Pages

April 30, 2010

လဧပြီ..

အလုပ်အတော်များတဲ့လ။ တစ်ပတ် နဲ့  တစ်ပတ်၊ တစ်ရက် နဲ့  တစ်ရက် လုပ်စရာရှိတာတွေ စီစဉ်လုပ်နေရတာ ရက်တွေ အကုန်မြန်သလို ဖြစ်သွားတယ်။ တကယ်ဆို ၂၄ နာရီ တစ်ရက်၊ ၇ ရက် တစ်ပတ်၊ ၄ ပတ် ကို တစ်လ၀န်းကျင် ရှိတာပါပဲ။ အလုပ်များနေတော့ ရက်တွေ အကုန်မြန်တယ် ထင်ရတာပေါ့။

ဒီတစ်လလုံး စာလုံးဝ မဖတ်ဖြစ်ဘူး။ သတင်းဆိုတာလည်း ဒါလေးထူးတယ်ဆိုပြီး ပြမှ ကြည့်ဖြစ်တယ်။ နောက်လလည်း အလုပ်များအုံးမယ် ထင်တယ်။ လုပ်စရာ ကိစ္စလေးတွေ ရှိတယ်။ ဟို ပျင်းစရာကြီး ဖြစ်နေတယ်ဆိုတဲ့ အစ်ကိုကြီးတော့ အားနာပါတယ်။ နောက်လမှာ စိတ်ပင်ပန်း စရာမရှိဘူး၊ အလုပ်များတာလေးပဲရှိမယ်ဆိုရင်တော့ ကြိုးစားကြည့်ပါမယ်။

ဒါနဲ့ ဒီလမှာ လုပ်စရာရှိတာတွေ ပြီးအောင်လုပ်ရတဲ့ အပြင်၊ ကျွန်မမှာ အတော်ကြီးကို စွဲစွဲမြဲမြဲရှိနေတဲ့ လူတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို စိတ်ပျက်လာရင် အဲဒီလူတွေကို စကားလုံးဝ မပြောချင်၊ မပြောတော့တဲ့ အကျင့်၊ အဲဒီ မကောင်းတဲ့ အကျင့်ကို ဖျောက်နိုင်အောင် လုပ်နေရတယ်။

April 24, 2010

1st Day of GODC

(Saturday) 24th April 2009 - 6:00 PM

သတ်မှတ်ထားချိန်ထက် ၁၀ မိနစ်တိတိ စောပြီး အလုပ်ရောက်ကြောင်း သတင်းပို့ ခဲ့ပါတယ်။ အခုလက်ရှိ ဘာမှလုပ်စရာမရှိပါ။ ဟိုဘက်က အဆင်သင့်ပြီးပြီဆိုမှ ဒီဘက်ကနေ လုပ်စရာရှိတာတွေ စလုပ်ရမှာပါ။ ဘယ်လောက်ကြာကြာ နေရမလဲ မသိပါ။

ဒီတော့ Laptop ယူလာပါတယ်။ အခုဆို ဖုန်းနဲ့ ချိတ်ပြီး အင်တာနက် ၀င်ထားပြီး ပါပြီ။ ဟုတ်ကဲ့ ... ဂျီတော့လည်း ၀င်ထားပါတယ်။ ဖေ့ဘုတ်လည်း ဖွင့်ထားပြီး ပါပြီ။ ဂိမ်းမဆော့နိုင်ပါ။ ဘာဆက်လုပ်ရမလဲဆို ဗိုက်ဆာနေသည့်အတွက် အ၀င်ဝမှာတွေ့ ခဲ့ရသော ကြိုက်သလောက်စားညစာ သွားယူ စားပါမယ်။
From Everything

ထမင်းသွားစားတယ်။ စားလို့  မကောင်းဘူး။ ပုဇွန် မပါလို့ ထင်တယ်။ ဒါပေမယ့် ထည့်ထားတာလေးတော့ ကုန်အောင် စားလိုက်ပါတယ်။ အသားက ဆိတ်သားနဲ့  ကြက်သား၊ ငါးနဲ့  ကင်မွန် အစာသွပ်ပါတယ်။ ထူးထူးဆန်းဆန်း ကြက်ဥအလုံးလိုက် ချက်ထားတာတွေ့ တယ်။ အလုပ်လုပ်တဲ့ သက်တန်း တစ်လျှောက် စားဖူးသမျှ ဘူဖေးတွေထဲ ကြက်ဥချက်ထားတာပါတာ ဒါဟာ ပထမဆုံးပဲ။ စားပြီး ဓာတ်ပုံတင်မလို့ ပုံပြင်နေတုန်း တစ်ယောက်က အပြင်ခနသွားရအောင် လာခေါ်တာနဲ့  လိုက်သွားဖြစ်တယ်။
From Singapore
အောက်ဆင်းပြီး လမ်းလျှောက်သွားတော့ ရေပန်းနားမှာ ထူးထူးဆန်းဆန်း ပိတ်ကားကြီး ထောင်ထားတာတွေ့ လို့  ဓာတ်ပုံရိုက်လိုက်တယ်။ အပြန်မှာကြည့်တော့ မလေးရုပ်ရှင် အဖြူအမဲ ဇာတ်ကားတစ်ကား ပြနေတယ်။ ကြည့်တဲ့သူတွေ ရှိတယ်။ ပုံမှန်ပြလေ့ရှိလား၊ တစ်ခုခုကြောင့် ပြနေတာလား ဘာမှန်းမသိဘူး။ တစ်ပတ် ၅ ရက်လာနေရတဲ့ နေရာ ကျန်တဲ့ နှစ်ရက် စနေ၊ တနင်္ဂနွေဆို ဒီဘက် ခြေဦးမှ မလှည့်ဖြစ်ခဲ့တာ။
From Singapore
မှောင်နေတယ်၊ မိုးလေးကလည်း ဖွဲဖွဲရွာနေတယ်။ လေကလည်း တိုက်နေတယ်။ အဲဒီအချိန် ခုလိုပိတ်ကားထောင်ပြီး ရုပ်ရှင်ကြည့်နေတာ ဘယ်လိုနေမလဲမသိဘူး။ ဟိုတနေ့ ကကြည့်ဖြစ်တဲ့ မြန်မာရုပ်ရှင်ကားအဟောင်းတွေတောင် ဒီလို ကြည့်ချင်စိတ်ပေါက်သွားတယ်။

8:15 PM - ခုရေးနေတုန်း ကြာအုံးမယ်လို့  လာပြောတယ်။ ဟုတ်လားပေါ့။ ဘာပြန်ပြောလို့  ရမှာလဲ။ စောင့်ယုံရှိတာပေါ့။ ကိုယ်တစ်ယောက်တည်းမှ မဟုတ်တာ။ သတ်မှတ်ထားတဲ့ အစီအစဉ်ထဲက အချိန်ထက် ၂ နာရီနောက် ကျနေပြီလို့  ပြောသွားတဲ့အတွက်.. ပြန်ရဖို့ မှန်းထားချိန်ထက် ၂ နာရီနောက်ကျပြီးပြန်ရမှာ သေချာသွားပြီ။

11:00 PM - Firewall ပြဿာနာတတ်နေတယ် ပြောတယ်။ အဆင်ပြေသွားမယ် မျှော်လင့်ရတာပဲ။
From Everything

ပျင်းလာတာနဲ့ စားစရာသွား ယူတယ်။ စားစရာတွေအများကြီးကျန်သေးတယ်။တခြားဟာတွေ မစားချင်တာနဲ့  ထိပ်ဆုံးအိုးကြီးထဲက အရည်ပျစ်ပျစ်တွေကို မြည်းကြည့်တယ်။ ကောက်ညှင်း ငချိတ်တွေပဲ။ အဲဒီလောက်အထိ ပျော့ပြဲပျော်သွားအောင် မလုပ်ပဲ ပေါင်းပြီး စားတော်ပဲပြုတ်လေးနဲ့  ဆို အတော် စားကောင်းမယ်။ ငါးရံ့ခြောက်ဖုတ် ဆီးဆမ်းလေး အပိုပါလိုက်ရင် အတိုင်းထက်အလွန် ဖြစ်သွားမယ်။ အခုဟာက အရသာ မရှိဘူး။ အုန်းနို့ ထည့်စားတာတောင် ပေါ့ရွှတ်ရွှတ်နဲ့ ။ ထည့်လိုက်မိသလောက်ကိုတော့ ကုန်အောင်စားလိုက်ပါတယ်။
From Everything

