Pages

January 29, 2007

ကျွန်မ စိတ်ဝင်စားသော အရာတစ်ခု

ဒီနေ့ တော့ Laptop တစ်လုံးမှာ Installation လုပ်နေရတာကို စောင့်ရင်း ပျင်းလာတာနဲ့  Technical Websites တွေ သွားကြည့်လိုက်တာ Haskell အကြောင်း ရေးထားတာလေး တစ်ခုကို တွေ့ လိုက်ရတယ်။ Haskell ဆိုတဲ့ နာမည်ကြားရင် အလိုလို စိတ်ဝင်စားလာတဲ့ အကျင့်က ရှိနေတော့ သွားဖတ်ကြည့် ဖြစ်သွားတယ်။ အဲ့ဒီ Site မှာ ရေးထားတာ အစလေးကလည်း ယဉ်တယ်ပြောရမလားပဲ.. ဒီလိုလေး ရေးထားပါတယ်။

Danger! If you are happy with your current knowledge of programming languages, don’t read on – Haskell might be responsible for some serious defects in your motivation.

သူဘယ်လောက်ပဲ ခြိမ်းခြောက်ပါစေ၊ ကျွန်မကလည်း မဖတ်ဘဲ မနေနိုင်ဆိုတော့ ဆက်ပြီး အားလုံး ပြီးအောင် ဖတ်ဖြစ်သွားတာပေါ့။ စိတ်ဝင်စားစရာပါပဲ။ Haskell ကို စတင် လေ့လာနေသူ တစ်ယောက်ရဲ့ အမြင်ကို ရေးထားတာပါ။ တစ်နေရာမှာ ပြောထားတာက သူ့ အတွက်တော့ Haskell ဟာ လေ့လာရ ခက်တဲ့ Languages တွေထဲမှာပါ ပါတယ်တဲ့။ ဟုတ်မှာပါ။ ကျွန်မ ဖတ်ဖူး သလောက်လည်း Haskell က တခြား ကျွန်မသိတဲ့ တခြား Languages တွေ နဲ့ ယှဉ်ရင် လေ့လာရ ခက်တာပါပဲ။ ဒါပေမယ့် နားလည်သွားရင်တော့ ရေးရတာ အရမ်း မြန်ပါတယ်။

Haskell က Functional Programming Language ပါ။ အဲ့ဒီတော့ Haskell ရဲ့ ရေးတော့မယ်ဆို စဉ်းစားရတဲ့ ပုံတွေက တခြား ကျွန်မတို့  သုံးနေကြ C, Java, Pascal တို့ နဲ့  Procedural Programming Language တွေနဲ့  လုံးဝ မတူပါဘူး။ ကျွန်မ အတွက်တော့ Haskell ဟာ စိတ်ဝင်းစားဖို့ အရမ်း ကောင်းပါတယ်။ အသေးစိတ် လေ့လာခွင့် မရခဲ့တော့ သေချာ မရှင်းပြနိုင်သေး ပါဘူး။ ဒါပေမယ့် Recursive functions ရေးတာကို စိတ်ဝင်စားသူတွေဟာ ဒီ Haskell နဲ့ ရေးရတာကို နှစ်သက်ကြမှာတော့ သေချာ ပါတယ်။
ဒီမှာ Haskell နဲ့ ရေးထားတဲ့ Sorting ပါ။
Haskell quicksort:
qsort [] = []
qsort (x:xs) = qsort (filter (<>= x) xs)

The first line reads: "When you sort an empty list ([]), the result is another empty list". The second line reads: "To sort a list whose first element is named x and the rest of which is named xs, sort the elements of xs that are less than x, sort the elements of xs that are greater than or equal to x, and concatenate (++) the results, with x sandwiched in the middle."

Code အနေနဲ့ ကတော့ နည်းနည်းလေး ရေးရတာပါ။ ဒါပေမယ့် အရင်ဆုံး နားလည်ဖို့ တော့ အတော်လေး ကြိုးစားရပါတယ်။

အဲ့ဒါကိုပဲ C လို Procedural Programming Language မှာ ရေးမယ်ဆို ဒီလိုဆိုပြီး ရေးပြထားသေးတယ်။ Java လို ရေးပြဖို့ ကျွန်မ့ စိတ်ကူးခဲ့ပေမယ့် C နဲ့  Java သိပ်မကွာတာနဲ့  C နဲ့ ရေးထားတာကိုပဲ ကူးပြီး နှိုင်းယှဉ်ကြည့် လိုက်ပါတော့တယ်။

void qsort(int a[], int lo, int hi) {
{
int h, l, p, t;
if (lo < l =" lo;" h =" hi;" p =" a[hi];" l =" l+1;"> l) && (a[h] >= p))
h = h-1;
if (l < h) {
t = a[l];
a[l] = a[h];
a[h] = t;
}
} while (l < h);
t = a[l];
a[l] = a[hi];
a[hi] = t;
qsort( a, lo, l-1 );
qsort( a, l+1, hi );
}
}

ကျွန်မ Haskell ကို စသိခဲ့တာ 2000 လောက်ကပါ။ ကျွန်မတို့  ကျောင်းမှာ သင်လို့ ရတဲ့ Modules တွေထဲမှာ Haskell ကို အဓိက ထားပြီး သင်တဲ့ Subject တစ်ခုရှိ ပါတယ်။ ကျွန်မတို့ လို ခုမှ ကျောင်းတက်ရမယ့် Fresher လေးတွေကို Senior ကြီးတွေက Subjects တွေ အကြောင်း ရှင်းပြတာနဲ့  Haskell ဆိုတဲ့ နာမည်ကို စတင်သိ ခဲ့တာပါ။ Haskell ဟာ ကျွန်မ စိတ်ဝင်းစားတဲ့ Programming Language ပုံစံမျိုး ဖြစ်တာနဲ့  အဲ့ဒီ Subject ကို ယူချင်ပေမယ့် အခြေအနေ အမျိုးမျိုးကို တွေးတောပြီး ကျွန်မ အယူဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် စိတ်ဝင်စားတာနဲ့  သူငယ်ချင်းတွေ တက်တဲ့ Lectures တချို့ ကို လိုက်တက် ကြည့်ခဲ့ ပါတယ်။ နောက်ပိုင်း ကျောင်းပြီးတော့လည်း အနည်းအကျဉ်း ဖတ်ဖြစ်တာလောက်ပဲ ရှိပါတယ်။ ကျွန်မ Haskell ကို စိတ်ဝင်စားပေမယ့် ခုချိန်ထိတော့ အသေးစိတ် လေ့လာကြည့်ဖို့  အခွင့်အရေး မရသေးပါဘူး။ တချိန်ချိန်တော့ Haskell လို System Programming Languages တွေကို လေ့လာကြည့်ချင် ပါသေးတယ်။

Haskell ဆိုနဲ့  စာလုံးတွေကိုမြင်တိုင်း…
ကျောင်းသားဘ၀ နဲ့ အဲ့ဒီတုန်းက သူငယ်ချင်းတွေကို သတိရမိတယ်

Source : Haskell.org (Introduction) , Haskell Programming (Wiki)

7 comments:

Anonymous said...

Get Yangon City FM Radio Toolbar and listen -one click convenience. Direct from Yangon (Rangoon) and LIVE transmission.Chat with other users also.

http://yangoncityfm.ourtoolbar.com

kyawmintun said...

I really interest this programming language. I never heard that before. And what I noticed is, you blood is full with programmer mind.

Nay Nay Naing said...

Ko KMT,
Thanks alot for your comment.. :)
I'm very glad to know that you are interested in Haskell after reading this post.

Myo Kyaw Htun said...

Oops! I've never heard that before :) Haskell coding is so compact! Thanks you for your sharing.

Thiha Kyaw Zaw said...

There is the another function language called ML which is older than Haskell and influenced to Haskell. Now Microsoft has been developing the another functional language called F# which is quite similar to Caml(a kind of ML).

MYO HAN HTUN said...

ကျွန်တော်ကတော့ Programmer တစ်ယောက်မဟုတ်ပေမယ့် Programming ကို တောက်တိုမယ်ရ တီးမိခေါက်မိတဲ့သူတစ်ယောက်အနေနဲ့ .. အခုလို ဒီ Language နာမည်ကို စသိခွင့်ရတဲ့အတွက်ရယ်၊ ဗဟုသုတရတဲ့ အတွက်ပါ .. ကျေးဇူးတင်မိပါတယ်။

Nay Nay Naing said...

Thank you all for your comments. :)