Pages

January 31, 2008

31 January 2008

၂၀၀၈ ခုနှစ် - ပထမဆုံးလရဲ့ နောက်ဆုံးနေ့ 

ဒီနေ့  အလုပ်မှာ Deployment ရှိတယ်။ ပုံမှန် ၈း၃၀ မှ စပြီး server shut down လုပ်လေ့ရှိပေမယ့် ဒီနေ့ မှာတော့ ၇း၀၀ မှာ လုပ်မယ်ဆိုလို့  စောပြန်ရမယ် ထင်ထားတာ။ ပြီးတော့ ဒီနေ့ လုပ်ရတယ့် deployment က Package အရမ်းမများဘူး။ အားလုံးမှာ ၁၈ ခုပဲရှိတာဆိုတော့ ၊ online နဲ့  mobile နှစ်ခုဆိုရင် ၃၆ ခုပဲရှိလို့ မြန်မယ် ထင်ထားတာ။ Major Deployement တွေဆို Package အားလုံး ၂၀၀ နီးပါးလောက်ရှိတတ်တယ်လေ။ ဒါပေမယ့် အခု ည ၁၀ ထိုးပြီး၊ မပြန်ရသေးဘူး။ ဘယ်တော့ ပြန်ရမလဲ မသိပါဘူး။

31 January 2008

January 30, 2008

Another way to clean your Screen!

အရင်ပိုစ့်မှာ တင်ထားတဲ့ နည်းထဲက အကောင်လေးကို မကြိုက်ရင် အခုနည်းကို သုံးလို့ ရပါတယ်။ ကြိုက်တဲ့နည်းကို ရွေးပေါ့။

အရင်ပိုစ့်မှာတုန်းက ကျွန်မတွေ့ တဲ့ Website ရဲ့ Direct Link ကိုပေးလိုက်တာ မှားသွားတယ်။ အဲ့လို မလုပ်သင့်ဘူး။ ကျွန်မလို Direct Link ပေးတဲ့ သူတွေ များတယ် ထင်ပါတယ်၊ အခုရက်ပိုင်းမှာ အဲ့ဒီ Link ကို သွားရင် တစ်ခါတလေ Error တက်နေတယ်။ အမြဲတမ်းတော့လည်း မဟုတ်ဘူး။ ဒီတစ်ခါတော့ အဲ့ဒီပြဿနာမျိုး မတတ်အောင် Fileden မှာ ပြန်တင်ပြီး အဲ့ဒီ လင့်ကိုပဲ ပေးလိုက်တယ်။ နည်းနည်းတော့ နှေးမယ်ထင်တယ်။ ဒေါင်းလုတ်လုပ် သိမ်းထားချင်တယ် ဆိုရင်လည်း လွယ်ကူအေင် Mediafire မှာလည်း တင်ပေးထားပါတယ်။

Credit goes to original uploaders ScreenCleaner

January 24, 2008

How to keep your computer monitor screen clean?

ကိုယ်အသုံးပြုနေတဲ့ Computer Screen ညစ်ပတ်နေတယ်ဆိုရင် ဒါလေး ကို ဖွင့် ကြည့်လိုက်ပါ။ ကိုယ့်အတွက် အသုံးဝင်မယ်ထင်တယ်ဆို ScreenSaver အဖြစ်တင်ထားလို့ ရအောင် Download လုပ်နိုင်တဲ့ Link ကိုလည်း ပေးထားပါတယ်။
ဒီရက်ပိုင်း Flash file လေးတွေ လိုက်ရှာကြည့်နေမိတယ်။ အခု Share လုပ်ထားတဲ့ Screen Clean ဆိုတာလေးက ချစ်ဖို့  ကောင်းတယ်။ ဒါလေးကြည့်ပြီး တချို့ လူတွေကတော့ ရွံကြမလား မသိဘူး။ ကျွန်မကတော့ အိမ်က ညီမလေးနဲ့ မောင်လေးကို ပြလို့ ရအောင် ဒေါင်းလုတ်လုပ်ပြီး သိမ်းထားလိုက်တယ်။ သူတို့ တွေမြင်ရင် အရမ်းသဘောကျမှာ။ အဲ့ဒီ Flash Movie လေးကြည့်ပြီး အင်္ဂလန်က သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်ကိုတောင် သတိရသွားမိတယ်။ ဘာဆိုင်လို့ လည်းဆို ဆိုင်တာရှိလို့ ပါ။ ဟိုး... လွန်ခဲ့တဲ့ ၅ နှစ်ကျော်က(၂၀၀၂ လောက်က) သူ့ တို့ အိမ်ရဲ့ အချစ်တော်လေး ဆိုပြီး အဲဒီလို အကောင်မျိုးလေးရဲ့ ဓာတ်ပုံတွေ ပြဖူးတယ်။ ဘယ်လို သိတတ်ကြောင်းလည်း ပြောပြတယ်။ ဈေးလည်းကြီးတယ်တဲ့။ သူပြတဲ့ ဓာတ်ပုံတွေ မြင်မြင်ချင်း ဟယ်... အကောင် သေးသေးလေးနဲ့  ရုပ်ကလည်း ဆိုးလိုက်တာ၊ မျက်လုံးကလည်း ပြူးသေးတယ်၊ ဘယ်လို လူမျိုးတွေကများ ဒီလို အကောင်မျိုးကို ချစ်ကြပါလိမ့်လို့  တွေးမိသွားတယ်။ အိမ်ပြန်တုန်းက စကားစပ်မိလို့  ပြောဖြစ်တော့ အိမ်ကလူတွေက ပြောတယ်။ ဒီလိုမျိုး ရနိုင်မယ်ဆို တစ်ကောင်လောက်တော့ လိုချင်တယ်၊ ဈေးကြီးလို့ သာ မ၀ယ်တာ၊ ရုပ်ဆိုးပေမယ့် ချစ်ဖို့ ကောင်းပါတယ်တဲ့။ ဟုတ်မှာပါ။ တကယ်ဆို အကောင်ကြီးကြီး ဟန်အပြည့်နဲ့  မြင်လိုက်ရုံနဲ့  တော်ရုံလူတွေ ရှိန်သွားနိုင်မျိုးတွေကိုမှ သဘောကျတယ်။ ငယ်မယ်ဆိုလည်း သနားဖို့ ကောင်းတဲ့ မျက်နှာမျိုးရှိတာကိုပဲ လိုချင်တယ်။ လိုချင်တယ်သာ ပြောတာပါ၊ ခုနေများ အလကား ရမယ်ဆိုတောင် သူတို့ ကို အချိန်မပေးနိုင်၊ ဂရုမစိုက်နိုင်လို့  မမွေးထားနိုင်ပါဘူး။

Credit goes to original uploaders ScreenCleane

January 23, 2008

Zoom Quilt II - Flash

ခနနေ မီတင်ရှိတယ် ဆိုတာနဲ့  ဘာမှမလုပ်တော့ပဲ Zoom Quilt II ကို ထိုင်ကြည့်နေလိုက်တယ်။ ဒီနေ့  အလုပ်မှာ လုပ်စရာသိပ်မရှိပဲ နည်းနည်း အားနေတာလည်း ပါပါတယ်။ အရမ်း အားနေတယ်လို့ တော့ ပြောလို့  မဖြစ်ဘူး။ ပြောလိုက်မှ အလုပ်လုပ်စရာတွေ ပေါ်လာမှာ စိုးရိမ်ရတယ်။အခုကြည့်နေတဲ့ Zoom Quilt မှာ ပုံအားလုံးပေါင်း ၈၈ ပုံရှိတယ်လို့ ရေးထားတယ်။ ဟုတ်မဟုတ်တော့ မှတ်မထားမိလို့  မသိဘူး။ အခု ကြည့်နေသမျှတော့ ပုံမထပ်သေးဘူး လိုပဲ။ ပုံတွေအရမ်းများလို့  မမှတ်မိတာလားတော့ မသိဘူး။ ဒီနေ့  သာမန်ထက် နှေးနေတဲ့ အလုပ်က အင်တာနက်နဲ့ ကြည့်တာတောင် ပုံတွေကြည့်ရတာ အတော်လေး မြန်ပါတယ်။ ကြည့်လို့  ကောင်းတယ်။ ကြည့်ပြီး သဘောကျလို့  ScreenSaver လုပ်ထားချင်တယ် ဆိုရင် ဒီနေရာကနေ ယူလို့ ရပါတယ်။

What is ZOOMQUIT?

Source:
THE ZOOMQUILT II - A collaborative art project 2007
The Zoomquilt II - Flash
The Zoomquilt II - Screensaver

January 21, 2008

SeekMP3.info - Another MP3 search engine

ဟိုတစ်ခါရေးဖူးတဲ့ skreemr လိုပဲ သီချင်းတွေရှာပေးတဲ့ Search Engine တစ်ခုပါပဲ။ SeekMp3 မှာသီချင်းတွေ ရှာကြည့်တာ အတော်လေး အဆင်ပြေပါတယ်။ MP3 search Engine လို့ ဆိုထားပေမယ့် တခြား audio format တွေလည်း ရှာပေးတာတွေ့ ရတယ်။
www.seekmp3.info

Hint:You can search by artist/Band Name or Track name or any audio file you want
seekmp3 မှာ သီချင်းနာမည်ထည့်ရှာလိုက်ရင် ရှာတွေတဲ့ File Name တွေကို List လုပ်ပေးတယ်။ skreemr မှာလို (File, Description, Album, Details, Original Website ) စတဲ့ တခြား Information တွေကိုတော့ မပြဘူး။ သီချင်းဖိုင်နာမည်ရဲ့ ဘေးမှာ Listen နဲ့  Download ဆိုတဲ့ Buttons နှစ်ခုကိုပဲ ပေးထားပါတယ်။ Listen ကို Click လုပ်လိုက်ပြီး သီချင်းနာထောင်ကြည့်လို့ ရတယ်။ နားထောင်ပြီး ကိုယ်လိုချင်တဲ့ သီချင်းမှန်မှ Download လုပ်လို့ ရတာပေါ့။ skreemr မှာလည်း အဲဒီ Feature ပါ ပါတယ်။

အဲ့ဒီ နှစ်ခုကို ကြည့်ရတာ တစ်ခုနဲ့ တစ်ခု နည်းနည်းတော့ ဆက်စပ်နေပုံရတယ်။ Files တွေရဲ့ Detail info ပြတာ၊ မပြတာက လွဲရင် အတော်လေးတူတယ်။ ဒါပေမယ့် ရှာပေးတဲ့ Result တော့ မတူဘူး။ ဒီနေ့  စမ်းသပ် ရှာဖွေကြည့်သလောက်တော့ seekmp3 က လိုချင်တဲ့ သီချင်းကိုလည်း ပိုပြီး မှန်မှန်ကန်ကန် ရှာပေးနိုင်တာ သတိထားမိတယ်။ နောက်ပြီး seekmp3 က skreemr နဲ့ ယှဉ်ရင် result ပေးတာ ပိုပြီးမြန်တယ်။ တခြား သီချင်းနဲ့  သက်ဆိုင်တဲ့ information တွေကို မသိချင်ပဲ လိုချင်တဲ့ သီချင်းရရင်ပြီးရောဆိုသူတွေ အတွက်တော့ seekMP3 ကပိုပြီး အသုံးဝင်မယ် ထင်ပါတယ်။ ကျွန်မကတော့ နှစ်ခုလုံးကို သုံးဖြစ်မယ် ထင်တယ်။ သီချင်းရဲ့ Information တွေကိုလည်းသိချင်တယ်လေ။ နောက်ပြီး အဲ့ဒီ Search Engines နှစ်ခုက ရှာပေးတဲ့ Result Lists တွေက တူမှ မတူတာ။

Links : www.seekmp3.info , www.skreemr.com

အိပ်မက်တွေ ရှင်သန်နေပါစေ

ဒေါက်တာလွဏ်းဆွေ ဘလော့မှာ တင်ထားတဲ့ ကဗျာတစ်ပုဒ်ကို ဖတ်ပြီးသဘောကျမိတယ်။ အဲ့ဒီ ကဗျာကို လူထုစိန်ဝင်းက ဘာသာပြန် ရေးသားထားလို့  သိရပါတယ်။ အဲ့ဒီကဗျာကို အင်္ဂလိပ်လို ဖတ်မိကတည်းက နှစ်သက်နေတာပါ။ အရင် ကျွန်မ ဖတ်ဖူးတဲ့ အင်္ဂလိပ်လို ရေးထားတဲ့ ကဗျာမှာ အပိုဒ် ၅ ပိုဒ် ပါဝင်ပေမယ့် ဒေါက်တာလွဏ်းဆွေ ဘလော့မှာ တင်ထားတဲ့ မြန်မာလို ဘာသာပြန်ထားတဲ့ ကဗျာမှာတော့ ၃ ပိုဒ်ပဲပါရှိတာ တွေ့ မိတယ်။ စာပိုဒ် ၂ နဲ့  ၃ မပါဘူး ဖြစ်နေတယ်။ မလိုအပ်လို့ ပဲ သာသာပြန်သူက ချန်လှပ်ထားတာလား၊ ပြန်လည်မျှဝေသူက ချန်လှပ်ထားခဲ့တာလား ဘာကြောင့်မှန်းတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် လူထုစိန်ဝင် မြန်မာလို ဘာသာပြန်ရေးထားတဲ့ "အိပ်မက်တွေ ရှင်သန်နေပါစေ" ဆိုတဲ့ ကဗျာလေးကိုရော၊ မူရင်းကဗျာဖြစ်တဲ့ Lisa Marie Yost ရဲ့ "There Is Only One Key To Success: Never Quit!" ကိုရော ကြိုက်နှစ်သက်တာကြောင့် ဒီနေရာမှာ မှတ်ထားလိုက်ပါတယ်။ ဒီကဗျာတွေက ကျွန်မရဲ့ အိမ်မက်တွေကို အမြဲရှင်သန်ဖို့  နှိုးဆော်နိုင်ပြီး ၊ အဲ့ဒီအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့  တွန်းအားတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
အိပ်မက်တွေ ရှင်သန်နေပါစေ
(လူထုစိန်ဝင်း ဘာသာပြန်သည်)

သင့်ကိုယ်သင် ယုံပါ၊
ပြီးတော့ သင့်အနာဂတ် မျှော်မှန်းချက်တွေကိုလည်း ယုံပါ၊
သင့်ပတ်လည်မှာ သင့်ကို ယုံကြည်ပြီး
သင့်ရည်မှန်းချက်ကို ရောက်အောင် ကူညီမယ့် သူများနဲ့ ၀န်းရံထားလိုက်ပါ၊
ခရီးလမ်းတလျှောက်မှာ စိန်ခေါ်ချက်တွေ ရှိတဲ့ကြားက
အိပ်မက်တွေကို ရှင်သန်နေပါစေ …။

အပြောင်းအလဲဆိုတာ ကြောက်စရာကောင်းတယ်၊
ဒါပေမယ့် ပြောင်းလဲခြင်းနဲ့သာ တိုးတက်မှုကို ကြုံတွေ့ရနိုင်တယ်၊
မဖြစ်နိုင်ဘူးဆိုတာတွေကို လုပ်ဖို့ သင့်ကိုယ်သင် စိန်ခေါ်ခြင်းနဲ့သာ၊
သင်ဘယ်လောက် စွမ်းဆောင်နိုင်တယ်ဆိုတာ
သင်ကိုယ်တိုင် သိလာနိုင်မှာပါ၊
အန္တရာယ်တွေကို ရင်ဆိုင်ခြင်းနဲ့သာ
ကြီးမြတ်ခြင်းကို ရရှိနိုင်မှာပါ …။

အောင်မြင်ရေးအတွက် သော့တချောင်းသာ ရှိတယ်၊
အောင်ပွဲမခံရသရွေ့ လက်မလျှော့ပါနဲ့၊
သင်စွမ်းဆောင်နိုင်ပါတယ်၊
ကြီးမြတ်ခြင်းမျိုးစေ့
သင့်ကိုယ်တွင်းမှာ ရှိတယ်၊
ဒါကို ပြုစုပျိုးထောင်ပါ၊
လောကမှာ သင်မလုပ်နိုင်တဲ့ အရာ ဘာမှမရှိနိုင်ပါ …။

There Is Only One Key To Success: Never Quit!
(by LISA MARIE YOST)
Believe in yourself
and your vision of the future.
Surround yourself with
those who believe in you and will
help you achieve your goals.
Keep your dream alive despite
the challenges along the way.

Change can be frightening,
but only by changing
can you experience growth.
Only by challenging yourself
to do what seems impossible
can you ever know how much
you can achieve.

There is only one key to success:
NEVER QUIT UNTIL YOU WIN.
It may require a lot of changing,
but you can do it.
The seed of greatness
lies within you.
Nurture it, and there
will be nothing you can't do.
Credit to DrLunSwe

January 20, 2008

Incredible Old Computer Ads

2Spare Site မှာ 10 Incredible Old Computer Ads ဆိုပြီး ဟိုး......အရင်တုန်းက ကွန်ပြူတာ ပစ္စည်း ကြော်ငြာပုံတွေ တင်ထားတာ တွေ့ လိုက်တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်က ကြော်ငြာပုံလေးတွေ။ ပုံတွေကို တစ်ခုစီ အသေအချာ လိုက်ကြည့်ရင်း တွေးမိတာလေးတွေ ရှိတယ်။ အဲဒီ ကြော်ငြာတွေဟာ သူတို့  ခေတ်၊ သူတို့ အခါ တုန်းကတော့ အပြန်စား၊ နောက်ဆုံးပေါ် ၊ လူကြိုက်များတဲ့ ကြော်ငြာတွေဖြစ်မှာ သေချာပါတယ်။ ( ခုခေတ်မှာ Apple က နောက်ဆုံးထွက်တဲ့ MacBook Air ကြော်ငြာကို လူကြိုက်များနေသလိုမျိုးပေါ့ ) အဲ... ဒီခေတ် ဒီအချိန်မှာ ဟိုတစ်ချိန်က ကြော်ငြာတွေကို ပြန်ကြည့်ရတဲ့ အခါကြတော့ ရယ်စရာ၊ သဘောကျစရာ အထူးအဆန်းတွေ ဖြစ်နေတယ်။ အခုခေတ်မှာ နာမည်ကြီးနေတဲ့ ကြော်ငြာ video chips လေးတွေကို download လုပ်၊ လက်ကမ်းကြော်ငြာတွေ နဲ့  သတင်းစာမှာပါတဲ့ ကြော်ငြာတွေကို ဓာတ်ပုံရိုက်၊ scan လုပ်ပြီး စုထားရင်တောင် ကောင်းလေမလား မသိဘူး။ နောက်တစ်ချိန် ... နောက်အနှစ် ၂၀-၃၀ လောက်ရှိတဲ့အချိန်မှာ နောင်လာနောက်သား မျိုးဆက်သစ် လူငယ်တွေကို ပြဖို့  အတွက်ပါ။ အနည်းဆုံးတော့ တို့ တွေ ခေတ်တုန်းက ဒီလို .. ဒီလို ...တွေ ရှိခဲ့တာ ဆိုပြီး ပြန်ပြောစရာလေးတွေတော့ ရှိသွားမယ်လေ။ :D
၁၉၇၇ တုန်းကဆို 80 MB ရှိတဲ့ System Disk ကို $12,000 ထက်နည်းပြီး သက်သက်သာသာ နဲ့  ၀ယ်လို့ ရတာတယ်ဆိုပြီး ကြော်ငြာထာတယ်။ 300MB ဆိုရင် $20,000 လောက်တဲ့။ ခုခေတ်ဆို 500 MB HD ကို $100 အောက်နဲ့  ၀ယ်လို့ ရနေပြီ။ ၁၉၇၇ က 16K Ram ကြော်ငြာ၊ ၁၉ရ၁ က Penril Modem ကြော်ငြာ၊ RadioShack Color Computer ကြော်ငြာ၊ ၁၉၈၁ က HoneyWell: ရဲ့ Email(Electronic Mail) ကြော်ငြာ စုံနေတာပါပဲ။ အဲဒီလို ကြော်ငြာအဟောင်းတွေကို မကြည့်ရသေးလို့  ကြည့်ချင်တယ်ဆို အောက်ကလင့်မှာ ကြည့်လို့ ရပါတယ်။

ပုံတွေကြည့်ရင်း Google ကြည့်လိုက်တော့ ComputerWorld မှာလည်း ဒီလိုကြော်ငြာတွေ အကြောင်း ရေးထားတဲ့ Page တစ်ခုတွေ့  ပါတယ်။ အဲဒီမှာတော့ ကြော်ငြာပုံတွေနဲ့  တစ်ခုချင်းစီအကြောင်းကို အသေးစိတ် ရှင်းပြထား ပါတယ်။ အချိန်ရလို့  ပုံတွေကြည့်ရုံမက ရေးထားတဲ့ စာတွေကို ဖတ်ကြည့်ဖြစ်လိုက်တယ်။ စိတ်ဝင်စားဖို့  ကောင်းတယ်။


ComputerWorld မှာ ပါတဲ့ ကြော်ငြာ ၁၀ ခုမှာ 2Spare.com မှာ မပါတာ ၄ ခုရှိနေတော့ အဲ့ဒီ Website နှစ်ခုကို ပေါင်းလိုက်ရင် အားလုံး ၁၄ ခုဖြစ်သွားတယ်။ သိမ်းထားချင်တာနဲ့  ဒေါင်းလုတ်လုပ်ယူပြီး Picasa Album တစ်ခုလုပ်ပြီး တင်ထားလိုက်တယ်။ နောက်ပိုင်း ကြိုက်တဲ့ ကြော်ငြာပုံလေးတွေ တွေ့ ရင်လည်း အဲဒီ Album မှာ ထပ်ထည့် သိမ်းထားလို့  ရတာပေါ့။

Credit to THKZ

January 18, 2008

List of best FlashTutorials - Amashing Magazine

ဟိုရက်ပိုင်းက အဲ့ဒီ Amashing Magazine မှာ Best Photoshop Tutorials List တွေတင်ထားတာတွေ့ တယ်။ ဒီတခါတော့ Flash Tutorials တဲ့။ Photoshop Software လိုပဲ မသုံးတတ်ပေမယ့် သုံးတတ်ချင်တဲ့ Software တွေထဲမှာ Flash လည်းပါတယ်။ Flash နဲ့ ရေးထားတဲ့ Game တွေ၊ သီချင်း တွေ၊ လှတပတ နှစ်သက်စရာ ကောင်းတာလေးတွေ တွေ့ ရင် အမြဲဂရုတစိုက်နဲ့  အမြဲသိမ်းထားဖြစ်တယ်။ Flash ကိုလေ့လာချင်ပေမယ့်လည်း ထုံးစံအတိုင်း အချိန်မပေးဖြစ်တော့ ခုချိန်အထိ ဘာမှ မသိသေးဘူး။ မသိတာတွေ အတော်များနေတယ်။ အချိန်ရတဲ့ အခါ လေ့လာရအောင် ဆိုပြီး အခုတွေ့ တဲ့ Flash Tutorials တွေကိုလည်း မှတ်ထားလိုက်ပြန်ပါပြီ။

Animation and Effects ( 16 Tutorials)
Images and Videos ( 12 Tutorials)
Advanced Flash elements ( 16 Tutorials)
Basic elements ( 11 Tutorials)
Buttons ( 2 Tutorials)
Further Resources and References ( 5 Tutorials)
Flash Tutorial List.....

Source : smashingmagazine.com
Credit to SmashingMagazine and THKZ

January 17, 2008

Oracle to Buy BEA for $8.5 Billion

Oracle ကလည်း Bea ၀ယ်ဖို့  $8.5 Billion နဲ့  ဈေးတည့်သွားပြီလို့  ဖတ်လိုက်ရတယ်။ $8.5 Billion ဆိုတာ အတော်ကြီးများတဲ့ ဈေးပဲ။

Notching another conquest in its push to create a one-stop shop for business software, Oracle Corp. is snapping up rival BEA Systems Inc. for $8.5 billion in a deal culminated after several months of acrimony.

Read More Information....
Oracle Shares Bounce On Acquisition Of BEA - CNN Money
Oracle to Buy BEA for $8.5 Billion
Oracle buying BEA Systems in $8.5B deal - computerworld.com

Sun acquires MySQL !!!

Sun Microsystems က MySQL ကို ၀ယ်လိုက်ပြန်ပြီ။

the biggest news of the day is... we're putting a billion dollars behind the M in LAMP. If you're an industry insider, you'll know what that means - we're acquiring MySQL AB, the company behind MySQL, the world's most popular open source database. (Helping Dolphins Fly - Jonathan's Blog)

Sun announced an agreement to acquire MySQL AB, an open source icon and developer of one of the world's fastest growing open source databases. This acquisition accelerates Sun's position in enterprise IT to now include the $15 billion database market and reaffirms Sun's position as the leading provider of platforms for the Web economy and its role as the largest commercial open source contributor.

Please read more details .....
Sun to Acquire MySQL Press Kit - Sun.com
Sun acquires MySQL - MySQL's Blog


January 16, 2008

Something in the Air

Something in the Air ဆိုပြီး ဒီနေ့  နေလယ်မှာ တစ်စုံတစ်ခု အသစ်ထုတ်မယ်ဆိုတဲ့ အကြောင်း Apple Website မှာ ကြော်ငြာထားတာတွေတည်းက ဘာများလဲ ဆိုပြီး သိချင်စိတ်နဲ့  စောင့်ကြည့်နေခဲ့မိတယ်။ Apple ကြော်ငြာနဲ့  လူတွေကို စွဲဆောင်တာကတော့ အရမ်းတော်ပါတယ်။ Apple က ထုတ်တဲ့ ပစ္စည်းတွေဟာ တခြားက ထုတ်တဲ့ ပစ္စည်းတွေနဲ့  ယှဉ်ရင် ပိုပြီး ဆွဲဆောင်အား ကောင်းတယ်။ ပိုပြီး လှတယ်။
အခုထွက်တဲ့ MacBook Air က ပုံစံတော့ မိုက်တယ်။ ပါးပါးလေး။ ဘယ်လောက် ပါးသလဲဆို ရုံးသုံးစာအိပ် အ၀ါရောင်ထဲမှာ ထည့်ထားလို့ တောင် ရတယ်။ MacBook Air အကြောင်း အသေးစိတ် သိချင်ရင်တော့ Apple Website မှာ သွားကြည့်လိုက်ပါ။


အခု အသစ်ထွက်တဲ့ MacBook Air နဲ့  အရင် ထွက်ခဲ့တဲ့ MacBook Pro ဘာရွေးမလဲဆို MacBook Pro ပဲလိုချင်တယ်။

Source :
MacBook Air - Apple
Apple introduces MacBook Air - MacWorld

January 14, 2008

14 January 2007

ကျန်းမာရေး မကောင်းပါ။

ဒီနေ့  .. နေ့ လယ်စာ စားပြီးချိန်ကတည်းက မျက်လုံးတွေပူပြီး နှာစီးလာရာကနေ အခု ကိုယ်တွေပါ ပူလာပြီ။ အဖျားဝင်လာပြီ ထင်တယ်။ ဖျားတာ သေချာသွားမှာစိုးလို့  အဖျားရှိမရှိ အပူချိန် တိုင်းမကြည့်တော့ပါဘူး။ ဒီနိုင်ငံရဲ့ ရာသီဥတုကလည်း ခု မိုးရွာလိုက်၊ ခု နေပူလိုက်ဆိုတော့ အလုပ်မှာလည်း ဖျားပြီး ခွင့်ယူတဲ့သူတွေ အများကြီးပဲ။ တချို့ များဆို ဆေးခွင့် ၃ ရက် ဆိုပဲ။ တချို့  က ၂ ရက်တဲ့။ အလုပ်က တစ်ယောက်ပြောသလို တို့ ရုံးမှာ flu vrius တွေ လေထဲပြန့် နေတယ် ပြောတာ မှန်နေပြီ ထင်တယ်။ မနက်က ဘာမှ မဖြစ်သေးဘူး။ အကောင်းကြီးကနေ ချက်ချင်းကြီး နေလို့ မကောင်း ဖြစ်သွားတာ။ ညနေပိုင်း ၄ နာရီက ၆ နာရီ မီတင်ခန်းထဲ သွားထိုင်နေလိုက်ရတော့ အအေးမိသွားပြီး ပိုဆိုးလာတာ လားမသိဘူး။ တခြား အချိန် ခွင့်ယူတာ ဘာမှမဖြစ်ပေမယ့် အခုရက်ပိုင်းမှာ ခွင့်မယူချင်ဘူး။ ဒီသောကြာနေ့  ၁၈ ရက်နေ့ မှာ ပြီးရမယ့် အလုပ်ကလည်း ခုချိန်အထိ ဘာမှမစရ ရသေးဘူး။ တခြား လုပ်စရာတွေလည်း ရှိသေးတယ်။ ဒီရက်ပိုင်း ခွင့်ယူလိုက်ရင် အလုပ်တွေ အချိန်မှီပြီးဖို့  မလွယ်တော့ဘူး။ ဒီလို ရာသီဥတုနဲ့ ဆို ဖျားသွားရင် တော်တော်နဲ့  နလန်ပြန်ထူနိုင်မယ် မထင်ဘူး။ ဒီနေ့ တော့ လိမ်လိမ်မာမာနဲ့  အရမ်းမဖျားခင် ဆေးကြိုသောက်ပြီး အနွေးထည်ထူထူဝတ်လို့  စောစော အိပ်ရာဝင်ပါတော့မယ်။

ပြီးခဲ့သော အားလပ်ရက်

ပြီးခဲ့တဲ့ သောကြာနေ့ ညနေက အလုပ်မှာရှင်းစရာလေးတွေရှင်းနေတာနဲ့  ၈ နာရီလောက်မှာ အလုပ်ကပြန်ဖြစ်တယ်.. သူငယ်ချင်းတွေနဲ အပြင်မသွားပဲ အိမ်ပဲတန်းပြန်ပြီး အိမ်မှာပဲ ထမင်းစားမယ်ဆိုလို့  အစ်ကိုကတောင် တအံ့တသြဖြစ်နေလေရဲ့။ သူအတွက် ထူးဆန်းနေတယ် ထင်ပါတယ်။ ထမင်းစား၊ ခနလောက်စကားပြောပြီး စောစော အိပ်ရာ ၀င်ဖြစ်ခဲ့တယ်...

12-Jan-2008 and 13-Jan-2008
ပြီးခဲ့တဲ့ တနင်္ဂနွေက Golden Mile မှာ စားဖြစ်တဲ့ ထိုင်းအစားအသောက်ပုံ တချို့ ပါ။

ပင်လယ်စာ အသုပ် (မစားတတ်လို့ နည်းနည်း မြည်းကြည်ရုံလောက်ပဲ စားဖြစ်ခဲ့တယ်။)

ဖားသားကြော် (အရိုးများတာကလွဲရင် စားလို့ ကောင်းပါတယ်။)

သင်္ဘောသီးထောင်း(စပ်စပ်လေးနဲ့ စားလို့ ကောင်းတယ်။)

ကြက်အရေခွံကြော် (ကောင်းမကောင်းတော့ မပြောတတ်ဘူး၊ လူ ၄ ယောက် စားတာ ၃ ပွဲတောင် ကုန်သွားပါတယ်)

တုံယန့် ချဉ်စပ်ဟင်းနဲ့ တခြားဟင်ပွဲတွေ( ငါးပေါင်းက လွဲရင် စားသမျှ ဟင်းပွဲ အားလုံးပါအောင် ဓာတ်ပုံရိုက်ထားပါတယ်)

January 11, 2008

List of best Photoshop Tutorials - Amashing Magazine

Amashing Magazine က စုစည်းဖော်ပြထားတဲ့ Best Of Adobe Photoshop Tutorials list ပါ။ Photo Editing စိတ်ဝင်စားသူတွေ အတွက် အသုံးဝင်မယ် ထင်ပါတယ်။


Photo- and Picture Editing and Processing ( 34 Tutorials)
Drawings, Paintings, Cartoons ( 11 Tutorials)
Texteffects ( 7 Tutorials)
Buttons, Logos & Menus (12 Tutorials)
Adobe Photoshop Techniques ( 6 Tutorials)
Further Resources ( 8 Links)

အဲ့ဒီမှာစုစည်းဖော်ပြထားတဲ့ ကျူတိုရီရယ်တွေဟာ professional အဆင့် ကျူတိုရီရယ်တွေလို့  ရေးသားထားတယ်။ အခုအချိန်မှာ Photoshop ကို ကောင်းကောင်း မသုံးတတ်ပေမယ့် လိုရင်သုံးဖို့  မှတ်ထားလိုက်ပါတယ်။ သူများတွေ ပြင်ဆင်ထားတဲ့ ပုံလေးတွေ၊ အထူးပြုလုပ်ချက်လေးတွေ မြင်တိုင်း အားကျမိနေတော့ တစ်နေ့ နေ့ မှာ PhotoShop ကို Professional အဆင့်သုံးတတ်အောင် မဟုတ်တောင်၊ နည်းနည်လောက်တော့ ပိုသိအောင် လေ့လာဖြစ်မယ် ထင်တယ်။ ဓာတ်ပုံတွေရိုက်ပြီး ဟိုပြင် ဒီပြင် လှတပတလေးတွေ ဖြစ်အောင်လုပ်တာဟာလည်း စိတ်ရဲ့ အပန်းဖြေစရာတစ်ခု မဟုတ်လား။

Source :smashingmagazine.com
Credit to SmashingMagazine and THKZ

January 10, 2008

The Internet's Black Holes

အင်တာနက်ရဲ့ တွင်းနက်ကြီးတွေ။ တစ်ကမ္ဘာလုံးမှာမှ ၁၅ တွင်းပဲ ရှိတဲ့ အထဲမှာ ကျွန်မတို့  နိုင်ငံလည်း ပါနေတယ်။

When data travels into those holes, nobody knows what is going on inside. Nobody can guess how data passing through inside those holes
Fifteen countries are black holes in the World Wide Web. News is not free to circulate there. These enemies of the internet are nonetheless here in Tunis and are talking without any shame about freedom of expression. (www.rsf.org)


















Fifteen countries are black holes in the World Wide Web
Belarus Libya Syria
Burma Maldives Tunisia
China Nepal Turkmenistan
Cuba North Korea Uzbekistan
Iran Saudi Arabia Vietnam

Source : Internet's Black Holes
Credit to THKZ

January 08, 2008

ပြာသိုလဆန်း ၁ ရက်နေ့ 

ဒီနေ့  ပြာသိုလဆန်း ၁ ရက်နေ့ ဆိုတာကို သတိမထားမိလိုက်ဘူး။ ညနေဘက် အိမ်က အီးမေးဝင်လာမှပဲ ဒီနေ့  ဟာ ပြာသိုလဆန်း ၁ ရက်နေ့  ဖြစ်ကြောင်း သိလိုက်ရတယ်။ ကိုယ်ကလည်း ကရင်မ မဟုတ်၊ ကိုယ်နဲ့  သက်ဆိုင်သူကလည်း ကရင်ထီးကြီး မဟုတ်လေတော့ ဒီရက်စွဲကို မြန်မာပြက္ခဒိန် မကြည့်ပဲနဲ့  ဘယ်လိုလုပ်ပြီး စိတ်ထဲမှာ မှတ်မိနေနိုင်ပါ့မလဲ။ ကိုယ့်ဘလော့မှာ တင်ထားတဲ့ မြန်မာရက်စွဲဆိုတာကိုလည်း သတိထားပြီး မကြည့်ဖြစ်တာ အတော်လေး ကြာနေပါပြီ။ ဟိုတလောက မြန်မာလိုမွေးနေ့ ကိုတောင်မှ သတိထားနေတဲ့ကြားက ရက်အတော်လေး ကျော်သွားမှ၊ ကျော်သွားပြီဆိုတာ သိလိုက်ရတယ်လေ။

