Pages

January 24, 2007

Helping Hands for New Generation (HH4NG)

ဒီနေ့  နေးတစ်ဖိုရမ်မှာ တွေ့ ရတာလေးကို အားလုံးနဲ့  မျှဝေချင်လို့ ပါ။

နဂိုက ဘယ်ဖိုရမ်မှာမှ ၀င်ရေးလေ့၊ ၀င်ဖတ်လေ့ ရှိတဲ့ ကျွန်မ၊ နေးတစ်ဖိုရမ်ကို ၀င်လိုက်မှပဲ မြန်မာနိုင်ငံမှာ လူငယ်တွေ စုပြီး တတ်နိုင်သမျှ လူမှု့ ရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ အဖွဲ့ အစည်း တွေ အများအပြား ရှိနေကြောင်းသိခဲ့ ရပါတယ်။ တကယ့်ကို ၀မ်းသာစရာ ကောင်းပါတယ်။ နေးတစ်ဖိုရမ်မှာလည်း အဲ့ဒီ အဖွဲ့ တွေရဲ့ မန်ဘာဝင်တွေ အများအပြားရှိမှန်း သိခဲ့ရပါတယ်။ အဲ့လို ရှိတဲ့ အတွက် အဖွဲ့ တွေဟာ သူတို့  လုပ်ကိုင်တဲ့ ကုသိုလ်ကောင်းမှု့ အလှူတွေ အကြောင်းကို အားလုံးသိရှိ နိုင်ရန် သတင်းတွေ တင်၊ ဓာတ်ပုံတွေ တင်ပေးလေ့ရှိပြီး၊ လှူဒါန်းမှုများအတွက် စာရင်းဇယားတွေတင်ပေးခြင်းနဲ့  တခြား လှူဒါန်းလိုသူများ လှူဒါန်းနိုင်ရန် အလှူငွေကောက်ခံပေးခြင်းကို ပြုလုပ်ပေးလေ့ရှိပါတယ်။

ဒီနေ့ တော့ "မျိုးဆက်သစ်သို့ ကူညီသော လက်များ အဖွဲ့  (HH4NG) " ကနေပြီး သူတို့ အဖွဲ့ 

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ
လိပ်စာ.. အမှတ် (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်။
ဖုန်း - ၆၅၃၂၈၈
နာယက ဆရာတော်ကြီး ဘွဲ့အမည် - ဦးဓမ္မသေဌ
တာဝန်ခံဦးပဇင်း ဘွဲ့အမည် - ဦးဇောတိက
ကို သွားရောက်လေ့လာစဉ်က တွေ့ ရှိရတဲ့ အခြေအနေတွေ၊ ဓာတ်ပုံတွေ ၊သူတို့  လှူဒါန်းခဲ့တာတွေ နဲ့ 
တခြားလှူဒါန်း လိုသူများရှိပါက လှူဒါန်းနိုင်ရန် အချက်အလက်တွေ တင်ပေးခဲ့ပါတယ်။

ကျွန်မ HH4NG အဖွဲ မှ နေးတစ်မှာ တင်ပေးခဲ့တဲ့ သတင်းတွေ၊ အလှူစာရင်းတွေကို စုစည်းပြီး အားလုံးဖတ်နိုင်အောင် ပီဒီအက် ပြောင်းပြီး အောက်က လင့်မှာ တင်ပေးထားပါတယ်။ ဖတ်ကြည့်ကြပါ။ မြန်မာ လူငယ်တွေရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့  တက်စွမ်းသမျှ လုပ်ဆောင်နေတာတွေ ကို တွေ့ ရမှာပါ။

နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ by RedRose (HH4NG) from Native Myanmar Community
  • အလှူရှင်များ ဖိတ်ခေါ်ခြင်း - နေ့စဉ်စားသောက်စရိတ်အတွက် ဆန် နှင့် စားစရာ လိုအပ်ချက်
  • အလှူရှင်များ ဖိတ်ခေါ်ခြင်း - နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာ ကျောင်းသား များအတွက် အိပ်ယာ များ ပံ့ပိုးခြင်း
  • နန်းဦးပရဟိတလူငယ်ဖွံ့ဖြိုးရေးဂေဟာအတွက်.. ကူညီသော လက်များမှ အလှူရှင်များ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ (၁) (၂)
  • စေတနာရှင်လူငယ်များ ဖိတ်ခေါ်ခြင်း (volunteer invitation)

ဒီ စကားလေးကိုလည်း ဖတ်ကြည့်ကြပါဦး။
စေတနာရှင်များအနေဖြင့် အထက်ပါကျောင်းအတွက် မိမိတို့ တက်စွမ်းသမျှ လှူဒါန်းလိုပါက မိမိတို့ ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်တိုင် မသွားရောက်နိုင်ပါက မျိုးဆက်သစ်သို့ ကူညီသောလက်များ အဖွဲ့ (HH4NG)သို့ဖြစ်စေ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ကျွန်မ အဲ့ဒီအဖွဲ့ အစည်းတွေရဲ့ လုပ်ဆောင်မှု့ တွေကို အမြဲဝင်ဖတ်လေ့ရှိပေမယ့် တစ်ခါမှ သူတို ကို မဆက်သွယ်မဖူးပါဘူး။ ဒီနေ့ ဘယ်လို အလှူငွေတွေ လွှဲပေးရမလည်း မေးကြည့်တဲ့ အခါ သူတို့ ရဲ့ အံ့သြဖွယ်ကောင်းတဲ့ လုပ်ဆောင်ပေးမှု့ ကို သိရပါတယ်။
သူတို့ စီကို တိုက်ရိုက် ပိုက်ဆံလွှဲလဲရတယ်။ ဒါမှမဟုတ် ရန်ကုန်က အိမ်လိပ်စာသာပေးလိုက်ပါ..
သူတို့ တွေထဲက တစ်ယောက်ယောက်ဟာ အလှူငွေကို အိမ်မှာ သွားယူပေးမယ်လို့ ပြောပါတယ်။
ကျွန်မတို့ လို အဝေးကနေ လှူဒါန်းလိုသူတွေအတွက် တကယ့်ကို ကောင်းမွန်တဲ့ အချက်ပါပဲ။ HH4G အဖွဲ့ ဝင်တွေကို တကယ့်ကိုလေးစားမိပါတယ်။ တခြားအဖွဲ့ တွေလဲ အဲ့လိုပဲနေပါလိမ့်မယ်။ နောက်မှပဲ တခြား အဖွဲ့ တွေအကြောင်း သတင်းပေးပါဦးမယ်။

ဒီမှာ "မျိုးဆက်သစ်သို့ ကူညီသော လက်များ" အကြောင်း အဖွဲ့ ဝင်တစ်ဦးဖြစ်တဲ့ မ Pretty Princess ကနေးတစ်ဖိုရမ်မှာ ရေးထားတာလေးကို အားလုံးသိအောင် ထပ်ဆင့် ပြောပြချင်ပါတယ်။
မျိုးဆက်သစ်သို့ ကူညီသော လက်များ ဆိုတာ ပုဂံဖိုရမ် မှာ ဆုံဆည်းကြတဲ့ သူငယ်ချင်းများ စုစည်းထားတဲ့ အဖွဲ့လေးပါ..။ အဓိကအားဖြင့်တော့.. ဆင်းရဲနွမ်းပါးပြီး မိဘမဲ့ နဲ့.. မိဘ တစ်ဦးမဲ့.. ဆင်းရဲနွမ်းပါး ပညာမသင်နိုင်သော ကလေးငယ်များကို ခေါ်ယူစောင့်ရှောက်ပညာသင်ပေးသော.. မိဘမဲ့ ဂေဟာများကို ဘာသာမရွေး လိုအပ်သော ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ကြပါတယ်..။ မိမိတို့တက်နိုင်သော ငွေထည့်ဝင်လှူဒါန်းခြင်း၊ လုပ်အားပေးဆောင်ရွက်ခြင်းတို့အပြင် ဂေဟာများရဲ့ အမှန်တကယ်လိုအပ်ချက်များ ရှာဖွေဖော်ထုတ်ပြီး အလှူရှင်များ ရှာဖွေပေးခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းတို့ လုပ်ကြပါတယ်..။ ဒါ့အပြင် ဂေဟာများမှ ကလေးငယ်များ သာမန်ကလေးများရရှိသော ပျော်ရွှင်မှုများရစေလိုသော စေတနာဖြင့် အားလပ်ရက် တနင်္ဂနွေများမှာ ဂေဟာများမှ ကလေးငယ်များ နှင့် ကစားနည်းများ သွားရောက် ကစားကြခြင်းများ လည်း အလျင်းသင့်သလို လူစုစည်းပြီး သွားရောက် ကစားလေ့ရှိကြပါတယ်..။ ဂေဟာကလေးငယ်များကို တိရိစာန်ရုံလိုက်လံပို့ဆောင်ပေးခြင်း စတာတွေကိုလည်း အလှူရှင်များ အကူအညီနှင့် ဆောင်ရွက်ပေးကြပါတယ်..။
ဟောသည် လင့်ကလေးမှာ ရှိပါတယ်..။
အသေးစိပ် လုပ်ငန်းကလေးများ ကြည့်နိုင်အောင်ပါ..။
Helping Hands for New Generation (HH4NG) - Bagan Forum
(ဒီလင့် အလုပ်လုပ်မလုပ် မသေချာပါဘူး)
Helping Hands for New Generation (HH4NG) - Native Forum
( ဒီမှာ ဖတ်မယ်ဆိုရင် နေးတစ်ဖိုရမ်မှာ မန်ဘာ အရင် ၀င်ဖို့ လိုပါတယ်)
Helping Hands for New Generation (HH4NG) - Blog
(ဒါကတော့ HH4NG ရဲ့ ဘလောခ့်ပါ။ ခု update လုပ်ဖို့ ကြိုးစားနေတယ်လို့  သိရပါတယ် )

သူငယ်ချင်းများ အနေနဲ့  လှူဒါန်းလိုတာတွေ ရှိရင် HH4NG ကိုဆက်သွယ်လို့ မရပါက၊ ဘယ်လို ဆက်သွယ်ရမှန်းမသိပါက ကျွန်မစီဆက်သွယ်လည်းရပါတယ်။ ကျွန်မတတ်နိုင်တာဆို ကူညီလုပ်ကိုင်ပေးပါ့မယ်။

3 comments:

TKLinn said...

ညီမလေး နေနေရေ..
ကျေးဇူး တင်ပါတယ်ရှင်

RedRose

ThanlwinAinmat said...

ရည်ရွယ်ချက်ခြင်းတူညီတဲ့ `မျိုးဆက်သစ်သို့ ကူညီသော လက်များအဖွဲ့´အကြောင်းကို ကြားရတာ များစွာကျေနပ်ဝမ်းသာမိပါတယ်။

MYO HAN HTUN said...

အလှူဒါနပြုသူတွေနဲ့ မျိုးဆက်သစ်သို့ ကူညီသော လက်များ အဖွဲ့ ကိုတော့ သာဓု သုံးကြိမ်ခေါ်မိပါတယ်။ ကိုယ်ကတော့ မတတ်နိုင်သေးလို့ .. မလှူနိုင်သေးပါဘူး။ ဒါပေမယ့် .. ပုံတွေကိုကြည့်ပြီးတော့ အရမ်းသနားမိပါတယ် ဗျာ။