Pages

May 19, 2007

Care Bears

ကျွန်မ Me2You ၀က်ဝံ အရုပ်လေးတွေကို နှစ်သက်ပြီး စုထားသလို စုထားတဲ့ CareBears ဆိုတဲ့ အရုပ်လေးတွေ ရှိတယ်။ စုထားတာတော့ ကြာပါပြီ၊ ဒီရက်ပိုင်း Computer ကို ရှင်းမှ သတိပြန်ထားမိတယ်။ CareBears က Me2You လို တစ်မျိုးထဲရှိတာမဟုတ်ပဲ အဓိပ္ပါယ်အမျိုးမျိုးနဲ့  ပုံစံကွဲလေးတွေ ရှိပါတယ်။ ကျွန်မ Care Bear လေးတွေကို ဘာလို့  ကြိုက်သလဲ။ Bear ပုံလေးတွေက နှစ်သက်စရာ ကောင်းသလို သူတို့ ရဲ့ အဓိပ္ပါယ်တွေကလည်း ကောင်းမွန်ပါတယ်။

ကျွန်မတို့ တွေ အားလုံးဟာ တစ်နေ့ တစ်နေ့  အဆင်ပြေအောင် ကြိုးစားပြီး နေထိုင်၊ လုပ်ကိုင်နေကြရတော့ တခါတလေမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့  မိသားစုဝင်တွေကိုတောင် မကပါဘူး မိမိကိုယ်ကိုပါ ဂရုတစိုက်ရှိဖို့  မေ့နေတတ်ကြတယ်။ တကယ်တော့ အဲ့လို မဖြစ်သင့်ပါဘူး။ အဲ့ဒီလို ကျွန်မတို့  ဘ၀မှာ မေ့နေတတ်တာလေးတွေကို သတိတရရှိစေဖို့  ဒီ Care Bears လေးတွေက ကူညီမယ်၊ ဂရုမစိုက်တတ်ရင် ဂရုစိုက်တတ်လာအောင် သင်ကြားပေးမယ်လို့ ဆိုပါတယ်။

တချို့ ကပြောကြတယ်။ လူတစ်ယောက်နဲ့  တစ်ယောက် ဂရုစိုက်တယ်၊ ဂရုစိုက်မှု့ ကို ပြတယ်ဆိုတာ အပိုအလုပ်တွေပါ၊ မလိုအပ်ပါဘူးတဲ့။ ကျွန်မကတော့ အဲ့လို မထင်ပါဘူး။ ကျွန်မတို့ တွေအားလုံးဟာ စက်ရုပ်တွေ မဟုတ်ကြပါဘူး။ ခံစားချက်ရှိတဲ့၊ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့ လူသားတွေပါ။ တကယ်ဆို လူတွေမှာ တဦးနဲ့ တဦး ဂရုစိုက်မှု့ တွေ ဘာကြောင့်၊ ဘယ်လို လိုအပ်ကြောင်း ပြောနေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ စကားတတ်ရင် တတ်သလို ပြောလို့ ရမယ်ထင်တယ်။ ဘယ်သူတွေ ဘာလိုပဲ မယုံကြည်ဘူးပြောပါစေ၊ ကျွန်မ ကတော့ လူသားတွေမှာ တစ်ဦးနဲ့ တစ်ဦး Care လုပ်မှု့ တွေဟာ လိုအပ်တယ်လို့ လက်ခံ ယုံကြည်ပါတယ်။

American Greetings က 1980 ကျော်မှာ စပြီး မိတ်ဆက်ပေးလာတဲ့ ဒီ Care Bears တွေဟာ ဒီနှစ်ဆို 25th Anniversary ကို ကျင်းပါနိုင်ပါတော့မယ်။
Care Bears အားလုံးပေါင်း ၁၉ မျိုးရှိပါတယ်။ Care Bears လေး တစ်ကောင်စီမှာ Special Mission Care Area တွေ ရှိကြတယ်။ သူတို့  နာမည်လေးတွေကို ကြည့်လိုက်တာနဲ့  သူတို့ တွေဟာ ဘယ် Area တွေကို ကိုယ်စားပြုတယ်ဆိုတာ သိနိုင်သလို၊ ကျွန်မတို့ ဘ၀မှာ ဘယ်အရာတွေကို ဂရုတစိုက်ရှိဖို့ လိုအပ်တယ် ဆိုတာကိုလည်း သိနိုင်ပါတယ်။ ကျွန်မစုထားတဲ့ Care Bears ပုံလေးတွေထဲ့ တချို့ ကို Slide Show မှာကြည့်နိုင်ပါတယ်။

Care Bears


Bashful Heart Bear , Bedtime Bear , Champ Bear, Cheer Bear, Daydream Bear , Do-Your-Best Bear , Friend Bear, Funshine Bear, Good Luck Bear, Grumpy Bear, Harmony Bear, Laugh-a-lot Bear, Love-a-lot Bear, Secret Bear, Share Bear, Surprise Bear, Tenderheart Bear, True Heart Bear, Wish Bear

ဒါနဲ့ ကျွန်မ တစ်စုံတစ်ယောက်ကို Care Bear တစ်ခုတည်းသာ လက်ဆောင်ပေးရမယ်ဆိုရင်တော့ Good Luck Bear လေးပေးဖြစ်မယ် ထင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ကံကောင်းနေတဲ့၊ ကံတရားရဲ့ မျက်နှာသာပေးမှု့ ကို ခံနေရတဲ့ လူတစ်ယောက်ရဲ့ ဘ၀မှာ တခြားလိုအပ်တဲ့ အရာတွေအားလုံး ပြည့်စုံစွာ ရရှိနေမယ်လို့  ကျွန်မ ယုံကြည်လို့ ပါပဲ။


Related Link : Care-Bears, CareBears (WiKi)

No comments: