ဖတ်ကြည့်မှပဲ Java 6 မှာ ပါတဲ့ Derby ဆိုတာ Apache က ထုတ်တဲ့ Opensource Porject တစ်ခု ဖြစ်မှန်းသိလိုက်ရတယ်။ ဖတ်မိသလောက် အဓိက သတိထားလိုက်မိတာကတော့
Derby ဟာ
- a lightweight database
- a transactional, relational database and provides a small footprint on disk.
ဒီထက် အသေးစိတ် သိချင်ရင်တော့ Apache Website မှာသွားဖတ်ကြည့်လို့  ရပါတယ်။

1. Install JDK 6 update 1Derby မှာ ij ဆိုတဲ့ Command-line tool တစ်ခုပါတယ်။ အဲ့ဒီ ij ကို အသုံးပြုပြီး Derby database ကို Connect လုပ်နိုင်ပါတယ်။ Database တစ်ခု ဆောက်ရတာ အတော်လွယ်ပါတယ်။
2. set JAVA_HOME=C:\Program Files\Java\jdk1.6.0_01
3. set PATH=%PATH%;%JAVA_HOME%\bin; JAVA_HOME%\db\frameworks\embedded\bin
connect 'jdbc:derby:DatabaseName;create=true'; ဆိုပြီး ပေးလိုက်ရင် Database တစ်ခု Create လုပ်ပြီးသားဖြစ်သွားတယ်။
4. C:\>ijကျွန်မ အနေနဲ့  ပထမဆုံး MyDBTest ဆိုတဲ့ Database ကို creat လုပ်ကြည့်လိုက်တယ်။ Database ဆောက်မဆောက် သိချင်လို့  exit နဲ့  ပြန်ထွက်ပြီး ပြန် Connect လုပ်ကြည့်လိုက်တော့ Database ဆောင်ပြီးသားဖြစ်တာကို တွေ့ ရတယ်။
5. ij> connect 'jdbc:derby:MyDbTest;create=true';
6. ij>exit;
7. C:\>ijပြီးတော့ Table တစ်ခုဆောက်ကြည့်ပြီး နည်းနည်း စမ်းကြည့်ဖြစ်တယ်။ နောက်ဆို Demonistration တွေဘာတွေ ပြရင် ဒီ Database လေးနဲ့  ချိတ်ပြီး ပြလို့ ရမယ်ထင်တယ်။
8. ij> connect 'jdbc:derby:MyDbTest'; //command to connect Database
9. ij> create table mytable (id int
not null
generated always as identity,
name long varchar);
10. ij> show tables;
11. ij> insert into mytable values (default, 'Nay Nay Naing');
12. ij> insert into mytable values (default, 'Su Su');
13. ij> select * from mytable;
Derby ရဲ့ Command တွေကို သိချင်တယ်ဆိုရင် Help ( ij> help ; ) ဆိုပြီး ခေါ်ကြည့်လို့ ရပါတယ်။
Source :
Apache Derby
Sun Developer (JavaDB)
2 comments:
Derby ကို Java 6 ထဲ မထည့်ခင်တုန်းက စမ်းကြည့်ဖူးပါတယ်။ Java Application တစ်ခုအတွက် Database ရွေးတုန်းကပါ။ ဒါပေမယ့် သူ့ Data file တွေက Segmented (ဖိုင် သေးသေး သေးသေး လေးတွေ အများကြီး) ဖြစ်နေတာနဲ့ မရွေးဖြစ်လိုက်ပါဘူး။ Light Weight ထဲမှာတော့ Company က ပိုက်ဆံတတ်နိုင်မယ်ဆို Oracle Timesten က ကောင်းပါတယ်။ နောက်ဆုံးတော့ Copyright and License တော်တော် ချောင်တဲ့ HSQL ကို ရွေးလိုက်ရပါတယ်။ သူ့ကိုသုံးတဲ့ Application က Open Source ထပ်ဖြစ်စရာ မလိုဘူးလေ။ တော်တော်မြန်ပြီး သုံးရတာလဲ လွယ်ပါတယ်။ ရေရှည်မှာတော့ IBM တို့ Sun တို့က Contribute လုပ်တဲ့ Derby က ပိုကောင်းဖို့ ရှိပါတယ်။ သုံးရင်းနဲ့ ကောင်းတဲ့ အချက်လေးတွေ ရှိရင်လည်း ရေးပါဦး။
Derby ကို အရင်က ကြားဖူးရုံလောက်ပဲရှိတာ ခုလို့ Java 6 မှာပါလာတော့မှပဲ စမ်းကြည့်ဖြစ်တာပါ။ HSQL က JavaDeveloper တွေ အသုံးများကြလို့ နည်းနည်းတော့ စမ်းကြည့်ဖူးတယ်။ BSD license ဆိုတော့ license ကိစ္စလည်း စိတ်ပူစရာမရှိဘူးပေါ့။ အခုအလုပ်မှာက Oracle ပဲသုံးပါတယ်။ Oracle Timesten Light Weight ကိုတော့ မသုံးဖူးဘူး။ အချိန်ရမှ စမ်းကြည့်ပါဦးမယ်။ ဘယ်သူမှ စိတ်မ၀င်စားလောက်ဖူးထင်တဲ့ ပိုစ့်တစ်ခုမှာ ခုလို စုံစုံလင်လင် နဲ့  အကျိုးရှိစေမယ့် comment တစ်ခု ရေးပေးသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ :)
( အလုပ်ရှုပ်နေတာနဲ့  reply လုပ်တာ နောက်ကျသွားတယ်.. )
Post a Comment