Pages

January 25, 2007

မဟာဆန်သူ - ခင်မောင်တိုး

မဟာဆန်သူများကိုမှ ကြိုက်နှစ်သက်လေ့ရှိသော သူငယ်ချင်းများ အတွက်....

မဟာဆန်သူ
ရေး - ကိုနေ၀င်း၊ ကိုမောင်မောင်၊ ကိုရဲလွင်
ဆို - ခင်မောင်တိုး

နှုတ်ဆက်ပြုံးနေသူ ရှက်လို့ သွားအောင်
တခြားဘက် လှည့်ကာ ကျောခိုင်းပြေးတော့မယ်ပေါ့
ပြန်ပါစေလေ မဟာဆန်သူရေ မတားနဲ့ 

လက်နဲ့ ဆက်လိုသူ တွေ့ ဖို့ ခက်အောင်
ပြတင်းတံခါးပိတ်ကာ ကြိတ်မှိတ်အိပ်တော့မယ့်ပေါ့
မဟာဆန်သူရေ ပျော်ပါစေ မလွမ်းနဲ့ တော့

အကျိုးနဲ့ အကြောင်း မလွန်ခင် ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့  ဘယ်ကိုနှင်မှာလဲ
ဆုံးဖြတ်တဲ့ အတိုင်း မင်းရဲ့ ကံပေါ့

အနားတိုးလှမ်းလိုသူ ရပ်တန့် သွားအောင်
အနောက်ဘက်မျက်နှာ ကျားကွက်ရွှေ့ လိုက်တယ်ပေါ့
နေပါစေလေ မဟာဆန်သူရေ မလှမ်းနဲ့ တော့

လှသထက် နုယဉ်သူ မင်းမို့ ပြုံးရင်
အနီးက အလှတွေ ခေါင်းငုံထားကြမယ်ပေါ့
မဟာဆန်သူရေ က္ကုနြေ္ဒရေရှင်ရေ မင်းအတွက်ပေါ့

3 comments:

Anonymous said...

ဟိ..ကိုယ်နဲ့တော့လားလားမှမသက်ဆိုင်
ဒါပေမယ့် သိပ်ကြိုက်တာပဲ..
မဟာဆန်သူကိုအားကျလိုက်တာ..

Nay Nay Naing said...

မဟာဆန်သူ မမက ဘာတွေ ထပ်အားကျနေတာလဲ

theint said...

မဟာဆန်သူတော့ မဟုတ်ပါဘူး... ဒါပေမဲ့ မဟာဆန်သူတော့ ဖြစ်ချင်တယ်...