Pages

January 03, 2007

02 January 2007

ဒီ Holiday မှာ အပြင်မသွားတော့ဘူး စိတ်ကူးပေမယ့် မနေ့ ညကရယ်၊ ဒီနေ့  မနက်စောစောမှာပါ မမေက SMS ပို့ သတင်းပေးတာမို့  ရန်ကုန် နဲ့  မေမြို နာမည်ကြီး ဖိုရမ်မာနှစ်ဦး ဒီရောက်နေတယ်ဆိုတာ သိရပြီး သွားတွေ့  ဖြစ်လိုက် ပါတယ်။ ရန်ကုန်က နာမည်ကြီး ဖိုရမ်မာကြီးက သူတစ်ယောက်တည်း မဟုတ်ပဲ သူ့ ချစ်သူ ချောချောလေးကိုပါ အပါ ခေါ်လာတာကို တွေ့ လိုက်ရပါတယ်။ ဘာပဲ ပြောပြော ဒီလောက်နာမည်ကြီးတဲ့ ဖိုရမ်မာ နှစ်ယောက်ကို ၂၀၀၇ နှစ်ဦးမှာ အရှင်လတ်လတ် အပြင်မှာ မြင်ဘူးလိုက်တယ်။ စကားပြောကြ၊ ကော်ဖီသောက်ကြနဲ့  မနက်စာ စားချိန်ရောက်တော့ စေတနာရှင်တစ်ဦး ဖြစ်တဲ့ ရိုးသားကြိုးစားတဲ့ အစ်ကိုကြီးက ကျွေးမွေးမယ် ဆိုလို့  CityHall သွား ကြေးအိုးဆီချက် စားဖြစ်တယ်။ City Hallကို စောစောစီးစီး ရောက်သွား လို့ လားမသိဘူး လူတော်တော် ရှင်းနေသေးတယ်။ ဒါတောင် ဒီလောက် လူရှင်းပါတယ် ဆိုတဲ့ ကြားထဲက ကျွန်မရဲ့ သူငယ်ချင်းနှစ်ယောက်နဲ့  တွေ့ ဖြစ်အောင် တွေ့ လိုက်သေးတယ်။ ဒီနိုင်ငံ ကျဉ်းတယ်ဆိုတာ ကြာလေ ပိုသိလေပါပဲ။ ဒီနိုင်ငံမှာ အားလပ်ရက်ဆို ဘယ်ကိုသွားသွား သိတဲ့ သူတွေကို ရှောင်လွှဲမရ၊ ဟိုနားတွေ့  ဒီနားတွေ့  တွေ့ နေရ ပါတယ်။ ဒါတောင် ကျွန်မက ဒီနိုင်ငံမှာ ကျောင်းတက်ခဲ့တဲ့ သူမဟုတ်တော့ ဒီလောက် သိသူများတာ မဟုတ်သေးဘူးရှင့်။ ဒီမှာ ကျောင်းတက်ပြီးမှ အလုပ်လုပ်ကြတဲ့ သူတွေဆို ဘယ်လောက်များ အသိအကျွမ်း များကြမလဲ မသိပါဘူး။

စားသောက်ပြီးတော့ ViVoCity ကို ခရီးဆက်ဖြစ်ကြတယ်။ ဟိုမှာ သူများတွေ သွားသမျှတွေနောက် လျှောက်လိုက်ကြည့်တာ တော်တော်လေး ခြေထောက် ညောင်းသွားတယ်။ ပြီးတော့ Haagen-Dazs မှာရေခဲမုန့်  စားဖြစ်တယ်။ ရေခဲမုန့်  ကျွေးသွားတဲ့ မေမြို့ မှ အစ်ကိုကြီး ကိုလည်း ကျေးဇူးတင်ပါတယ်။
သူတို့ နဲ့ လမ်းခွဲပြီး အိမ်တန်းမပြန်သေးပဲ... မမွန်နဲ့  ဟိုဆိုင်ဒီဆိုင် လျှောက်ကြည့်၊ ဘာဂါကင်း ၀င်ပြီး ဘာဂါစား၊ ပြီးတော့ ရန်ကုန်အတွက် လူကြုံနဲ့ ပေးဖို့  ချောကလက်နဲနဲ ၀ယ်ဖြစ်လိုက်တယ်။ တနေကုန်လမ်းလျှောက်ရတော့ အိမ်ပြန်ရောက်တဲ့ အချိန်မှာ မလှုပ်ချင် လောက်အောင် ခြေထောက်တွေက ညောင်းညာနေပါပြီ။ ရှေ့ အားလပ်ရက် ၃ ရက်မှာ အိမ်တွင်းအောင်းနေတဲ့ ကျွန်မ နောက်ဆုံးရက်မှ အပြင်ထွက်လိုက်တော့လည်း မနက် ၉း၃၀ ကနေ ည ၈း၃၀ အထိပါပဲလား။

2 comments:

မေ said...

အစအဆုံး လိုက်ချင်လိုက်တာ။ အဲဒီနေ့က အိမ်ကကိစ္စလေးတွေ မပြတ်လို့၊ လူကလဲ အရမ်းပြိုင်းနေလို့သာ ပြန်လာခဲ့တာ။ စိတ်က နေနေတို့ဆီကို ရောက်နေတာ။ ခုရေခဲမုန့် မြင်ရတော့ မစားလိုက်ရလေခြင်းဆိုပြီး ၀မ်းနည်းသွားတယ်။ အဟင့်ဟင့် :'(
ဒါနဲ့ မမွန်နဲ့ ဘယ်ဆိုင်တွေ လိုက်ကြည့်တာလည်း မမေးတော့ဘူးနော် ဟဲဟဲ :P

Nay Nay Naing said...

ဟုတ်...မမေးပါနဲ့ ။ :D