်မေးရတယ်။ ပိုသေချာအောင်ပေါ့လေ။ ဒါဆို ကျွန်မ ဒီနိုင်ငံမှာ အလုပ်လုပ်ရင် ဒီအစိုးရကိုလည်း အခွန်ပေးရမယ်၊ ပြီးတော့ ကျွန်မတို့  နိုင်ငံ သံရုံးကိုလည်း ကျွန်မရတဲ့ ခလရဲ့ ၁၀% ကို အခွန် အဖြစ်ပေးရမယ်၊ ဟုတ်သလားပေါ့။ အားလုံးက "ဟုတ်တယ်" ဆိုတဲ့ စကားနဲ့  တိုတိုတုတ်တုတ် အဖြေပေးခဲ့ ကြတယ်။

ဒါနဲ့  ကျွန်မလည်း .. သြော် တစ်နိုင်ငံ ဥပဒေတစ်မျိုးစီပဲ... ဒီနိုင်ငံမှာ ဒီလိုဆိုတော့လည်း ပေးရတော့မှာပေါ့လို့ ပဲ တွေးလိုက်မိခဲ့တယ်။ ကျွန်မက ဥပဒေကို ချိုးဖောက်ချင်တဲ့ သူမှ မဟုတ်တာ။ ပေးရမယ်ဆိုတဲ့ ဥပဒေ ရှိရင် ပေးလိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် တရား ဥပဒေဘောင်ထဲက နေတာ စိတ်အေးချမ်းသာရာ ရစေတယ် မဟုတ်လား။ တကယ်တော့ ကျွန်မဟာ နိုင်ငံရေး ၊ အုပ်ချုပ်ရေး ၊ စည်းပွါးရေး၊ တရားဥပဒေ ဆိုတာတွေကို နားမလည်တဲ့ ခပ်တုံးတုံး တစ်ယောက်ပါ။ ဒါပေမယ့် နည်းနည်းတော့ စပ်စုတတ်တယ်ရှင့်။ အဲ့ဒီ အခွန်ကိစ္စကိုတွေးရင်း မြန်မာသံရုံးဟာ ဟိုနိုင်ငံနဲ့  ဒီနိုင်ငံ မှာ ဘာလို့  လုပ်ပုံကိုင်ပုံ မတူတာလဲဆိုတာ သိချင်သွားတယ်။ ကိုယ့်ပိုက်ဆံ မပေးရတုန်းကတော့ အခွန်အကြောင်း ဆိုတာ ကျွန်မ စိတ်မ၀င်စားဘူး။ ခုပေးရမယ်ဆိုတော့ သိချင်သွားတယ် ဆိုပါတော့။ ဒါနဲ့  ကျွန်မ အစ်ကိုတစ်ယောက်ကို မေးလိုက်မိတယ်။ ဟိုနိုင်ငံနဲ့  ဒီနိုင်ငံ အခွန်ဥပဒေခေါ်မလား၊ ဘာလား၊ ကျွန်မမသိဘူး၊ ဒါပေမယ့် ကျွန်မသိတာ ဟိုမှာ တစ်ဘက်ပဲ ပေးရတယ်၊ ဒီမှာ နှစ်ဘက်လုံးကို ပေးရတယ်၊ ဒါဘာကွာလို့ လဲ၊ သိချင်တယ်၊ ရှင်းပြပါပေါ့။

ရှင်းပြရှာပါတယ်။ ကျွန်မ နားလည်နိုင်မယ့် စကားလုံးတွေနဲ့ ပေါ့။ စကားလုံးခက်ခက်တွေ သုံးပြောရင် ကျွန်မက သိမှာမဟုတ်ဘူးလေ။ ဘာတွေရှင်းပြလည်းဆိုတော့ .. ကျွန်မ မှတ်မိသလောက် ပြန်ပြောပြမယ်။ သူပြောတာက " ခုခေတ်မှာ လူတွေက ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ကြရုံတင်မကပဲ တခြားနိုင်ငံတွေမှာပါ အလုပ်လုပ်နေကြတယ်။ သိတဲ့ အတိုင်း အလုပ်လုပ်လို့  ၀င်ငွေရတယ်ဆိုရင် အစိုးရကို ၀င်ငွေပေါ်မှာ အခွန်ဆိုတာကို ပေးရတယ်။ အဲ့ဒီတော့ နိုင်ငံခြားမှာ အလုပ်လုပ်သူတွေက ဘယ်အစိုးရကို အခွန်ပေးမလဲ။ သူအလုပ်လုပ်တဲ့ တိုင်းပြည်က အစိုးရကိုလား၊ သူ့ မိခင်နိုင်ငံ အစိုးရကိုလား။ နှစ်နိုင်ငံလုံးကို ပေးရမယ်ဆို ဘယ်ဟုတ်မလဲ။ အဲ့ဒီတော့ နိုင်ငံတွေဟာ သူတို့ နိုင်ငံမှာ နိုင်ငံခြားသားတွေ အလုပ်လာလုပ်အောင်၊ ရင်းနှီးမြှုပ်နှံ မှု့ တွေလုပ်လာအောင်၊ နှစ်နိုင်ငံ အကျိုးရှိအောင်လို့  မင်းနိုင်ငံသား ငါ့စီလာလုပ်ရင် ငါ့ကိုအခွန်ပေး၊ အဲ့လိုပဲ ငါ့နိုင်ငံသား မင်းစီလာလုပ်ရင် သူစီက အခွန်ကို မင်းယူ ဆိုသလို သဘောတူညီမှု့ တွေ ထားတယ်ပေါ့။ အဲ့လို သဘောတူညီမှု့ မျိုး မြန်မာ နဲ့  UK အစိုးရကြားမှာ ရှိတယ်" .။.... အင်... ဒီလောက်ရှင်းပြတာတော့ တော့ ကျွန်မ နားလည်တယ်။

ဒီတော့ ကျွန်မတွေးမိတာပေါ့။ ဒါဆို ဒီစင်္ကာပူဆိုတဲ့ နိုင်ငံသေးသေးလေးက အစိုးရနဲ့  မြန်မာ အစိုးရကြားမှာ တော့ အဲ့ဒီသဘောတူညီမှု့ မရှိလို့ ကျွန်မတို အခွန် ၂ ခါဆောင်ရတယ်ပေါ့။ ဟုတ်သလား မေးလိုက်မိတယ်။ ပြန်ဖြေပါတယ်။ မဟုတ်ဘူးတဲ့။ ဒီနှစ်နိုင်ငံကြားမှာလည်း အဲ့ဒီသဘောတူညီမှု့ ရှိတယ်။ .. အမ်း.. ဒါဆိုဘာလို့ ပေးရလဲဆိုတော့.. ဖြေသွားပါတယ်။.. " သဘောတူညီမှု့ ရှိတယ်။ ဒါပေမယ့် သံရုံးကတောင်းတော့ ဒီမှာ အလုပ်လုပ်သူတွေက ပေးရမယ်။ မပေးရင် မပြန်နဲ့ ။ အဲ.. မပြန်ဘူး...မပေးဘူးဆိုပြီး မပေးပဲနေလို့ ရမယ် မထင်နဲ့ ။ မပြန်ပေမယ့်လည်း ကျွန်မတို့  ကိုင်ထားတဲ့ ပတ်စ်ပိုစ့်တွေက သက်တမ်းကုန်ရင် သံရုံးမှာ သက်တမ်းသွားတိုးရမယ်။ အဲ့ဒီကြရင် ပေးရမှာပဲတဲ့။ " .. ဟင်း.. ဒီမှာ PR ဆိုတာကြီးရနေရင်ရော... မြန်မာ ပတ်စ်ပိုစ့် ကုန်လို့ မရဘူးလားဆိုတော့ " မရပါဘူး၊ စင်္ကာပူ ရဲ့ နေထိုင်ခွင့်တွေက PR မကလို့  ဘာကြီးဖြစ်နေနေ၊ သူတို့  Citizen မဟုတ်ရင်၊ သက်ဆိုင်ရာ နိုင်ငံရဲ့ ပတ်စ်ပိုစ့်ကုန်သွားတာနဲ့  အဲ့ဒီ နေထိုင်ခွင့်တွေ ကုန်သွားတယ်လို့  ဥပဒေရှိပါတယ်တဲ့" .. လေ.... သြော်.. ဒါမို့ လည်း ဒါမျိုးတွေ လုပ်လို့ ရတာကိုလို့  တွေးခဲ့မိသေးတယ်။

ကိစ္စ မရှိပါဘူး။ ကျွန်မက သူများတွေလည်း ပေးတာပဲ။ ကိုယ့်ချွေးနဲ့  ရင်းရှာလို့  ရတဲ့ ပိုက်ဆံကို၊ ဘာပဲ ဖြစ်ဖြစ် ကိုယ့်တိုင်းပြည် အကျိုးရှိအောင် ပေးရတာပဲ။ ကိုယ်လည်း အဲ့ဒီ နိုင်ငံသားဖြစ်နေတော့ ပေးရမှာပေါ့။ မြန်မာနိုင်ငံကလည်း တိုင်းပြည်ဖွံ့ ဖြိုးမှု့ အတွက် သုံးဖို့  နိုင်ငံခြားငွေတွေက လိုနေတယ် မဟုတ်လား။ ကျွန်မတို့ လို ပြည်ပမှာ အလုပ်လုပ်တဲ့ သူတွေစီက ရတဲ့ ပိုက်ဆံဟာလည်း နဲတယ် များတယ် မဆိုသာတယ်၊ တတပ်တအားတော့ တိုင်းပြည်ကို အကျိုးရှိမှာပေါ့လို့  ပြောမိခဲ့ပါတယ်။ အဲ့ဒီတော့ ကျွန်မကို သနားစရာ သတ္တ၀ါလေးလို ကြည့်ပြီး .. " ဒီပိုက်ဆံတွေ တိုင်းပြည်ဖွံ့ဖြိုးအောင် သုံးတယ် ထင်နေတာလား။ အဲ့ဒီငွေတွေ မြန်မာပြည် ပြန်ရောက်မယ်တောင် ထင်နေလား" လို့  ပြောတယ်။ ဒါဆို ငွေတွေ ဘယ်ရောက်သွားလဲ မေးမိတော့၊ မြန်မာ လူမျိုးအဖြစ် မစွန့် လွှတ်ချင် သေးဘူး၊ မြန်မာ ပြည်လည်း ပြန်ချင်သေးတယ်ဆို ကိုယ်ပေးစရာ ရှိတာလေးတွေ ပေးပြီး ၊ အလုပ်ကောင်းကောင်းလုပ်၊ ရန်ကုန်ကောင်းကောင်းပြန် ဆိုတာနဲ့  ကျွန်မလည်း ရန်ကုန်ပြန်ခါနီးတိုင်း ပေးစရာရှိတာလေးတွေ အမြဲပေးပြီးမှ ပြန်ခဲ့တာ ခုချိန်ထိပါပဲ။

အင်း... ကြောက်တတ်လို့ ၊ ကြားကောင်းအောင် ပြောရရင်တော့ အမိနိုင်ငံတော်ကြီးကို သိပ်ချစ်ပြီး မြန်မာပြည်သူဖြစ်ရတာ ဂုဏ်ယူ၊ မြန်မာနိုင်ငံသားအဖြစ်ကို မစွန့်လွှတ်နိုင်သေးလို့ သာ... အဲ့လို ပေးနေရတယ်။ တကယ်ဆိုရင်တော့ ဘယ်ပေးချင်ပါ့မလဲ။ တခါတလေ မဟုတ်ပါဘူး၊ သတိရတိုင်း၊ ပိုက်ဆံမရှိတိုင်း၊ ရန်ကုန်ပြန်ခါနီးတိုင်း၊ အခွန်ဆိုတဲ့ စကားကို ကြားတိုင်း၊ မြန်မာ သံရုံးဆိုတဲ့ စကား ကြားမိတိုင်း တွေးနေမိတာက ကျွန်မပေးခဲ့တဲ့ ပိုက်ဆံတွေ ဘယ်များရောက်သွားပါသလဲ ဆိုတာကိုပါ။

အို... ဒါနဲ့  ပြောရဦးမယ်.. ကျွန်မလေ သံရုံးသွားပြီး မြန်မာပြည်သူတစ်ယောက်အနေနဲ့  ကိုယ်ချွေးနဲစာနဲ့  လုပ်ကိုင်ပြီး ရရှိတဲ့ ၀င်ငွေရဲ့ ၁၀% ကို အမိနိုင်ငံတော်အတွက် အခွန် အဖြစ်ပေးဆောင်တိုင်း စာလေးတစ်စောင် ရေးရ ပါသေးတယ်ရှင့်။ ကျွန်မ မဘယ်သူဖြစ်သူသည်.. ဒီနိုင်ငံတွင် ဘယ် Company မှာ၊ ဘယ်လို ပိုစ့်မျိုးနှင့် အလုပ်လုပ်ကိုင်ရာမှ ရရှိသည့် ၀င်ငွေ၏ ၁၀% ကို နိုင်ငံတော်အား ၀င်ငွေခွန်အဖြစ် ပေးဆောင် လိုပါသည်၊ ပေးဆောင်ခွင့်ပြုပါ သံအမတ်ကြီးရှင့်  .. ဆိုတာမျိုးလေး ရေးရပါတယ်။ ကျွန်မက ပေးချင်လွန်းလို့  ပေးတာပါ။ ဘယ်သူကမှ အတင်း တောင်ဆို၊ တိုက်တွန်း၊ ဖိအားပေးတာကြောင့် မဟုတ်ပါဘူး ဆိုတာမျိုးလေးပေါ့။ ဒီလောက်ပါပဲ။

ကျွန်မရေးတာတွေ ဖတ်ရလို့  ပျင်းနေပြီလား။ ဘာရယ်တော့ မဟုတ်ပါဘူး။ ကြုံတုန်းလေးမို့  ကျွန်မရဲ့ အတွေ့  အကြုံလေးကို ပြောရေးလေး ရေးပြတာပါ။

ဒါနဲ့  ဒီမှာ... ကျွန်မ တွေ့ မိတယ့် သတင်းဆိုဒ်လေးတွေ.. ကြုံရင် ကြည့်လိုက်ကြပါဦး။

Agreement Between Singapore Gov and Myanmar Gov ( From IRAS.GOV.SG )
Double Taxation - Soe Moe Aung
အခွန်အမြှောက်နှစ် - TZA

သံလွင်အိပ်မက် - အမှတ် ၉

သံလွင်ကို အိပ်မက် မက်တဲ့ အခါ ငါတို့ ရဲ့တေးသွားကို ကြားလိမ့်မယ်
ပြောထားတဲ့ အတိုင်းပဲ သံလွင်မောင်တွေဟာ အပြောနဲ့  အလုပ်ညီတယ်ဆိုကြောင်း ပြသတဲ့ အနေနဲ့  သံလွင်အိပ်မက် - အမှတ် (၉) ကို သူများတွေ အိပ်ချိန်မှာတောင် မအိပ်ကြပဲ ညကြီးသန်းခေါင်မှာ ထုတ်ဝေ လိုက်တာကို တွေ့ လိုက်ရပါတယ်။ အမှတ်စဉ် (၉) ဆိုတော့လည်း မှတ်မှတ်ရရ ပေါ့လေ။ ဘာပဲ ဖြစ်ဖြစ် အလုပ်မအားတဲ့ ကြားကနေ မဖြစ်ဖြစ်အောင် စေတနာရှေ့ထား၊ ကောင်းသထက် ကောင်းအောင် ကြိုးစား လုပ်ဆောင်ကြတဲ့ သံလွင်အိပ်မက်မှ အယ်ဒီတာများကို ကျေးဇူးတင်ပါတယ်။

January 16, 2007

IF ( အကယ်၍ )

ဒီနေ့  ကဗျာဖတ်ချင်စိတ် ပေါက်လာလို့  English ကဗျာတွေ လိုက်ဖတ်ရင်းကနေ Rudyard Kipling ရေးတဲ့ IF ဆိုတဲ့ ကဗျာကို ပြန်ဖတ်မိသွားတယ်။ ဒီ အင်္ဂလိပ်လိုရေးထားတာလေး ဖတ်ရင်း ဒီကဗျာရဲ့ မြန်မာ ဘာသာပြန်ကို ဖတ်ချင်လာတယ်။ အားလုံးသိတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည် က ဒီကဗျာကို "အကယ်၍" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဘာသာပြန်ပေးထားတယ်လေ။ ကျွန်မ ဒီ အကယ်၍ ကဗျာကို ဘယ်မှာရှာလို့ ရမယ်မှန်း သိပါတယ်။ မမေက လွန်ခဲ့တဲ့ နှစ်က သူ့ ဘလောခ့်မှာ ပိုစ့်လုပ်ပေးဖူးတယ်လေ။ ဒါနဲ့  သူဘလောခ့်သွားပြီး တစ်ခေါက် ပြန်ဖတ်မိတယ်။ မြန်မာလို ရေးထားတာလေး ဖတ်ရင်း အဲ့ဒီကဗျာလေးနဲ့  ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်မိခဲ့တာကို သတိရလိုက်ပြန်တယ်။ တစ်ခုခုဆို အချိန်မဆိုင်းချင်တဲ့ ကျွန်မ အကျင့်အတိုင်း အဲ့ဒီ ဆောင်းပါးရှိတဲ့ နေရာကို သွားပြီး တစ်ခေါက်လောက် ဖတ်လိုက်မိပြန်တယ်။ ကဗျာတွေ လိုက်အဖတ်ကောင်းတာ အလုပ်မှာ ရောက်နေတာပါလားဆိုတာတောင် မေ့မလို ဖြစ်သွားရတယ်။

ကျွန်မ ကဗျာမရေးတတ်ပါဘူး။ ဒါပေမယ့် ကဗျာ ဖတ်တာကိုတော့ ကြိုက်တယ်။ ဒီ IF ( အကယ်၍ ) ဆိုတဲ့ ကဗျာက ကျွန်မ ကြိုက်တဲ့ ကဗျာတွေ ထဲမှာပါ ပါတယ်။ ကျွန်မ ဒီကဗျာကို အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ်၊ မြန်မာလို ဘာသာပြန်ထားတာကိုပဲ ဖြစ်ဖြစ်၊ ဘယ်အချိန် ဖတ်ရဖတ်ရ၊ သဘောကျ နှစ်သက်မိတယ်။

If----- By Rudyard Kipling (1895)
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်မှာ NLD လူငယ်တွေကို အမှာစကားပြောကြားရင်း ဒီ ကဗျာကို ဆိုပြခဲ့တယ်လို့  သိရပါတယ်။

အကယ်၍ - ဘာသာပြန်သူ အောင်ဆန်းစုကြည် (၁၉၈၉)
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ...
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် ...
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်း နေနိုင်မယ်ဆိုရင် ...
အကယ်၍
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် ...

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင် ...
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်...
အကယ်၍
အောင်မြင်မှု သုခနဲ့ ဆုံးရှုံးဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ...
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်...
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြည်လည်တည်ဆောက်နိုင်မယ်ဆိုရင် ...

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ ...
အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် ...
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိ ရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်....
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကိုပဲ ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် ...

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ထံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်...
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန် မာန သွေး မကြွဘူးဆိုရင် ...
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုနာကျည်းအောင် မလုပ်နိုင်စေရင်...
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားပေမယ့်
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ....
ငါ့သားရေ ...
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့ ...

Source:
If By Rudyard Kipling ( businessballs.com)
အကယ်၍ - အောင်ဆန်းစုကြည် (မိုးမခ)
အကယ်၍ - အောင်ဆန်းစုကြည် (Emotionalcorner)
ငှက်ပျောတောတန်း လှည်းလမ်းကြောင်းနှင့် ရိုးပေါ်ကလေညှင်း - မောင်သစ်ဦး (Irrawaddy.org)

January 15, 2007

D Programming Language

D Programming ဆိုတာကို ပထမဆုံးကြားဖူးတာ ပြီးခဲ့တဲ့ အပတ်၊ ၂၀၀၇ ရဲ့ နှစ်ဦးပိုင်းက ပါ။ အဲ့ဒီ အချိန်က D Programming အကြောင်း သိလားလို့  လားမေးခဲ့သူ၊ သတင်းပေးခဲ့သူကို “ B နဲ့  C Programming ဆိုတာတော့ သိတယ်၊ ရေးဖူးတယ်၊ D Programming ဆိုတာတော့၊ ဒါဟာ ပထမဆုံး ကြားဖူးတာပါ “ လို့  ကျွန်မ ပြန်အဖြေပေးခဲ့ပါတယ်။ အဲ…ခုချိန်မှာ D Programming သိလားလို့  တစ်ယောက်ယောက်က လာမေးမယ်ဆို….” အင်း အဲ့ဒီ Language အကြောင်း နည်းနည်းဖတ်ဖူးတယ်၊ ဒါပေမယ့် တခါမှ မရေးဖူးဘူး“ လို့  ပြန်ဖြေနိုင်တဲ့ အဆင့်ဖြစ်သွားပါပြီ။ ဒါဆို သိသလောက်လေး ပြောပြပါလို့  ထပ်ဆင့် မေးခဲ့ရင် ကျွန်မ ဘယ်လို ပြန်ဖြေမလဲ။ သိချင်လား…??? သိချင်သူများ…. ဒီမှာ ဆက် ဖတ်ကြည့်ပါ။

D Programming ဟာ System Programming Language တစ်ခုပါ။ အင်း… System Programming ဆိုတာ ဘာလဲ မသိလို့ ရှင်းပါဦးလို့  ထပ်မေးမယ်ဆိုရင်တော့ Wiki – System Programming မှာသာသွားဖတ် ကြည့်လိုက်ပါလို့ ပဲ ပြောလိုက် မိမယ်ထင် ပါတယ်။

D Programming ဆိုတာကို လူတော်တော်များများက မကြားဖူးကြဘူး ပြောရင်လည်း မထူးဆန်းပါဘူး။ဘာလို့ လဲ ဆိုတော့ ဒီ D Programming ရဲ့ ပထမဆုံး Stable Version ထွက်လာတာက 2nd January 2007 ကမှလို့  ဖတ်လိုက်ရပါတယ်။ ဒီ D Language ကို တီထွင်သူက Digital Mars မှ Walter Bright ဆိုသူ ဖြစ်ပါတယ်။ Digital Mars အကြောင်း အသေးစိတ် သိချင်ရင်တော့ သူတို့ ရဲ့ WebSite မှာ သွားကြည့်လိုက်ပါ။

အဲ့ဒီ Walter Bright ဆိုသူက သာမည လူတစ်ယောက်တော့ မဟုတ်ဘူး။ သူဟာ ပထမဆုံး C Complier ကို ထီထွင်ရာမှာ အဓိက ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပြီး C Compliers အမျိုးမျိုးကို တီထွင်ရာမှာလည်း ပါဝင်ခဲ့တယ် လို့  သိရတယ်။ C Complier ကို တီထွင်ရာမှာ အဓိကပါသူတစ်ယောက်က C ကို အခြေခံပြီး D Language ကို ဖန်တီးခဲ့တယ်ဆိုတော့ D Language ဆိုတာ C Language နဲ့  အခွဲများလားဆို.. မဟုတ်ပါဘူး။

D Language ဟာ C Syntax Family ရဲ့ အဖွဲ့ ဝင်လို့  ပြောထားတော့ D ရဲ့ Syntax တွေဟာ Java လို မျိုးပဲ.. C က Syntax တွေနဲ့  ဆင်တူတူ ရှိနေပေမယ့် C က C Language သတ်သတ်, D က D Language သတ်သတ် တခြားစီပါ။

D language မှာ C နဲ့  C++ က ကောင်းမွန်တဲ့ အချက်တွေဖြစ်တဲ့ Powerful ဖြစ်တာ၊ Performance ကောင်းတာတွေနဲ့  IT လောကမှာ ခုနောက်ပိုင်း ခေတ်စားနေတဲ့ Ruby တို့  Python တိုလို့ မျိုး Language မျိုးတွေမှာရှိတဲ့ productivity ဆိုတာမျိုး ရှိအောင်လည်း ဖန်းတီးထားတယ် ပြောထားတယ်။ ကိုယ်တိုင် မရေးဘူးတော့ ဟုတ်မဟုတ်မသိဘူး။

နောက်ပြီး D နဲ့  တခြား Langauges တွေနဲ့  နှိုင်းယှဉ်ပြထားတာကို Website မှာ တွေ့ လိုက်မိသေးတယ်။ အဲ့ဒါလေးကို ကိုယ်တိုင် ကြည့်လိုက်ရင် ပိုကောင်းမယ်။ ဒါနဲ့  D ကို သိပ်စိတ်ဝင်စားနေလား။ ဒါဆို သူများရှင်းပြတာ နားထောင်နေတာထက်စာရင် ကိုယ်တိုင် သွားဖတ်လိုက်တာဟာ အကောင်းဆုံးနဲ့  အမြန်ဆုံး နည်းလမ်းပါပဲ ဆိုပြီး ကျွန်မ ဖတ်တဲ့ Links တွေပေးလိုက်မယ်။
D Programming Language (Digital Mars)
D Programming Language (Wiki)
D vs Other Languages Comparison

ဒါပါပဲ။

ကိုယ့်ဟာကို တွေးမိတာလေးပါ။
ဒီ D Programming က ဘယ် Language တွေကို ယှဉ်ပြိုင်ဖို့  ထွက်လာတာလည်း စဉ်းစားနေမိတယ်။ C ကိုလား၊ Java ကိုလား။ Scripting Languages တွေကိုလား။ တချို့ နေရာတွေမှာတော့ D ဟာ C/C++ ကို အစားထိုးမလို့  လို့ ရေးထားတာ ဖတ်ရတယ်။ ဖြစ်နိုင်ပါ့မလား။ နောက်ပြီး ထွက်လိုက်ကြတဲ့ အသစ်အသစ်တွေ၊ နာမည်လေး ကြားဖူးအောင်တောင် မနည်းကြိုးစားနေရတယ်။ ဘာလို့  ရှိပြီးသားတွေကို ကောင်းအောင် မကြိုးစားပဲ အသစ်အသစ်တွေ ထုတ်နေကြတာလဲ။ လိုအပ်လို့ လား။ ဟင်း. စဉ်းစားရတာ ခေါင်းရှုပ်ပါတယ်။ ဒါနဲ့ ကျွန်မတောင် အချိန်ရရင် ကိုယ်ပိုင် Language လေး ထုတ်နိုင်အောင် ကြိုးစားရင် ကောင်းမလား တွေးနေမိသေးတယ်။

January 14, 2007

မြန်မာ့ အရေးနှင့် မြန်မာ့ စိတ်ဓာတ်

သောကြာနေ့  ကလုံခြုံရေးကောင်စီမှာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်ပြီး ကျွန်မတို့  မြန်မာနိုင်ငံနဲ့  ပတ်သက်တဲ့ မူကြမ်းကို ဆုံးဖြတ်ရာမှာ တရုတ်နဲ့  ရုရှ က ဗီတိုအာဏာသုံးပြီး ပယ်ချလိုက်တယ်လို့  သိလိုက်ရတယ်။ အဲ့ဒီ သတင်းကြားကြားခြင်း ကျွန်မ တစုံတခု အတွက် ၀မ်းနည်း စိတ်မကောင်းဖြစ်မိတယ်။ မနေ့  ညက အဲ့ဒီ ကိစ္စ နဲ့ ပတ်သက်တဲ့ English လို ရေးထားတဲ့ သတင်းတွေ လိုက်ဖတ်ဖြစ်တယ်၊ တခြား ဘလောခ့်ဂါတွေ ရေးထားတဲ့ ခံစားချက်တွေ လိုက်ဖတ်ဖြစ်တယ်။ ဒါပေမယ့် ကျွန်မတော့ ဘာမှ မရေးဖြစ်ဘူး။ ရေးချင် စိတ်လည်း မရှိဘူး။ ဒီမနက်ကြတော့ အဲ့ဒီကိစ္စနဲ့  ပတ်သက်တဲ့ မြန်မာလို ရေးထားတဲ့ သတင်း website တွေကို သတိတရ၊ လိုက်ဖတ်ကြည့်၊ နားထောင်ကြည့်လိုက်တဲ့ အခါ ကျွန်မကို အားအင်ဖြစ်စေတဲ့ စကားလုံး တချို့ကို ဖတ်မိ၊ ကြားမိလိုက်ပါတယ်။

" (၈၈) စိတ်ဓာတ်မျိုး နဲ့  ကျွန်တော်တို့ ဟာ ပြဿနာတွေကို ဖြေရှင်းရမှာပဲ။ ဘာလဲ၊ ကိုယ့်အား ကိုယ်ကိုးတဲ့ စိတ်ဓာတ်ပါ။ ဒါပဲ၊ လုံးဝ မပျက်သွားပါဘူး။ ကျွန်တော်တို့  သူတပါး အားကိုးမှာ မဟုတ်ဘူး။ ကိုယ့်အား ကိုယ်ကိုးမှာ။ တခုတော့ရှိတယ်။ နိုင်ငံတကာရဲ့ မိသားစု အဖွဲ့ အစည်းကလဲ ၀င်ရောက်ဖြေရှင်းပေးတာမျိုး ငြိမ်းချမ်းစွားနဲ့  ဖြစ်ပေါ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့  ကြိုဆိုမယ်၊ လက်ခံမယ်။ ဒါက တပိုင်းဖြစ်နေတာကို။ အဲ့ဒီတော့ ကိုယ့်မှာရှိတဲ့ ကိုယ့်အင်အားနဲ့  ခွက်နဲ့ ပဲရရ၊ ရတဲ့ ရေနဲ့ သဲနဲ့ ပဲဖြစ်ဖြစ် နောက်ဆုံး အသက်စွန့့် ပြီးတော့ ပဲဖြစ်ဖြစ် မီးကို ငြိမ်းသက်ကြရမှာပဲ။ ကျွန်တော်တို့  ပြည်တွင်းမှာ တောက်လောင်နေတဲ့ မီးတွေကို။ ဒါက ကျွန်တော်တို့  ဘက်က လုပ်ရမယ့် အပိုင်း။ "

"ဒါက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဘက်က တကယ်တမ်းနိုင်တာပါ။ ရှုံးတာလဲ မဟုတ်ဘူး။ ကျွန်တော်တို့  နိုင်တာ။ ကျွန်တော်တို့  နိုင်တယ် ဆိုတာ မဲခွဲပြီးတော့ ဆုံးဖြတ်လိုက်တဲ့ အခါ ထွက်လာတဲ့ အဖြေမှာ ကြည့်လေ။ "

ဒါကျွန်မတို့ လေးစားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ စကားတချို့ ပါ။
ကျွန်မတို့  မြန်မာ့အရေးကို လုံခြုံရေးကောင်စီမှာ မဲဆန္ဒကောက်ခံရာမှာ ထောင်ခံမဲ ၉ မဲ၊ ကြားနေမဲ ၃ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခဲ့တာပါ။ ဒါပေမယ့် တရုတ်နဲ့  ရုရှတို့ က ဗီတို အာဏာသုံးပယ်ချလို့  လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး ဆုံးဖြတ်ချက် မချနိုင်ခဲ့ပါဘူး။

ကျွန်မ တို့ ကို အားရှိစေတဲ့ ကိုမင်းကိုနိုင် ပြောခဲ့တဲ့ စကားတွေက

"ပြောရမယ်ဆိုရင် ကျွန်တော်တို့  တိုင်းပြည်ရဲ့ ပြဿနာကို အခု လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ချက်တစ်ခု အနေနဲ့  မကျသွားတာပဲရှိတယ်။ နဂိုက ကျွန်တော်တို့  ရထားတဲ့ ရှိရင်းစွဲ ရလဒ်တွေ တခုမှ ယုတ်လျော့ သွားတာမှမဟုတ်ဘဲ။ အချိန်မရွေး ကျွန်တော်တို့  ပြန်ပြီး ဆွေးနွေးလို့ ရတယ်။ ကျွန်တော်တို့  တိုင်းပြည်မှာ ကျွန်တော်တို့ ပြည်သူတွေ ဒီမိုကရေစီရေးအတွက် ကိုယ့်သဘောထားတွေကို ဘယ်လောက် ဖေါ်ထုတ် ပြသနိုင်မလဲ။ အဲ့ဒီအပေါ် မူတည်ပြီးတော့မှ ကျွန်တော်တို့  ဘယ်လောက် ငြိမ်းချမ်းစွာနဲ့  ကျွန်တော်တို့  ဥပဒေဘောင်ထဲ ကနေပြီးတော့ ဘယ်လောက်လှုပ်ရှားနိုင်ကြမလဲ။ အဲ့ဒီ အပေါ်မှာ မူတည်ပြီးတော့ နောက်တကြိမ် ပြန်တက်ဦးမှာပဲ။ အဲ့ဒီအချိန် ကျလို့ ရှိရင် ကျွန်တော်တို့ ရဲ့ မှတ်ကျောက်တင် ခံနိုင်မှု့  ပေါ့။ အဲ့ဒီမှာ ဘွားကနဲ မျက်ဝါးထင်ထင် မြင်ရဦးမှာပဲ။ ကျွန်တော် တို့ စိတ်ဓာတ်ကျစရာ ဘာတခုမှ မရှိဘူး။ ကျွန်တော်တို့  ဒီအပေါ်မှာ အင်အားသစ်တွေ မွေးပြီးတော့ ဆက်ပြီး လုပ်သွားကြရဦးမှာပဲ။ ၈၈ တုန်းက ကျွန်တော်တို့ ဘယ်လို လုပ်ခဲ့ကြ လို့လဲ။ ကျွန်တော်တို့  ကိုယ့်အား ကိုယ်ကိုးပြီး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့  ဘယ်သူ့ အားကိုမှ မျှော်လင့်ခဲ့တာ မဟုတ်ဘူးလေ။ အဲ့ဒီတော့ ၈၈ စိတ်ဓာတ်မျိုး ပြန်မွေးကြစမ်းပါ။ မကြာခင် ကျွန်တော်တို့  အောင်ပွဲကို ရောက်မှာပါ။ "

ဟုတ်ပါတယ်။ ကိုမင်းကိုနိုင်ပြောသလို့  အောင်ပွဲရအောင် ကျွန်မတို့  ကိုယ့်အားကိုယ်ကိုးပြီး ဆက်ကြိုးစားကြရမှာပါ။..

ကျွန်မ ခုချိန်မှာ နားအထောင်ချင်ဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်စီက အဲ့ဒီကိစ္စနဲ့  ပတ်သက်ပြီး ပြည်သူတွေ အပေါ် ပြောကြားမယ့် သတင်းအမှာစကားကို ပါ။ ကျွန်မရဲ့ ဆန္ဒ တစ်ခုပါ။

အဲ့ဒီကိစ္စ နဲ့  ပတ်သက်ပြီး ကျွန်မ ဖတ်မိတယ် သတင်းတွေကို ဒီမှာ မျှဝေထားပါတယ်။ မြန်မာအရေး စိတ်ဝင်စားတဲ့ ကျွန်မတို့  မြန်မာနိုင်ငံသားတိုင်း ဒီသတင်းတွေကို ဖတ်ကြည့်မိကြမယ်လို့  ကျွန်မ ထင်ပါတယ်။

လုံခြုံ့ရေးကောင်စီ၏ မြန်မာ့ အရေးဆုံးဖြတ်ချက် တရုတ်နဲ့ ရုရှ ဗီတိုသုံးပယ်ချ
တရုတ် နှင့်ရုရှ ကန့် ကွက်မှု့ အပေါ် ပြည်တွင်းနိုင်ငံရေး အဖွဲ့ အစည်များ၏ အမြင်
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာ မနက်ပိုင်း သတင်း
လွတ်လပ်တဲ့ အာရှအသံ (RFA) မြန်မာ ညနေပိုင်း သတင်း
တရုတ်နှင့် ရုရှတို့  ဗီတိုသုံးပြီ - သန့် ဇင်အောင်

January 13, 2007

ဘယ်သူရှိမလဲ - ဇော်ဝင်းထွဋ်

ဒီရက်ပိုင်း ရာသီဥတုက မိုးလေးတအေးအေးနဲ့  ဆိုတော့ ညအိပ်ရင် သီချင်းတိုးတိုးလေး ဖွင့်ပြီး အိပ်တဲ့ အကျင့်ကို ပြန်လုပ်ဖြစ်နေတယ်။ အဲ့ဒီတော့ နားမထောင်ဖြစ်တာကြာနေတဲ့ သီချင်းဟောင်းတွေ ပြန်နားထောင်ဖြစ် သွားတာပေါ့။ တချို့ သီချင်းဟောင်းလေးတွေက နားမထောင်ရတာကြာပြီ ဆိုပေမယ့် ခုပြန် နားထောင် ဖြစ်တော့လည်း အရင်ကလိုပဲ ကြိုက်နှစ်သက်မိနေတုန်း ပါပဲ။ အရသာ တမျိုး စီပေါ့။

ဒီ ဇော်ဝင်းထွဋ် ရဲ့ ဘယ်သူရှိမလဲ ဆိုတဲ့ သီချင်းကို ဟိုအရင် စပြီး နားထောင်ခဲ့တုန်းကလည်း ကြိုက်နှစ်သက်ခဲ့တယ်၊ ခုပြန်နားထောင်ဖြစ်တော့လည်း နှစ်သက်နေတုန်းပါပဲ။

ဘယ်သူရှိမလဲ - ဇော်ဝင်းထွဋ်
အမုန်းမီးများပဲ နှလုံးသားထဲမှာ တ၀ုန်းဝုန်းကျွမ်းလောင်နေပြီ
ရှေးရှေးတုန်းက ကောင်းခဲ့ဖူးသမျှ ခုကျ မင်းက မေ့ပြီ
ချစ်ခဲ့ကြတဲ့ ရက်၊လ၊နှစ် တို့ မင်း ပြန်စောင်းကာ မကြည့်ဘူး
ငါ့ဘ၀လေး တစ်စစီ မင်းရက်စက်သွားပြီ
ဘယ်သူရှိမလဲ

cho:
အရမ်းချစ်ပြီးမှ အချစ်နဲ့  မပေါင်းချင် ဘယ်သူရှိမလဲ
လောကကြီးထဲ အချစ်နဲ့  မဝေးချင် ဘယ်သူရှိမလဲ
အသည်းကွဲရတော့ မျက်ရည်မကျတာ ဘယ်သူရှိမလဲ
ပြော... အချစ်ရေ..
ဘယ်သူရှိမလဲ

မင်းအတွက် လုံးလုံးပေးအပ်ခဲ့တဲ့ /ထားတဲ့ ငါ့အချစ်ရဲ့တန်ဖိုး
မင်းမသိပဲနဲ့  စတေးပြစ်ခဲ့တဲ့ ငါ့ယုံကြည်မှု့ အားလုံး
အဆုံးသတ်ကြတော့ နစ်မြုပ်သွားတဲ့ ငါ့အိပ်မက်ကမ္ဘာလေး
နှလုံးသားအား တစ်စစီ မင်းခွဲစိတ်ခဲ့ပြီ
ဘယ်သူရှိမလဲ

cho:

ငါဆိုတာ မင်းအတွက်အသက်ရှင်ခဲ့တဲ့ အကြောင်းတွေ ပြောတာ အကြိမ်ကြိမ်ပဲ
ဒီကမ္ဘာမှာ ငါ့လောက် မင်းအပေါ် ဂရုစိုက် ချစ်နိုင်ခဲ့တာ ဘယ်သူရှိမလဲ
နှစ်သက်ခဲ့တဲ့ ငါ့ရဲ့အပြုအမူတွေကို နင်....ခုတော့.... ကြည့်မရ .... ငါ့ဘဝ

cho:

January 12, 2007

It's Friday again!

ဒီတပတ် အလုပ်လုပ်ရတဲ့ ၅ ရက်ကို သာမန်ထက် ရှည်ကြာတယ်လို့ ခံစားနေရတယ်။ လူက နေမကောင်း ပျောက်ခါစ၊ နှုံးပြီး ပင်ပန်းနေတာကြောင့်လည်း ပါမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေ့  တော့ စောင့်မျှော်နေရတဲ့ သောကြာနေ့ ရောက်ပြန်ပြီ။ ဒီမနက်စောစော အိပ်ရာနိုးတာနဲ့  သတိရမိတယ် စကားလုံးလေးက.. TGIF ဆိုတာလေးပါ။ ဒီ ဘလောခ့်မှာ TGIF နဲ့  ပက်သက်တာ တစ်ခါရေးခဲ့ဖူး ပါတယ်။


ဒီနေ့  အလုပ်က ပြန်လာပြီးရင် နောက် ၂ ရက် အလုပ်သွားစရာ မလိုတော့ဘူး။ အားလပ်ရက် ရတော့မယ်။ ကဲ .. ကဲ .. စိတ်ချမ်းသာစွာနဲ့  နေ့ သစ် တစ်ခုကို စတင်လိုက်ပါဦးမယ်။

မနေ့ ညနေထဲက ရွာနေတဲ့မိုးက ခုထိ မတိတ်သေးဘူးဆိုတော့ တကယ်ဆို ဘယ် အလုပ်သွားချင်ပါ့မလဲ။ ပြီးတော့ ဒီမိုးက တိတ်မယ့်ပုံမရှိဘူး၊ တစ်နေကုန် မိုးရွာမယ့်ပုံပါပဲ။ ပုံလေးထဲကလို့  ဟိုတိုးဒီတိုး ဟိုကွေးဒီကောက် နဲ့ ပျင်းကျောလေးဆန့် ပြီး အိမ်မှာပဲ အိပ်နေလိုက်ချင်မိတယ်။ ဒါပေမယ့် လူဆိုတော့လည်း စားဖို့ နေဖို့  အလုပ်လုပ်ရ ပေဦးတော့ မပေါ့။

Law Of Nature - ဓမ္မတာ

မြန်မာစာပေလောကတွင် ကျော်ကြား ထင်ရှားသော ကဗျာတစ်ပုဒ်။
ဒီကဗျာကို နာရပတိစည်သူ မင်းလက်ထက်မှာ မင်းယဉ် နရသိင်္ခ၏ အထိန်းတော် အနန္တသူရိယ အမတ် ကရေးစပ်ခဲ့တယ်လို့  သိရပါတယ်။ မင်းပြစ်မင်းဒဏ်ကြောင့် သေခါနီးဆဲဆဲမှာ ရေးစပ်ခဲ့တာလို့  မှတ်သားရပါတယ်။ ခွင့်လွှတ်ခြင်း နဲ့  မတည်မြဲသော လောကသဘာဝကို ဒီကဗျာမှာ ရေးဖွဲ့ ထားပုံမှာ ထိမိလှပါတယ်။

"ဓမ္မတာ" မျက်ဖြေလင်္ကာ
အနန္တသူရိယ အမတ်

သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မူ
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ။
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည်၊
ရေပွက်ပမာ တသက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊
လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လှဲတတ်သည်။
မချွတ်စသာ သတ္တ၀ါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်ခဲ့တုံ ၏။ ခိုက်ကြုံဝိပါက်၊
သံသာစက် ၊ ကြိုက်လတ်တွန်မူ၊
တုံ့ မယူလို၊ ကြည်ညိုစိတ်သန်၊
သခင်မွန်ကို၊ ချင်ဘိစင်စစ်၊
အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည် အနိစ္စာ ငါခန္ဓာတည်း။


Law Of Nature
Translated by Pe Maung Tin and G.H. Luce.

When one attains property,
Another is sure to perish.
It is the law of nature.

Happiness of life as king-
Having a golden palace to dwell in,
Court life, with a host of ministers about one,
Enjoyment__showdow__peace,
No break to felicity__
Is but a bubble mounting for a moment to the surface of the ocean.

Thought he kill me not,
But in mercy and pity release me,
I shall not escape my karma.
Man's stark-seeming body
Lasteth not ever;
Verily it is the nature of every living thing to decay.

Thy slave,I beg
But to bow down in homage and adore thee!
If the wheel of samsara
Mpast deeds offer me vantage,
I seek not for vengeance.
Nay,master, mine awe of thee is too strong!

If I might, yet I would not touch thee;
I would let thee pass without scathe.
Dissolution lures the elements of my body.

January 11, 2007

ကျောင်းသားခေါင်းဆောင်များ ပြန်လည် လွတ်မြောက်

ကျွန်မတို့  လေးစားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြတဲ့
ကိုမင်းကိုနိုင်၊ ကိုမင်းဇေယျ၊ ကိုကိုကြီး၊ ကိုဌေးကြွယ်နှင့် ကိုပြုံးချိုတို့ ၅ ဦး စစ်အစိုးရရဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရာကနေ မနေ့ က ပြန်လည် လွတ်မြောက်လာကြပြီလို့ 
WebSites သတင်းတွေမှာ ရေးထားတာ ဖတ်လိုက်ရပါတယ်။

ဝမ်းသာစရာ သတင်းကောင်းပါပဲ။

ကြိုဆိုပါတယ်...


Source :
၈၈ ကျောင်းသားခေါင်းဆောင် (၅) ဦး ပြန်လည်လွတ်မြောက် - DVB
ကျောင်းသားခေါင်းဆောင်များ လွတ်ပြီ - Irrawaddy
ကျောင်းသားခေါင်းဆောင် ၅ ဦး လွတ်မြောက်လာ - KhitPyaing

January 10, 2007

10 January 2006

ဘယ်ရောက်နေလဲ မေးနေသူ၊ တွေးနေသူ၊ သတိရနေသူများသို့ 

ကျွန်မ နေလို့  ကောင်းသွားပါပြီ။ .. ထင်ရတာပဲ။.. ကိုယ်မပူတော့ဘူး ဆိုတော့၊ အဖျားမရှိတော့ဘူး။ အင်း.. ဒါဆို နေကောင်းပြီပေါ့။
နေလို့ နည်းနည်း ကောင်းတာနဲ့  တနင်္လာနေ့ ထဲက အလုပ်ရောက်၊ အလုပ်လုပ်နေရလို့ .. ဘလောခ့်မှာ ဘာမှ မရေးနိုင်ဖြစ်နေတာပါ။

ဒီရက်ပိုင်းမှပဲ အလုပ်မှာကလည်း အလုပ်ရှုပ်တယ် မဆိုသာပေမယ့် လုပ်စရာလေးတွေ မပြတ်ရှိနေတော့ ဘလောခ့်မှာ ပိုစ့်အသစ်မရေး အားဖူး ဖြစ်နေတာပါ။ ခေါင်း သိပ်မကြည်တော့ ဘာကိုမှ သိပ်မတွေးချင်တာလည်းပါ ပါတယ်။ အရင်က ကျွန်မ ဘလောခ့်ရေးတယ်ဆိုတာ အလုပ်လုပ်ရင်း ရေးတာလေ။ အလုပ်မှာ မအားရင် အိမ်မှာ ရေးဆိုရင်လည်း၊ အိမ်မှာဆို ဘလောခ့်ရေးဖို့ အားမရှိလို့ ပါ လို့  ဆင်ခြေပေးချင်မိတယ်။ လူက မဖျားတော့ဘူး ဆိုပေမယ့်၊ ပုံမှန်လူကောင်းလိုတော့ မဖြစ်သေးဘူး။ သက်သာတယ်ဆိုပေမယ့်၊ ချောင်းဆက်ဆိုးနေတုန်းဆိုတော့ ဆေးတွေက ဆက်သောက်နေရတုန်းပါ။ ချောင်းဆိုးပျောက်ဆေး သောက်နေရပါတယ်ဆိုမှတော့ အိပ်ချင်ပြီပေါ့။ အလုပ်သွားမှ ပိုက်ဆံရမှာမို့ သာ အလုပ်လာနေရတာ၊ အလုပ်မှာလည်း အိပ်ငိုက်၊ အိမ်ပြန်ရောက်ပြီဆိုလည်း ထမင်းစားပြီးရင် အရင်လို ကွန်ပြူတာရှေ့တောင် မထိုင်နိုင်တော့ပဲ အိပ်ရာဝင်ပြီး အိပ်ဖို့ ပဲ စိတ်ကူးရှိ၊ အိပ်မိနေပါတော့တယ်။

ကျွန်မ နေမကောင်းတုန်းက ဂရုတစိုက်နဲ့  သတင်းမေး၊ အားပေးကြတဲ့ သူငယ်ချင်းတွေ နဲ့  စားစရာ လာပို့ ပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ကျွန်မ နေမကောင်းရင် စိတ်ညစ်နေတတ်မှန်းသိလို့  အဝေးကနေပြီး သတိတရ နဲ့  ဖုန်းဆက်၊ စကားတွေပြော၊ စိတ်ချမ်းသာအောင် အားပေးခဲ့တဲ့ အပြင်၊ ကျွန်မ ပြောသမျှ ( အင်း ရစ်သမျှ လို့ ပြောရင်ပိုကောင်းမယ်) နားထောင်ပေးခဲ့တဲ့ ကျွန်မရဲ့ အချစ်ဆုံး သူငယ်ချင်း ကိုလည်း ကျေးဇူးတင်မိတယ်။

အရင်က ဖျားတယ် ဆိုတာ ဘယ်လိုလည်း သေချာမသိဘူးဖြစ်နေတာ၊ ခုသိလိုက်ရတော့ ဖျားတယ်ဆိုတာ တော်တော် မကောင်းတဲ့ အလုပ်ပဲ။ ကျွန်မ အမေက ကျွန်မကို ကျန်းမာရေးကောင်းတယ်ဆိုတာ နည်းတဲ့ ကုသိုလ်မဟုတ်ဘူးလို့  ဘာလို့  အမြဲပြောခဲ့တာလည်းဆိုတာကို ခုတော့ ကောင်းကောင်းကြီး နားလည်သွားပါပြီ။ တစ်ခေါက်တည်းနဲ့  မှတ်သွားပြီ။ နောက် ဘယ်တော့မှ ထပ် မဖျားချင်တော့ဘူး။ :D

January 07, 2007

Never Ever - All Saint

ဓမ္မ ဒါန

ခုရက်ပိုင်း သူငယ်ချင်းတွေစီက တဆင့် သိခဲ့ရတဲ့ ဘာသာရေးနဲ့  ပတ်သက်တဲ့ WebSite တချို့ ကို ထပ်ဆင့် မျှဝေချင်ပါတယ်.. အဲ့ဒီ WebSite တွေမှ တရားခွေတွေကို တိုက်ရိုက် နားထောင်နိုင်သလို ၊ Mp3 format နဲ့  လည်း Download လုပ်ပြီး နားဆင်နိုင်ပါတယ်..

အဲ့ဒီ မှာ ဓမ္မစာအုပ်များ၊ ဓမ္မခွေများ၊ ဓမ္မမှတ်စုများ၊ ဓမ္မ ဗီစီဒီများ၊ ဝေမျှရန် ဓမ္မများ၊ ဓမ္မ သတင်းများ နဲ့  ဓမ္မ အင်တာနက်ဆိုပြီး အပိုင်းလေးတွေ ခွဲကာ စုံစုံလင်လင် ရှိနေတာ တွေ့ ရပါတယ်။

ဓမ္မဒူတ ဆရာတော် အရှင်ဆေကိန္ဒ ဟောကြားခဲ့တဲ့ တရားတော်အများအပြားနဲ့ ၊ ဆရာတော် အရှင် ဆန္နတိက၊ ဓမ္မဒူတ ဆရာတော် အရှင် စန္ဒောဒယ ဟောကြားခဲ့တဲ့ တရားတော်တွေ နဲ့တောင်တန်းသာသနာပြု ဆရာတော် ဦးဥတ္တမသာရရဲ့ ပရိတ်ကြီး (၁၁) သုတ်၊ ကမ္မ၀ါစာ နဲ့  ဂုဏ်တော်ကွန်ခြာ တရားတွေကို နာယူနိုင်၊ Download လုပ်နိုင်ပါတယ်။

ရွှေပါရမီတောရ ဆရာတော် အရှင် ဆန္ဒဓိက ဟောကြားခဲ့တဲ့ တရားတော်တွေ နဲ့  ထုတ်ဝေခဲ့တဲ့ တရား စာအုပ်တွေ ကို ရယူနိုင်ပါတယ်။

ဒီမှာလည်း နာမည်ကြီး ဆရာတော်တွေ ဟောကြားခဲ့တဲ့ တရားခွေ တော်တော်များများကို မျှဝေထားတာတွေ့  ရပါတယ်။

January 05, 2007

ကြင်နာသူ တယ်လီဖုန်း - ရင်ဂို

ကြင်နာသူ တယ်လီဖုန်း - ရင်ဂို

ဖုန်းလေးဆက်မယ် ခဏလောက်ခေါ်ပေးပါ
ကြင်နာသူရယ် မင်းကြောင့်ဖျားပြီကွယ်

အချစ်ဟာ သိတဲ့အတိုင်း အရှင်ဘုရားတစ်ပါး
အချစ်ကို ကိုးကွယ်တဲ့သူ ကျွန်တော်မျိုးပဲ..

မေမေရေ သားတော့ အရမ်းလေးဖျား...
ကြင်နာသူကိုပြောဖို့  တယ်လီဖုန်းဆက်ရပြီ...

ဖုန်းလေးလှမ်းကိုင် ဖျားတဲ့ သူပေါ့ကွယ်
ကြင်နာသူရေ အချစ်အတွက်ဖျားရပြီ

မင်းလေးပြုံးရင် ပန်းလေးတွေ ပွင့်မယ်
ကြယ်တွေကြွေမယ် အစွမ်းထက်လွန်းသူရယ်..

.....
.....


