အရင်ကဆို သတင်းအချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို သိချင်တယ်ဆို အဲ့ဒီအကြောင်းအရာကို သိတဲ့ သူတွေကို လိုက်မေးရ၊ Library တွေကို သွားပြီး သတင်းအချက်အလက်တွေကို လိုက်ဖတ်ရနဲ့  အတော်ပင်ပန်းပါတယ်။ သိချင်တာတွေ သိရဖို့ လည်း အတော်ခက်ခဲ ပါတယ်။ ဒါပေမယ့် ခုလို IT ခေတ်ကြီးမှာ သတင်း အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ရှာရတာ အရမ်းကို လွယ်ကူနေ ပါပြီ။ ဘယ်ကိုမှ သွားစရာ မေးစရာ မလိုပဲ အင်တာနက် ရတဲ့ ကွန်ပြူတာတလုံးရှေ့ မှာ Search Engine တွေကို သုံးပြီးတော့ ကိုယ်သိချင်တဲ့ Key Word လေးတွေ ရိုက်ထည့်လိုက်ရုံနဲ့  သိချင်တဲ့ အကြောင်းအရာတွေကို အလွယ်တကူ ရှာဖွေ သိရှိနိုင်ပါပြီ။
ကျွန်မ အင်တာနက်ကို စပြီးသုံးခါစတုန်းကတော့ တစ်ခုခု ရှာစရာရှိတယ်ဆိုရင် MSN search ကို သုံးပြီး ဟိုရှာဒီရှာ လုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ Google Search ကိုပဲ အဓိကထားပြီး သုံးဖြစ်တော့တယ်။ Google ကို ၂၀၀၂ လောက်ထဲက Home Page အဖြစ်ထားပြီး သုံးဖြစ်ခဲ့တယ်။ ကျွန်မသိတဲ့ အိုင်တီသမား အတော်များများကလည်း Google Home Page ထားပြီး သုံးကြတာတွေ့ ရတယ်။ တကယ်ဆို Search Engine တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် နာမည်အကြီးဆုံး Search Engine ကတော့ Google ပဲဖြစ်ပါတယ်။ နောက်ပိုင်းတော့ Google Search Engine က ဘယ်လောက်တောင် နာမည်ကြီးလာသလဲဆို July, 2006 က စပြီး Google ကို Verb တစ်ခုအနေနဲ့  အသိအမှတ်ပြု သုံးစွဲလာကြတယ်။ Google (Verb) google it ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik4mcSyb4xr8BpQ3od30RmDmVpeYI6xRHTLpGhduIXSERnW4QdSOAflpeTIw5k1RSsAfEVq7jkYtzyrtOAO5JpX4CvCZjH8eRZgylU8WhTtmOm6jpUGUd_sBtNRkON0iFHWUCVsg/s320/google-logo.gif)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5k2a59r__IVqJi-2lDVjw4gAK0xQQnC-3CjyLPV9JZs_pGICyJadDUJ0o5YOS2t7mbMM90btktaxQDkNRtSi9RQdKfTloh7QSIoc58oN6QWTVy6fkug9ovYPgAUolRRVa9z4jag/s1600/Google.gif)
Google Is Your Friend
All Smart People Use Google
Related Link : Google.com
3 comments:
ဟားဟား..ကောင်းတယ်။ Bart လို ရေးခိုင်းရမယ်။ ကျောင်းမှာတုန်းက တစ်ခုခုဆို အဲသလိုပြောနေကြ။ တစ်ချို့ဆရာတွေကိုက အစ အဲသလိုပဲပြောတာ သတိရမိတယ်။
nice post sis.. =)
မြင်ရတာတွေ၊ ကြားရတာတွေ ခုတလေယ အဆင်မပြေဖြစ်နေလို့  စိတ်ပေါက်ပေါက်နဲ့ ရေးလိုက်တာ။ ခုလို အားပေးကြတာ ကျေးဇူးပါပဲ :D
Post a Comment