2Spare Site မှာ 10 Incredible Old Computer Ads ဆိုပြီး ဟိုး......အရင်တုန်းက ကွန်ပြူတာ ပစ္စည်း ကြော်ငြာပုံတွေ တင်ထားတာ တွေ့ လိုက်တယ်။ လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်က ကြော်ငြာပုံလေးတွေ။ ပုံတွေကို တစ်ခုစီ အသေအချာ လိုက်ကြည့်ရင်း တွေးမိတာလေးတွေ ရှိတယ်။ အဲဒီ ကြော်ငြာတွေဟာ သူတို့  ခေတ်၊ သူတို့ အခါ တုန်းကတော့ အပြန်စား၊ နောက်ဆုံးပေါ် ၊ လူကြိုက်များတဲ့ ကြော်ငြာတွေဖြစ်မှာ သေချာပါတယ်။ ( ခုခေတ်မှာ Apple က နောက်ဆုံးထွက်တဲ့ MacBook Air ကြော်ငြာကို လူကြိုက်များနေသလိုမျိုးပေါ့ ) အဲ... ဒီခေတ် ဒီအချိန်မှာ ဟိုတစ်ချိန်က ကြော်ငြာတွေကို ပြန်ကြည့်ရတဲ့ အခါကြတော့ ရယ်စရာ၊ သဘောကျစရာ အထူးအဆန်းတွေ ဖြစ်နေတယ်။ အခုခေတ်မှာ နာမည်ကြီးနေတဲ့ ကြော်ငြာ video chips လေးတွေကို download လုပ်၊ လက်ကမ်းကြော်ငြာတွေ နဲ့  သတင်းစာမှာပါတဲ့ ကြော်ငြာတွေကို ဓာတ်ပုံရိုက်၊ scan လုပ်ပြီး စုထားရင်တောင် ကောင်းလေမလား မသိဘူး။ နောက်တစ်ချိန် ... နောက်အနှစ် ၂၀-၃၀ လောက်ရှိတဲ့အချိန်မှာ နောင်လာနောက်သား မျိုးဆက်သစ် လူငယ်တွေကို ပြဖို့  အတွက်ပါ။ အနည်းဆုံးတော့ တို့ တွေ ခေတ်တုန်းက ဒီလို .. ဒီလို ...တွေ ရှိခဲ့တာ ဆိုပြီး ပြန်ပြောစရာလေးတွေတော့ ရှိသွားမယ်လေ။ :D
၁၉၇၇ တုန်းကဆို 80 MB ရှိတဲ့ System Disk ကို $12,000 ထက်နည်းပြီး သက်သက်သာသာ နဲ့  ၀ယ်လို့ ရတာတယ်ဆိုပြီး ကြော်ငြာထာတယ်။ 300MB ဆိုရင် $20,000 လောက်တဲ့။ ခုခေတ်ဆို 500 MB HD ကို $100 အောက်နဲ့  ၀ယ်လို့ ရနေပြီ။ ၁၉၇၇ က 16K Ram ကြော်ငြာ၊ ၁၉ရ၁ က Penril Modem ကြော်ငြာ၊ RadioShack Color Computer ကြော်ငြာ၊ ၁၉၈၁ က HoneyWell: ရဲ့ Email(Electronic Mail) ကြော်ငြာ စုံနေတာပါပဲ။ အဲဒီလို ကြော်ငြာအဟောင်းတွေကို မကြည့်ရသေးလို့  ကြည့်ချင်တယ်ဆို အောက်ကလင့်မှာ ကြည့်လို့ ရပါတယ်။
ပုံတွေကြည့်ရင်း Google ကြည့်လိုက်တော့ ComputerWorld မှာလည်း ဒီလိုကြော်ငြာတွေ အကြောင်း ရေးထားတဲ့ Page တစ်ခုတွေ့  ပါတယ်။ အဲဒီမှာတော့ ကြော်ငြာပုံတွေနဲ့  တစ်ခုချင်းစီအကြောင်းကို အသေးစိတ် ရှင်းပြထား ပါတယ်။ အချိန်ရလို့  ပုံတွေကြည့်ရုံမက ရေးထားတဲ့ စာတွေကို ဖတ်ကြည့်ဖြစ်လိုက်တယ်။ စိတ်ဝင်စားဖို့  ကောင်းတယ်။
ComputerWorld မှာ ပါတဲ့ ကြော်ငြာ ၁၀ ခုမှာ 2Spare.com မှာ မပါတာ ၄ ခုရှိနေတော့ အဲ့ဒီ Website နှစ်ခုကို ပေါင်းလိုက်ရင် အားလုံး ၁၄ ခုဖြစ်သွားတယ်။ သိမ်းထားချင်တာနဲ့  ဒေါင်းလုတ်လုပ်ယူပြီး Picasa Album တစ်ခုလုပ်ပြီး တင်ထားလိုက်တယ်။ နောက်ပိုင်း ကြိုက်တဲ့ ကြော်ငြာပုံလေးတွေ တွေ့ ရင်လည်း အဲဒီ Album မှာ ထပ်ထည့် သိမ်းထားလို့  ရတာပေါ့။
Credit to THKZ
3 comments:
I still have a 800MB hard disk and 1GB hard disk.
အခု ရှိတာလား၊ မန္တလေးမှာ ရှိနေတာလား။ နောက် မျိုးဆက်တွေကို ပြလို့ ရအောင် ဆက်ပြီး ထိန်းသိမ်းထား။ :)
မန်းက အိမ်မှာပါ။ system unit ကောရှိသေးတယ်။ 16MB memory ၂ချောင်း 4MB graphic card နဲ့ သီချင်းဖွင့်ရင် ဂျစ်ဂျစ်မြည်တဲ့ soundcard ရယ်။ မော်နီတာကတော့ ဘယ်သူလာမသွားမှန်း မသိတော့ဘူး။ အဲ့ဒိတုန်းကတော့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပဲ။
ပြတိုက်တော့ နောက် အနှစ် ၂၀ လောက်မှ ပို့တော့မယ် :P
Post a Comment