
နေမကောင်း ဖြစ်ပြန်ပြီ.. ခုပဲ ဆေးခန်းက ပြန်လာတယ်.. နေ့ လယ် အလုပ်မှာထဲက နေလို့  သိပ်ပြီး မကောင်းချင် ဖြစ်နေခဲ့တာ.. မိုးတွေ ရွာနေလို့ ပဲ ဖြစ်မယ်ဆိုပြီး သိပ်ဂရုမစိုက်မိဘူး။ မိုးရွာတဲ့ အချိန် Aircon ခန်းထဲမှာ ရှိနေတယ်ဆို အဲ့လို မအီမသာက ဖြစ်နေကြပဲလေ။ ချောင်းတွေ ဆက်တိုက် ဆိုးနေပေမယ့် အလုပ်ဆက်လုပ် နေခဲ့မိတယ်။ ၆နာရီ ထိုးတာနဲ့  အိမ်ပြန်ပြီး၊ ရောက်ရောက်ချင်းပဲ ဆေးသောက်၊ အိပ်လိုက်တာ ည ၁၀ လောက် ပြန်နိုးလာတော့ မသက်သာပဲ ပိုပြီး ဆိုးလာပါတယ် .. ဒါနဲ့  မဖြစ်ချေဘူးဆိုပြီး 24 Hours ဖွင့်တဲ့ ဆေးခန်းကို သွားဖြစ်လိုက်တယ်.. ဆေးခန်းသွားဖြစ်တာ မှန်သွားတယ်ရှင့်။ ဒီညသာ ဆေးခန်းမသွားဖြစ်ရင် မနက်စောစော ထပြီး ဆေးခန်းသွားနေရမှာ။ ဆရာဝန်က ကျွန်မမှာ အဖျားလည်း ရှိနေတယ်၊ ချောင်းလည်း အရမ်း ဆိုးနေတယ်၊ မနက်ဖြန် အလုပ်မသွားနဲ့  MC ယူဆိုပြီး ပေးလိုက်တယ်လေ.. နောက် ... ဒီရက်ပိုင်း သောက်ဖို့ ဆိုပြီး ပေးလိုက်တဲ့ ဆေးတွေက အများကြီး၊ အရင်တခေါက်ထပ်စာရင် နှစ်ဆ လောက်များလာတယ်.. အင်း .. အဲ့ဒီ ဆေးတွေသောက်ပြီးရင်တော့ မနက်ဖြန်ကျရင် ကျွန်မ၊ တစ်နေကုန် အိပ်နေတော့မှာ သေချာပါတယ်...
Singapore ရောက်ပြီး မှတ်မှတ်ရရ ဒါဟာ ပထမ အကြိမ် ကိုယ်ပူပြီး ဖျားခြင်းပါပဲ.. ကဲ.. ဆေးသောက်ပြီး အနားယူလိုက်ဦးမယ်.. အားလုံးပဲ.. ကောင်းသော ညပါ..
6 comments:
သိပ်ချစ်တဲ့သူလေး ကိုယ်အဝေးက အရမ်းဖျားနေတယ် ... ကြင်နာသူ ဖုန်းလေးဆက်လိုက်ကွယ် (အောင်ရင်)
အဟဲ နောက်တာနော် ... ကျန်းမာရေးဂရုစိုက်နော် နေနေ ... မနည်းစုဆည်းထားတဲ့ weight လေးတွေ ပြန်ပါကုန်မယ်။
ဆေးမှန်မှန်သောက်၊ မြန်မြန်အဖျားပျောက်ရင် ဘလော့ခ်များများရေးပါ
အပူတွေ အဖျားတွေ အမြန်ကျပါစေ။
အလုပ်မတက်ရတုန်း ဝအောင်အိပ်ပေါ့။
မမေ၊ ကိုစစ်အိမ် နဲ့  ကိုသန့် ဇင်အောင်..
ကျေးဇူးပါပဲ.. ခုတော့ နေလို့ သိပ် မကောင်းသေးဘူး။ အဖျားမကျသေးဘူး.. ဒါပေမယ့် မကြာခင် ကောင်းသွားမှာပါ။ :)
နေကောင်းပါစေကွယ်
တော်ကြာ သူကြီးတယောက် စိတ်ပူနေ၇ှာမယ်
ဒါဟုတ်တယ် အမွန်ရယ်
ချစ်တာသေချာတယ်..
တန်တန့်တန်.
Post a Comment