Pages

May 09, 2007

Mozilla CEO speaks out on future of Firefox

Mozilla CEO ပြောတဲ့ Firefox ဘယ်လို ဖြစ်လာတယ်၊ ရှေ့ မှာ ဘာတွေ ဆက်လုပ်မယ် ဆိုတဲ့ အကြောင်း Interview တစ်ခု ဖတ်လိုက်ရပါတယ်။ ဒီ Interview စပြီး ဖတ်မကြည့်ခင်တည်းက Mozilla ရဲ့ CEO က အမျိုးသမီးတစ်ယောက်ပဲ ဆိုတာ သိလိုက်ရလို့  သဘောကျသွားမိတယ်။
ကျွန်မအနေနဲ့  FireFox ကို Primary Browser အဖြစ်သုံးနေတာ ၁ နှစ်ကျော် ရှိပါပြီ။ FireFox က Cross Platform ရတယ်၊ OpenSource ၊ Stable လည်းဖြစ်တယ်၊ Security ကောင်းတယ်၊ ကိုယ့်အတွက် သုံးရတာ အဆင်ပြေလို့  Primary Browser အနေနဲ့ သုံးနေခဲ့တာပါ။ ဒါပေမယ့် တချို့ ဆိုဒ်တွေ၊ အထူးသဖြင့် စင်္ကာပူ အစိုးရ Website တွေကတော့ Microsoft က ထုတ်တဲ့ IE နဲ့ ပဲ ကိုက်ညီအောင် ရေးထားတော့ FireFox ဒါမှမဟုတ် တခြား Browser တွေနဲ့ ကြည့်ရင် အဆင်မပြေပါဘူး ဖြစ်နေတယ်။ ဒီတော့ IE ကိုလည်း စွန့် လို့ မဖြစ် လိုအပ်ရင် လိုအပ်သလို သုံးရတုန်းပါပဲ။ ဒါတောင် IE 6 နဲ့ ပဲ အဆင်ပြေပြီး IE 7 နဲ့  ဆို အဆင်မပြေတဲ့ Site တွေလည်း ရှိသေးတယ်။ တကယ်ဆို အဲ့ဒီလို Browser Dependent မဖြစ်သင့်ပါဘူး။ Browser Independent ဖြစ်အောင် ရေးထားသင့် ပါတယ်။

ခုနောက်ပိုင်းမှာ FireFox ကို အသုံးပြုသူ များလာတာ တွေ့ ရတယ်။ W3C ရဲ့စာရင်းတွေနဲ့  တခြား Web Stats တွေအရ သိနိုင်တယ်။ ဒီ၂ နှစ်အတွင်း အသုံးပြုသူ တိုးတက်နှုန်းက အတော်မြန်ပါတယ်ဆိုရမယ်။ W3C မှာ သွားကြည့်ရင် 2003 က စတင်ခဲ့တဲ့ Firefox Browser ကိုအသုံးပြုသူဟာ 2005 နှစ်ဆန်းမှာ 3.4 % ပဲရှိတာကနေ ခုဆို (2007 April) 32.9% ရှိနေပြီဆိုတာ တွေ့ နိုင်ပါတယ်။

အဲ့ဒီ Interview ကို ကြည့်ပြီးမှ သတိထားမိလိုက်တဲ့ FireFox Japan က လုပ်ထားတဲ့ Foxkeh ဆိုတဲ့ Cartoon ပုံလေး ကိုလည်း သဘောကျမိတယ်။


No comments: