Pages

May 18, 2007

နန်းကြီးသုပ်၊ နန်းပြားသုပ်နဲ့  လဘက်ရည်

စာရေးဖို့  စိတ်ကူးနေတာ စိတ်မပါဘူးဖြစ်နေတယ်။ ခုချိန် စိတ်ထဲမှာ ဘာစားရင်ကောင်းမလဲဆိုတာကိုပဲ တွေးမိနေတယ်။ ဒါနဲ့  ဟိုတစ်ခေါက် ရန်ကုန်ပြန်တုန်းက စားခဲ့ရပြီး၊ အခု စားချင်စိတ်ပေါက်နေတဲ့ အစားအစာတွေ ပုံတွေပဲ တင်လိုက်တော့မယ်။


အဲ့ဒီမနက်က နန်းကြီးသုပ်၊ နန်းပြားသုပ်၊ လက်ဖက်ရည် နဲ့  ကော်ပြန် လိပ်လောက်ပဲစားဖြစ်တယ်။ အဲ့ဒီနေ့ က မနက်စောစော မြို့ ထဲသွားရင်း စားဖြစ်တာပါ။ ကြက်သားမစားရဘူးဆိုလို့  ငါးဖယ်နဲ့ ပဲစားခဲ့ရတယ်။ တကယ်တော့ မစားချင်ဘူး၊ အဖေက အတင်းကျွေးလို့  သာ မစားချင်စားချင်နဲ့  စားလိုက်ရတယ်.. တကယ်စားကြည့်တော့လည်း စားလို့ ကောင်းသားပဲ။ အမေက စားကြည့်ပါဆိုလို့  ကျွန်မ မှာတာက နန်းကြီးသုပ်၊ ဒါပေမယ့် အဖေက နန်းပြားသုပ်လည်းကောင်းတယ် ထပ်စားဆိုလို့  စားလိုက်ရတယ်။ ကုန်မှာမဟုတ်ဘူး မမှာနဲ့ လို့ ပြောခဲ့ပေမယ့် တကယ်စားလိုက်တော့လည်း ကုန်သွားတာပါပဲ။
နန်းကြီးသုပ်
နန်းပြားသုပ်
နောက်တော့ အမေက အရည်တစ်ခုခုတော့ သောက်ပါဆိုလို့  သောက်လေ့မရှိတဲ့ လဘက်ရည်တစ်ခွက် ထပ်ပြီး သောက်လိုက်ရသေးတယ်။ ကော်ဖီတော့ သောက်လို့ မဖြစ်ဘူးလေ။ ကော်ဖီသောက်ရင် တစ်နေ့ လုံးမောနေတော့မှာ။ မိုင်လို တို့  ၊ နွားနို့ တို့ က မကြိုက်လည်း သောက်ဖြစ်နေတဲ့ အရာတွေ ဆိုတော့ ရန်ကန်ုပြန်ရောက်တုန်းတော့ မသောက်ဖြစ်အောင် ရှောင်နေလိုက်တယ်။

လဘက်ရည်

အတူပါလာတဲ့ ဦးလေးက ကော်ပြန့် လေးတွေကလည်း စားလို့ ကောင်းတယ်ဆိုတာနဲ့  မစားချင်စားချင်နဲ့  ထပ်စားလိုက်ရပြန်တယ်..

ဒါတောင် အမေနဲ့  အဖေက သမီးစားနိုင်သေးတယ်၊ ထပ်စားပါဦးလား။ နန်းကြီးတစ်ပွဲနဲ့ ကော်ပြန့် မှာပေးဦးမယ်ဆိုတာကို တော်ပြီ၊ မစားတော့ဘူးဆိုပြီး အတင်းထပြန်လာရတာ။ တကယ်တော့ နေ့ လယ်ကြရင် မြန်မာထမင်းဆိုင်သွားစားမယ် ပြောထားလို့  ထပ်မစားတော့တာပါ။ အဲ့ဒီ မုန့် တွေနဲ့  မနက်စာ စားဖြစ်တဲ့ ဆိုင်က ....

အင်း ... ခုနေများ အိမ်မှာရှိနေတဲ့  အမေ့ကို ဖုန်းဆက်ပြီး နန်းကြီးသုပ်စားချင်တယ် ပြောလိုက်ရင် ကောင်းမလား၊ အဲ့ဒီက ကော်ပြန့် ကြော်လေးကလည်း ထပ်စားကြည့်ချင်စရာလေး၊ ဒီကဟာတွေနဲ့ လုံးဝ မတူဘူး အတော်စားလို့ ကောင်းတယ် ......... ရေးရင်း စားချင်လာပြီ......

5 comments:

Anonymous said...

နန်းကြီးသုပ်စားချင်တယ :(
Thanks for sharing these pics sis..

Anonymous said...

ma ma. feel like eating those as well..eekkk..bite sar lar b naw.
thanks for uploading those pic.
ma sarr ya pics kyi pop (a nhaw khan hoke woo, can't smell in here). har ha..=))

Hnin2

နေမိုး said...

ဘာဖြစ်လို့များ ဒီစားစရာတွေ အကြောင်းကိုရေးထားတာလဲမှာ။ ရေးတာကတော့ ရေးပေါ့။ ဓာတ်ပုံတွေပါတော့ ကြည့်ရင်း တံတွေးမျိုမျိုချနေရတယ်။ ဂလု ဂလု ဂလု......

Chan Mya Soe said...

သရေကျအောင် လုပ်တယ် :(

Nay Nay Naing said...

comments တွေအားလုံးအတွက် ကျေးဇူးပါပဲ။ ဒီတိုင်းရေးမယ့်အစား အစားအသောက်ပုံလေးတွေနဲ့ ဆိုရင်တော့ အားလုံးလည်း ကိုယ့်လိုပဲ၊ စားချင်စိတ်ပေါက်သွားကြမယ် ထင်လို့  ပုံတွေကို တမင်တင်လိုက်တာပါ။ တခြားပုံတွေရှိသေးတယ်။ နောက်အချိန်ရရင် အစားအသောက်ပုံလေးတွေနဲ့ တကွ ပိုစ့်အသစ်တွေ ထပ်တင်ပါဦးမယ်။ :D