မှတ်ချက်။ ။ ကျွန်မဖျားတာ ဘယ်သူ့ ကြောင့်မှ မဟုတ်ပါဘူး :D

Blogger is on MC again


နေမကောင်း ဖြစ်ပြန်ပြီ.. ခုပဲ ဆေးခန်းက ပြန်လာတယ်.. နေ့ လယ် အလုပ်မှာထဲက နေလို့  သိပ်ပြီး မကောင်းချင် ဖြစ်နေခဲ့တာ.. မိုးတွေ ရွာနေလို့ ပဲ ဖြစ်မယ်ဆိုပြီး သိပ်ဂရုမစိုက်မိဘူး။ မိုးရွာတဲ့ အချိန် Aircon ခန်းထဲမှာ ရှိနေတယ်ဆို အဲ့လို မအီမသာက ဖြစ်နေကြပဲလေ။ ချောင်းတွေ ဆက်တိုက် ဆိုးနေပေမယ့် အလုပ်ဆက်လုပ် နေခဲ့မိတယ်။ ၆နာရီ ထိုးတာနဲ့  အိမ်ပြန်ပြီး၊ ရောက်ရောက်ချင်းပဲ ဆေးသောက်၊ အိပ်လိုက်တာ ည ၁၀ လောက် ပြန်နိုးလာတော့ မသက်သာပဲ ပိုပြီး ဆိုးလာပါတယ် .. ဒါနဲ့  မဖြစ်ချေဘူးဆိုပြီး 24 Hours ဖွင့်တဲ့ ဆေးခန်းကို သွားဖြစ်လိုက်တယ်.. ဆေးခန်းသွားဖြစ်တာ မှန်သွားတယ်ရှင့်။ ဒီညသာ ဆေးခန်းမသွားဖြစ်ရင် မနက်စောစော ထပြီး ဆေးခန်းသွားနေရမှာ။ ဆရာဝန်က ကျွန်မမှာ အဖျားလည်း ရှိနေတယ်၊ ချောင်းလည်း အရမ်း ဆိုးနေတယ်၊ မနက်ဖြန် အလုပ်မသွားနဲ့  MC ယူဆိုပြီး ပေးလိုက်တယ်လေ.. နောက် ... ဒီရက်ပိုင်း သောက်ဖို့ ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေက အများကြီး၊ အရင်တခေါက်ထပ်စာရင် နှစ်ဆ လောက်များလာတယ်.. အင်း .. အဲ့ဒီ ဆေးတွေသောက်ပြီးရင်တော့ မနက်ဖြန်ကျရင် ကျွန်မ၊ တစ်နေကုန် အိပ်နေတော့မှာ သေချာပါတယ်...

Singapore ရောက်ပြီး မှတ်မှတ်ရရ ဒါဟာ ပထမ အကြိမ် ကိုယ်ပူပြီး ဖျားခြင်းပါပဲ.. ကဲ.. ဆေးသောက်ပြီး အနားယူလိုက်ဦးမယ်.. အားလုံးပဲ.. ကောင်းသော ညပါ..

January 03, 2007

Peekvid: Watch Videos Online

ဒီအားလပ်ရက်မှာ သူငယ်ချင်းတစ်ယောက်ပေးတဲ့ လင့်ကတစ်ဆင့် ရုပ်ရှင်တွေ ကြည့်ဖြစ်ပါတယ်။ Site ရဲ့ Home Page မှာပြောထားတာတော့ 20,000+ videos online ရှိတယ် ပြောထားပါတယ်။ တကယ် ဟုတ်မဟုတ်တော့ လိုက်ရီမကြည့်မှိပါဘူး။

Peekvid.com မှာ English Moives တွေ တင်မကဘူး Asian Drama /Movies တွေ၊ TV Shows တွေ၊ Cartoon တွေကိုပါ တော်တော်လေး စုံစုံလင်လင် တင်ပေးထားတာကို တွေ့ မိတယ်။ ကြည့်ရတဲ့ Quality ကလည်း အရမ်းမဆိုးပါဘူး။

အဲ့ဒီ Peekvid.com က သူစီက ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကို DailyMotion ဆိုတဲ့ VedioSharing Site မှာ အပိုင်းလေးတွေ ခွဲပြီး တင်ထားတာပါ။ မဆိုးပါဘူး။ ခုတလော ကျွန်မတို့ စီမှာ အင်တာနက် ကွန်နက်ရှင် အရမ်းမကောင်းလို့ YouCube ကိုတောင် ဖွင့်မရအောင်နှေးနေချိန်မှာ အဲ့ဒီက Site ကဟာတွေကို အဆင်ပြေပြေနဲ့  ကြည့်နိုင်ခဲ့ ပါတယ်။

02 January 2007

ဒီ Holiday မှာ အပြင်မသွားတော့ဘူး စိတ်ကူးပေမယ့် မနေ့ ညကရယ်၊ ဒီနေ့  မနက်စောစောမှာပါ မမေက SMS ပို့ သတင်းပေးတာမို့  ရန်ကုန် နဲ့  မေမြို နာမည်ကြီး ဖိုရမ်မာနှစ်ဦး ဒီရောက်နေတယ်ဆိုတာ သိရပြီး သွားတွေ့  ဖြစ်လိုက် ပါတယ်။ ရန်ကုန်က နာမည်ကြီး ဖိုရမ်မာကြီးက သူတစ်ယောက်တည်း မဟုတ်ပဲ သူ့ ချစ်သူ ချောချောလေးကိုပါ အပါ ခေါ်လာတာကို တွေ့ လိုက်ရပါတယ်။ ဘာပဲ ပြောပြော ဒီလောက်နာမည်ကြီးတဲ့ ဖိုရမ်မာ နှစ်ယောက်ကို ၂၀၀၇ နှစ်ဦးမှာ အရှင်လတ်လတ် အပြင်မှာ မြင်ဘူးလိုက်တယ်။ စကားပြောကြ၊ ကော်ဖီသောက်ကြနဲ့  မနက်စာ စားချိန်ရောက်တော့ စေတနာရှင်တစ်ဦး ဖြစ်တဲ့ ရိုးသားကြိုးစားတဲ့ အစ်ကိုကြီးက ကျွေးမွေးမယ် ဆိုလို့  CityHall သွား ကြေးအိုးဆီချက် စားဖြစ်တယ်။ City Hallကို စောစောစီးစီး ရောက်သွား လို့ လားမသိဘူး လူတော်တော် ရှင်းနေသေးတယ်။ ဒါတောင် ဒီလောက် လူရှင်းပါတယ် ဆိုတဲ့ ကြားထဲက ကျွန်မရဲ့ သူငယ်ချင်းနှစ်ယောက်နဲ့  တွေ့ ဖြစ်အောင် တွေ့ လိုက်သေးတယ်။ ဒီနိုင်ငံ ကျဉ်းတယ်ဆိုတာ ကြာလေ ပိုသိလေပါပဲ။ ဒီနိုင်ငံမှာ အားလပ်ရက်ဆို ဘယ်ကိုသွားသွား သိတဲ့ သူတွေကို ရှောင်လွှဲမရ၊ ဟိုနားတွေ့  ဒီနားတွေ့  တွေ့ နေရ ပါတယ်။ ဒါတောင် ကျွန်မက ဒီနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့ သူမဟုတ်တော့ ဒီလောက် သိသူများတာ မဟုတ်သေးဘူးရှင့်။ ဒီမှာ ကျောင်းတက်ပြီးမှ အလုပ်လုပ်ကြတဲ့ သူတွေဆို ဘယ်လောက်များ အသိအကျွမ်း များကြမလဲ မသိပါဘူး။

စားသောက်ပြီးတော့ ViVoCity ကို ခရီးဆက်ဖြစ်ကြတယ်။ ဟိုမှာ သူများတွေ သွားသမျှတွေနောက် လျှောက်လိုက်ကြည့်တာ တော်တော်လေး ခြေထောက် ညောင်းသွားတယ်။ ပြီးတော့ Haagen-Dazs မှာရေခဲမုန့်  စားဖြစ်တယ်။ ရေခဲမုန့်  ကျွေးသွားတဲ့ မေမြို့ မှ အစ်ကိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။
သူတို့ နဲ့ လမ်းခွဲပြီး အိမ်တန်းမပြန်သေးပဲ... မမွန်နဲ့  ဟိုဆိုင်ဒီဆိုင် လျှောက်ကြည့်၊ ဘာဂါကင်း ၀င်ပြီး ဘာဂါစား၊ ပြီးတော့ ရန်ကုန်အတွက် လူကြုံနဲ့ ပေးဖို့  ချောကလက်နဲနဲ ၀ယ်ဖြစ်လိုက်တယ်။ တနေကုန်လမ်းလျှောက်ရတော့ အိမ်ပြန်ရောက်တဲ့ အချိန်မှာ မလှုပ်ချင် လောက်အောင် ခြေထောက်တွေက ညောင်းညာနေပါပြီ။ ရှေ့ အားလပ်ရက် ၃ ရက်မှာ အိမ်တွင်းအောင်းနေတဲ့ ကျွန်မ နောက်ဆုံးရက်မှ အပြင်ထွက်လိုက်တော့လည်း မနက် ၉း၃၀ ကနေ ည ၈း၃၀ အထိပါပဲလား။