Pages

Showing posts with label Interviews. Show all posts
Showing posts with label Interviews. Show all posts

March 25, 2008

General Interview Questions and Answers

အလုပ်အသစ်ပြောင်းဖို့ ကြိုးစားနေသူ သူငယ်ချင်းတစ်ယောက်က သူသွားခဲ့တဲ့ အင်တာဗျူးတွေမှာ မေးတဲ့ မေးခွန်းတွေကို ပြောပြပြီး ကျွန်မဆို ဒီမေးခွန်းတွေကို ဘယ်လိုဖြေမလဲ ဆိုပြီး လာမေးတယ်။ ထုံးစံအတိုင်း Technical နဲ့ မဆိုင်တဲ့ တခြား မေးခွန်းတွေပေါ့။ ဒါနဲ့ ကျွန်မ မှတ်ထားတဲ့ Links တွေကို ပြန်ရှာပြီး ပေးဖြစ်သွားတယ်။

ဒီနိုင်ငံမှာ ကျွန်မ သွားဖူးတဲ့ အင်တာဗျူးတွေမှာ အဲဒီလိုမေးခွန်းတွေ မေးတာ သိပ်မကြုံရပါဘူး။ ဒါပေမယ့် တခြားနိုင်ငံတွေမှာတော့ ဒါမျိုးတွေ အတော်လေး မေးတယ် ပြောတယ်။ နောက်ပိုင်း အလွယ်တကူ ရှာလို့ ရအောင်၊ မသိသေးတဲ့ သူတွေလည်း သိသွားအောင် ဒီမှာ မှတ်ထားလိုက်ပါတယ်။

Credit to PWK and THKZ

September 06, 2007

Java - အမေး၊ အဖြေများနှင့် ရှင်းလင်းချက်များ

ကျွန်မကလည်း ဘာအကျင့်မှန်းမသိဘူး စာဖတ်တော့မယ်ဆို စာအုပ်၊ စာရွက်တွေ သပ်သပ်ရပ်ရပ် ရှင်းရှင်းလင်းလင်း ဖြစ်နေမှ စာဖတ်တတ်တယ်။ တွန့် ကြေနေရင် လုံးဝ မကြိုက်ပါဘူး။ ခေါင်းစဉ်ဆိုရင် ခေါင်းစဉ်မှန်းသိအောင် ထင်ရှားနေမှ။ ဖတ်မယ့် စာအုပ်တစ်ခုလုံးကလည်း ရှင်းရှင်းလင်းလင်းနဲ့  တသတ်မတ်ထဲ ပုံစံတကျရှိနေမှ ကြိုက်တယ်။ စာကို ဦးနှောက်နဲ့ တွေးပြီး မှတ်ရုံမက၊ မျက်စိ အမြင်နဲ့ လည်း မှတ်တတ်တာ ပဲလား၊ အမြင်မရှင်းရင် စိတ်ပါရှုပ်လာပြီး စဉ်းစားနိုင်စွမ်းနဲ့  မှတ်ဥာဏ် အားနည်းသွားတာ ကြောင့်ပဲလားတော့ မသိပါဘူး။ စာမဖတ်ခင် စာရွက်စာတမ်းတွေကို ရှင်းလင်းအောင် ပြင်ဆင်နေတာက အတော်လေး ကြာတတ်ပါတယ်။

ဒီရက်ပိုင်းတော့ အလုပ်သိပ်မရှုပ်ပဲ အားလပ်ချိန်လေးတွေ နေတာကြောင့် စာပြန်ဖတ်မယ် စိတ်ကူးပြီး ကျွန်မစုထားတဲ့ JAVA နဲ့  ပတ်သက်တာတွေထဲက ဖတ်ချင်တာတွေကို ပြန်ရွေးထုတ်ရင်း၊ ဖတ်ရင်းနဲ့  စနစ်တကျဖြစ်အောင် ပြင်ဆင် ဖြစ်သွားပါတယ်။ JAVA, EJB, J2EE နဲ့  ပတ်သက်တဲ့ အမေးနဲ့  အဖြေတွေသာမက ဘာကြောင့် အဲ့လို ဖြေရပါသလဲဆိုတဲ့ ရှင်းလင်းချက်တွေပါ ပါဝင်တဲ့အတွက် ဖတ်ရတာ အရမ်းအဆင်ပြေပါတယ်။


ဒီ Q&A တွေကို အင်တာနက်ပေါ်မှာ ရှာကြည့်မယ်ဆို ရှာလို့ ရနိုင်မယ် ထင်ပါတယ်။ ကျွန်မ ဖတ်ရင်း ပြင်ဆင်ထားတဲ့ ရဲ့ PDF Files ကိုလည်း အားလုံးဖတ်နိုင်အောင် ဒီမှာ မျှဝေလိုက်ပါတယ်။ Print လုပ်ပြီး ဖတ်မယ်ဆိုရင် Page Layout ကို Two Pages per Sheet နဲ့  Print Style မှာ 2-sided Printing လုပ်ပြီး ဖတ်နိုင်အောင် လုပ်ထားတာပါ။ PDF 3 Files ပေါင်းဆို စာမျက်နှာ ၃၅၀ ကျော်ရှိမှာဆိုတော့ အဲဒီလို Print လုပ်ဖတ်မှ အဆင်ပြေမယ် ထင်လို့ ပါ။ အသုံးဝင်မယ်လို့  ထင်ပါတယ်။

June 14, 2007

IT Job Interview Book

IT နဲ့  ပတ်သက်တဲ့ Interview အကြောင်းရေးထားတဲ့ စာအုပ်၊ ဘာတွေရှိလည်း ရှာကြည့်လိုက်တာ ဒီစာအုပ်လေးတွေ့ တာနဲ့  သိမ်းထားလိုက်တာ။ ၂၀၀၂ က ထုတ်တဲ့ စာအုပ်ဆိုတော့ နည်းနည်းတောင် ဟောင်းနေပြီလို့  ပြောလို့ ရမယ် ထင်တယ်။Java နဲ့ ပတ်သတ်တဲ့ Q & A အများအပြားတွေ့ ပေမယ့် ဘာတွေကောင်းလည်း သိအောင် ဖတ်နေတာ မပြီး သေးဘူး။ ခုရက်ပိုင်းအလုပ်ရှုပ်နေတာ လည်းပါ ပါတယ်။ ဒီ အားလပ်ရက်အတွင်းတော့ အားလုံးပြီးအောင် ဖတ်ကြည့်မယ် စိတ်ကူးတယ်။

May 24, 2007

Job Interview Books

ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့  ဘလောခ့်အတွက် ဘာမှ မရေးဖြစ်ဘူး။ ဒါပေမယ့် အလုပ်အားတဲ့ အချိန်လေး တွေမှာ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ eBooks တွေ၊ Java အင်တာဗျူး နဲ့  ပတ်သက်တာတွေ နဲ့  တခြား အသုံးဝင်မယ် ထင်တာလေး တွေကို လိုက်ရှာဖြစ်ခဲ့တယ်။

ဒီနိုင်ငံမှာ ၃ နှစ်အတွင်း ကျွန်မ အလုပ်အင်တာဗျူး ၁၀-၁၅ ခုလောက်သွားခဲ့ဖူး ပါတယ်။ ကိုယ်တိုင်လည်း သူများတွေကို အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ကျွန်မ့ အလုပ်ရဲ့ nature ကြောင့်ပဲလား၊ ဒီ နိုင်ငံရဲ့ ပုံစံအရ ပဲလားတော့ မသိပါဘူး ကျွန်မ ကြုံဖူးသမျှ အင်တာဗျူး တွေ အများစုက သက်တောင့် သက်သာ ရှိတယ်လို့ ထင် မိတယ်။ အင်တာဗျူး တစ်ခုမှာ လူနှစ်ယောက်၊ အများဆုံး လူ ၄ ယောက် လောက်ပဲ မေးကြပြီး၊ ဟိုမေး ဒီမေး အတင်းအကြပ် လုပ်တာမျိုးတွေ မကြုံဖူး ပါဘူး။ အ၀တ်အစားကိုလည်း အရမ်းကြီး Smart ဖြစ်နေအောင် မ၀တ်ဖြစ်ပါဘူး။ တော်သင့်ရုံဆိုရပါပြီ။

တခါတလေ တချို့ အလုပ်တွေမှာ Technical နဲ့ ပတ်သက်တဲ့ exam တစ်ခု (30 minutes to 1 hours) လောက်ကြာအောင် ဖြေရတတ်တယ်။ တစ်ခါတလေ Exam မဖြေနိုင်လည်း၊ နှုတ်ဖြေ အင်တာဗျူးမေးတာကို အဆင်ပြေပြေ ဖြေနိုင်တယ် ဆိုရင် အလုပ် Offer လည်း ရတတ်ပါတယ်။ နှုတ်ဖြေ အင်တာဗျူးက မိနစ် ၃၀ လောက် ဖြေရပါတယ်။ နှုတ်ဖြေ အင်တာဗျူးမှာ Technical နဲ့  ပတ်သတ်တာ ၊ အရင်အလုပ်အတွေ့ အကြုံတွေ ဟိုမေးဒီမေး နည်းနည်းလုပ်တတ် ပါတယ်။ တစ်ခါတလေ အလုပ်နဲ့  ပတ်သတ်တာဘာမှ မမေးဘဲ တခြား အလုပ်နဲ့ မဆိုင်တာတွေကို လျှောက်မေး၊ လျှောက်ပြောနေတာ ကြုံဖူး ပါတယ်။
နောက်ပြီး ဒီနိုင်ငံမှာ ကိုယ်အလုပ်လျှောက်တဲ့ Company အကြောင်းကိုလည်း ပုံမှန်လောက် သိရင် ရပါပြီ။ တခြား နိုင်ငံတချို့ မှာလို Interview ကို ၁ လ လောက် ခွါပြီး ရက်ချိန်းပေးတာ မဟုတ်တော့၊ အင်တာဗျူး မလာခင် Company အကြောင်း အရင် လေ့လာဖို့ အချိန် မရပါဘူး။ ဘာလို့ လည်းဆိုတော့ ဒီက Interview တွေက ရက်အနည်းငယ်အတွင်း (တစ်ခါတလေ ဒီနေ့  အလုပ်လျှောက်၊ ညနေ Interview လာခဲ့ပါ) ခေါ်တာဆိုတော့ တခါတလေ အင်တာဗျူး ရောက်မှသာ သူ့ Company က ဘာတွေ လုပ်တယ်၊ ဘယ်လို Position ခေါ်တာလည်း ဆိုတာကို ပြန်မေးရတယ် ဆိုတာမျိုးလည်း ကြုံရပါသေးတယ်။ အချိန်ရမယ်၊ ကြိုသိမယ် ဆိုရင်ကတော့ ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်း လေ့လာထားနိုင်ရင် ပိုပြီး ကောင်းတယ် ထင်ပါတယ်။

ပုံမှန်ဆို အင်တာဗျူးတွေက အနည်းဆုံး အဆင့်၂ ဆင့် ( Human Resource Department ကလူတွေနဲ့တစ်ခါ၊ Technical ပိုင်းမေးတာ တစ်ခါ ) သွားရတတ်တယ်။ ဒါပေမယ့် 1st Interview (Technical Interview) ၁ ခါတည်း သွားရုံနဲ့  Job Offer ရတာမျိုးလည်း ရှိတတ် ပါတယ်။ တစ်ခါတလေလည်း Technical Interview ပဲ နှစ်ခါ ဆက်တိုက် ဖြေရတာမျိုးလည်း ကြုံဖူး ပါတယ်။ အလုပ်ရမရကို ပုံမှန်အရဆို တစ်ပတ်အတွင်း၊ အလွန်ဆုံး နှစ်ပတ်အတွင်း အကြောင်း ပြန်တတ်ပါတယ်။ တစ်ခါတလေကြတော့ တစ်ရက်၊ ၂ ရက်အတွင်း အကြောင်းပြန်တာလည်း ရှိတယ်။ ကျွန်မ့ရဲ့ အသိတစ်ယောက်ဆို Interview ပြီးတာနဲ့ ချက်ချင်း Job Offer တန်းရတယ်ဆိုတာ ကြားသိဖူးတယ်။

ဒီနိုင်ငံက အင်တာဗျူုး တွေဟာ တခြား နိုင်ငံကြီးတွေက အင်တာဗျူးတွေ နဲ့  နှိုင်းယှဉ်ရင် အတော်လွယ်ကူတဲ့ အင်တာဗျူးတွေလို့ ပြောလို့ ရနိုင် မယ်ထင်တယ်။ (ကျွန်မ အလုပ်ရှာရာမှာ ရရှိခဲ့တဲ့ အတွေ့ အကြုံတွေ အပေါ်မှာ အခြေခံပြောခြင်းသာ ဖြစ်ပါတယ်။)

ဒီရက်ပိုင်း ကျွန်မ ရှာဖွေတွေ့ မိတဲ့ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ စာအုပ် တချို့ ပါ။ ဒီ စာအုပ်တွေဟာ IT အလုပ်မှ မဟုတ်ပါဘူး၊ တခြား အလုပ်ရှာနေသူတွေ အတွက်လည်း အသုံးဝင်တဲ့ စာအုပ်တွေပါ။ တချို့  Company တွေက ဒီလို စာအုပ်ထဲက နည်းတွေသုံးပြီး အင်တာဗျူးတွေ မေးတတ်တယ် မဟုတ်လား။ အဲ့ဒီလို အင်တာဗျူးတွေနဲ့  ကြုံရတဲ့ အခါ ဒီစာအုပ်တွေကို နည်းနည်းလောက် ဖတ်ထားမိတယ်ဆို လွယ်လွယ်ကူကူ ဖြေနိုင်သွားမှာ ပါပဲ။

1. Haldane's Best Answers to Tough Interview Questions (2000)


2. Winning The Interview Game: Everything You Need To Know To Land The Job (2005)


3. Interview Skills That Win The Job - Michael Spiropoulos (2005)

4. The Complete Idiot's Guide to the Perfect Interview, Second Edition (2nd Edition) (2000)


5. Fearless Interviewing:How to Win the Job by Communicating with Confidence (2002)

6. How To Ace the Brainteaser Interview - Mcgraw Hill (2004)

December 17, 2006

Interview Your Next Boss

အလုပ်အသစ်ရှာဖို့ ဆို ကျွန်မတို့  Interview တွေသွားကြရတယ်...
ပြီးတော့ Interviewer တွေ မေးသမျှ မေးခွန်းတွေကို ကျွန်မတို့  ကြိုးစားဖြေကြရတယ်..
အဲလို Interview တွေသွားရာမှာ Interviewer တွေကို ပြန်မေးခွန်းတွေ ပြန်ထုတ်ပြီး သူတို့  ဖြေတာလေးတွေကို နားထောင်ချင်စိတ်လေးများ တစ်ခါမှ မဖြစ်မိကြဘူးလားရှင်...

သူများတွေတော့ မသိဘူး၊ ကျွန်မ အနေနဲ့  ကတော့ Interviewer တွေက ချောင်ပိတ်မေးခွန်းတွေ အရမ်းမေးလာပြီဆို ဖြေနေရရင်းက သိပ်စိတ်မရှည်တော့ပဲ၊ အလုပ်ရတာ မရတာ အသာထားရော သူတို့  တွေကို မေးခွန်းတွေ ပြန်ထုတ်ချင်စိတ်ပေါက်မိတယ်..
နောက်ပြီး ကျွန်မ အနေနဲ့ က လုပ်သက်ကလည်း သိပ်မရှိသေး၊ Interview သွားဖူးတဲ့ အကြိမ်အရေ အတွက်ကလည်း မများသေးတော့.. ( Interviewပါး မ၀သေးဘူး ဆိုရမလားပဲ) သူတို့  ဘက်က မေးခွန်းတွေ မေးပြီးလို့  ကျွန်မဘက်က ဘာများမေးချင်ပါသေးလဲ မေးလာရင် ဘာမေးရမှန်း မသိဖြစ်သွား တတ်သေးတယ်...

အဲလို ဖြစ်တတ်တဲ့ ကျွန်မ အကြောင်းတွေကို သိနေတဲ့ သူငယ်ချင်းတစ်ယောက်က၊ လွန်ခဲ့တဲ့ ၃ လ၊ ကျွန်မ အလုပ်အသစ်ရှာနေတဲ့ အချိန်တုန်းက ဒီ "Interview Your Next Boss" ဆိုတာလေးကို ရှာပြီး email နဲ့ ပို့  ပေးခဲ့ပါတယ်။ အဲ့ဒီထဲက တချို့ မေးခွန်းတွေကို ကျွန်မ လက်တွေ့  အသုံးချဖြစ်ခဲ့ပါတယ်။

Following are a few sample questions you might consider posing to a hiring manager:
  • Why is this position open? Why did the last person leave?
  • If a project is not on schedule, what does the company do to make the deadlines?
  • How does the review process work? How often does it occur?
  • How big is the engineering team?
  • How does the manager share credit/recognition for joint ideas?
  • How long has the manager worked there?
  • Is it possible to get a patent while you work there, or does all intellectual property belong to the company?
  • Can you tell me about your best employees and how you like to work with them?
  • Can you tell me about your least favorite employees?
အဲ့ဒီ article ထဲမှာပါတဲ့ "Always remember that the interview process is a two-way street. And even a bad interview was well worth your time. " ဆိုတာလေးကို သဘောကျမိတယ်။

Thanks to STAung..

October 17, 2006

17 Oct 2006 - 2nd Interview

ပြီးခဲ့တဲ့ ကြာသာပတေးနေ့ က သွားထားတဲ့ interview က ဒီနေ့  မနက်စောစောက ဖုန်းဆက်ပြီး ညနေ ၆ နာရီမှာ 2nd interview လာခဲ့ပါ လို့  ပြောတာနဲ့  သွားလိုက်ရသေးတယ်။ မှတ်မှတ်ရရ အနေနဲ့ ကတော့ ဒီနိုင်ငံမှာ ပထမဆုံးအနေနဲ့  2nd interview ဆိုတာကို သွားဘူးခြင်း ဖြစ်ပါတယ်။

ဒီမှာ ခုအကြိမ်နဲ့ ဆို အလုပ် သုံးခါရှာဘူး ပါတယ်။ တစ်ခါမှ 2nd interview မသွားရပါဘူး။ interview ကို တစ်ကြိမ်ပဲ သွားရပြီး offer ရတာကြီးပါပဲ။ intetview တိုင်း offer ရတယ် ပြောချင်တာ မဟုတ်ပါဘူး။ ရခဲ့ရင် လည်း တစ်ကြိမ်ပဲ သွားပြီး ရတယ်လို့  ပြောချင်တာပါ။

ဒီမနက် 2nd interview လာခဲ့ပါဆိုတော့ ကျွန်မ အနေနဲ့ ကတော့ ထူးဆန်းသွားတာပေါ့။ တစ်ခါမမှ မကြုံဘူးတာ။ စဉ်းစားတယ် 1st interview နဲ့  2nd interview နဲ့  ဘာကွာလည်းပေါ့။ internet မှာ ရှာကြည့်တယ်။ ပြီးတော့ သူငယ်ချင်းတွေကို မေးကြည့်မိတယ်။ အင်း .... အမေးကောင်းတာနဲ့  အကြွားခံလိုက်ရသေးတယ်။ သူငယ်ချင်း အစ်ကိုကြီး တစ်ယောက်က ကျွန်မမေးတာကို ဘယ်လို ဖြေလည်း ဆိုတော့ သူကတော့ 2nd interview ဆိုတာ မသိဘူးတဲ့၊ သူအလုပ်ရတာကတော့ 1st interivew ပြီးပြီးခြင်းမှာပဲ သူကို အလုပ် offer ပေးတယ်ဆိုပြီး ပြောလိုက်လို့  သူမှာ ချက်ချင်းကြီး စဉ်းစားရခက် သွားခဲ့ရပါသေးတယ်တဲ့လေ။ အစ်ကိုကြီးရယ်.. မေးမိတာ ညီမ အမှားပါလို့ ပဲ ပြန်ပြောလိုက်ရပါတယ်။ နောက်တစ်ယောက်ကလည်း ပြောတယ်။ interview ဆိုတာ လက်ဝှေ့ ပွဲလို မျိုးနေမှာတဲ့။ ခု 1st round ပြီးတော့ 2nd round လာပြီ၊ နောက် 6th round လောက်ထိ ခေါ်ချင်ရင် ခေါ်နိုင်တယ် ဆိုတော့ လက်ဝှေ့ ပွဲ တွေမှာ ပြင်ဆင် သလိုသာ ပြင်ဆင်ထားလိုက်ပါ တဲ့လေ။

ကျွန်မ internet မှာ ဖတ်မိသလောက်၊ သူငယ်ချင်းတွေ ပြောပြသလောက် ကျွန်မ နားလည်ခဲ့တာက 1st interview မှာ techinical အကြောင်းတွေ မေးပြီးသားဆို 2nd interview မှာ HR က မေးတာများတယ်လို့  သိခဲ့ရပါတယ်။ ကျွန်မလည်း ပုံမှန်က technical အများဆုံးမေးတဲ့ interview တွေ ပဲ ဖြေနေကြဆိုတော့ ဒီ interview အတွက် ဘာတွေ ပြင်ဆင်ရမယ်မှန်း မသိဘူး ဖြစ်သွား ပါတယ်။ ဒီမှာ ကျွန်မရဲ့ သူငယ်ချင်း တစ်ယောက်ပေးတဲ့ အကြံကိုပဲ လိုက်နာလိုက်ပြီး ညနေကြတော့ interview သွားလိုက်ပါတယ်။ ကျွန်မ သူငယ်ချင်းက ဘာ အကြံပေးလည်းဆိုတော့ HR က မေးရင် သူတို့  အလုပ် ပတ်ဝန်းကျင်နဲ့  ကိုယ်နဲ့  အစဉ်ပြေနိုင်လား၊ မပြေနိုင်လားဆိုတာတွေကို လူတွေ အများကြီး မေးနိုင်တယ်၊ ပြီးတော့ လခတွေ ဘာတွေ ပြောချင်ပြောမယ်ဆိုတော့ ထူးပြီး ဘာမှ လုပ်မနေနဲ့  တစ်နေ့ လုံး နားနားနေနေ အိပ်ပြီး interview သွားခါနီးမှာသာ ထပြီးသွားလိုက်တဲ့လေ။ သူပြောတဲ့ အကြံဥာဏ်က သိပ်ပြီး ကောင်းနေတာမို့  ကျွန်မလည်း သူပြောတဲ့ အတိုင်း ညနေ ၄း၅၀ လောက်ထိ အိပ်နေလိုက်ပြီး ၆း၀၀ interview မှီအောင် သွားခဲ့ပါတယ်။

သူများတွေ့ ပြောတာတွေ၊ internet မှာ ရေးထားတာတွေ ကျွန်မ အတွက်တော့ အကုန်မှားသွား ပါတယ်။ ကျွန်မ ကြုံရတဲ့ 2nd interview ဆိုတာကြီးက techincal အကြောင်းတွေကို ပဲ ထပ်မေးပါတယ်။ တစ်နေကုန် အိပ်နေလိုက်တာ မှန်သွားတယ်။ မဟုတ်ရင် ပင်ပန်းနေဦးမယ်။ ထုံးစံ အတိုင်း interview မေးတဲ့ သူက မေးချင်တာတွေ မေးပြီး၊ ကျွန်မလည်း ဖြေချင်တာတွေ ဖြေခဲ့လိုက်ပါတယ်။ သူတို့  ခန့်  ချင်တယ်ဆို နောက်ရက်ပိုင်း အကြောင်း ပြန်ပါမယ် တဲ့လေ။ ပြီးတော့ ဘာများသူကို မေးချင်းသေးလည်းဆိုတာနဲ့  ကျွန်မလည်း စိတ်ပေါက်ပေါက်နဲ့  မေးခွန်း တစ်ခုမေးခဲ့ လိုက်တယ်၊ ဒါပြီးရင် နောက်ထပ် ဘယ်နှစ်ကြိမ်လောက်များ interview လုပ်ဦးမှာလဲ လို့ ပါ။ အဲ့ဒီ interview လုပ်တဲ့သူက သူကို ဘာလို့  interview လုပ်ခိုင်းလည်း သူမသိပါဘူးတဲ့။ ကျွန်မကို ဘယ်နေရာမှာ ခန့် မယ် ဆိုတာကို သူမသိပါဘူးတဲ့။ ပထမဆုံး ကျွန်မကို technical interview လုပ်တဲ့ သူတွေက ကျွန်မ နဲ့  တွဲလုပ်ရမယ် သူတွေပါတဲ့။ အဲ့ ဒီသူတွေက technical interview လုပ်ပြီးသားဆိုရင် သူက ထပ်ပြီး interview မလုပ်သင့်ပါဘူးတဲ့။ ဒါပေမယ့် သူအထက်က သူတွေက ကျွန်မကို interview လုပ်ပေးပါဆိုလို့  သူခမျာမှာ မအားတဲ့ ကြားက interview လုပ်ပေးရခြင်း ဖြစ်ပါတယ်၊ သူပြီးရင်တော့ နောက် technical interview ထပ် မရှိနိုင်တော့ပါဘူးတဲ့၊ ဘာလို့ လည်းဆိုတော့ သူက ဒီက IT department မှာ Java နဲ့  ပတ်သက်ရင် အကြီးဆုံး position မှာ လုပ်နေတာ ဖြစ်လို့  ပါတဲ့လေ။ ဒါပေမယ့် HR က ထပ် ပြီး interview လုပ်ချင် သေးတယ် ဆိုရင်တော့ နောက်ပိုင်းမှာ HR က လူတွေ မေးမယ့် interview ရှိချင်ရင်တော့ ရှိနိုင် ပါသေးတယ် တဲ့လေ။ သူကတော့ Tomorrow မှာ HR ကို အကြောင်းကြားပြီး သူ့  အဖြေ ပေးလိုက်ပါမယ်လို့  တော့ ပြောတာပဲ။ စိတ်တော့ စိတ်ဝင်စား စရာပဲ။ ဘယ်လိုလာမလဲ တော့ မသိဘူး။ စောင့်ကြည့် လိုက်ဦးမယ်။

ကိုယ့်ကိုကိုယ့် ပြန်ပြီး ဆုတောင်းပေးလိုက်ဦးမယ်။ အစစ အရာရာ အစဉ်ပြေပြီး ကံကောင်းပါစေ။

October 16, 2006

Last Day at Current Job and Last Week Interviews

ဒီနေ့  လက်ရှိအလုပ်မှာ လုပ်တာ နောက်ဆုံးရက်ဆိုတော့ မနက်ဖြန်က စပြီး အားသွားပြီ၊ အလုပ်သွားစရာ မလိုတော့ဘူး။ ဒီနေ့ က ဒီအလုပ်မှာ last day လို့ သာပြောတာ၊ တော်တော် တော့ ပင်ပန်းတယ်။ handover လုပ်ရတာတွေရော၊ တစ်ချို့  ရှင်းဖို့ ကျန်နေတဲ့ task တွေကိုရှင်းနေရတာတွေရော ဆိုတော့ ဒီရက်ပိုင်း ပင်းပန်းတယ်။ ဒီကြားထဲ ပြီးခဲ့တဲ့ အပတ်မှာက အလုပ်ပြီးတာနဲ့  interview ရှိရင် သွားရသေးတယ်။ ပြီးတော့ ကျန်တဲ့ ကိစ္စလေးတွေ တစ်ချို့ က ရှိနေတော့ အလုပ်တွေ ရှုပ်၊ ပင်ပန်းပြီး အိမ်ရောက်တာနဲ့  စောစော အိပ်ဖြစ်နေတယ်။ ဘလောခ့်မှာလည်း ပိုစ့် အသစ်မတင် ဖြစ်ဘူး ဖြစ်သွားတယ်။ ရေးချင်တာလေးတွေ ရှိနေပြီး၊ မရေးအားပဲ ဖြစ်နေတာပါ။ နောက် အားမှပဲ ရေးတော့မယ်။

ဒီနေ့ ပြီးရင် ဒီရက်ပိုင်း ချက်ချင်းကြီး နောက် အလုပ်အသစ်ကို လုပ်စရာ မလိုသေးဘူး။ ပျော်လိုက်တာ။ ဘာပဲ ဖြစ်ဖြစ် အလုပ် မလုပ်ပဲ ခဏလောက် နေလိုက်ဦးမယ်။ နားနားနေနေ ပေါ့။ ဒီမှာ IT Job Market က ကောင်းနေတယ် ပြောလို့ ရမယ်။ ဒီမှာ interview သွားတာတွေက reply လုပ်တာ အရမ်းမြန်နေတယ်။ နှစ်ရက် သုံးရက်၊ အလွန်ဆုံး တစ်ပတ် အတွင်းမှာ reply ပြန်တာ ကြီးပဲ ဖြစ်နေတယ်။ offer ပေးတယ်ဆိုရင် လည်း နောက် တစ်ရက် နှစ်ရက်နေတာနဲ့  အလုပ် စ ဆင်းစေချင်နေတယ်။ နောက်ပြီး ခုတလော ရန်ကုန်က အလုပ်လာရှာတဲ့ သူငယ်ချင်းတွေလည်း အလုပ်တွေ ရနေကြတယ် ကြားတယ်။ လခတွေလည်း မဆိုးဘူးဆိုတော့၊ job market ကောင်းနေတယ် ပြောနိုင် ပါတယ်။

ကျွန်မ ပြီးခဲ့တဲ့ အပတ်က interview သုံးခုသွားခဲ့တယ်။ ဒီမှာ ကောင်းတာလေး တစ်ခုရှိပါတယ်။ interview တွေကို အလုပ်ချိန် ပြင်ပမှာ ချိန်းလို့  ရပါတယ်။ အလုပ်မပျက်တော့ဘူးပေါ့။ ကျွန်မ သွားခဲ့တဲ့ interview အားလုံးက အလုပ်ချိန် နဲ့  လွတ်ပါတယ်။ တနင်္ဂလာ မနက်၊ အင်္ဂါနေ့ ညနေ နဲ့  ကြာသာပတေး နေ့  ညနေ တွေမှာ သွားခဲ့တာပါ။အင်္ဂါနေ့  သွားခဲ့တဲ့ interview က နောက်နေ့ မှာပဲ offer ပေးပြီး၊ offer ပေးတာကို လက်ခံမလား လက်မခံဘူးလား ဆိုတာကို သောကြာနေ့ မှာ reply လုပ်ပါ၊ လက်ခံတယ်ဆို နောက်တနင်္ဂလာ (ဒီနေ့  ) မှာ အလုပ်စဆင်း စေချင်တယ်တဲ့လေ။ တနင်္ဂလာနေ့  က သွားတဲ့ interview ကတော့ ကြာသာပတေးနေ့ မှာ offer ပေးတယ်။ သူကလဲ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို သောကြာနေမှာ reply လုပ်စေချင်တယ်တဲ့။ ... ဒါနဲ့  ပြီးခဲ့တဲ့ သောကြာနေ့ က တော်တော် လေး ခေါင်းခြောက်သွားသေးတယ်။ ဘာ ကို accept လုပ်ရမှန်း မသိလို့ လေ။ company တွေက နှစ်ခုလုံး ကောင်းပါတယ်။ တစ်ခုက bank ၊ တစ်ခုက နာမည်ကြီး ကုမဏီ တစ်ခုပဲ။ offer တွေက လခက အတူတူပဲ။ ခုလက်ရှိ လခထက် ရ၀၀ ပိုပေးတယ်။ မဆိုးဘူး ပြောရမယ်။ တစ်ခုမှာတော့ 13 month salary ပါတယ်။ တစ်ခုက မပါဘူး။ တော်တော် စဉ်းစားရ ကြပ်သွားတယ်။ သေချာ စဉ်းစားတယ်.... နောက်ဆုံးတော့ ဘာမှ accept မလုပ်ဖို့  ဆုံးဖြစ်ပြီး နှစ်ခုလုံးကို reject လုပ်လိုက်တယ်။ ကြာသာပတေးနေ့ က interview ကတော့ ဒီအပတ်တည်း reply ပြန်မယ် ပြောတာပဲ။ ဘယ်လို reply ပြန်မလဲ စောင့်ကြည့် လိုက်ဦးမယ်။ လူက ပင်းပန်းနေတယ် ခံစားရတာရယ်၊ ခဏခဏ အလုပ် မပြောင်းချင်တာရယ်ကြောင့် နည်းနည်း အချိန်ယူ စဉ်းစား၊ ပြီးမှ အလုပ် အသစ်ကို လက်ခံ လုပ်ဖို့  ဆုံးဖြတ်လိုက်တာပါ။

ပြီးခဲ့တဲ့ လ၊ အလုပ်မှာ ထွက်စာတင်ခါ စကလည်း interview သုံး ခုသွားခဲ့သေးတယ်။ အဲ့ဒီတုန်းက ၁ ခုက offer ပြန်လာတယ်။ အဲ့ဒီတုန်းကလည်း ရတဲ့ offer ကို reject လုပ်လိုက်တယ်။ ကျန်တဲ့ နှစ်ခုက offer မရဘူးဆိုတာ interview ပြီးသွားထဲက သိနေတယ်။ ၁ခုကတော့ ကိုယ်နဲ့  မှလုံးဝ မကိုက်လို့  မရနိုင်ဘူးဆိုတာ သိလိုက်တာပါ။ နောက်တစ်ခုကတော့ inteview room ထဲမှာ မေးတဲ့သူ နဲ့  ရန်ဖြစ်လု ဖြစ်ခင် ဖြစ်လာလို့ ပါပဲ။ တကယ် အချိုးမပြေပါဘူး။ သူတို့ ကို သူတို့  ဘာများမှတ်နေလဲ မသိဘူး။ ပြောပေါက်ဆိုပေါက်က လုံးဝ အချိုးမပြေဘူး။ interview တာနဲ့  မတူဘူး။ အဆင့် မရှိဘူး ပြောပုံဆိုပုံတွေက။ ခု ပြန်တွေး ခုဒေါသ ဖြစ်တယ်။ ထားပါ။ အဲ့ဒီ အကြောင်းတွေ မရေးချင်တော့ပါဘူး။ ပြောသာပြောရတာ အဲ့ဒီ ရန်ဖြစ်ခဲ့တဲ့ interview က offer ပေးချင်ရင် ပေးနိုင်တဲ့ အခြေအနေ တော့ရှိတယ်။ ဟီး.. ရန်ုဖြစ်တာကို ကြိုက်တယ်ဆိုပြီး ခန့် ချင်ခန့် လိုက်နိုင်တာပဲလေ။ သိတဲ့ အတိုင်းပဲ တစ်ချို့  အလုပ်တွေမှာက fighter လိုတယ် မဟုတ်လား။

နောက် ဒီမှာ ကြုံရတာလေး တစ်ခု ရေးဦးမယ်။ ပြီးခဲ့တဲ့ လက offer တစ်ခုကတော့ interview ကို သွားစရာမလိုပဲ ပေးတာ ရလိုက်သေးတယ်။ pay ကလည်း တော်တော် ကောင်းတယ်။ လက်ရှိအလုပ်ထက် ၁၂၀၀ လောက်ပိုများတယ်။ ပြီးတော့ လက်ရှိ အလုပ်မှာ ၂ လ နေရဦးမယ်ဆိုတော့ လျှော်ဖို့  လိုရင် လျှော်ဖို့  ပိုက်ဆံပေးဦးမယ်ပြောတယ်။ ဒီနိုင်ငံမှာက notice မပြည့်ပဲ ထွက်မယ်ဆို လျှော်ကြေးပေးပြီ မှ ထွက်လို့ ရတာကို။ အင်း... အဲ့ဒီမှပဲ ဒီနိုင်ငံမှာ interview ကို လူကိုတိုင်သွားစရာမလိုပဲ၊ ဖုန်းနဲ့  စကားနည်းနည်း ပြောပြီးတာနဲ့  အလုပ်တန်းပေးတာမျိုးတွေ ရှိမှန်း သိလိုက်ရတယ်။ အဲ့ဒီ ဟာကို လက်မခံဖြစ်လိုက်ပါဘူး။ ချက်ချင်းကြီးဝင်စေ ချင်နေတာ ဆိုတော့ ဘယ်လို ဖြစ်နေမယ်မှန်းလည်း မသိ၊လခက ကောင်းရုံတင်မကဘူး လျှော်ဖို့  နှစ်လခစာတောင် ပေးဦးမယ်ဆိုတော့ လန့်သွားတယ်။ ကိုယ်က အဲ့လောက်တောင် လခတွေ စွတ်ပေးချင်၊ အလုပ်သိပ်ပေးချင် ဖြစ်နေရလောက်တဲ့ အဆင့် မရောက်သေးတာကို ဒီလိုကြီးလာပေးတော့ လက်မခံချင်ဘူး။ အလုပ်ရှင်တွေက ပိုက်ဆံပေးတယ်ရတယ်ဆိုရင် ပေးရ သလောက်နဲ့  တော့ တန်အောင်ခိုင်းမှာပဲ။ ပုံမှန် ကိုယ်လုပ်ရတဲ့ IT အလုပ်တွေကတောင် တော်တော်ပင်ပန်းနေတာ သူက သာမန်ထက်ပို ပေးနေတယ်ဆိုတော့ ဘယ်လောက်များ လုပ်ရမလဲ တွေမိပြီး လက်မခံဖြစ်လိုက်ဘူး။ ပြီးတော့ ဒီ အလုပ်မှာကလည်း ကိုယ့်ကို လိုအပ်နေတယ်ဆိုတာကို သိနေတော့ ချက်ချင်းကြီးလည်း အလုပ်မပြောင်းချင်ဘူးလေ။ notice ၂ လ ပေးရတယ်ဆိုရင်လည်း အပြည့်ပေးပြီး ထွက်တာပဲ ကောင်းပါတယ်။ မျက်နှာ ပျက်စရာ မဖြစ်တော့ဘူးပေါ့။ ဒီနိုင်ငံရဲ့ IT လောက က ဘယ်လောက် ကျယ်လို့ လဲ။ ဘာပဲ ပြောပြော ဒီနိုင်ငံမှာ ဆက်နေနေ ဦးမယ်ဆိုရင် ဒီအလုပ်က လူတွေနဲ့  တစ်ချိန်ချိန်တော့ တစ်နေရာရာမှာ ပြန်တွေ့  ရဦးမှာပဲ။

ဒီနေ့ ကစပြီး ခဏလောက် အနားယူလိုက်ဦးမယ်။ အဲ့လို အနားယူခွင့်ရတာကို မနာလို ဖြစ်တဲ့ သူတွေကလည်း ကျိတ်ပြီး မနာလို ဖြစ်နေကြတယ် ဆိုတာ သိနေတယ်။ တစ်ချို့ ဆို အောင့်မထားနိုင်လို့ သူတို့  မနာလို ဖြစ်နေတဲ့ အကြောင်းဖွင့် ပြောပါတယ်။ ဟဲ.. ဟဲ.. ဘာမှ စိတ်မပူပါနဲ့  သိပ်ကြာကြာ မနားပါဘူး။ ၁ပတ် အလွန်ဆုံး ၂ ပတ် လောက်ပဲ နားမှာပါ။ ဘာလို့လည်း ဆိုတော့ ဒီ ၂ ပတ်က အလုပ်သာ သွားဖို့  မလိုတာ လခက ရနေဦးမှာလေ။ ပြီးရင်တော့ offer တစ်ခုခုကို accept လုပ်ပြီး အလုပ်ခွင် ပြန်ဝင်မှာပါ။ ခုချိန်ထိ အလုပ် အသစ်ကို လက်မခံသေးတာ၊ နားချင်ရုံ တစ်ခုထည်းကြောင့် မဟုတ်ပါဘူး။ အလုပ်တစ်ခုခုကို မြန်မြန် accept လုပ်လိုက်၊ ပြီးရင် အလုပ်အသစ်ရတဲ့ အထိန်းအမှတ် အနေနဲ့  မုန့် လိုက် ကျွေးရမယ်ဆို သူများကို ချက်ချင်းကြီး မုန့် လိုက် မကျွေးချင် သေးတာကလည်း အလုပ်အသစ် accept မလုပ်ဖြစ်ရခြင်းရဲ့ အကြောင်း တစ်ချက်လို့  ထင်ချင်က ထင်နိုင်ပါတယ်။

July 03, 2006

Java Interview Questions and Answers

ဒီနေ့ အချိန်လေးနည်းနည်းရတာနဲ့ Java Interview Questions and Answers လေးတွေလိုက်ရှာ ကြည့်တာ တော်တော်များများတွေ့ ရပါတယ် ။ ကျွန်မ ဖတ်ကြည့်မိသလောက်တော့ တော်တော်လေးကို သဘောကျမိတယ် ။ အလုပ် Interview အတွက်မှ မဟုတ်ပါဘူး Java အကြောင်းကို ပိုသိချင်တဲ့သူတွေအတွက်လည်း အသုံးဝင်မှာပါ ။ တစ်ချို site တွေမှာ java တင်မက ဘူး တစ်ခြား programming တွေအတွက်ပါ Interview Question and Answer တွေရှိပါတယ် ။

1. Java Interview Question - Srcsinc
2. All App Lab (Java , Ant, Struts, EJB , Hibernate and More..)
3. JavaCamp (Java and Java Related Programmings)
4. Secrets Of The Masters: Core Java Interview Questions
5. IT Top Interview Questions (Java, J2SE, J2EE, J2ME , And other Porgrammings)
6. Geek Interviews ( Java and Other Programmings )
7. IndicThreds (Java, J2EE Portal)
8. Java Galaxy
9. Rose India (Core Java and Other Programmings)
10. Java Certificate Interview Question
11. Clean Interview (Java, JSP, EJB and other Programmings)
12. Java, JSP, Servlets, J2EE Interview Question - Agrish
13. Think Java (Java, Struts, EJB) Interview Question
14. Smart Data Processing
15 . Java Question - Tripod