Pages

Showing posts with label Notes. Show all posts
Showing posts with label Notes. Show all posts

January 30, 2012

....

ကိုယ် လဲ သူမပိုင်
သူ့ကို လဲ ကိုယ်မပိုင်
ဘယ်သူ့ကိုမှ ဘယ်သူ မပိုင်
ကိုယ့် ကိုယ် ကိုယ်မှ ကိုယ်မပိုင်
ဖြစ်ချိန်တန်လျှင် ကံအတိုင်းဖြစ်
ပစ္စည်းကိုလဲ လူကပစ်
လူကိုလဲ ပစ္စည်းကပစ်
မမြဲတဲ့ အနိစ္စအစစ်
ကြောက်စရာကောင်းတဲ့ ဒုက္ခအစစ်
အစိုးမရတဲ့ အနတ္တ အစစ်။

(မစ္ဇျိမ ပဏ္ဏာသ ရဌပါလသုတ် မြန်မာပြန်)


မရွှေဇင်ဦး ဘလော့မှာ ရှယ်ယာလုပ်ပေးထားတဲ့ သော်တာဆွေ ရေးသားသော ငွေကိုလေလိုသုံးသူ(မိုးကုတ်မြမောင် အကြောင်း) ၀တ်ထုတိုမှ ဖတ်မိပြီးတာလေးပါ။

April 13, 2010

To get better Healthy Lifestyle

၁။ ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးကို အခြားနည်းဖြင့် သုံးစွဲခြင်းများကို ဖြတ်တောက်ပါ။
၂။ အရက်အလွန်သောက်ခြင်းကို ရှောင်ကျဉ်ပါ။
၃။ အဆီနည်းသော အစားအစာသာ စားသုံးခြင်းအလေ့အား မွေးယူပါ။ ထို့ပြင် ဗီတာမင် အေ၊ စီ နှင့် အီး ပါသော အစားအစာများကို စားသောက်ပါ။ ဘရိုကိုလီ (ပန်းပွင့်အစိမ်း)၊ ပန်းပွင့်ခေါ် ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ပဲပင်ပေါက်တို့ကို စားပါ။
၎။ ဖိုင်ဘာဓာတ်များသော အစားအစာ။
ဥပမာ ဖြူဖွေးအောင် ကြိတ်ဖွတ်မထားသော သီးနှံဖြင့် ပြုလုပ်ထားသည့် အစားအစာတို့ကို စားပါ။ ပေါင်မုန့်ဆိုလျှင် ဖြူဖွေးသော ပေါင်မုန့်ကိုရှောင်ပြီး ပေါင်မုန့်ညိုကို စားပါ။ ဆန်ဆိုလျှင် ဖြူဖွေးသော ဆန်ထက် ပိုပြီး အကုန်အစင် မချွတ်ရသေးသော ဆန်ဖြင့်လုပ်ထားသည့် အစားကို စားပါ။
၅။ အစားအစာတွင် အဆီကို ယေဘူယျ လျှော့နိုင်သမျှ လျှော့ပါ။
၆။ မီးကင်ထားသော၊ မီးခိုးငွေ့ပေးထားသော၊ ဆားနယ်ထားသော အစားအစာကို စားခြင်းမှ ရှောင်ကြဉ်ပါ။
၇။ ၀ဖြိုးခြင်းကို အစားအသောက် ရှောင်ကြဉ်ခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့် လျှော့ချပါ။ ကိုယ် လုံးကို မိမိအရပ်နှင့် လိုက်လျောညီထွေဖြစ်သည့် အလေးချိန်ထက် မပိုပါစေနှင့်။

ဂျူး ၏ သေမင်းကို ရွေးချယ်ခွင့်ရှိခဲ့လျှင် {ကလျာမဂ္ဂဇင်း၊ ၂၀၀၉ ဒီဇင်ဘာ} မှ ကောက်နှုတ်ချက်
Credit to Maya Magazine

ကိုယ့်ဘာသာစဉ်းစားကြည့်တာ
၁၊ ၂ နဲ့  ၇ အတွက် စိုးရိမ်စရာ မရှိဘူး။ ဆေးလိပ်မသောက်ဘူး၊ အရက်မသောက်ဘူး။ ကိုယ်အလေးချိန်ကိုရှိသင့်တာထက်တောင် နည်းနေတယ် ဆိုရမယ်။ အနည်းဆုံး ၁၅ ပေါင်လောက် တတ်လို့ ရသေးတယ်။ လေ့ကျင့်ခန်း မှန်မှန်လုပ်ဖြစ်ရင်တော့ ပိုကောင်းမယ် ဒါပေမယ့် မလုပ်ဖြစ်ဘူး။ လမ်းများများ လျှောက်ဖြစ်အောင် ကြိုးစားတယ်။ သိပ်မဝေးရင် လမ်းလျှောက်တယ်၊ ရထားနဲ့ သွားရင် စက်လှေခါးကို တော်ရုံ မသုံးဘူး၊ ရိုးရိုးလှေခါးကပဲ တတ်လေ့ ရှိတယ်။ အခု နှစ်တွေမှာ အသက်မှန်မှန်ရှူပြီး ခပ်သွက်သွက် လမ်းလျှောက်တာ အကျင့်တစ်ခုလို ဖြစ်လာတယ်။