တကယ်တော့ ကျွန်မ မြန်မာပြည်မှာ မရှိနေလို့ သာ ဒီနေ့ ဒီရက်ကို မေ့နေလို့ ရတာပါ။ ခုချိန်မှာ မြန်မာပြည်က မိဘတွေရဲ့ အိမ်မှာသာ ရှိနေပါလား၊ ပြာသိုလဆန်း ၁ရက်နေ့ ဆိုတာကို သတိမထားမိပဲ ကုန်ဆုံးသွားတယ် ဆိုတဲ့ အဖြစ်မျိုး ဘယ်လိုမှ မရှိနိုင်ဘူး။ အဲ့ဒီရက် မတိုင်ခင် ၁ ပတ်လောက်အလို ထဲက အကြာခင် လာတော့မယ်ဆိုတာ ကြိုသိ၊ သတိထားမိ နေမှာပါ။ ကျွန်မမှ မဟုတ်ပါဘူး၊ ကျွန်မတို့ တစ်အိမ်သားလုံးမှ လည်း မဟုတ်ပါဘူး၊ ကျွန်မတို့  အိမ်နားမှာ နေတဲ့သူတွေအားလုံး ကလေး နဲ့ ခွေးက အစ၊ လူကြီးတွေ အဆုံး ရှိသမျှ လူအားလုံး ဒီရက်ကို သတိမထားမိပဲ ကျော်ဖြတ်လို့ မရပါဘူး။ ဒီရက်မတိုင်ခင် ၁ ပတ်လောက် အလိုထဲက ပွဲတော်အတွက် ဆိုင်ခန်းတွေ ကြိုဆောက်တာတို့ ၊ နေရာချတာတို့  ကြိုတင်လုပ်ကိုင်နေကြပြီလေ။ ခုရက်ပိုင်းလို ရက်တွေဆို အိမ်နားက ကားမောင်းသူတွေ အားလုံး ညနေ ၄-၅ နာရီလောက် အိမ်အရောက် ပြန်မှာ ကိုယ့်အိမ်ထဲ၊ ကိုယ့်ခြံထဲ ကိုယ့်ကား ရောက်အောင် မောင်းသွင်းလို့ ရနိုင်တယ်။ ၄လမ်းသွား လမ်းမဟာ ညနေစောင်းပြီဆို ကားမပြောနဲ့  လူတောင် တိုးဖို့  သိပ်မလွယ်ဘူး။ ဈေးဆိုင်တန်းတွေက အသွားလမ်း နဲ့  အပြန်လမ်းဆိုပြီး ၄ တန်းတောင် ရှိနေတယ်လေ။ အသံတွေကလည်း ဆူသလား မမေးနဲ့ ။ ည ၁၂ ကျော်မှ အသံတွေ တိတ်တာ။ တီတီတွမ်တွမ်ဆိုပြီး အသံစုံမှုတ်တဲ့ဟာတွေကလည်း ပွဲခင်းထဲမှာ ရောင်းတယ်လေ။ ကျွန်မနောက်ဆုံးကြုံခဲ့ရတဲ့ ပွဲတုန်းကတော့ ပွဲခင်းထဲ လာသမျှ လူတိုင်းနီးပါး အသံထွက်တဲ့ ကျွဲဂျိုလိုဟာတွေ ၀ယ်ပြီး အပြိုင်အဆိုင် မှုတ်ကြတာ ဆူလို့  ညံလို့ ။ ခုလည်း အရင်ကလိုပဲ စည်ကား၊ ဆူညံသေးတုန်းပဲလား အသေအချာတော့ မသိဘူး။ အိမ်က အီးမေးအရတော့ ထုံးစံအတိုင်း ဆူညံနေတာပဲလို့  သိရတယ်။

ခုနက အိမ်က အီးမေးဖတ်ပြီး အိမ်ပြန်ချင်စိတ် ပေါ်သွားတယ်။ မိဘကို အရမ်း လွမ်းသွားလို့ တော့ မဟုတ်ဘူး။ ဒီရက်ပိုင်း ပွဲဈေးတန်းမှာ ရောင်းနေတဲ့ မုန့် တွေကို စားချင်သွားလို့ ပါ။ ဒီလိုရေးထားသာ အဖေနဲ့ အမေ ဖတ်မိရင်တော့ သမီးအလိမ္မာလေးလို့  ပြောအုံးတော့မယ်။ :D ထမိန်မပါ ဖြူဖြူ၊ နီနီ၊ နက်နက် ကရင် ၀တ်စုံရှည်တွေ ၀တ်ပြီး ပွဲခင်းထဲ လျှောက်ကြမယ့် ကရင်မလေးတွေကိုလည်း မမြင်ရတာကြတော့ မြင်ချင်မိတယ်။ ကရင်မလေးတွေကသာ ထမိန် မပါတာ များတာပါ၊ ကရင်လေးတွေကတော့ ပုဆိုးဝတ်လာကြတာ များပါတယ်။ အိင်္ကျီဆိုလည်း ကရင်မလေးတွေလို မဟုတ်ဘူး၊ ကရင်လေးတွေက အောက်က အဖြူရောင် လက်ရှည်တစ်ထပ် ၀တ်ပြီးမှာသာ အပေါ်က ဂျိုင်းပေါက်ကျယ်တဲ့ ကရင်အိင်္ကျီ ထပ်ဝတ်ကြတယ်လေ။ ကရင်ဒုံး ယိမ်းကတာကိုလည်း ကြည့်ချင်တယ်။ သီချင်းသံတွေနဲ့  တခြားအသံတွေတော့ နားမထောင်ချင်ဘူး။ နားမှ မလည်တာ။ နားမထောင်ချင်လည်း သူတို့ ဆိုသမျှ၊ ပြောသမျှ အိမ်ထဲကနေပြီး အကုန် ကြားနေရမှာပါပဲ။ အဲဒီပွဲမှာ ဆိုတဲ့ သီချင်းတွေထဲက နားလည်တာဆိုလို့  စိုးလွင်လွင်ရဲ့ သီချင်း တစ်ပုဒ်ပဲရှိမယ်။ ခုနေများ ရန်ကုန်မှာ ရှိနေမယ်ဆို ပွဲခင်းထဲ လျှောက်ကြည့်ရင်း မုန့် တွေ အစုံဝယ် စားနေလောက်ပြီ။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ နေ့ လယ်က သူငယ်ချင်းတစ်ယောက် တင်ထားတဲ့ ပုံတွေကြည့်ပြီး မုန့် တွေ စားချင်နေခဲ့တယ်။ ပွဲဈေးတန်းမှာဆို အဲဒီမုန့် တွေရှိမှာ အသေအချာပဲ။ ခုချိန်ပွဲခင်းထဲ ရောက်သွားလို့ ကတော့ ပွဲဈေးကမုန့် တွေ သန့် မှာ မဟုတ်ဘူး၊ မစားနဲ့ လို့  မေမေ တားလည်း အရင်လို နားမထောင်ဘဲ တစ်ခုခုဖြစ်ကာမှ ဆေးသောက်တော့မယ် ဆိုပြီး ၀ယ်စားမိမယ် ထင်တယ်။ ခုတော့ မုန့် တကယ်စားဖို့  အခွင့်အရေး မရလို့  ရှိတဲ့ ပုံလေးတွေကြည့်ပြီး မျက်စိအစားကျွေး၊ စိတ်အလွမ်းဖြေ လုပ်နေလိုက်ပါတယ်။

မုန့် လင်မယားကို ပဲပြုတ်လေး၊ ကြက်သွန်မိတ်လေး နဲ့ စားချင်တယ်။ ငုံဥထည့်ထားတာလည်း စားချင်တယ်။

ပုဇွန်ခွက်ကြော်ကို ကြာဇံကြော်နဲ့  မကျည်းမှည့်အချဉ်လေးနဲ့ စားချင်တယ်။

ဒီလို ဂဏန်းလက်မတွေတော့ ခွါပေးမယ့်သူရှိရင်စားချင်တယ်။

ပွဲဈေးတွေမှာရတဲ့ ရေမုန့် လည်း စားချင်တယ်။ကောက်ညင်း ကျည်တောက်လည်း စားချင်တယ်။ အကြော်စုံလည်း စားချင်တယ်။ ဘယာကြော်လည်း စားချင်တယ်။ တခြား စားချင်တာတွေလည်း အများကြီး ရှိသေးတယ်။ နောက်နှစ်ရောက်ရင်.. အေးပြီး နေလို့ ကောင်းတဲ့ နိုဝင်ဘာ၊ ဒီဇင်ဘာလိုအချိန်တွေမှာ အိမ်ပြန်လာပါလား ဆိုတဲ့ အမေ့စကားကို နားထောင်ပြီး ကရင်နှစ်ကူးပွဲနဲ့  ကြုံအောင် အချိန်ကိုက်ပြီး ပြန်အုံးမယ် စိတ်ကူးနေမိတယ်။

Photo Credit to Su

January 07, 2008

Linux Related Free E-books

ခုတလော အင်တာနက်ကို အရင်ကလောက် မသုံးဖြစ်တာနဲ့  ဒီမှာလည်း ဘာမှ သိပ်မရေးဖြစ်ဘူး။ စာဖတ်ဖို့  ပျင်းနေသလို၊ စာရေးဖို့ လည်း စိတ်မပါဘူး ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ဖတ်ဖို့ ညွှန်းထားတဲ့ ၊ မှတ်ထားဖို့ ပေးတဲ့  Links တွေ လောက်ကလွဲရင် တခြားဘာမှ မဖတ်ဖြစ်သလောက်ပါပဲ။ ဒီနေ့ တစ်ခုခုရေးမယ် စိတ်ကူးမိရင်း ဒီရက်ပိုင်း မှတ်ထားဖြစ်တဲ့ Linux စာအုပ်တွေ Download လုပ်လို့ ရတဲ့ လင့်တွေစုထားတဲ့ နေရာကိုပဲ ပြန်ပြီး ရှယ်ယာလုပ်လိုက်ပါတယ်။ ဒီလိုလင့်တွေကို ခုချက်ချင်း မဖတ်အားတောင် နောက်အားတဲ့ အချိန်၊ ဖတ်ချင်စိတ်ပေါက်တဲ့ အချိန်၊ ဖတ်ဖို့  လိုအပ်လာမယ့် အချိန်တွေမှာ လွယ်လွယ်ကူကူရှာလို့ ရအောင် မှတ်ထားသင့် တယ်လို့  ထင်ပါတယ်။

Linux စိတ်ဝင်စားသူ တချို့ လည်း သိပြီးသားဖြစ်မယ် ထင်တယ်။ အင်တာနက်ပေါ်မှာ အကြောင်းအရာတစ်ခုကို ကိုယ်စိတ်ဝင်စားလို့  သိချင်တယ်ဆို၊ အချိန်ပေးနိုင်မယ်၊ Google ကိုလည်း ကောင်းကောင်း သုံးတတ်မယ်ဆို ကိုယ်လေ့လာချင်တဲ့ အကြောင်းအရာနဲ့  ပတ်သက်တာတွေကို လွယ်လင့်တကူ ရှာဖွေနိုင်ကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကျွန်မလို လူတွေအတွက်တော့ အသုံးဝင်မယ် ထင်ပါတယ်။

Credit to linuxhaxor.net and THKZ

January 04, 2008

1st Present for year 2008

03-January-2008

၂၀၀၈ မှာရသော ပထမဆုံးလက်ဆောင်.......