Pages

January 16, 2007

IF ( အကယ်၍ )

ဒီနေ့  ကဗျာဖတ်ချင်စိတ် ပေါက်လာလို့  English ကဗျာတွေ လိုက်ဖတ်ရင်းကနေ Rudyard Kipling ရေးတဲ့ IF ဆိုတဲ့ ကဗျာကို ပြန်ဖတ်မိသွားတယ်။ ဒီ အင်္ဂလိပ်လိုရေးထားတာလေး ဖတ်ရင်း ဒီကဗျာရဲ့ မြန်မာ ဘာသာပြန်ကို ဖတ်ချင်လာတယ်။ အားလုံးသိတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည် က ဒီကဗျာကို "အကယ်၍" ဆိုတဲ့ ခေါင်းစဉ်နဲ့  ဘာသာပြန်ပေးထားတယ်လေ။ ကျွန်မ ဒီ အကယ်၍ ကဗျာကို ဘယ်မှာရှာလို့ ရမယ်မှန်း သိပါတယ်။ မမေက လွန်ခဲ့တဲ့ နှစ်က သူ့ ဘလောခ့်မှာ ပိုစ့်လုပ်ပေးဖူးတယ်လေ။ ဒါနဲ့  သူဘလောခ့်သွားပြီး တစ်ခေါက် ပြန်ဖတ်မိတယ်။ မြန်မာလို ရေးထားတာလေး ဖတ်ရင်း အဲ့ဒီကဗျာလေးနဲ့  ပတ်သက်တဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်မိခဲ့တာကို သတိရလိုက်ပြန်တယ်။ တစ်ခုခုဆို အချိန်မဆိုင်းချင်တဲ့ ကျွန်မ အကျင့်အတိုင်း အဲ့ဒီ ဆောင်းပါးရှိတဲ့ နေရာကို သွားပြီး တစ်ခေါက်လောက် ဖတ်လိုက်မိပြန်တယ်။ ကဗျာတွေ လိုက်အဖတ်ကောင်းတာ အလုပ်မှာ ရောက်နေတာပါလားဆိုတာတောင် မေ့မလို ဖြစ်သွားရတယ်။

ကျွန်မ ကဗျာမရေးတတ်ပါဘူး။ ဒါပေမယ့် ကဗျာ ဖတ်တာကိုတော့ ကြိုက်တယ်။ ဒီ IF ( အကယ်၍ ) ဆိုတဲ့ ကဗျာက ကျွန်မ ကြိုက်တဲ့ ကဗျာတွေ ထဲမှာပါ ပါတယ်။ ကျွန်မ ဒီကဗျာကို အင်္ဂလိပ်လိုပဲ ဖြစ်ဖြစ်၊ မြန်မာလို ဘာသာပြန်ထားတာကိုပဲ ဖြစ်ဖြစ်၊ ဘယ်အချိန် ဖတ်ရဖတ်ရ၊ သဘောကျ နှစ်သက်မိတယ်။

If----- By Rudyard Kipling (1895)
If you can keep your head when all about you
Are losing theirs and blaming it on you;
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or, being lied about, don't deal in lies,
Or, being hated, don't give way to hating,
And yet don't look too good, nor talk too wise;

If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with triumph and disaster
And treat those two imposters just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build 'em up with wornout tools;

If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breath a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: "Hold on";

If you can talk with crowds and keep your virtue,
Or walk with kings - nor lose the common touch;
If neither foes nor loving friends can hurt you;
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run -
Yours is the Earth and everything that's in it,
And - which is more - you'll be a Man my son!

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်မှာ NLD လူငယ်တွေကို အမှာစကားပြောကြားရင်း ဒီ ကဗျာကို ဆိုပြခဲ့တယ်လို့  သိရပါတယ်။

အကယ်၍ - ဘာသာပြန်သူ အောင်ဆန်းစုကြည် (၁၉၈၉)
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ...
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာ ဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် ...
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်း နေနိုင်မယ်ဆိုရင် ...
အကယ်၍
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင်
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် ...

အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေပဲ
စိတ်ကူးနိုင်မယ်ဆိုရင် ...
ပြီးတော့ အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေပဲ တွေးခေါ်နိုင်မယ်ဆိုရင်...
အကယ်၍
အောင်မြင်မှု သုခနဲ့ ဆုံးရှုံးဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် ...
အကယ်၍
မင်းရဲ့အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင်...
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြည်လည်တည်ဆောက်နိုင်မယ်ဆိုရင် ...

အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတစ်လှည့် ကြက်တစ်ခုန်ပမာ
တစ်လှည့်တစ်ခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်
ပြီးတော့ ...
အစကနေ ပြန်စနိုင်မယ်ဆိုရင်
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် ...
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတစ်ယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိ ရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်....
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီ စိတ်အင်အားကိုပဲ ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် ...

အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ထံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်...
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန် မာန သွေး မကြွဘူးဆိုရင် ...
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကိုနာကျည်းအောင် မလုပ်နိုင်စေရင်...
အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားပေမယ့်
စွဲလန်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်...
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်းမှာ
အဓိပ္ပါယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် ....
ငါ့သားရေ ...
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတစ်ယောက်ပဲပေါ့ ...

Source:
If By Rudyard Kipling ( businessballs.com)
အကယ်၍ - အောင်ဆန်းစုကြည် (မိုးမခ)
အကယ်၍ - အောင်ဆန်းစုကြည် (Emotionalcorner)
ငှက်ပျောတောတန်း လှည်းလမ်းကြောင်းနှင့် ရိုးပေါ်ကလေညှင်း - မောင်သစ်ဦး (Irrawaddy.org)

No comments: