Pages

May 24, 2007

Job Interview Books

ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့  ဘလောခ့်အတွက် ဘာမှ မရေးဖြစ်ဘူး။ ဒါပေမယ့် အလုပ်အားတဲ့ အချိန်လေး တွေမှာ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ eBooks တွေ၊ Java အင်တာဗျူး နဲ့  ပတ်သက်တာတွေ နဲ့  တခြား အသုံးဝင်မယ် ထင်တာလေး တွေကို လိုက်ရှာဖြစ်ခဲ့တယ်။

ဒီနိုင်ငံမှာ ၃ နှစ်အတွင်း ကျွန်မ အလုပ်အင်တာဗျူး ၁၀-၁၅ ခုလောက်သွားခဲ့ဖူး ပါတယ်။ ကိုယ်တိုင်လည်း သူများတွေကို အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ကျွန်မ့ အလုပ်ရဲ့ nature ကြောင့်ပဲလား၊ ဒီ နိုင်ငံရဲ့ ပုံစံအရ ပဲလားတော့ မသိပါဘူး ကျွန်မ ကြုံဖူးသမျှ အင်တာဗျူး တွေ အများစုက သက်တောင့် သက်သာ ရှိတယ်လို့ ထင် မိတယ်။ အင်တာဗျူး တစ်ခုမှာ လူနှစ်ယောက်၊ အများဆုံး လူ ၄ ယောက် လောက်ပဲ မေးကြပြီး၊ ဟိုမေး ဒီမေး အတင်းအကြပ် လုပ်တာမျိုးတွေ မကြုံဖူး ပါဘူး။ အ၀တ်အစားကိုလည်း အရမ်းကြီး Smart ဖြစ်နေအောင် မ၀တ်ဖြစ်ပါဘူး။ တော်သင့်ရုံဆိုရပါပြီ။

တခါတလေ တချို့ အလုပ်တွေမှာ Technical နဲ့ ပတ်သက်တဲ့ exam တစ်ခု (30 minutes to 1 hours) လောက်ကြာအောင် ဖြေရတတ်တယ်။ တစ်ခါတလေ Exam မဖြေနိုင်လည်း၊ နှုတ်ဖြေ အင်တာဗျူးမေးတာကို အဆင်ပြေပြေ ဖြေနိုင်တယ် ဆိုရင် အလုပ် Offer လည်း ရတတ်ပါတယ်။ နှုတ်ဖြေ အင်တာဗျူးက မိနစ် ၃၀ လောက် ဖြေရပါတယ်။ နှုတ်ဖြေ အင်တာဗျူးမှာ Technical နဲ့  ပတ်သတ်တာ ၊ အရင်အလုပ်အတွေ့ အကြုံတွေ ဟိုမေးဒီမေး နည်းနည်းလုပ်တတ် ပါတယ်။ တစ်ခါတလေ အလုပ်နဲ့  ပတ်သတ်တာဘာမှ မမေးဘဲ တခြား အလုပ်နဲ့ မဆိုင်တာတွေကို လျှောက်မေး၊ လျှောက်ပြောနေတာ ကြုံဖူး ပါတယ်။
နောက်ပြီး ဒီနိုင်ငံမှာ ကိုယ်အလုပ်လျှောက်တဲ့ Company အကြောင်းကိုလည်း ပုံမှန်လောက် သိရင် ရပါပြီ။ တခြား နိုင်ငံတချို့ မှာလို Interview ကို ၁ လ လောက် ခွါပြီး ရက်ချိန်းပေးတာ မဟုတ်တော့၊ အင်တာဗျူး မလာခင် Company အကြောင်း အရင် လေ့လာဖို့ အချိန် မရပါဘူး။ ဘာလို့ လည်းဆိုတော့ ဒီက Interview တွေက ရက်အနည်းငယ်အတွင်း (တစ်ခါတလေ ဒီနေ့  အလုပ်လျှောက်၊ ညနေ Interview လာခဲ့ပါ) ခေါ်တာဆိုတော့ တခါတလေ အင်တာဗျူး ရောက်မှသာ သူ့ Company က ဘာတွေ လုပ်တယ်၊ ဘယ်လို Position ခေါ်တာလည်း ဆိုတာကို ပြန်မေးရတယ် ဆိုတာမျိုးလည်း ကြုံရပါသေးတယ်။ အချိန်ရမယ်၊ ကြိုသိမယ် ဆိုရင်ကတော့ ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်း လေ့လာထားနိုင်ရင် ပိုပြီး ကောင်းတယ် ထင်ပါတယ်။

ပုံမှန်ဆို အင်တာဗျူးတွေက အနည်းဆုံး အဆင့်၂ ဆင့် ( Human Resource Department ကလူတွေနဲ့တစ်ခါ၊ Technical ပိုင်းမေးတာ တစ်ခါ ) သွားရတတ်တယ်။ ဒါပေမယ့် 1st Interview (Technical Interview) ၁ ခါတည်း သွားရုံနဲ့  Job Offer ရတာမျိုးလည်း ရှိတတ် ပါတယ်။ တစ်ခါတလေလည်း Technical Interview ပဲ နှစ်ခါ ဆက်တိုက် ဖြေရတာမျိုးလည်း ကြုံဖူး ပါတယ်။ အလုပ်ရမရကို ပုံမှန်အရဆို တစ်ပတ်အတွင်း၊ အလွန်ဆုံး နှစ်ပတ်အတွင်း အကြောင်း ပြန်တတ်ပါတယ်။ တစ်ခါတလေကြတော့ တစ်ရက်၊ ၂ ရက်အတွင်း အကြောင်းပြန်တာလည်း ရှိတယ်။ ကျွန်မ့ရဲ့ အသိတစ်ယောက်ဆို Interview ပြီးတာနဲ့ ချက်ချင်း Job Offer တန်းရတယ်ဆိုတာ ကြားသိဖူးတယ်။

ဒီနိုင်ငံက အင်တာဗျူုး တွေဟာ တခြား နိုင်ငံကြီးတွေက အင်တာဗျူးတွေ နဲ့  နှိုင်းယှဉ်ရင် အတော်လွယ်ကူတဲ့ အင်တာဗျူးတွေလို့ ပြောလို့ ရနိုင် မယ်ထင်တယ်။ (ကျွန်မ အလုပ်ရှာရာမှာ ရရှိခဲ့တဲ့ အတွေ့ အကြုံတွေ အပေါ်မှာ အခြေခံပြောခြင်းသာ ဖြစ်ပါတယ်။)

ဒီရက်ပိုင်း ကျွန်မ ရှာဖွေတွေ့ မိတဲ့ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ စာအုပ် တချို့ ပါ။ ဒီ စာအုပ်တွေဟာ IT အလုပ်မှ မဟုတ်ပါဘူး၊ တခြား အလုပ်ရှာနေသူတွေ အတွက်လည်း အသုံးဝင်တဲ့ စာအုပ်တွေပါ။ တချို့  Company တွေက ဒီလို စာအုပ်ထဲက နည်းတွေသုံးပြီး အင်တာဗျူးတွေ မေးတတ်တယ် မဟုတ်လား။ အဲ့ဒီလို အင်တာဗျူးတွေနဲ့  ကြုံရတဲ့ အခါ ဒီစာအုပ်တွေကို နည်းနည်းလောက် ဖတ်ထားမိတယ်ဆို လွယ်လွယ်ကူကူ ဖြေနိုင်သွားမှာ ပါပဲ။

1. Haldane's Best Answers to Tough Interview Questions (2000)


2. Winning The Interview Game: Everything You Need To Know To Land The Job (2005)


3. Interview Skills That Win The Job - Michael Spiropoulos (2005)

4. The Complete Idiot's Guide to the Perfect Interview, Second Edition (2nd Edition) (2000)


5. Fearless Interviewing:How to Win the Job by Communicating with Confidence (2002)

6. How To Ace the Brainteaser Interview - Mcgraw Hill (2004)

9 comments:

Me said...

nay nay !! really thank you so much for these books. I need to read them.

Anonymous said...

Ma Nay,thanks for this post. It is really useful.. =)

Soe Moe said...

Thanks N3 for sharing this. It will be useful for those who are seeking jobs.

SZA said...

they are really useful... the cartoon for interview is really funny..haha..
some of the small companies give offer immediately after the interview.. if the interviewer is boss or those high-handed people..i got some of job offers like that before :D but they r low paid

TZA said...

ကျေးဇူးပဲနေနေနိုင်ရေ။

NayPhoneLatt said...

မနေနေနိုင်ရေ ... အကူအညီတစ်ခုတောင်းချင်လို့ပါ ...။
spiritcorner ရဲ့ဘလော့ဂ်ကပို့စ်တွေကို မြန်မာဘလော့ဂ်စာအုပ်အတွက် ပမာဏရွေးချယ်စာရင်းမှာထည့်ချင်လို့ သူကိုအဆင်ပြေရင်ပြောပေးပါခင်ဗျာ။ မေးလ်လိပ်စာရှာမတွေ့လို့ပါ။ ကွန့်မန့်တော့ ကျွန်တော်ဝင်ရေးထားပါသေးတယ်။ သူမတွေ့မှာစိုးလို့ပါ။
လေးစားစွာဖြင့်
နေဘုန်းလတ်

Nay Nay Naing said...

Thanks all for ur comments..

ရည်မွန် --> Java အင်တာဗျူး Q and A တွေ ရှိသေးတယ်။ ရှာတွေ့ တာတွေကတော့ အများကြီးဆိုတော့၊ ဘယ်ဟာတွေ ကောင်းလည်း ဖတ်နေတုန်းမို့  မတင်ဖြစ်သေးတာ၊ ဒီရက်ပိုင်းတော့ တင်ဖြစ်မယ်ထင်တယ်။

SZA --> တခါတလေ Company ကြီးတွေရဲ့ အင်တာဗျူးတွေမှာလည်း ချက်ချင်း Offer ပေးတာရှိတယ်။ ဟိုအသိအစ်ကိုကြီး အလုပ် Offer ရတဲ့ Company က ကြီးတယ်။ ချက်ချင်း အလုပ်ခန့် မယ်ဆို လက်ခံမှာလားဆိုတဲ့ Question မျိုးတွေ ထုတ်တတ်တယ်။ တခြား အလုပ်တွေထက်စာရင် အိုင်တီအလုပ်တွေမှာက လူလိုနေပြီဆို ချက်ချင်း အလုပ်တန်းခန့် တာတွေများမယ် ထင်ပါတယ်။

နေဘုန်းလတ် --> ပြောလိုက်ပါ့မယ်။

Min Htet said...

Sis Nay Nay Naing,Thanks for interview books.They are very useful for everyone.Interviews are mandatory obstacles to pass before landing to dreamland.Well Done!

Myo Kyaw Htun said...

အခုတော့ မလိုသေးပေမယ့် ဒေါင်းလုပ်လုပ်ပြီးတော့ သိမ်းထားတယ်။ တစ်ချိန်ကျတော့ လိုမှာ သေချာတယ်။ Ma Nay, e-bookတွေ အတါက် ကျေးဇူးပါပဲ။