Pages

May 03, 2007

Build or Destroy

ဖတ်ဖူးတဲ့ စကားတစ်ခု

To build may have to be the slow and laborious task of years.
To destroy can be the thoughtless act of a single day.

Sir Winston Churchill
British politician (1874 - 1965)

တည်ဆောက်ဖို့ ဆိုသည်မှာ
နှေးကွေးပြီး လက်ဝင်လှသည်ဖြစ်ရာ
နှစ်နှင့် ချီ၍ကြာနိုင်ပါသည်။
ဖျက်ဆီးဖို့ အတွက်မူ
ထောက်ထားစာနာစရာမလို၍
တစ်ရက်တည်းနှင့် ကိစ္စပြီးနိုင်သည်။

( ဆာ ၀င်စတန် ချာချီ )

ကျွန်မတို့  အားလုံးဟာ အချိန်တွေ ပေးဆပ်၊ အခက်အခဲတွေကို ကျော်လွှား၊ စိတ်အင်းအား၊ လူအင်အားတွေ အများကြီးကုန်ဆုံးပြီးမှသာ ကိုယ်လိုချင်တဲ့ အရာတွေကို တည်ဆောက်ယူနိုင်ကြ ပါတယ်။ ဒါပေမယ့် အဲ့ဒီအရာတွေကို ဖျက်ဆီးဖို့ ဆိုရင်ကတော့ လွယ်ကူပါတယ်။ တခဏအတွင်း ၊ မျက်စိတမှိတ်၊ လျှပ်တစ်ပြက်လောက် အတွင်းမှာ အလွယ်တကူ ဖျက်ဆီးလို့ ရပါတယ်။

ဒါပေမယ့် ဒီ တည်ဆောက်မှု့ ၊ ဖျက်ဆီးမှု့  နှစ်ခုလုံး မလုပ်ခင်မှာ သေချာ စဉ်းစားရမယ့် Level ခြင်း ကတော့ အတူတူပဲလို့ ထင်ပါတယ်။ တစ်ခုခုက ပိုသာရမယ် ဆိုရင်တော့ ဖျက်ဆီးမှု့ ကို မလုပ်ဆောင်ခင် တွေးတော့ရမှာက ပိုများမယ်ထင်ပါတယ်။ ဖျက်ဆီးပြီးမှ မူလအတိုင်းဖြစ်အောင် ပြန်တည်ဆောက်ယူဖို့ ဆိုတာက လွယ်မှ မလွယ်တာ။ တကယ်တန်းဆို ကိုယ့်အတွက် တကယ် မလိုအပ်တဲ့အရာတွေကို တန်းဖိုးရှိတဲ့ အရာများစွာကို ဖြုန်းတီးပြီး မတည်ဆောက်မိဖို့ ၊ ကိုယ့်အတွက် လိုအပ်နေတဲ့ အရာတစ်ခုကို ဖျက်ဆီးရလွယ်လို့ ဆိုပြီး တန်းဖိုးမထားပဲ အလွယ်တကူ မဖျက်ဆီးမိဖို့ နှစ်ခုလုံးဟာ အားလုံးအတွက် အရေးကြီးပါတယ်။

ဘယ်အရာကိုအဆို မလုပ်ဆောင်ခင်မှာ အသေအချာ စဉ်းစားပြီးမှ လုပ်တာအကောင်းဆုံးပါပဲ။

No comments: