Pages

January 15, 2007

D Programming Language

D Programming ဆိုတာကို ပထမဆုံးကြားဖူးတာ ပြီးခဲ့တဲ့ အပတ်၊ ၂၀၀၇ ရဲ့ နှစ်ဦးပိုင်းက ပါ။ အဲ့ဒီ အချိန်က D Programming အကြောင်း သိလားလို့  လားမေးခဲ့သူ၊ သတင်းပေးခဲ့သူကို “ B နဲ့  C Programming ဆိုတာတော့ သိတယ်၊ ရေးဖူးတယ်၊ D Programming ဆိုတာတော့၊ ဒါဟာ ပထမဆုံး ကြားဖူးတာပါ “ လို့  ကျွန်မ ပြန်အဖြေပေးခဲ့ပါတယ်။ အဲ…ခုချိန်မှာ D Programming သိလားလို့  တစ်ယောက်ယောက်က လာမေးမယ်ဆို….” အင်း အဲ့ဒီ Language အကြောင်း နည်းနည်းဖတ်ဖူးတယ်၊ ဒါပေမယ့် တခါမှ မရေးဖူးဘူး“ လို့  ပြန်ဖြေနိုင်တဲ့ အဆင့်ဖြစ်သွားပါပြီ။ ဒါဆို သိသလောက်လေး ပြောပြပါလို့  ထပ်ဆင့် မေးခဲ့ရင် ကျွန်မ ဘယ်လို ပြန်ဖြေမလဲ။ သိချင်လား…??? သိချင်သူများ…. ဒီမှာ ဆက် ဖတ်ကြည့်ပါ။

D Programming ဟာ System Programming Language တစ်ခုပါ။ အင်း… System Programming ဆိုတာ ဘာလဲ မသိလို့ ရှင်းပါဦးလို့  ထပ်မေးမယ်ဆိုရင်တော့ Wiki – System Programming မှာသာသွားဖတ် ကြည့်လိုက်ပါလို့ ပဲ ပြောလိုက် မိမယ်ထင် ပါတယ်။

D Programming ဆိုတာကို လူတော်တော်များများက မကြားဖူးကြဘူး ပြောရင်လည်း မထူးဆန်းပါဘူး။ဘာလို့ လဲ ဆိုတော့ ဒီ D Programming ရဲ့ ပထမဆုံး Stable Version ထွက်လာတာက 2nd January 2007 ကမှလို့  ဖတ်လိုက်ရပါတယ်။ ဒီ D Language ကို တီထွင်သူက Digital Mars မှ Walter Bright ဆိုသူ ဖြစ်ပါတယ်။ Digital Mars အကြောင်း အသေးစိတ် သိချင်ရင်တော့ သူတို့ ရဲ့ WebSite မှာ သွားကြည့်လိုက်ပါ။

အဲ့ဒီ Walter Bright ဆိုသူက သာမည လူတစ်ယောက်တော့ မဟုတ်ဘူး။ သူဟာ ပထမဆုံး C Complier ကို ထီထွင်ရာမှာ အဓိက ပါဝင်ခဲ့သူတစ်ယောက် ဖြစ်ပြီး C Compliers အမျိုးမျိုးကို တီထွင်ရာမှာလည်း ပါဝင်ခဲ့တယ် လို့  သိရတယ်။ C Complier ကို တီထွင်ရာမှာ အဓိကပါသူတစ်ယောက်က C ကို အခြေခံပြီး D Language ကို ဖန်တီးခဲ့တယ်ဆိုတော့ D Language ဆိုတာ C Language နဲ့  အခွဲများလားဆို.. မဟုတ်ပါဘူး။

D Language ဟာ C Syntax Family ရဲ့ အဖွဲ့ ဝင်လို့  ပြောထားတော့ D ရဲ့ Syntax တွေဟာ Java လို မျိုးပဲ.. C က Syntax တွေနဲ့  ဆင်တူတူ ရှိနေပေမယ့် C က C Language သတ်သတ်, D က D Language သတ်သတ် တခြားစီပါ။

D language မှာ C နဲ့  C++ က ကောင်းမွန်တဲ့ အချက်တွေဖြစ်တဲ့ Powerful ဖြစ်တာ၊ Performance ကောင်းတာတွေနဲ့  IT လောကမှာ ခုနောက်ပိုင်း ခေတ်စားနေတဲ့ Ruby တို့  Python တိုလို့ မျိုး Language မျိုးတွေမှာရှိတဲ့ productivity ဆိုတာမျိုး ရှိအောင်လည်း ဖန်းတီးထားတယ် ပြောထားတယ်။ ကိုယ်တိုင် မရေးဘူးတော့ ဟုတ်မဟုတ်မသိဘူး။

နောက်ပြီး D နဲ့  တခြား Langauges တွေနဲ့  နှိုင်းယှဉ်ပြထားတာကို Website မှာ တွေ့ လိုက်မိသေးတယ်။ အဲ့ဒါလေးကို ကိုယ်တိုင် ကြည့်လိုက်ရင် ပိုကောင်းမယ်။ ဒါနဲ့  D ကို သိပ်စိတ်ဝင်စားနေလား။ ဒါဆို သူများရှင်းပြတာ နားထောင်နေတာထက်စာရင် ကိုယ်တိုင် သွားဖတ်လိုက်တာဟာ အကောင်းဆုံးနဲ့  အမြန်ဆုံး နည်းလမ်းပါပဲ ဆိုပြီး ကျွန်မ ဖတ်တဲ့ Links တွေပေးလိုက်မယ်။
D Programming Language (Digital Mars)
D Programming Language (Wiki)
D vs Other Languages Comparison

ဒါပါပဲ။

ကိုယ့်ဟာကို တွေးမိတာလေးပါ။
ဒီ D Programming က ဘယ် Language တွေကို ယှဉ်ပြိုင်ဖို့  ထွက်လာတာလည်း စဉ်းစားနေမိတယ်။ C ကိုလား၊ Java ကိုလား။ Scripting Languages တွေကိုလား။ တချို့ နေရာတွေမှာတော့ D ဟာ C/C++ ကို အစားထိုးမလို့  လို့ ရေးထားတာ ဖတ်ရတယ်။ ဖြစ်နိုင်ပါ့မလား။ နောက်ပြီး ထွက်လိုက်ကြတဲ့ အသစ်အသစ်တွေ၊ နာမည်လေး ကြားဖူးအောင်တောင် မနည်းကြိုးစားနေရတယ်။ ဘာလို့  ရှိပြီးသားတွေကို ကောင်းအောင် မကြိုးစားပဲ အသစ်အသစ်တွေ ထုတ်နေကြတာလဲ။ လိုအပ်လို့ လား။ ဟင်း. စဉ်းစားရတာ ခေါင်းရှုပ်ပါတယ်။ ဒါနဲ့ ကျွန်မတောင် အချိန်ရရင် ကိုယ်ပိုင် Language လေး ထုတ်နိုင်အောင် ကြိုးစားရင် ကောင်းမလား တွေးနေမိသေးတယ်။

2 comments:

Anonymous said...

so what u want to name for ur language? N++ or N3 Language? keke

Nay Nay Naing said...

N Programming ဆိုပြီး ထုတ်မယ်။ ပြီးတော့ VN ( Visual N ) ဆိုပြီး ထပ်ထုတ်လိုက်မယ်။ ပြီးတော့မှ N++ ဆိုပြီး ထုတ်လိုက်ရင် ကောင်းမယ်ထင်တယ်။ ဒါမှမဟုတ် Programming Language မရေးပဲ၊ N Platform ဆိုပြီး ပေါ်လာအောင် လုပ်လိုက်ရင် ပိုကောင်းမလားလို့  စဉ်းစားမိတယ်။ ဘယ်ဟာပိုကောင်းမလဲ။ :D