Pages

January 28, 2010

တွေ့ရ တွေးရ

တွေ့ရ တွေးရ

အရက်ခွက်လောက်တောင် အရသာမရှိတဲ့ အရာတွေကတော့ အများကြီးပါပဲ
ဒီခွက်နဲ့ သောက်ရတာမကောင်းလို့ ၊ ဟိုခွက်နဲ့ ပြောင်းသောက်ကြည့်တော့လည်း
ဟိုခွက်ထဲမှာလည်း ဒီခွက်ထဲကလို မကောင်းတာတွေ အများကြီးပါပဲ။

စိတ်ညစ်လို့ သပွတ်အူဘေးသွားထိုင်တော့ မြစ်ကမ်းပါးကြီးက ပေါလောမျောလာ
မစင်တာတွေရော စင်တာတွေရော ခုတလော ဖတ်ဖတ်နေရတယ်မို့လား
ဖတ်ရတာ ဖတ်ဖတ်မောလာတော့
ဟိုပုလင်းကို သောက်ရတာအဆင်မပြေလို့ ၊ ဒီပုလင်း ပြောင်းသောက်ကြည့်တော့လည်း
ဒီပုလင်းထဲမှာလည်း ဟိုပုလင်းထဲကလို အဆင်မပြေတာတွေ အများကြီးပါပဲ။

မဖြစ်ထွန်းတဲ့ ညစ်တွန်းတွေနဲ့လည်း တွေ့ရတွေးရ
ငါပြောသမျှ အမှန်ဝါဒတွေနဲ့လည်း တွေ့ရတွေးရ
ကြက်ခွေးတောက်ကို အရသာမတွေ့လို့ ၊ ၀က်ခေါင်းသုပ်ပြောင်းမှာကြည့်တော့လည်း
ဝက်ခေါင်းသုပ်ဆိုတာလည်း ကြက်ခွေးတောက်လို အရသာမရှိတာတွေ အများကြီးပါပဲ။

ခါဇန်ဘူတာရုံတွင် ဖြစ်ပျက်ခဲ့ပုံကိုကား ပြောပင်မပြောချင်တော့ပါ။
သို့ရာတွင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပလိပ်ရောဂါသည် ပလိပ်ရောဂါသာ ဖြစ်ပါသည်။
ကျွန်တော်သည် ပလိပ်ရောဂါကို ဘာစီလိုနာတွင် မြင်ခဲ့ဖူးပါပြီ။ ပါရီတွင် မြင်ခဲ့ဖူးပါပြီ။
ထိုစဉ်ကမူ ကျွန်တော့်စိတ်သည် စာပေမှာထက် တခြားသို့ရောက်ရောက်နေပါသည်။
အခြားမဟုတ်ပါ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီသို့သာ
စိတ်ရောက်နေပါသည်။

ကြည်ဇော်အေး
Mandalay Icon Magazine (Vol;2, No;2, October, 2009)


ဖတ်မိလို့  မှတ်မိတဲ့ ကဗျာတွေထဲက တစ်ပုဒ်။ မှတ်ထားတဲ့အချက်အလက်တွေမှာ မူရင်း ကဗျာရေးသူနဲ့  ဘယ်မဂ္ဂဇင်းကဆိုတာပဲ ပါတယ်။ စိတ်ထဲ မှတ်မိသလောက် မမှားဘူးဆို ဒီကဗျာကို MMCupid ဖိုရမ်မှာ မန်ဘာတစ်ယောက် မျှလို့  ဖတ်ခွင့် ရခဲ့တာလို့  ထင်တယ်။ နောက်ပိုင်း ကဗျာတွေ မှတ်ထားရင် မူရင်း ရေးသားသူတွေ အပြင် ဘယ်နေရာမှာ ဘယ်သူမျှဝေလို့  ဖတ်ခွင့်ရတယ်ဆိုတာလေးပါ မှတ်ထားရအုံးမယ်။

ဒီကဗျာဖတ်ပြီး အရက်ကလေးသောက်၊ ကြက်ခွေးတောက် နဲ့  ၀က်ခေါင်းသုပ် စားချင်သွားတယ် ဆိုရင်တော့ တောင်းပန်တယ်။ ကျွေးဖို့ မပြောနဲ့  ဥပမာပြဖို့ တောင် ဓာတ်ပုံမရှိဘူး။ ကဗျာကို ကဗျာလိုသာ ခံစားကြပါလေ။

January 27, 2010

SQL Injection


XKCD comic showing how SQL injection would delete a database.

January 25, 2010

♪ Life is wonderful...


It takes a crane to build a crane
It takes two floors to make a story
It takes an egg to make a hen
It takes a hen to make an egg
There is no end to what I'm saying

It takes a thought to make a word
And it takes some words to make an action
It takes some work to make it work
It takes some good to make it hurt
It takes some bad for satisfaction

La la la la la la la life is wonderful
Ah la la la la la la life goes full circle
Ah la la la la la la life is wonderful
Al la la la la

It takes a night to make it dawn
And it takes a day to make you yawn brother
And it takes some old to make you young
It takes some cold to know the sun
It takes the one to have the other

And it takes no time to fall in love
But it takes you years to know what love is
It takes some fears to make you trust
It takes those tears to make it rust
It takes the dust to have it polished, yeah

Ha la la la la la la life is wonderful
Ah la la la la la la life goes full circle
Ah la la la la la la life is so full of
Ah la la la la la la life is so rough
Ah la la la la la la life is wonderful
Ah la la la la la la life goes full circle
Ah la la la la la la life is our love
Ah la la la la la

It is so...

It takes some silence to make sound
It takes a loss before you found it
And it takes a road to go nowhere
It takes a toll to make you care
It takes a hole to make a mountain

Ah la la la la la la life is wonderful
Ah la la la la la la life goes full circle
Ah la la la la la life is wonderful
Ah la la la la la life is meaningful
Ah la la la la la life is wonderful

Ah la la la la la life it is...so... wonderful
It is so meaningful
It is so wonderful
It is meaningful

It is wonderful
It is meaningful

It goes full circle
Wonderful
Meaningful


ဒီသီချင်းအစက မသိခဲ့ဘူး။ YouTube က MTV ကို အစအဆုံး နားထောင်ပြီးတဲ့အခါ သီဆိုသွားပုံကို သဘောကျသလို သီချင်းကိုလည်း သဘောကျသွားတယ်။ တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါပဲ။ Thanks for sharing..

January 21, 2010

Breakfast at Kalaw

From Burmese Food


From Burmese Food

From Burmese Food

From Burmese Food

From Burmese Food


From Burmese Food

အကုန်လုံး ကလောမြို့ မဈေးထဲက ဆိုင်မှာ စားတာတွေပါ။ ဈေးထဲမှာ အဲဒီဆိုင်က ကောင်းတယ်ဆိုပြီး အစ်မခေါ်သွားတာပဲ။ အပေါ်ဆုံး ငါးထမင်းနယ် ပုံက မလွင်လွင်ဦး ရှမ်းတောင်တန်း ငါးထမင်းနယ် နဲ့  ဟင်းထုပ် ပဲ သီးသန့် ရောင်းတဲ့ဆိုင်က။ ကျန်တာတွေက စိန်ရတနာ ဆိုတဲ့ ဆိုင်မှာ စားတာပါ။ ဆိုင်မှာလူတွေ ပြည့်နေတာပဲ။ ဈေးနေ့ မို့ တခြားက ဈေးလာရောင်းသူတွေပါ ရှိနေလို့ များနေတာလားတော့ မသိဘူး။ တိုင်းရင်းသားတွေ သဘောကောင်းကြတယ်။ ကျွန်မတို့  စားဖို့ သွားတော့ ထိုင်စရာနေရာ မရဖြစ်နေတာ တချို့ က ထ ပေးတယ်။ ဧည့်သည်တွေ ထိုင်ပါ သူတို့  မတ်တပ်ရပ်ပဲ စားလိုက်မယ်တဲ့။ စားစရာတွေမှာ တော့လည်း ဘာစားရမယ် မှန်းမသိလို့  ဂျီးများနေတဲ့ ကျွန်မကို ဘာလေးတွေ ကောင်းတယ် စားကြည့်ပါ ညွန်းသေးတယ်။ ညီမလေး ကတော့ ရှင်းတယ် ရှမ်း ထမင်းနယ်ပဲ စားတယ်။ အဲဒါစားဖို့  အားတင်ထားတာတဲ့။ ၂ ပွဲ။ ကုန်မှာပေါ့ ပါတာလေးက နည်းနည်းလေးဟာကို၊ ပထမပွဲတုန်းက ဓာတ်ပုံရိုက်ဖို့  တောင်းလို့ ကိုမရခဲ့ဘူး။ သူကြိုက်တယ် စားလို့ အရမ်းကောင်းတယ် ပြောတာပဲ။ အဖေကတော့ အကုန်စားတာတယ်။ အကုန်မှာမယ် ဆိုတာမျိုး။ စားလည်း စားနိုင်တယ်။ ရှမ်းခေါက်ဆွဲ ၂ ပွဲ၊ တိုးဟူးကြော် ၃ ပွဲ၊ တခြားဟာတွေလည်း စားသေးတယ်။ တပွဲထဲပါတဲ့ တချို့  အစားအသောက်တွေ ဓာတ်ပုံ ရိုက်ဖို့  မမှီလိုက်ဘူး။ တို့ ဟူးနွေးတို့  ရေစိမ်ခေါက်ဆွဲတို့ ။ ဆိုင်ရှင်ကလည်း သဘောကောင်းပါတယ်။ သူတို့ ဆိုင်မှ မရတာတွေ တခြားက မှာပေးတယ်။ အဲ့ဒီ မနက် သူများတွေ စားသမျှ တဇွန်းစီလိုက်မြီးရင်းနဲ့  ဗိုက်ပြည့်သွားလို့  ဘာဆိုပြီး သီးသန့် မစားခဲ့ရပါဘူး။

From Burmese Food

From Burmese Food

January 18, 2010

Dancing with the Bugs

ဒီနေရာမှာ Bug ဆိုလို အကောင် (insect) တွေ လို့  မမြင်ပါနဲ့ ။ Software Bug ကို ပြောခြင်းသာ ဖြစ်ပါကြာင်း။


"In programming, as in everything else, to be in error is to be reborn."
~Alan J. Perlis


၂ လ ကျော် ရေးထားတဲ့ Change Request တစ်ခု၊ ပြီးခဲ့တဲ့ သောကြာနေ့ က SIT ကို ပို့ လိုက် နိုင်ခဲ့တယ်။ ဒီတစ်ခေါက် Change Request က နည်းနည်းကြီးတယ် ဆိုရမယ်။ ရတဲ့အချိန်က နည်းတယ်။ တကယ်ဆို Testing မပါ ( SIT / UAT မပါ) Develpement အတွက် ကိုယ်တွေ တောင်းတာက ရက် ၉၀။ တောင်းသလောက် မရခဲ့ပါဘူး။ ဒီနိုင်ငံ အစိုးရရဲ့ အခု တောင်းဆိုချက်ကြောင့် ပြောင်းရတာဖြစ်လို့  ဘယ်နှစ်ရက်လိုတယ် ပြောပြော နောက်ဆုံး Production ကို ရောက်ရမယ်ဆိုတဲ့ နေ့ အပြီး ရောက်အောင်ပို့ ပေး ရမှာပါလို့  သက်ဆိုင်ရာ ဌာနက အကြောင်းပြန်တယ်။ ဘယ်သူမှ ငြင်းမရတဲ့ ကိစ္စ ဆိုတော့လည်း ဖြစ်အောင်လုပ်ကြရတော့တာပေါ့။

Pages တွေ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေပြီး နောက်ကွယ်က Business Flow က ရှုပ်တော့ လူအများနဲ့ ရေးလို့  မရဘူး။ နှစ်ယောက်ပဲရေးတာကို သူ့ အပိုင်းနဲ့  ကိုယ့်အပိုင်း ပြန်ပေါင်းတာတင် ၂-၃ ရက်လောက် ကြာတယ်။ ဘာတွေပြောင်းရမယ် ဆိုတာ ရှင်းပြတာက ၃ နာရီလောက် ကြာတယ်။ Power Point Slide ကတင် ၁၆၀ ကျော်။ တကယ့် တကယ် စရေးတော့ အဲဒီမှာ ရှင်းပြထားတာတွေက မလုံလောက်ဘူး။ ရှေ့ မှာ ဒါလေးပဲ ပြောင်းပါတယ် ဆိုပေမယ့် နောက်ကွယ်မှာ ပြောင်းတာတွေ အများကြီး။ တချို့ ဟာတွေ ဖြစ်နိုင် မဖြစ်နိုင်၊ ရှင်းရတာ၊ ငြင်းရတာတွေက အကြိမ်ကြိမ် ရှိသလို၊ Requirement ကိုလည်း အကြိမ်ကြိမ် ပြင်ကြသေးတယ်။ ဒီနေ့  လက်ရှိ ရှိနေတဲ့ Requirement file ရဲ့ version no က ၁၀ ။ Side ပေါင်း ၂၀၀ ကျော် ဖြစ်သွားတယ်။ နောက်ထပ် မပြင်ဘူး မျှော်လင့်ရတာပဲ။ Requirement က အင်တာနယ် အဖွဲ့ အစည်းက လာတာ မဟုတ်တော့ တစ်ခုခုဆို ကိုယ်တွေကမေးရင် သူတို့ မှာ ချက်ချင်း အဖြေမပေးနိုင်တာ မျိုးတွေကြောင့် နှောက်နှေး ကြန့် ကြာမှု့ တွေလည်း ရှိသေးတယ်။

အခုတော့ SIT ကို ရောက်သွားvပါပြီ။ ဒီနေ့  အဖွဲ့ ထဲကလူ ၄-၅ ယောက်က Testing လုပ်နေကြတယ်။ ကိုယ်လည်း Testing လုပ်တယ်။ သူတို့ တစ်ခုတွေ့ လိုက် ကိုယ့်ကို လာပြောလိုက်။ Bugs ဟုတ်မဟုတ် ဆွေးနွေးလိုက်၊ ရှင်းပြလိုက်၊ ငြင်းလိုက်။ ရန်ဖြစ်တဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။


"It's not a bug - it's an undocumented feature."

~Author Unknown

ကိုယ်ရေးတဲ့ အပိုင်းက မှားနေတာဆို Request ကို ကိုယ့်စီ Assign လုပ်ပါတောင်းဆိုရတယ်။ ဒီတိုင်း ပြင်လို့  မရဘူး။ ပြင်ဖို့  Request ပို့ မှ ပြင်လို့  ရတယ်။ ကိုယ်ရေးတဲ့ အပိုင်းက SIT ကိုရောက်လို့  Test လုပ်ရင်း ကိုယ်ဘာသာ ရှာတွေ့ တဲ့ အမှားမျိုးတောင်မှ ကိုယ်ဟာကိုယ် ပြင်ဖို့  Request ပို့ ဖို့  လိုပါတယ်။ တချို့ ဟာတွေ ကိုယ်ထိတဲ့ နေရာကလည်း မဟုတ်၊ တခြားသူထိ တဲ့နေရာကလည်းမဟုတ် မှားနေတယ်ဆို ပေါ်လာသေးတယ်။ ဒါမျိုးတွေကြတော့ ကိုယ်တွေပြင်တာကြောင့် အဲ့ဒီလို အမှားတွေ ဖြစ်သွားတာလား၊ ဘယ်သူ့ အပိုင်းနဲ့  ဆက်နေတာလဲ၊ အရင်ကတည်းက ရှိနေတဲ့ အရာတွေလား ဆိုတာ သေချာအောင် UAT နဲ့  Production လိုက် စမ်းရတာမျိုးတွေလည်း ရှိတယ်။

"One man's crappy software is another man's full time job."
~Jessica Gaston

ဒီ ၂ ရက် ၃ ရက် လောက် SIT မှာ စမ်းပြီးရင် UAT ပို့ ရမယ်။ ပုံမှန်ဆို SIT မှာ ၂ ပတ် စမ်းပြီး အဆင်ပြေ လောက်တယ် ထင်မှ UAT ပို့ လေ့ ရှိတယ်။ UAT မှာလည်း အနည်းဆုံး ၂ ပတ် Test လုပ် ရတယ်။ အခုတော့ အချိန်မရလို့  SIT နဲ့  UAT အပြိုင် သွားရမယ်။ Production ကို နောက်လ ၁ ရက်နေ့  အရောက် ပို့ ပေးရမယ်။

ပုံမှန်ဆို SIT ကို BA တွေပဲ Test လုပ်တာ အခုဟာက အချိန်လည်း မရ၊ ရှုပ်ကလည်း ရှုပ်တယ်ဆိုတော့ အဖွဲ့ ထဲက အချိန်ရတဲ့ သူမှန်သမျှ Testing ၀င်လုပ်ဖို့  request လုပ်ထားတယ်။ ပြင်ထားတာတွေက အများကြီးဖြစ်နေတာကြောင့် တစ်ခုခု သူတို့ လာ မေးရင်၊ တခါတလေ မနည်း ပြန်စဉ်းစား ရတယ်။ ပထမ ကိုယ့်အပိုင်း ဟုတ်မဟုတ်၊ သူတို့ ပြောတာ အမှားဖြစ်နိုင် မဖြစ်နိုင်။ Deployemnt Error ကလည်း ဖြစ်နိုင်သေးတယ်။ ဘာကြောင့် ဘယ်လို ဆိုတာလည်း ရှင်းပြရသေးတယ်။

တခါတလေ စိတ်မရှည်တော့ဘူး။ စိတ်မရှည်ကြောင်းလည်း ပြလို့ မရ၊ မပြသင့်တဲ့ အခြေအနေ။ အခုလို Test ၀င် လုပ်ပေးနေတာကို ကျေးဇူးတင်နေရတယ်။ Bugs တွေကို စောစောရှာတွေ စောစောပြင်လို့ ရတာက ကိုယ်အတွက် ပိုကောင်းတယ်။ Production မှတွေ့ မယ်ဆို မလွယ်ဘူး။ UAT မှာ Business Users တွေ Testing လုပ်တဲ့အခါ Logic Error တွေ ကလွဲရင် တခြား အမှားတွေ့ တာမျိုးက မကောင်းဘူး။

“Don’t worry if it doesn’t work right. If everything did, you’d be out of a job.”
(Mosher’s Law of Software Engineering)

ဒီနေ့  Test လုပ်ကြတာ ဘယ်သူမှ Flow တစ်ခုလုံးပြီးအောင် Test မလုပ်နိုင်ဘူး။ တစ်ဝက်လောက် အထိ ပဲရောက် ကြတယ်။ Flow တစ်ခု ပြီးရင်တောင် နောက်ထပ် စမ်းရမှာတွေ အများကြီး။ ရှာဖွေလေ တွေ့ ရှိလေ ဖြစ်မယ် ထင်တယ်။ ဒီနေ့ တွေ့ သလောက်မှာတော့ ကိုယ်ရေးထားတဲ့အပိုင်းမှာ ကြီးကြီးမားမား ပြင်စရာ မပါသေးတယ်။ အသေးလေးတွေတော့ အများကြီးပဲ။ ဒီနေ့  ရောက်လာသမျှ Request တွေရဲ့ တချို့ တစ်ဝက်ကို ရှင်းလို့ ပြီ။ အကုန်မရှင်းနိုင်ဘူး။ ကျန်သေးတယ်။ သေချာပါတယ်။ နောင်လာမယ် ၁ ပတ် ၁၀ ရက်ကတော့ ရှာဖွေတွေ့ ရှိသမျှ Bugs တွေနဲ့  အလုပ်များနေအုံးမှာပါ။

Version 1 of any software is full of bugs.

Version 2 fixes all the bugs and is great.
Version 3 adds all the things users ask for, but hides all the great stuff in Version 2.
~Fred Blechman

ဒါရေးရင် A Bug's Life ဆိုတဲ့ ကာတွန်းကား ပြန်ကြည့်ချင်စိတ် ပေါ်လာတယ်။ Software Bugs တွေမြင်ရတာ စိတ်ချမ်းသာဖို့  မကောင်းပေမယ့် အဲ့ဒီ ကာတွန်းထဲက Bug ကလေးလေးတွေ၊ Bug လူကြီးကြီးတွေ၊ Bug ပိန်ပိန်လေးတွေ ၊ Bug ၀၀ လေးတွေ သူတို့ တွေကို ကြည့်ရတာ စိတ်ချမ်းဖို့ ကောင်းပါတယ်။


January 17, 2010

Burmese Lunch at Yangon

From Burmese Food

ကျွန်မ့ အမေက ငါးရံ့အူဟင်း သိပ်ကြိုက်တယ်။
From Burmese Food

From Burmese Food

From Burmese Food

From Burmese Food

အဲဒီနေ့ က အဖေရယ်၊ အမေရယ်၊ ကျွန်မရယ် ၃ ယောက်သား.. မနက်ဈေးဘက်သွားပြီး ခရီးထွက်ဖို့  လက်မှတ်ဝယ်၊ ပြီးတော့ မြို့ ထဲ FE Bank ကို သွား၊ နေ့ လည်စာကို အပြင်မှာပဲ စား၊ နောက်တော့ အဖေ့ရုံး ကိစ်စတွေလုပ်ရာကို လိုက်သွားနဲ့  ညနေခင်းမှ အိမ်ပြန်ရောက်တယ်။ အဖေ နဲ့  မြန်မာထမင်းဟင်း အပြင်မှာ စားရင် အဲဒီဆိုင်မှာပဲ စားတာများတယ်။ မှတ်မိသလောက်ဆို ဟိုးငယ်ငယ်က တည်းပဲ။
From Burmese Food

ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ခရီးထွက်တုန်းက ရိုက်ထားတဲ့ပုံတွေ၊ အစားအသောက်ပုံတွေ ( အိမ်မှ စားတာ၊ အပြင်မှာ မိသားစုနဲ့ စားတာ၊ သူများလိုက်ကျွေးတာတွေ) အများကြီး။ Camera ကလက်ထဲအမြဲပါတယ်လေ။ တစ်ရက်တည်း မနက်၊ နေ့ လည်၊ ညစာ ၃ နပ်မက ပိုစားတဲ့ နေ့ တွေ မနည်းဘူး။ ကျွေးတဲ့သူတွေစိတ်ချမ်းသာအောင်လို့ ပါ။ နောက်ဆုံး အခေါက် မြန်မာပြည်ပြန်တုန်းက အဓိက လုပ်ဖြစ်တာက အစားအသောက် စားခြင်းဖြစ်ပါတယ်။

January 16, 2010

Girls Vs Guys

Unspoken Communication
( Zits by Jerry Scott and Jim Borgman)
Published in LA Times ( Sunday August 17, 2008)
From ThePhotoILike

From ThePhotoILike

January 15, 2010

I'm nobody! Who are you?

I'm Nobody! Who are you?
Are you -- Nobody -- Too?
Then there's a pair of us--don't tell!
They'd banish us, you know.

How dreary -- to be -- Somebody!
How public -- like a Frog --
To tell one's name -- the livelong June --
To an admiring Bog!

*****

"I'm nobody! Who are you?"
by Emily Dickinson
(December 10, 1830 – May 15, 1886)

Source : Emily Dickinson

After the diet...


ဒီတခါ ဘာမှ ရှင်းပြမနေတော့ဘူး။
ကာတွန်းပုံပဲကြည့်ပါ။

January 13, 2010

Strawberry from Shan State

Strawberry Basket from Kalaw Market
From Strawberry

Strawberry from TaungGyi
From Strawberry

ရှမ်းပြည်ဘက်ရောက်တုန်း စားခဲ့ဖူးတဲ့ စတော်ဘယ်ရီ။ သဘာဝ အသီးတွေလို့ ပြောရမယ် နီနီရဲရဲ အလုံးသေးသေးလေးတွေ နဲ့  နူးညံ့တယ်။ အကြမ်းပတမ်း မခံဘူး။ ဒါပေမယ့် အရသာရှိတယ်။ ကလောမှ ၀ယ်စားတုန်းကတော့ ရေဆေးပြီး ဒီတိုင်း စားဖြစ်ခဲ့တယ်။ နည်းနည်းလေးချဉ်တဲ့ အရသာလေးရှိပေမယ့် စားလို့  ကောင်းတာပဲ။ တောင်ကြီးရောက်တော့ ကိုယ်တို့ တွေ စတော်ဘယ်ရီ ကြိုက်ကြမှန်းသိတဲ့ အတွက် ဖျော်ရည်လုပ်ပေးတယ်။ ဖျော်တာလည်း သဘာဝအတိုင်း၊ အသီးတွေကို ရေဆေး၊ အညှာလေးတွေ ချွေ၊ နို့ ဆီထည့် ၊ ဇွန်းနဲ့ ခြေ၊ ရေခဲသေတ္တာထဲထည့်ထား၊ သောက်ချင်တဲ့အချိန်မှ ထုတ်သောက်ယုံပဲ။ နူညံ့နေတော့ ဇွန်းလေးနဲ့ ခြေထားတာက အနေတော်ပဲ။ ရန်ကုန်မှာလည်း တခါတလေ အဲလို စတော်ဘယ်ရီသီး သေးသေးလေးတွေ ခြင်းလေးတွေနဲ့ ထည့်ရောင်းတာ ရတတ်တယ်။ ဒါပေမယ့် မတူဘူး။ ကလောတောင်ကြီးက နူးညံပြီး အနံအရသာနဲ့ ပြည့်စုံတဲ့ စတော်ဘယ်ရီတွေကို ပိုကြိုက်တယ်။

January 07, 2010

နှင်းဆီလွင်ပြင်

ခုရက်ပိုင်းဖတ်ဖြစ်တဲ့ ကဗျာ။ ကဗျာဆရာ ဇွန်မှိုင်း ရေးသားတဲ့ "နှင်းဆီလွင်ပြင်"။ ဒီကဗျာလေးကို ဖတ်ဖူးတာ အတော်ကြာပြီ။ ဟိုတနေ့ ကမှ အမှတ်မထင် သတိသွားလို့  လိုက်ရှာတာ အတော်လေး ရှာလိုက်ရတယ်။ ကိုယ်က နာမည်နဲ့  အကြောင်းအရာကို ၀ိုးတိုးဝါးတာ သတိရတာမျိုး ဖြစ်နေတာကို။ ကိုယ်ဖတ်ခဲ့ဖူးတာ အင်တာနက်ပေါ်က တစ်ဆင့်ဆိုတာ သေချာတာကြောင့် ရှိမှာပဲဆို စဉ်းစားရသမျှ စာလုံးမျိုးစုံနဲ့  လိုက်ရှာလိုက်တာ နောက်ဆုံးတော့ ရှာလို့ တွေ့ ပြီ။ ဘလော့တွေမှာ တင်ပေးထားတဲ့ Chocolaier နဲ့  Dreamcolormm ကိုအထူး ကျေးဇူးတင်မိတယ်။
နှင်းဆီလွင်ပြင် - ဇွန်မှိုင်း

ဝတ်ရွတ်သံ၊ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်
ဘုရားတန်ဆောင်း မဟုတ်တာတော့ သေချာတယ်
ဖျာတစ်ချပ်တော့ ရှိရဲ့၊ ပုပ်အဲ့အဲ့ အနံ့တချို့လဲရှိ
ဆွံ့အအ အလင်းတချို့လဲ ရှိနေတဲ့ ဒီအခန်း
ကြမ်းပြင်က အေးစက်စက် စွတ်စို
တခါးရွက်ကို သွပ်ပြားတချပ်နဲ့ ထပ်ကာထားတယ်။

တခြားအခန်းတွေကို စကားလှမ်းမပြောနဲ့ ၀င်တဲ့
ရမ်းကားတင်းမာလွန်းတဲ့ လေသံတွေ
တခါးသော့ခတ်သံ ခပ်ကြမ်းကြမ်း လျှောက်ထွက်သွားတဲ့
ဖိနပ်သံတွေ ဝေးသွား၊
သွပ်ပြားပေါက် ကြားက ချောင်းကြည့်
သူတို့လဲ ကျုပ်ဖက်ကို ကြည့်နေကြ၊
ဒုက္ခသည်အသစ်ကို စိတ်မကောင်းစွာ
ကြိုဆိုနေကြတာ၊
သူတို့ မျက်နှာတွေပေါ်မှာ ဂုဏ်ယူတာလဲပါ၊
နွေးထွေးခြင်းလဲပါ၊ ဒါ မဟာကာလ ငရဲရဲ့
ရင်ကွဲတိုက်ပါ မိတ်ဆွေ။

မှေးကနဲ အိပ်ပျော်သွားတော့
အားလုံး ကောင်းကြရဲ့လား
ငှက်ဆိုးတကောင်ရဲ့ မေးသံနဲ့ လန့်နိုးလာတယ်၊
ကျုပ်ဘေးမှာ လူတယောက် ရောက်နေသလိုမျိုး
အိုး ကာနယ်ချစ်ကောင်းပါလား၊
စာအုပ်အဟောင်းတအုပ်ကို လှမ်းပေး၊
ကျနော် ရေးတဲ့ အနှစ်နှစ်ဆယ်လေတဲ့
ချစ်စရာကောင်းတဲ့ အပြုံးမျိုးနဲ့
သခင်သာခင်ရဲ့ လူဖမ်းနှုန်း
အခုထိ ကြမ်းတုန်းပါလားဗျ။
အားရပါးရ ဟားတိုက်ရယ်၊
ပြီးတော့ ပြန်တည်သွားတယ်
မြန်မာပြည်သစ်ကို ဆက်ဆောက်ပါ ရဲဘော်တဲ့၊
ကျုပ်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်နှုတ်ဆက်
အခန်းထဲကနေ လှမ်းထွက်သွားတယ်၊

အိပ်မလို့ လှဲနေတုန်း
ခပ်ပြုံးပြုံးဝင်လာသူက ကိုဗဟိန်း
မင်္ဂလာပါ ရဲဘော်၊
ကျနော်နဲ့ အတူ ကိုဖုန်းမော်၊ ကိုအောင်ကျော်တို့လဲပါတယ်၊
တကသ ဘယ်တော့လောက် ပြန်ဆောက်ကျမလဲ
အာရှနဲ့ ပစိဖိတ်တက္ကသိုလ်၊
နိုင်ငံတကာ အဆင့်မြင့် နည်းပညာ ဗဟို
သစ်ပုပ်ပင်အိုဘေးမှာ ဆောက်ချင်တယ်ဗျာ၊
ဒါ ကျနော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒပါ၊
ရဲဘော်တို့ရဲ့ ဒီဇင်ဘာ အားလုံးကိုလဲ
လုံးဝ ဂုဏ်ယူပါတယ်ဗျာ၊
ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်
တယောပြားတလက်ကို တီးခတ်ရင်း
ကျုပ်ကို ဒို့ဗမာ သီချင်းတက်ပေးသွားတယ်။

ဘာသံတွေပါလိမ့် ဒီဘက်ကို လာနေတာ
သခင် ဖိုးလှကြီး မဟုတ်လား၊
အိပ်ပျော်ရဲ့လား ကိုရင်
ကျုပ်ဝင်ခဲ့မယ်နော်တဲ့
ဆင်မလိုက်နဲ့ သမိုင်းက လူတွေ
ကျုပ်နဲ့အတူ မနက်ဖြန်မနက် ချီကာဂိုကို ချီတက်ကြတော့မှာ
နိုင်ငံတကာ အလုပ်သမားမိတ်ဆွေအတွက်
ကိုရင်ရဲ့ နှုတ်ဆက်သ၀န်လွှာ ကျုပ်ယူသွားချင်တယ်ဗျာ။
ကျေးဇူးတင်လိုက်တာ အာဠာဝကကြီးရယ်
ရေးမယ် ကျနော်ရေးမယ်
တန်ဖိုးတံတား နက်နက်ရှိုင်းရှိုင်းကို ရေးမယ်
သမိုင်းဘီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ဆိုတာ
ရိုးပြတ်နံ့တွေ ကျုပ်အခန်းထဲ ရုတ်တရက် ရောက်လာလေသလား
သိပ်ဟုတ်တာပေါ့ဗျာ။

ခင်များအိပ်တဲ့အခန်းနွေးအောင်
ကျုပ်လက်ဆောင်အဖြစ် ကောက်လှိုင်းသစ် တထုံးယူခဲ့တယ်
အသေအချာလှည့်ကြည့်လိုက်တော့
ဆရာစံ
ဆေးတံကို ခဲရင်း
ဘုရင်ခံ ဆာဂျေအေ မောင်ကြီး
အသက်ဘယ်လောက်ကြီးကြီး
လက်သံကတော့ ပြောင်ဆဲပဲနော်။
ကျောကုန်းပေါ်က အရေစုတ်အောင်
နံပါတ်တုတ်နဲ့ အရိုက်ခံရဆုံးလူဟာ
ကျုပ်တို့ပဲ ဆက်ဖြစ်နေတာ
ဂလိုဘယ်ရွာမှာ ဘယ်လို စဉ်းစားကြမလဲ
ခင်များနဲ့ တိုင်ပင်ချင်သဗျာ၊
ပါလာတဲ့ ကောက်ညှင်းပေါင်းထုပ်ဖြေကျွေးရင်း
မိုးလင်းလုထိ ထိုင်ပြီး ဆွေးနွေးဖြစ်ကြတယ်။

"သား နိုးပြီလား" တဲ့
ဂရုဏာအပြည့်နဲ့ ဒီအသံ
ဟန်ဆောင်မှုကင်းတဲ့ ဒီရုပ်သွင်
ကျုပ်နှလုံးသားထဲ အမြဲရှင်သန်နေတဲ့
ဆရာကြီးမှိုင်း
ကပျာကယာထပြီး ခြေအစုံကို ကန်တော့မိ
"ဒီမိုကရေစီမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးသား၊
ပန်းတိုင် မရောက်ရောက်အောင် သွားကြ
အရိုးသားဆုံး ဆွေးနွေးကြကွာ" တဲ့
ဆရာမှိုင်းရဲ့ အမှာစကား
ဆရာမှိုင်း သင်္ကေတကြားမှာ အသက်ဝင် ရွေ့လျား
နှင်းဆီတပွင့်ဖြစ်သွားတယ်။

တပွင့်၊ နှစ်ပွင့်၊ သုံးပွင့်
တပွင့်ပြီး တပွင့်ဆင့်ဆင့်ပြီး
ပွင့်လာလိုက်တာ ဟောဒီ အာရုဏ်ဦးမှာ
ကျုပ်အခန်းဟာ နှင်းဆီ လွင်ပြင်ဖြစ်သွားတယ်။


ခဏအကြာမှာတော့ မျက်စိရှေ့မှာတင်ပဲ
နံရံတွေ ပြိုလဲကျ၊ သံတိုင်ညိုတွေ ကျိုးပြတ်ပျော့ခွေ
အရုပ်ဆိုးဆိုး အုတ်ရိုးမြင့်ကြီးတွေတောင်
တစစီ ကြေမွပြုတ်ထွက်
နက်နက်ခင်းနေခြည်အောက်မှာတော့
မြင်ကွင်းအားလုံး တောက်ပ ရွှန်းလဲ့
အောင်စည်ရွှမ်းသံ လွှင့်လွှင့်ပျံ
မိုးယံသိမ့်သိမ့်သာတော့တယ်။


January 01, 2010

Happy New Year


မင်္ဂ​လာရှိသောနှစ်သစ်ဖြစ်ပါစေ။
ပျော်ရွှင်ကျန်းမာချမ်းမြေ့စွာဖြင့် လိုအင်ဆန္ဒများလည်းပြည့်ဝကြပါစေ။