11:30 PM - ကော်ဖီ၊ လက်ဘက်ရည် နဲ့  မုန့်  လာယူပါတဲ့။ အဲဒါတွေ မသောက်ဘူးဆိုတော့ မိုင်လိုရှိတယ်၊ ညဘက် ဗိုက်ဆာနေလိမ့်မယ် သွားယူလိုက်တဲ့။ ထူးဆန်းသွားလို့  သွားကြည့်တာ အလုပ်ထဲက စက်ကမဟုတ်ဘူး၊ အထုတ်တွေကိုဖျော်ပေးတာမဟုတ်ဘူး၊ အပြင်ကမှာပေးထားတာပဲ။ မိုင်လို တစ်ခွက်ယူခဲ့တယ်။ ဘီစကစ်၊ ပန်းသီး၊ ရှောက်ချိုသီး ရှိတယ်၊ ခေါက်ဆွဲထုတ်ဘူးတွေလည်း ရှိပါတယ် ၊ ဗိုက်ဆာတဲ့ အချိန် လာယူစားကြပါတဲ့။ အင်း.. အခု ကိစ္စအတွက် Budget သတ်မှတ်ချက်က အတော်များတယ်ဆိုတာ ဟုတ်ပေမယ်။

အလုပ်ကိစ္စလား၊ အဆင်မပြေသေးဘူး ပြောတယ်။ အီးမေး အလုပ်လုပ်နေတယ်၊ အင်တာနက် ရနေတာကလွဲရင် တခြားဟာတွေ မရသေးဘူး။ အေးဆေးပေါ့။ ကိုယ်တို့ ရှုပ်ရမယ့် အချိန် မရောက်သေးဘူး။

3:00 AM - လုပ်တုန်းပဲ။

5:00 AM - ကိုယ်တွေလုပ်စရာ တစ်စိတ်တစ်ပိုင်းတော့ ပြီးသွားပြီ။ ကျန်နေသေးတဲ့ အပိုင်းက ဘာမှ ဆက်လုပ်လို့  မရဘူး။ ဒါပေမယ့် ပြန်လို့ မရသေးပါ။ မျိုးကြီးသီချင်း ဖွင့်ရမယ့်အချိန် ပြန်ရောက်သွားပြီ။
ရှာနေတယ်။ ရှာနေတယ်။ တွေ့ ပြီလား။ တွေ့ ပြီလား။


7:45 AM - အိမ်ပြန်ရောက်ပြီ။ အိပ်ချင်စိတ်မရှိဘူး။ ဒါပေမယ့် ညနေ အလုပ်ပြန်သွားရမယ်ဆိုတော့ အိပ်အုံးမှ ဖြစ်မယ်။

April 13, 2010

To get better Healthy Lifestyle

၁။ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးကို အခြားနည်းဖြင့် သုံးစွဲခြင်းများကို ဖြတ်တောက်ပါ။
၂။ အရက်အလွန်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
၃။ အဆီနည်းသော အစားအစာသာ စားသုံးခြင်းအလေ့အား မွေးယူပါ။ ထို့ပြင် ဗီတာမင် အေ၊ စီ နှင့် အီး ပါသော အစားအစာများကို စားသောက်ပါ။ ဘရိုကိုလီ (ပန်းပွင့်အစိမ်း)၊ ပန်းပွင့်ခေါ် ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ပဲပင်ပေါက်တို့ကို စားပါ။
၎။ ဖိုင်ဘာဓာတ်များသော အစားအစာ။
ဥပမာ ဖြူဖွေးအောင် ကြိတ်ဖွတ်မထားသော သီးနှံဖြင့် ပြုလုပ်ထားသည့် အစားအစာတို့ကို စားပါ။ ပေါင်မုန့်ဆိုလျှင် ဖြူဖွေးသော ပေါင်မုန့်ကိုရှောင်ပြီး ပေါင်မုန့်ညိုကို စားပါ။ ဆန်ဆိုလျှင် ဖြူဖွေးသော ဆန်ထက် ပိုပြီး အကုန်အစင် မချွတ်ရသေးသော ဆန်ဖြင့်လုပ်ထားသည့် အစားကို စားပါ။
၅။ အစားအစာတွင် အဆီကို ယေဘူယျ လျှော့နိုင်သမျှ လျှော့ပါ။
၆။ မီးကင်ထားသော၊ မီးခိုးငွေ့ပေးထားသော၊ ဆားနယ်ထားသော အစားအစာကို စားခြင်းမှ ရှောင်ကြဉ်ပါ။
၇။ ၀ဖြိုးခြင်းကို အစားအသောက် ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် လျှော့ချပါ။ ကိုယ် လုံးကို မိမိအရပ်နှင့် လိုက်လျောညီထွေဖြစ်သည့် အလေးချိန်ထက် မပိုပါစေနှင့်။

