



Credit to : Zin Min Oo
သူငယ်ချင်းတစ်ယောက် အီးမေးကတဆင့် ပို့ ပေးလာတဲ့ ဓာတ်ပုံတွေပါ။ တကယ့်ပုံအစစ်လား၊ သူကိုယ်တိုင်ရိုက်ထားတာလား မေးပြီး၊ သူ့ စီက ခွင့်ပြုချက်အရင် ရယူပြီးမှ ကျွန်မ ဘလောခ့်မှာ ပိုစ့်တင်လိုက်တာပါ။ ( Thanks Zin Min ) သူ့ ဓာတ်ပုံတွေ သုံးပါရစေသာပြောလိုက်မိတယ်၊ ဒီဓာတ်ပုံတွေကို ဘယ်လို၊ ဘယ်အချိန်က ရိုက်လိုက်နိုင်တာလဲဆိုတာကိုတော့ မမေးလိုက်မိဘူး။ရုပ်ရှင်တွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ ထဲမှာ တွေ့ ဖူးတာကလွဲရင် ခုချိန်ထိတော့ အပြင်မှာ ဒီလိုဖြစ်တာ တခါမှ မမြင်ဖူး သေးပါဘူး။ စဉ်းစားမိတယ်၊ စင်္ကာပူကျွန်းပေါ်မှာ အင်အားပြင်းပြင်းနဲ့  တိုက်သွားရင်တော့ ဘယ်သူမှမလွင့်ခင် ကိုယ်အရင် လွင့်ပြီး ပါသွားမှာ သေချာပါတယ်။ ခုတွေ့ ရတဲ့ ပုံတွေက ပင်လယ်ထဲမှာ ဖြစ်နေတာဆိုတော့ ကုန်ပေါ်ကလူတွေ အတွက် စိုးရိမ်စရာ မရှိပေမယ်၊ ပင်လယ်ထဲမှာ သွားနေသူတွေ အတွက် တွေးပြီး စိုးရိမ်မိတယ်။ ရန်ကုန်မှာ ရေကြီးတယ် ဆိုတုန်းက၊ အင်တာနက်မှာ ရေကြီးတဲ့ ပုံတွေကြည့်ပြီး ရန်ကုန်က လူတွေအတွက် စိတ်မချမ်းမသာ ဖြစ်ရုံမက၊ ဒီကျွန်းနိုင်ငံ ပိစိကွေးလေးမှာ ရုပ်ရှင်တွေထဲကလို ပင်လယ်ရေတွေ တက်လာပြီး ကျွန်းတစ်ခုလုံး မြုပ်သွားလို့ ကတော့ ငါတို့ အားလုံး ပါကုန်မှာ ဆိုပြီး တွေးမိသေးတယ်။ ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်မှာ ငလျှင်လှုပ်သွားလို့  တိုက်တွေပေါ်က လူတွေ ဆင်းပြေးကြတယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတချို့  သူတို့ ဘလောခ့်တွေမှာ ရေးထားတာ ဖတ်လိုက်ရတုန်းကလည်း၊ ဒီမှာ ငလျှင်လှုပ်ရင်တော့ ... အတော်မလွယ်တာပဲ၊ ဘာတွေပိပြီး၊ ဘယ်တွေရောက်သွားမလဲ ဆိုပြီး တွေးလိုက်မိသေးတယ်။ သဘာဝ ဘေးအန္တရာယ်တွေဆိုတာကလည်း ကြောက်တတ်မယ်ဆိုရင် ကြောက်ဖို့ အတော်ကောင်းသား။
Update :
Other Links: ထူးဆန်းဖွယ် စင်္ကာပူပင်လယ်ပြင်မှ သဘာဝရေပန်းကြီး ( Mr-Programmer)
2 comments:
It was real photos taken by my colleagues from UOB plaza (near Raffles Place).
အေးဟ . . . ဘယ်တော့ ဘာဖြစ်မလဲ ဘယ်သူမှကြိုမသိဘူး။ နင်တစ်မတ်စေ့လေးငုံထားပါလား။ ငါတော့ ငုံပြီးပြီ။ Ready ပဲ။
Post a Comment