ဒီနေ့ ဖတ်လိုက်ရတဲ့ Microsoft က Yahoo ကို ၀ယ်ဖို့ ကြိုးစားနေပြီးဆိုတဲ့ သတင်းကြောင့်များ Google လန့် သွားပြီး အဲ့လို ဖြစ်တာလားလို့  မဆီမဆိုင် လျှောက်တွေးမိသေးတယ်။ Microsoft က ညှိတဲ့ဈေးက USD 50 billion နဲ့ ဆိုတော့ အဲ့ဒီ ပိုက်ဆံလေး အကုန်မပြောပါနဲ့  1 % လောက်ပဲ ကိုယ် ရလိုက်ရင်ကောင်းမှာပဲလို့ တောင် တွေးမိသေးတယ်။ အဲ့ဒီသတင်း မှန်တာမမှန်တာ အသာထား၊ Microsoft က Google ကို အသေ လိုက်ပြိုင်တာကတော့ သေချာပါတယ်။ Google ကလည်း အချိန်တို အတွင်းမှာ ကြောက်ဖို့ ကောင်းအောင် အင်တာနက်ပေါ်က နေရာမျိုးစုံမှာတွင်ကျယ်လာတာပါပဲ။ ခုချိန်မှာတော့ Microsoft က Desktop လောကမှာ ဘုရင်တစ်ဆူ ဖြစ်နေသလို၊ Google ကလည်း Internet ပေါ်မှာ ဘုရင်ဖြစ်နေတာပါပဲ။ Microsoft က ရှိသမျှ ဈေးကွက် အကုန်လုံးကို သူတစ်ယောက်တည်း လက်ဝါးကြီးအုပ်ချင်သူဆိုတော့ Google ကို ပြိုင်ပြီပေါ့။

No comments:
Post a Comment