Pages

May 04, 2007

Microsoft Product Licensing Advisor

IT Field မှာ ကျွန်မနဲ့  ခင်မင်ရင်းနှီးသူ၊ မရင်းနှီးသူ မြန်မာတွေ အတော်များများဟာ Microsoft Products တွေနဲ့  အလုပ်လုပ်နေ ကြတာ များပါတယ်။ တချို့ ဆို Management Level , Consultant Level အလုပ်တွေ လုပ်နေကြတာပါ။ အဲ့ဒီ ထဲက ဘယ်သူတွေက Microsoft Product License တွေအကြောင်း ဘယ်လောက် သိကြသလဲ ဆိုတာ ကျွန်မ အသေအချာ မသိပါဘူး။ သေချာတာတစ်ခုကတော့ ကျွန်မ အနေနဲ့  အဲ့ဒီ License အကြောင်းတွေကို မသိခဲ့လို့  အခုမှ လေ့လာနေရတယ် ဆိုတာပါပဲ။

ကျွန်မ အခုလက်ရှိ အလုပ်လုပ်နေတဲ့ Level အနေနဲ့  License တွေအကြောင်း အသေးစိတ် မသိမနေရ၊ သိစရာ မလိုပေမယ့် IT Management Monthly Meeting တစ်ခု တက်လိုက်တိုင်း Management Level တွေ License တွေ အကြောင်း ဆွေးနွေးနေတာတွေကို အမြဲတမ်းကြားနေ ခဲ့ရတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ အကြောင်းအရာတွေပါ။ သေချာ စဉ်းစားကြည့်မယ်ဆို Management Level, Consultant Level အဆင့်ရောက်ပြီဆို ကိုယ်သုံးတာ၊ မသုံးတာ အသာထား၊ ဒီလို Software Product License တွေအကြောင်း အနည်းဆုံး သိရှိ၊ နားလည်နေဖို့ တော့ လိုပါတယ်။


ကျွန်မတွေ့ မိတဲ့ Microsoft က Licensing Advisor ပါ။ Microsoft Prouduct တွေ ၀ယ်မယ်ဆို ကိုယ့် Company အတွက် ဘယ်လို လိုင်စင်၊ ဘယ်လို Product က သင့်တော်တယ်ဆိုတာ မသိရင်၊ ဒီ Advisor သုံးပြီး ရှာကြည့်လို့ ရပါတယ်။ ကျွန်မ အလုပ်မှာ Microsoft ရဲ့ တခြား Product တွေကို မသုံးရပေမယ့်၊ ပုံမှန်သုံးနေတဲ့ OS က Windows၊ အိမ်မှာအဓိက သုံးနေတာကလည်း Microsoft ရဲ့ Windows OS တွေ ဖြစ်နေတော့ ကိုယ်နဲ့  ရင်းနှီးတဲ့ Microsoft Products တွေ အကြောင်းကို စပြီး ရှာဖွေ၊ လေ့လာကြည့် ဖြစ်လိုက်တယ်။ တခြား License တွေအကြောင်း ဆက်လက် လေ့လာနေပါတယ်။ အချိန်ရမယ်ဆို တခြား Product License တွေအကြောင်း ဆက်ပြီးရေးပါအုန်းမယ်။

2 comments:

Anonymous said...

ma,
if u dunt mind,can i ask a qes for java swing?
i want the sample codes to draw line chart,candle stick chart.
where can i get these code?

Nay Nay Naing said...

plm >> ကျွန်မ အခု လက်ရှိ Java Swing ကို လုပ်နေတာ မဟုတ်တော့ Link တွေ ချက်ချင်း မပေးနိုင်သေးပါဘူး။ ရှာကြည့်လိုက်ဦးမယ်.. အသုံးဝင်မယ်ထင်တဲ့ Link တွေတွေ့ ရင် ပေးပါ့မယ်။