ဂျူး ၏ သေမင်းကို ရွေးချယ်ခွင့်ရှိခဲ့လျှင် {ကလျာမဂ္ဂဇင်း၊ ၂၀၀၉ ဒီဇင်ဘာ} မှ ကောက်နှုတ်ချက်
Credit to Maya Magazine

ကိုယ့်ဘာသာစဉ်းစားကြည့်တာ
၁၊ ၂ နဲ့  ၇ အတွက် စိုးရိမ်စရာ မရှိဘူး။ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး။ ကိုယ်အလေးချိန်ကိုရှိသင့်တာထက်တောင် နည်းနေတယ် ဆိုရမယ်။ အနည်းဆုံး ၁၅ ပေါင်လောက် တတ်လို့ ရသေးတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖြစ်ရင်တော့ ပိုကောင်းမယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး။ လမ်းများများ လျှောက်ဖြစ်အောင် ကြိုးစားတယ်။ သိပ်မဝေးရင် လမ်းလျှောက်တယ်၊ ရထားနဲ့ သွားရင် စက်လှေခါးကို တော်ရုံ မသုံးဘူး၊ ရိုးရိုးလှေခါးကပဲ တတ်လေ့ ရှိတယ်။ အခု နှစ်တွေမှာ အသက်မှန်မှန်ရှူပြီး ခပ်သွက်သွက် လမ်းလျှောက်တာ အကျင့်တစ်ခုလို ဖြစ်လာတယ်။

၃ နဲ့  ၅ - အစားအသောက်မှ အဆီလျှော့စားရမယ်။ ဟင်းဆို ဟိုးငယ်ငယ်ကတည်းနေ ခုအချိန်အထိ ကြော်တာ၊ ဒါမှမဟုတ် ဆီပြန်ဆိုတာ တွေပဲ စားတတ်တော့ ဆီလျှော့စားဖို့  ဆီနည်းတဲ့ အစားအသောက်တွေ၊ ပြုတ်တာ၊ သုတ်တာတွေ စားတတ်အောင် ကျင့်ရအုံးမယ်။ တခြား အဆီများတဲ့ ကြက်ကြော်တွေဘာတွေလည်း လျှော့စားမှ။ ကြက်ကြော်ဆို ကြိုက်တယ်။ အဲ့ဒါတွေ စားတာကို အရမ်းမလျှော့နိုင်တော့ စားတဲ့ အကြိမ်အရေအတွက်ကိုပဲ လျှော့လိုက်မယ်။ အသီးအရွက်တွေလည်း မကြိုက်ပေမယ့် ကြုံရင်ကြုံသလို၊ အင်း အခုထက်ပိုပြီး မကြုံလည်း ကြုံအောင်လုပ်ပြီး စားဖြစ်အောင် ကြိုးစားရမယ်။

၎ - ပေါင်မုန့် ဆို အညို မကြိုက်၊ အဖြူ နူးညံ့နေမှ ကြိုက်တယ်။ ဆန်ဆို အရမ်းမကောင်တောင် ဆန်ညံ့၊ ဆန်ကြမ်းဆို မစားတတ်ဘူး။ မြိုလို့  မကျဘူး။ ဆန်ညံ့ဆို ထမင်းစားပျက်ရော၊ အနည်းဆုံးတော့ ဖြူဖွေးဆန်လုံးတွေလှနေမှ။ ဂျပန်ဆန်လို့  စေးတာတွေတော့ မကြိုက်ဘူး။ ဒါလည်း နည်းနည်း ဂရုစိုက်ရမယ်။ ထမင်းစားတဲ့နေရာမှာ သူပြောတဲ့ ဆန်မျိုးကို မစားနိုင်တော့ စားနိုင်တဲ့ ဆန်ပဲစားပြီး ထမင်းစားတဲ့အခါ အရမ်းအများကြီး မစားဖြစ်အောင် ဂရုစိုက်တာမျိုးလုပ်တာကောင်းတယ်။ :D တခြား ဖိုင်ဘာများတဲ့ အစားအသောက်တွေ စားဖြစ်အောင် စားရမယ်။

၆ ကလည်း အရမ်းမစားဖြစ်အောင် ရှောင်လို့ ရပါတယ်။ တခြား ဆားနယ်ထားတာတွေတော့ မစားဖြစ်ဘူး။ အကင်တွေကလည်း သူငယ်ချင်းတွေနဲ့ အပြင်သွားမှသာ စားဖြစ်တာ။ တလတခါ မစားဖြစ်တော့ ကိစ္စမရှိလောက် ပါဘူး။ ဒါပေမယ့် ငါးခြောက်ထောင်းကြော်တို့ ၊ ဆီးရွှဲရွှဲလေး ဆမ်းထားတဲ့ ငါးခြောက်ဖုတ်တို့ ကို သိပ်ကြိုက်။ လုံးဝမစားဘူး ရှောင်တယ်ဆိုတာလည်းမလုပ်နိုင်တော့ တန်ဆေး လွန်ဘေးဆိုသလို ဘေးဒုက္ခမဖြစ်အောင်တော့ ကြည့်ရှု့ စားသောက်ရမှာပေါ့။

ဒါက ဆက်တွေးတာ။
အစားစားတဲ့အခါ မြင်သမျှ စားသမျှ အားလုံး သဘောကျဆိုပြီး အကုန်စားရင် သိပ်မကြာပါဘူး ဟိုရှောင်ဒီရှောင်လုပ်ရ၊ ဟိုဟာမစားရဒီဟာမစားရ ဖြစ်ဖို့ က ၁၂၀% သေချာနေပြီ။ အရသာတော့ ကြိုက်တာပေါ့ ဒါပေမယ့် ဘယ်လောက်ကြိုက်ကြိုက် ချင့်ချိန်ပြီး စားတတ်မှ။ ဒါဆို လုံးဝ ရှောင်ရတယ်ဆိုတာ မဖြစ်တော့ဘူး။ နောက်ပြီး အစာမခံတာ ကောင်းတယ်။ အစာခံရင် ပိုစားဖြစ်တယ်။ ဒီလိုနဲ့ စားနိုင်တဲ့ ပမာဏ တိုးလာမယ်။ တခါတလေ ပျင်းပျင်းနဲ့ အရမ်းစာမှ စားဖြစ်တာရှိတယ်။ ဒါလေး နည်းနည်း ထိမ်းရမယ်။ အချိန်မှန် ပုံမှန်ပမာဏ စားတဲ့အကျင့်မျိုး လုပ်မှ။ ရေများများသောက်၊ လမ်းများများလျှောက်၊ ရှူးများများလည်းပေါက်။

နောက်ဆုံး သေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်အတွက် အဓိကလုပ်ရမှာက ဆီလျှော့စားရမယ် ဆိုတာပဲ။

အခု ကျန်းမာပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ၀လည်း အရမ်း မ၀ပါဘူး။

ဒီနေ့  ဂျူးရဲ့ဆောင်းပါလေး ဖတ်ဖြစ်ရင် အခု ဘာမှမဖြစ်ပေမယ့် နောင်ပိုင်းမှာ ကိုလက်စထရောများလို့ ၊ သွေးတိုးလို့ ၊ အရမ်းဝနေလို့  ဟိုဟာ မစား၊ ဒီဟာဆို ရှောင်ရ၊ လေ့ကျင့်ခန်းတွေ အတင်း လုပ်ရ မဖြစ်ရလေအောင် ခုချိန်ထဲက ကိုယ့်စီမှာရှိနေတဲ့ အကျင့်တွေနဲ့ သူရေးထားတာလေးတွေ နှိုင်းယှဉ်တွေးပြီး စဉ်းစားမိခဲ့ပါတယ်။ မစားချင်လို့ မစားတာ၊ စားချင်ရင် စားလို့ ရသေးတယ် ဆိုတာနဲ့  စားချင်စိတ်ရှိတယ် ဒါပေမယ့် လုံးဝ စားလို့ မဖြစ်လို့ ရှောင်လိုက်ရတယ် ဆိုတာ အရမ်းကွာတယ်။ ဒီတော့ ခုချိန်မှာ မ၀ပါဘူး၊ ကျန်းမာနေတယ်ဆိုပြီး ဂရုမစိုက်လို့  မဖြစ်ဘူးလေ။ နှစ်ကာလကြာလေကြာလေ စားထားသမျှတွေ၊ ပေတေထားသမျှတွေ ပိုပေါ်လာလေလေ။ အသက်ကြီးလာတာနဲ့ အမျှ ပိုဝလွယ်လာ၊ ပိုချူချာလာလိမ့်မယ်။ အင်း... အသက်တွေကလည်း မငယ်တော့ဘူး။

April 09, 2010

ပြန်ခဲ့ပါ.. ပြန်ခဲ့ပါ..

ငါဟာအိမ်လွမ်းနေသူလို့  ဆိုလာသူ.... အိမ်လွမ်းနေပါသော မမ တစ်ယောက်သို့ ...း)

စာဥရေ ရွာအရောက်ပြန်ခဲ့ပါ..
သာအေးရေ ရွာအရောက်ပြန်ခဲ့ပါ..
စာဥရေ ရွာအရောက်ပြန်ခဲ့ပါ.. သာအေးရေ ရွာအရောက်ပြန်ခဲ့ပါ..

၂၀၀၉ စာဥ

နေညိုချိန် တိမ်တောက်တဲ့ အခါ ရွာလမ်းနဘေးမှာ
စာဥတို့ သူငယ်ချင်းမတွေ ရေခပ်ဆင်းလို့လာ
သီချင်းလေး သံသာ မရောက်တာကြာပြီ မတွေ့တာကြာပြီ
သတိရလိုက်တာ စာဥရာ..
သူငယ်ချင်းတွေ စုံစုံညီညီ ပြေးလွှားပျော်ပါး ဆော့ကစားခဲ့တဲ့
ရွာဦးက ကုက္ကိုလ်ပင်နားမှာ
ချစ်သူငယ်ချင်း မစာဥရေ နင့်ကိုလွမ်းလို့ မျှော်နေမှာ
စာဥရေ ရွာအရောက် ပြန်ခဲ့ပါ..


April 06, 2010

မေ့သွားတယ်..

မနေ့ က မေ့ပုံများ အမေ့ ကောင်းလို့ တောင် ပြောလို့ ရမယ်။

မနေ့ က နေ့ လယ်ပိုင်း သွားစရာရှိလို့  နေ့ တစ်ဝက်ခွင့်ယူမယ်ပြောတော့ ကိုယ့်အထက်ကလူက ကိစ္စမက မကြာလောက်ဘူး ခွင့်မယူနဲ့  ထမင်းစားချိန်ပြီးတော့ ဆက်သွားလိုက်၊ ညနေ ၄ နာရီလောက်မှ ကိစ္စမပြတ်ဘူးဆို သူစီ အက်စ်အမ်အစ်ပို့ လိုက် ခွင့်တင်ပေးလိုက်မယ်တဲ့။ သဘောကောင်းနေတယ်။ ကိစ္စက မြန်ပါတယ်။ ၂ နာရီခွဲလောက်ပြီး၊ ၃ နာရီလောက် အလုပ်ပြန်ရောက်တယ်။ အဲဒီက စတာပဲ...



အသက်ကြီးလာလို့  မေ့တတ်တာလာလို့ ပြောရင် ကျွန်မထက် အသက်အများကြီး ကြီးတဲ့သူတွေ စိတ်ဆိုးမှာစိုးလို့  မပြောတော့ဘူး။ မေ့တတ်လို့  မေ့တတ်လာတာလို့ ပဲ ပြောတော့မယ်။ အသက်ကြီးကြီး ငယ်ငယ် မေ့တတ်တဲ့သူက ဟိုမေ့ဒီမေ့ မေ့တာပါပဲ။

ရေထဲဆောက်တဲ့ နန်းတော်

မနေ့ ညက အိပ်ချင်စိတ် မရှိတာနဲ့  ဆော့ထားတာ။ ဒီတိုင်း ထက်စာရင် မီးပိတ်ထားတာ ပိုလှတယ်။ အမှောင်ထဲမှာဆို အရုပ်လေးတွေက မီးလင်းနေတယ်။ Mermaid အရုပ်လေးတွေက မျက်လုံးလေးတွေ လှုပ်တယ်။
ရေထဲဆောက်တဲ့ နန်းတော်..


ဒီတစ်ခေါက်ထွက်တဲ့ PS - Treasure Bait ထဲက အ၀တ်တွေ အကောင်လေးမှ ၀တ်ဖို့ အဆင်မပြေဘူး။ တော်ကြာ ရေသူမ လည်း မဟုတ်၊ ရေသူထီး လည်းမဟုတ် ရေသူခြောက် ဖြစ်သွားမယ်။ ရေသူထီးအ၀တ် Pet Society မှာ မရှိသေးဘူး။

April 01, 2010

Another Song

Notting Hill ထဲက နောက်သီချင်း တစ်ပုဒ်။ ဒီသီချင်း နားထောင်ရင်း သူငယ်ချင်းမမ တစ်ယောက်ကို သတိရသွားတယ်။ ဒီသီချင်းနဲ့  သီချင်းဆိုတဲ့သူကို သူ သိပ်ကြိုက်တယ်လေ။ အဲဒီအချိန်က ကျွန်မ ကျောင်းတတ်နေချိန်။ သူငယ်ချင်းက သြော်စီ ကျောင်းတတ်နေတယ်။ အဲဒီသူငယ်ချင်းနဲ့  အွန်လိုင်းမှာတွေ့ လို့  စကားပြောဖြစ်ရင် အဲဒီအဆိုတော် အကြောင်း သူအမြဲပြောနေကြ။ ဘာရယ်မဟုတ် သတိရသွားတာလေးပါ။ အခုရော ကြိုက်သေးလား မသိဘူး။ ကြုံမှ မေးကြည့်ပါအုံးမယ်။

ဒီသီချင်းက ထွက်တဲ့အချိန်တိုင်း နာမည်ကြီးခဲ့တာပဲ။ အရင်က Notting Hill ထဲက Ronan Keating ဆိုတာကိုပဲ နားထောင်ဖူးခဲ့တာ။ အခုလိုက်ရှာ နားထောင်ကြည့်တော့ Keith Whitley နဲ့  Alison Kraus ဆိုထားတာတွေလည်း ကောင်းတယ်။ Alison Krauss ဆိုတာထက်စာရင် Keith Whitley ဆိုထားတာကို ပိုကြိုက်တယ်။

Please Note : 1st of April

ဒီမနက် အခန်းတံခါးဝ တံခါးဖွင့်ဖို့  ကတ်ဖြတ်တဲ့ နေရာအပေါ်မှာ အနီရောင်မျှားပုံနဲ့  စာတမ်းတစ်ခု ကပ်ထားတာတွေ့ လို့  ဘာများလဲဆို ဖတ်မိပါတယ်။ အရင်က အဲဒီနေရာမှာ ဘာမှမရှိဘူးလေ။ ရေးထားတဲ့ စာက သိပ်မထူးဆန်းပါဘူး။ ဒီလိုပုံစံ ခပ်ဆင်ဆင် စာသားတွေက အမြဲမြင်နေကြပဲ။ ဒါပေမယ့် အောက်နားက အ၀ါရောင် နုတ်လေးဖတ်ပြီး ပြုံးမိသွားတယ်။ ဒီလိုနေ့ မျိုးမှာ ဘာလာပြောပြော မယုံဘူးဆိုတဲ့ သူတွေကို ကြောက်တယ် ထင်တယ်။
From ThePhotoILike

Please Note: This is not an April Fools' Day Joke!

ဒါနဲ့  ဒီနေ့  ဟိုနေရာသွားလည်း April Fools၊ ဒီနေရာသွားလည်း April Fools၊ Website တွေသွားလည်း April Fools၊ Application တွေမှာလည်း April Fools၊ Game တွေမှာလည်း April Fools..... အင်း... အားလုံး အရူးတွေကြီး ပါပဲလား။ ဘယ်သူက တမူးသာမလဲ မသိဘူး။ ဒီလိုနေ့ မျိုး မွေးတဲ့သူကတော့ သာမှာ သေချာပါတယ်။