ဒါပေမယ့် ၂၀၀၆ နှစ်ဆန်းပိုင်းက စပြီးတော့ လူက လိမ်မာလာတယ် ပြောရမလား၊ အိပ်ချိန်မှန်မှန် နဲ့  အိပ်ရေးဝအောင် အိပ်ဖြစ်လာတယ်။ ၁ ရက်၊ အလွန်ဆုံး ၂ ရက်ထက် ပိုပြီးအိပ်ပျက်အခံတာ အတော်ကြာပါပြီ။ ဒါပေမယ့် ဒီရက်ပိုင်းမှာ ကိုယ့်ဟာကိုယ် မအိပ်တာက တစ်ရက်၊ အလုပ်ရှုပ်နေလို့  အိပ်ရာဝင်နောက်ကြတာက ၁ ရက်၊ ဗိုက်အောင့်နေလို့  စောစောအိပ်မရတာက ၂ ရက်.. ၄ ရက်ဆက်တိုက်လည်း အိပ်ချိန် မမှန်၊ အိပ်ရေးမ၀ဖြစ်လာရော.. လူလည်း အီလည်လည်ကြီးဖြစ်လာတယ်။
ခုရက်ပိုင်းမှပဲ အလုပ်မှာလည်း အလုပ်နည်းနည်းရှုပ်တယ်ဆိုရမလား၊ Coding ရေးစရာ တချို့ က ရှိနေတယ်။ မူးနောက်နောက်နဲ့  ရေးနေပေမယ့် ခုချိန်ထိတော့ ဘာမှ ပြဿနာ မတတ်သေးဘူး ဆိုတော့ အခြေအနေ မဆိုးသေးဘူး ဆိုရမယ်။ အဲ.. ရေးသမျှကိုတော့ Double Confirm လုပ်ပြီးမှ Release လုပ်ရတာပေါ့။ ခုနက Program ကို Testing လုပ်ရင်း Blog မှာ တင်မလို့ Technical Post တစ်ခု့ ရေးတာမှာတော့ ရေးနေရင်းနဲ့  ဆက်စဉ်းစားမရဘူး ဖြစ်သွားတယ်။

တွေးမိတယ်.. အကျင့်ဆိုတာ လူက လုပ်ယူတာ မဟုတ်လား။ ဘယ်အရာမဆို အလေ့အကျင့်ရှိလာရင် ခံနိုင်ရည် ရှိလာတာပါပဲ။ ခုဆို အိပ်ရေးပျက်ခံလေ့ မရှိတော့ မခံနိုင်တော့ဘူး။ ဒီတော့ အိပ်ပျက်ခံနိုင်အောင် ပြန်ပြီး ကျင့်ယူရင် ကောင်းမလား။ ဘာရယ်တော့ မဟုတ်ပါဘူး.. ခုနက ရေးနေတဲ့ ပိုစ့်ကို အဆုံးမသတ်နိုင်တာ သေချာသွားလို့  စိတ်ထဲ မကျေနပ်တာနဲ့  တစ်ခုခုတော့ ရေးဖြစ်အောင် ရေးဦးမယ်ဆိုပြီး စိတ်ထဲပေါ်လာတာတွေ ချရေးလိုက်တာပါ။ :D
No comments:
Post a Comment