၃ နဲ့  ၅ - အစားအသောက်မှ အဆီလျှော့စားရမယ်။ ဟင်းဆို ဟိုးငယ်ငယ်ကတည်းနေ ခုအချိန်အထိ ကြော်တာ၊ ဒါမှမဟုတ် ဆီပြန်ဆိုတာ တွေပဲ စားတတ်တော့ ဆီလျှော့စားဖို့  ဆီနည်းတဲ့ အစားအသောက်တွေ၊ ပြုတ်တာ၊ သုတ်တာတွေ စားတတ်အောင် ကျင့်ရအုံးမယ်။ တခြား အဆီများတဲ့ ကြက်ကြော်တွေဘာတွေလည်း လျှော့စားမှ။ ကြက်ကြော်ဆို ကြိုက်တယ်။ အဲ့ဒါတွေ စားတာကို အရမ်းမလျှော့နိုင်တော့ စားတဲ့ အကြိမ်အရေအတွက်ကိုပဲ လျှော့လိုက်မယ်။ အသီးအရွက်တွေလည်း မကြိုက်ပေမယ့် ကြုံရင်ကြုံသလို၊ အင်း အခုထက်ပိုပြီး မကြုံလည်း ကြုံအောင်လုပ်ပြီး စားဖြစ်အောင် ကြိုးစားရမယ်။

၎ - ပေါင်မုန့် ဆို အညို မကြိုက်၊ အဖြူ နူးညံ့နေမှ ကြိုက်တယ်။ ဆန်ဆို အရမ်းမကောင်တောင် ဆန်ညံ့၊ ဆန်ကြမ်းဆို မစားတတ်ဘူး။ မြိုလို့  မကျဘူး။ ဆန်ညံ့ဆို ထမင်းစားပျက်ရော၊ အနည်းဆုံးတော့ ဖြူဖွေးဆန်လုံးတွေလှနေမှ။ ဂျပန်ဆန်လို့  စေးတာတွေတော့ မကြိုက်ဘူး။ ဒါလည်း နည်းနည်း ဂရုစိုက်ရမယ်။ ထမင်းစားတဲ့နေရာမှာ သူပြောတဲ့ ဆန်မျိုးကို မစားနိုင်တော့ စားနိုင်တဲ့ ဆန်ပဲစားပြီး ထမင်းစားတဲ့အခါ အရမ်းအများကြီး မစားဖြစ်အောင် ဂရုစိုက်တာမျိုးလုပ်တာကောင်းတယ်။ :D တခြား ဖိုင်ဘာများတဲ့ အစားအသောက်တွေ စားဖြစ်အောင် စားရမယ်။

၆ ကလည်း အရမ်းမစားဖြစ်အောင် ရှောင်လို့ ရပါတယ်။ တခြား ဆားနယ်ထားတာတွေတော့ မစားဖြစ်ဘူး။ အကင်တွေကလည်း သူငယ်ချင်းတွေနဲ့ အပြင်သွားမှသာ စားဖြစ်တာ။ တလတခါ မစားဖြစ်တော့ ကိစ္စမရှိလောက် ပါဘူး။ ဒါပေမယ့် ငါးခြောက်ထောင်းကြော်တို့ ၊ ဆီးရွှဲရွှဲလေး ဆမ်းထားတဲ့ ငါးခြောက်ဖုတ်တို့ ကို သိပ်ကြိုက်။ လုံးဝမစားဘူး ရှောင်တယ်ဆိုတာလည်းမလုပ်နိုင်တော့ တန်ဆေး လွန်ဘေးဆိုသလို ဘေးဒုက္ခမဖြစ်အောင်တော့ ကြည့်ရှု့ စားသောက်ရမှာပေါ့။

ဒါက ဆက်တွေးတာ။
အစားစားတဲ့အခါ မြင်သမျှ စားသမျှ အားလုံး သဘောကျဆိုပြီး အကုန်စားရင် သိပ်မကြာပါဘူး ဟိုရှောင်ဒီရှောင်လုပ်ရ၊ ဟိုဟာမစားရဒီဟာမစားရ ဖြစ်ဖို့ က ၁၂၀% သေချာနေပြီ။ အရသာတော့ ကြိုက်တာပေါ့ ဒါပေမယ့် ဘယ်လောက်ကြိုက်ကြိုက် ချင့်ချိန်ပြီး စားတတ်မှ။ ဒါဆို လုံးဝ ရှောင်ရတယ်ဆိုတာ မဖြစ်တော့ဘူး။ နောက်ပြီး အစာမခံတာ ကောင်းတယ်။ အစာခံရင် ပိုစားဖြစ်တယ်။ ဒီလိုနဲ့ စားနိုင်တဲ့ ပမာဏ တိုးလာမယ်။ တခါတလေ ပျင်းပျင်းနဲ့ အရမ်းစာမှ စားဖြစ်တာရှိတယ်။ ဒါလေး နည်းနည်း ထိမ်းရမယ်။ အချိန်မှန် ပုံမှန်ပမာဏ စားတဲ့အကျင့်မျိုး လုပ်မှ။ ရေများများသောက်၊ လမ်းများများလျှောက်၊ ရှူးများများလည်းပေါက်။

နောက်ဆုံး သေချာစဉ်းစားကြည့်လိုက်တဲ့အခါ ကိုယ့်အတွက် အဓိကလုပ်ရမှာက ဆီလျှော့စားရမယ် ဆိုတာပဲ။

အခု ကျန်းမာပါတယ်။ ဘာမှ မဖြစ်ပါဘူး။ ၀လည်း အရမ်း မ၀ပါဘူး။

ဒီနေ့  ဂျူးရဲ့ဆောင်းပါလေး ဖတ်ဖြစ်ရင် အခု ဘာမှမဖြစ်ပေမယ့် နောင်ပိုင်းမှာ ကိုလက်စထရောများလို့ ၊ သွေးတိုးလို့ ၊ အရမ်းဝနေလို့  ဟိုဟာ မစား၊ ဒီဟာဆို ရှောင်ရ၊ လေ့ကျင့်ခန်းတွေ အတင်း လုပ်ရ မဖြစ်ရလေအောင် ခုချိန်ထဲက ကိုယ့်စီမှာရှိနေတဲ့ အကျင့်တွေနဲ့ သူရေးထားတာလေးတွေ နှိုင်းယှဉ်တွေးပြီး စဉ်းစားမိခဲ့ပါတယ်။ မစားချင်လို့ မစားတာ၊ စားချင်ရင် စားလို့ ရသေးတယ် ဆိုတာနဲ့  စားချင်စိတ်ရှိတယ် ဒါပေမယ့် လုံးဝ စားလို့ မဖြစ်လို့ ရှောင်လိုက်ရတယ် ဆိုတာ အရမ်းကွာတယ်။ ဒီတော့ ခုချိန်မှာ မ၀ပါဘူး၊ ကျန်းမာနေတယ်ဆိုပြီး ဂရုမစိုက်လို့  မဖြစ်ဘူးလေ။ နှစ်ကာလကြာလေကြာလေ စားထားသမျှတွေ၊ ပေတေထားသမျှတွေ ပိုပေါ်လာလေလေ။ အသက်ကြီးလာတာနဲ့ အမျှ ပိုဝလွယ်လာ၊ ပိုချူချာလာလိမ့်မယ်။ အင်း... အသက်တွေကလည်း မငယ်တော့ဘူး။

February 08, 2010

Lost Generation by Jonathan Reed

Which generation do you belong in?

Jonathan Reed's - Lost Generation from Rock Church


I am part of a lost generation
and I refuse to believe that


There is hope.

And all of this will come true unless we choose to reverse it .

October 19, 2009

Life Is ....

Life is About Choices and the Decisions We Make
By
Kim and Charels Petty

Source : PopularArticles.com



Thanks for this artical

September 09, 2009

To be careful about what you post ..

President Obama warned American teenagers on Tuesday of the dangers of putting too much personal information on Internet social networking sites..

*** *** *** *** ***

Taking part in a question-and-answer session with a group of 14- and 15-year-old school students, Obama was asked by one pupil for some advice on becoming U.S. president.

"Well, let me give you some very practical tips. First of all, I want everybody here to be careful about what you post on Facebook, because in the YouTube age, whatever you do, it will be pulled up again later somewhere in your life" Obama said.

"And when you're young, you make mistakes and you do some stupid stuff....


Read More...

-----
Thanks for sharing it..

July 20, 2009

စာဖတ်သူတစ်ဦး၏ မှတ်စု

ဖတ်မိလို့  မှတ်မိတဲ့ စာသား။


ငါ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ အရာရာကို ထားခဲ့ရတာပဲ။
သူ မရှိရင် မဖြစ်ဘူးလို့ ထင်ထားတဲ့သူတွေလည်း အချိန်တန်တော့ ရဲရင့်လိုက်ရတာပါပဲ။

နေးတစ်ကလူတွေကတော့ ဒီစာတွေကို သိနေကြမှာပါ။ နေးတစ်ဖိုရမ် မန်ဘာ မnwaihninn ရဲ့ Signature မှာ ရေးထားတဲ့ စာသားတွေပါ။သူမ ကိုယ်တိုင် ရေးသားထားတဲ့ စာသားတွေလို့ ထင်ပါတယ်။

May 31, 2009

လူဆိုတာ....

လူဆိုတာ မေ့တတ်တယ်တဲ့။
တကယ်တော့ ကိုယ်မေ့ချင်မှ မေ့လို့ ရတာ ထင်ပါရဲ့။
မမေ့ချင်တဲ့ကိစ်စဆိုရင် ဟိုး... အိုမင်းတွင်းဆုံးအထိ သတိရနေရော....

နှင်းခဲပျော်ချိန်
(ဘာသာပြန်သူ .. ကျော်ဝင်း)

March 07, 2009

စာဖတ်သူတစ်ဦး၏ မှတ်စု

.... နေရာတကာ လွတ်လပ်ခွင့် ပေးထားလို့လည်း မရ။
.... ဟိန်းလား ဟောက်လား တင်းကျပ်လား၊ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရ ဆိုလို့လည်း မဖြစ်။

တစ်ခါတစ်ရံ ချော့ရမည်။
တစ်ခါတစ်ရံ ရှင်းပြရမည်။
တစ်ခါတစ်ရံ ဆူပူကြိမ်းမောင်းရမည်။
တစ်ခါတစ်ရံ မသိလိုက် မသိဖာသာနေရမည်။

မင်းလူ

December 16, 2008

Secrets to Success

Precious Moments' Inspirations က ပို့ ပေးတဲ့ အီးမေးကနေ တစ်ဆင့် "Shot of inspiration - Secrets to Success" ဆိုတဲ့ Movie လေး ကြည့်ဖြစ်တယ်။ ၃ မိနစ်လောက်ပဲ ကြာတယ်။ Mary Kay Cosmetics ကို တည်ထောင်ခဲ့သူ Mary Kay Ash လို့  အမည်ရတဲ့ အမေရိကန် အမျိုးသမီး တစ်ဦး ပြောကြားခဲ့တဲ့ အောင်မြင်မှု့ အတွက် လျှို့ ဝှက်ချက် တချို့  ကို ပုံလေးတွေ နဲ့  ဖော်ပြထားတာ။
No Glass Ceiling, Just Blue Sky
Secrets to Success?
Believe and achieve.
Do more than is expected.
Build relationships.
Respect all people.
Keep your goals in sight.
Know the power of encouragement.
Make the right choice.
Remove the chain that bind you.
Know the power of kindness.
Commit to Excellence.
Keep the faith.
Find balance.
Take Action.
Lead yourself.
Make a difference with your life.
Learn to serve.

December 14, 2008

ယုံကြည်မှု

ယုံကြည်မှု ကို အလကားမရပါဘူး။ တစ်ခဏချင်းလည်း မရနိုင်ပါဘူး။ ယုံကြည်မှုအတွက် တည်ဆောက်ယူရပါတယ်။ အချိန် အတိုင်းအတာ တစ်ခု ပေးဆပ်ရပါတယ်။

၁။ ပွင့်လင်းမှု (Practice Openess)
၂။ မျှတမှု (Promote fairness)
၃။ ခံစားမှု (Express feeling)
၎။ ယုံကြည်မှု (Keep Confidence)
၅။ တစ်သမတ်ဖြစ်မှု (Be consistant)
၆။ ကတိစကားတည် (Keep promise)
၇။ အမှန်ပြော (Tell the truth)
၈။ အရည်အသွေးပြ (Show competence)

ပြောတဲ့အတိုင်း မလုပ်ရင် ယုံကြည်မှု မရပါ၊ မျှတမှု မရှိလျှင်လည်း ယုံကြည်မှု တည်ဆောက်လို့  မရပါ။ တောက်ပတဲ့ အရည်အသွေး မရှိရင်လည်း "ယုံပါ" လို့ ပြောရုံ နဲ့  ယုံကြည်မှု ကို မရပါ။ "ယုံစရာ" ရှိအောင် လုပ်နိုင်မှ ယုံကြည့်မှု ရမှာ ဖြစ်ပါတယ်။ ယုံကြည်ခံရမှု နဲ့  ခေါင်းဆောင်ဟာ တစ်သားမတ်တည်း ကျနေပါမယ်။

စာဖတ်သူတစ်ဦး၏ မှတ်စု... ယုံကြည်မှုနှင့် ခေါင်းဆောင် မှ ....
စိန်ခေါ်မှု များနှင့်အတူ - ဒေါက်တာနေဇင်လတ်

September 06, 2008

စာဖတ်သူတစ်ဦး ၏ မှတ်စု

၀၀စား၊
ဝေးဝေးနေ၊
ဝင်မရှုပ်နဲ့ ၊
ဝရုန်းသုန်းကားတွေ
ဖြစ်ကုန်မယ်။

မင်းသိင်္ခ

အခုအိမ်မှာ မင်းသိင်္ခ ၀တ္ထုတွေ တွေ့ တာနဲ့  လျှောက်ဖတ်ကြည့်ရင်း မြနန်းနွယ် ၀တ္ထုထဲမှာပါတဲ့ ဒီစာသားလေးကို သဘောကျ သွားတယ်။ အဲဒီ စာအုပ်မရတော့ စာရေးဆရာက ကိုယ်နဲ့  မဆိုင်တဲ့ ကိစ္စတွေမှာ ၀င်မရှုပ်ရဘူး ဆိုတဲ့ အကြောင်းကို အဓိကပြောချင်တာလို့  ထင်ပါတယ်။ ထိပ်ဆုံးက စာလုံး "၀၀စား" ဆိုတာကို ဖတ်ပြီး ဒီစာသားတွေကို သဘောကျသွားတယ်။ အခု ရက်ပိုင်း အစားအသောက်ကို အချိန်မှန်နဲ့  ၀၀ စားဖို့ လို နေတယ်။ မနက်၊ နေ့ လည်၊ ညစာ တစ်နေ့  အနည်းဆုံး ၃ ခါတော့ စားမှ ဖြစ်တော့တယ်။ စားတဲ့အခါလည်း အရင်ကလုပ်သလို လွယ်လွယ် ရှိတဲ့ မုန့် လေးလောက် စားလိုက်တာမျိုး၊ ဘာမှမရှိရင် မစားပဲ နေလိုက်တာမျိုးတွေ လုပ်လို့  မရတော့ဘူး။ တစ်ခုခု မစားပဲ နေလိုက်မိရင် အဲဒီ မစားဖြစ်တဲ့ အရှိန်နဲ့  နောက်အချိန်တွေမှာ ဆက်စားလို့ မရ နေလို့ မကောင်း၊ အစားအသောက် ပျက်တာတွေ ဆက်ဖြစ်ရော။ ဘာပဲဖြစ်ဖြစ် ဒီဟာလေးကို ဘဘောကျလို့  မှတ်ထားလိုက်တယ်..

June 01, 2008

အကြည်ဓာတ်ကလေးရှိနေမှ.

သီချင်းတစ်ပုဒ် ဖန်တီးတယ်ဆိုတာ
စိတ်ထဲမှာ အကြည်ဓာတ်ကလေးရှိနေမှ...
ဒီအကြည်ဓာတ်ကလေးနဲ့  စိုစွတ်နေမှ...
ရေးလို့ ကောင်းတာပါ...
အကြည်ဓာတ်ခန်းတဲ့ အခါကြတော့ မရေးချင်တော့ဘူး..
ထူးအိမ်သင်

ထူးအိမ်သင်က အကြည်ဓာတ်ခန်းတဲ့ အခါ သီချင်းမရေး ချင်ဘူးလို့ ပြောခဲ့တယ်။ သီချင်းရေးတာမှ မဟုတ်ပါဘူး၊ စိတ်ရဲ့ အကြည်ဓာတ်လေးခန်းနေရင် ဘယ်အရာမှ လုပ်တာကိုင်တာ အဆင်မပြေ နိုင်ပါဘူး။ လုပ်ချင် စိတ်မှ မရှိတာ။ စိတ်ကို အခြေခံလုပ်ရတဲ့ ကိစ္စတွေမှာဆို ပိုပြီး သိသာမှာပါ။ စိတ်ထဲမှာ အကြည်ဓာတ်လေး ရှိနေပါမှ....

May 25, 2008

Are we Growing Up?

ဆရာတော် ဦးဇောတိက ဟောတဲ့ တရားထဲက အပိုင်းအစ တစ်ခု...
Growing Old is different from Grown Up;
Growing Old = getting older day by day
Grown Up = getting more mature spiritually (your way of thinking + elegant action + art of living)
though we know the definitions, we are never too careful about it's meaning.

Credit to Anatta

April 20, 2008

စာဖတ်သူတစ်ဦး ၏ မှတ်စု

ကိုယ့်စိတ်ထဲ မတော်မှန်းသိတဲ့ အပြစ်တစ်ခုကို မကျူးလွန်းမိစေနဲ့ ။ မကျူးလွန်ဖြစ်အောင် ချုပ်တည်းလို့ ဖြစ်စေ၊ ရှောင်ရှားလို့  ဖြစ်စေ နေလိုက်ကြပါ။ မဟုတ်ရင် ကိုယ်လိပ်ပြာက ကိုယ့်ပြန်နှောက်ယှက်တာဟာ မူလ ကျူးလွန်မိရတာမျှမက အလွန် ၀န်လေး နေတတ်တယ်။

လူထုဒေါ်အမာ "လွမ်းသူ့ စာ" စာအုပ်မှ

အစ်ကိုကြီး ကိုအော်လံမောင်ရဲ့ စာဖတ်သူတစ်ဦး ၏ မှတ်စု တွေကို သဘောကျနှစ်သက်လို့  အမြဲသတိထား ဖတ်ဖြစ်နေရင်း ကျွန်မ ဖတ်မိတဲ့ စာအုပ်တွေထဲက နှစ်သက်တာလေးတွေ ရှိရင်လည်း မေ့မသွားအောင် မှတ်ထားဖို့  စဉ်းစားမိတယ်။

April 03, 2008

T.G.T.I.F (or) T.G.T.F

ဒီနေ့  ကျွန်မ ရဲ့ Gtalk Status ကို ကြည့်ပြီး ဘာပြောတာလဲ မေးကြသူများ၊ ဒီနေ့  သောကြာနေ့ မဟုတ်သေးဘူးလို့  ပြောကြသူများ အတွက် ရှင်းလင်းချက်လေး ပေးချင်လို့  ဒီပိုစ့်ကို ရေးလိုက်တာပါ။ :D ကျွန်မ တင်ထားတဲ့ Status က T.G.I.F ( Thank God It's Friday) မဟုတ်ပါဘူး။ T.G.I.F က မနက်ဖြန် သောကြာနေ့ မှ ရေးလို့ ရမှာလေ။ အခု ကျွန်မ ရေးထားတာက ဒီနေ့  ကြာသာပတေး (Thrusday) အတွက်၊ သေသေချာချာ ရေးတင်တဲ့ Status ...
T.G.T.I.F
Thank God Tomorrow Is Friday

T.G.T.F
Thank God Tomorrow's Friday

ဒီနေ့  ကြာသပတေးနေ့ ဆိုတော့ မနက်ဖြန် သောကြာနေ့ ..

March 26, 2008

နောင်အခါလာ နောင်အခါဈေး လုပ်လို့မရ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ၈၈-မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ပြောကြားချက်
( ဒေါက်တာလွဏ်းဆွေဘလော့မှ ကူးယူဖော်ပြသည်)
နိုင်ငံရေးဖြေရှင်းမှု ဆိုတဲ့အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အယူအဆဟာ Social Contract Theory ပါ။ တယောက်နဲ့ တယောက် ပဋိညာဉ်ပြုတဲ့ လွတ်လပ်တဲ့ သဘောဆန္ဒနဲ့ ချုပ်ဆို ကြတဲ့ Contract ပါ။ အဲဒါကို ဘာမှမှ မလုပ်နိုင်ဘဲကွာ အရှုံးသာ ပေးလိုက်ပါတော့ ဆိုတာက အဲတော့ ကျနော်တို့က အရှုံးပေးလိုက်လို့ ကျနော်တို့ ပြည်သူတွေဟာ အခုရေတွင်းတူး အခုရေကြည် မသောက်ပါဘူး။ ကျနော်တို့ကလည်း ဒီလောက် အလောမကြီးဘူး။ တဖြေးဖြေး ပြုပြင်နိုင်တဲ့ အခွင့်အလမ်းမျိုး တွေ ရမလားဆိုတာကိုလည်း ကျနော်တို့က တလျှောက်လုံး မျှော်လင့်နေတယ်။ ကျနော်တို့ ကြိုးစားနေတယ်။ အခုဟာက လူထုကနေ ရွေးချယ်သမျှ ကိုယ်စားလှယ်အားလုံး တနည်းအားဖြင့် တိုင်းရင်းသားတွေ လူထုတွေ သန်း ၅၀ စလုံးက ပြင်ချင်ပါတယ် ဆိုရင်တောင်မှ စစ်ခေါင်းဆောင်က သဘောတူမှ ပြင်လို့ရမယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့က ဒါကိုမှ သတိမပြုဘူး ဂရုမစိုက်ဘူးဆိုရင် နောင်အခါလာ နောင်အခါဈေး ဆိုရင် တဖက်က တပ်မတော်ရဲ့ အခြေခံမူတွေထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်နဲ့လဲပြီး ကာကွယ် စောင့်ရှောက်မယ်လို့ သူက ပြောထားတယ်။ အဲဒီတော့ နောင်တချိန် ပြင်ချင်ရင် ကျနော်တို့ နောင်လာ နောက်သားတွေကလည်း အသက်နဲ့ လဲပြီးတော့ ပြင်ကြ ဆိုပြီးတော့ ကျနော်တို့ ကလေးတွေကို ဒီလိုမျိုး သေကြေဒဏ်ရာရမယ့် လမ်းပေါ်မှာ သေကြေရမယ့် အခြေအနေမျိုးကို ကျနော်တို့ ခွင့်မပြုနိုင်ပါဘူး။ နောင်အခါလာ နောင်အခါဈေး လုပ်လို့မရတဲ့ အချိန်ဆိုတာကို ကျနော်သတိပေးချင်တာပါ။
(---- ဘီဘီစီ၏ " မြန်မာ့အရေး ကမ္ဘာ့အရေး" အစီအစဉ်တွင် ဖြေကြားချက်)

Credit to THKZ
Source : DrLunSwe's Blog

October 26, 2007

How to stay Young

အသက်ကြီး လာလေလေ၊ ပိုပြီး အရွယ်တင် ငယ်ချင်လေလေ ဆိုတာ သိပ်မှန်တာပဲ။ ဆုံးရှံးသွားတဲ့၊ နောက် တဖန် ပြန်လည်မရနိုင်တော့တဲ့ အရာတွေကိုမှ ပြန်ပြီးလိုချင်နေတတ်တာ လူ့ သဘာဝလား မသိဘူး။ ကျွန်မ ပြောတာ မယုံရင် လူအတော် များများကို ပြောကြည့်ပါလား။ သူတို့  ရှိရင်းစွဲအသက်ထက် ငယ်တယ်၊ အရွယ်တင်တယ်၊ နုပျိုနေတယ်ပြောလိုက်ရင် အားလုံးက အနည်းနဲ့  အများတော့ နှစ်သက် သဘောကျကြ သွားကြတာကို တွေ့ ရမှာပဲ။ အဲ... ရှိရင်းစွဲအသက်ထက် ပိုပြီး အိုစာနေတယ်လို့ တော့ သွားမပြော မိလိုက်ပါနဲ့ ။ အများစုက ယဉ်ကျေးမှု့ အရ ဘာမှမပြောပဲ ပြုံးနေတောင် စိတ်ထဲတော့ သိပ်ကြည်ကြမယ် မထင်ဘူး။
အမှန်ပြောရင် ကျွန်မကတော့ လူကဲခက်တာတို့ ၊ သူတပါးရဲ့ အသက်အရွယ်မှန်းတာတို့ ဆို မကျွမ်းကျင်တဲ့ ဘယ်သူ့  အသက်ကို လာမှန်းခိုင်းမှန်းခိုင်း ဖြေလေ့မရှိဘူး။ တမင်ရှောင်တာတော့ မဟုတ်ပါဘူး။ တကယ်မသိလို့  မဖြေတာ ပိုကောင်းတယ်ထင်ပြီး ဖြေလေ့မရှိတာပါ။ ဒါပေမယ့် သူတို့ အသက်တွေ ပြောပြလို့  အရွယ်တင်တယ် ထင်ရင်တော့ အရွယ်တင်တယ်၊ ရှိရင်းစွဲအသက်ထက် ကြီးနေတယ် ထင်ရတယ်၊ ဘယ်လိုမှ မထင်ဘူးဆိုတဲ့ အခါတွေတော့ ဘာမှ မပြောပဲ တိတ်တိတ်လေး နေတတ်ပါတယ်။ :D

ဒါနဲ့  ခုနောက်ပိုင်း အလုပ်ရှုပ်၊ စိတ်ရှုပ်၊ ကိုယ်က မနေတတ်လို့ လားမသိဘူး သူများပြောစရာမလို၊ ကိုယ့်ဟာကို မှန်ထဲပြန်ကြည့်ယုံနဲ့ တောင် ကိုယ်ဟာ အဘွားကြီးအိုလေးနဲ့ တူနေကြောင်း သိနေတယ်။ ဒီရက်ပိုင်း တွေ့ တဲ့ သူငယ်ချင်းတိုင်းကလည်းပြောတယ်။ ပိန်လိုက်တာတဲ့။ အိုစာနေပြီလို့ တော့ စိတ်ဆိုးမှာစိုးလို့  ထင်တယ် မပြောကြပါဘူး။ အင်း.. အသက်ကလည်း တစ်နှစ်ထက်တစ်နှစ် တိုးပြီး ကြီးလာဖို့ သာရှိလေတော့ ဟိုး ငယ်ငယ်ကလို နုပျိုမှု့ မျိုးတွေဆိုတာလည်း ဘယ်ရှိတော့မလဲ။ လောဘ၊ မောဟ၊ ဒေါသတွေကလည်း များဆိုတော့ ပိုဆိုးတာပေါ့။ နောက်ပြီး Stress ဆိုတာမျိုးတွေကလည်း အတော်ကြောက်ဖို့ ကောင်းသား။

အရွယ်ငယ်တယ် မထင်ရတောင် ရှိရင်းစွဲအသက်ထက် အများကြီး ပိုကြီးနေတာမျိုးဖြစ်နေတာကိုတော့ မကြိုက်ပါဘူး။ အရွယ်တင် နုပျိုအောင် အလှအပပြင်ဖို့ တွေးမိပေမယ့် စိတ်မ၀င်စားယုံမက၊ လုပ်လည်း မလုပ်တတ်ဘူး။ ဒီလို ဒီလို အမှန်တရားတွေကို သိမြင်၊ နုပျိုအောင် နေဖို့ ရာ နည်းလမ်းတွေကို ရှာဖွေနေချိန်မှာ သူငယ်ချင်း တစ်ယောက် ပို့ ပေးတဲ့ "How to Stay Young" ဆိုတဲ့ အီးမေးလေးကို ကြည့်ပြီး သဘောကျ သွားတယ်။ ခုနောက်ပိုင်းတော့ အဲဒီထဲမှာ ပြောထားသလို နေနိုင်အောင် ကြိုးစားမှ ဖြစ်တော့မယ်....

HOW TO STAY YOUNG
1. Throw out nonessential numbers. This includes age, weight and height.
Let the doctors worry about them. That is why you pay them.

2. Keep only cheerful friends.
The grouches pull you down. (keep this In mind if you are one of those grouches;)

3. Keep learning:
Learn more about the computer, crafts, gardening, whatever. Never let the brain get idle. "An idle mind is the devil's workshop." And the devil's name is Alzheimer's!

4. Enjoy the simple things.

5. Laugh often, long and loud. Laugh until you gasp for breath.
And if you have a friend who makes you laugh, spend lots and Lots of time with HIM/HER.

6. The tears happen:
Endure, grieve, and move on. The only person who is with us our entire life, is ourselves. LIVE while you are alive.

7. Surround yourself with what you love:
Whether it's family, pets, keepsakes, music, plants, hobbies, whatever. Your home is your refuge.

8. Cherish your health:
If it is good, preserve it.
I if it is unstable, improve it.
If it is beyond what you can improve, get help.

9. Don't take guilt trips.
Take a trip to the mall, even to the next county, to a foreign country, but NOT to where the guilt is.

10. Tell the people you love that you love them, at every opportunity.

Credit to Mr.Programmer

October 12, 2007

Simple Ways to Enjoy Life Every Day

ဒီနေ့ တော့ အလုပ်ရောက်တာနဲ့  အလုပ်လုပ်လေးလုပ်လိုက် ထုံးစံအတိုင်း ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့် လုပ်နေရင်း "8 Simple Ways to Enjoy Life Every Day" ဆိုတာလေးကို တွေ့ မိတယ်။ အဲ့ဒီထဲက ပြောထားတဲ့ အချက်တွေနဲ့  တစ်ခုခြင်း ရှင်းပြထားတာတွေကို နှစ်သက်မိတယ်။ ရေးထားတာလေးတွေက ဖတ်ရတာ လွယ်ကူလို့  မြန်မာလို ပြန်ရေးဖို့ မကြိုးစားတော့ ပါဘူး။ အမှန်အတိုင်းပြောရရင် ကောင်းကောင်းမွန်မွန် အဆင်ပြေအောင် ဘာသာ မပြန်တတ်တာကြောင့်လဲ ပါတယ်။ အားလုံး ဖတ်ကြည့်သင့်တဲ့ ရေးသားချက် တစ်ခုပါ။

8 Simple Ways to Enjoy Life Every Day - Pick The Brain
1. Appreciate Beauty
2. Connect With Nature
3. Laugh
4. Have Simple Pleasures
5. Connect With People
6. Learn
7. Rethink Your Mornings and Evenings
8. Celebrate Your Successes

E. E. Cummings once said “the most wasted of all days is one without laughter.” How very true. Never be too busy to laugh, or too serious to smile. Instead, surround yourself with fun people and don’t get caught up in your own sense of importance.

August 17, 2007

ဒီနေ့ ဖတ်မိသမျှ - 16 August 2007

ယောင်္ကျားစိတ်
"ယောင်္ကျားစိတ်ဆိုတာ အခက်သား။ ကိုယ့်ဘက်က တရားတယ်လို့ ထင်တဲ့ ကိစ္စမျိုးကို သူများ ဘယ်လောက်တားတား လုပ်ပစ်လိုက်ရမှ ။ ပြီးမှ မှားသွားရင် တိတ်တိတ်ကြိတ်ခံတတ်တာမျိုး"

ပါရမီဖက်
"ယောင်္ကျား တစ်ယောက်စီက စည်းစိမ်ချမ်းသာ နဲ့  သုခကို မျှဝေခံစားပြီးတဲ့ မိန်းမတစ်ယောက်ဟာ အဲ့ဒီ ယောင်္ကျားရဲ့ ဒုက္ခဆင်းရဲတွေကိုလည်း မျှဝေခံစားနိုင်ရမှာပေါ့။ လူတစ်ယောက်ကို စုံမက်ပြီး ပေါင်းသင်းတဲ့အခါ သူ့ ရဲ့အကောင်းတွေကို ကိုယ်ယူရသလို သူ့ ရဲ့ အဆိုးတွေကိုလည်း ကိုယ်ယူရမယ် မဟုတ်လား။ တစ်ဖက်သတ်ကြီး ဘယ်ရပါ့မလဲ။ "

ဂျူး - ကျွန်မချစ်သောယောက်ျားများ ၀တ္ထုတိုမှ..