Pages

January 16, 2008

Something in the Air

Something in the Air ဆိုပြီး ဒီနေ့  နေလယ်မှာ တစ်စုံတစ်ခု အသစ်ထုတ်မယ်ဆိုတဲ့ အကြောင်း Apple Website မှာ ကြော်ငြာထားတာတွေတည်းက ဘာများလဲ ဆိုပြီး သိချင်စိတ်နဲ့  စောင့်ကြည့်နေခဲ့မိတယ်။ Apple ကြော်ငြာနဲ့  လူတွေကို စွဲဆောင်တာကတော့ အရမ်းတော်ပါတယ်။ Apple က ထုတ်တဲ့ ပစ္စည်းတွေဟာ တခြားက ထုတ်တဲ့ ပစ္စည်းတွေနဲ့  ယှဉ်ရင် ပိုပြီး ဆွဲဆောင်အား ကောင်းတယ်။ ပိုပြီး လှတယ်။
အခုထွက်တဲ့ MacBook Air က ပုံစံတော့ မိုက်တယ်။ ပါးပါးလေး။ ဘယ်လောက် ပါးသလဲဆို ရုံးသုံးစာအိပ် အ၀ါရောင်ထဲမှာ ထည့်ထားလို့ တောင် ရတယ်။ MacBook Air အကြောင်း အသေးစိတ် သိချင်ရင်တော့ Apple Website မှာ သွားကြည့်လိုက်ပါ။


အခု အသစ်ထွက်တဲ့ MacBook Air နဲ့  အရင် ထွက်ခဲ့တဲ့ MacBook Pro ဘာရွေးမလဲဆို MacBook Pro ပဲလိုချင်တယ်။

Source :
MacBook Air - Apple
Apple introduces MacBook Air - MacWorld

2 comments:

Ko Boyz said...

သူဘာလို့ မက်ဘွတ်က် ပရို လိုခင်ျလဲဆိုတာ နာတိတယ်... နာတိတယ်...။ ဟီဟိ

Nay Nay Naing said...

ဟီး.. သိရင်လည်း တိတ်တိတ်နေလေ။ :P