ကျွန်မ့ အမေက ငါးရံ့အူဟင်း သိပ်ကြိုက်တယ်။
အဲဒီနေ့ က အဖေရယ်၊ အမေရယ်၊ ကျွန်မရယ် ၃ ယောက်သား.. မနက်ဈေးဘက်သွားပြီး ခရီးထွက်ဖို့  လက်မှတ်ဝယ်၊ ပြီးတော့ မြို့ ထဲ FE Bank ကို သွား၊ နေ့ လည်စာကို အပြင်မှာပဲ စား၊ နောက်တော့ အဖေ့ရုံး ကိစ်စတွေလုပ်ရာကို လိုက်သွားနဲ့  ညနေခင်းမှ အိမ်ပြန်ရောက်တယ်။ အဖေ နဲ့  မြန်မာထမင်းဟင်း အပြင်မှာ စားရင် အဲဒီဆိုင်မှာပဲ စားတာများတယ်။ မှတ်မိသလောက်ဆို ဟိုးငယ်ငယ်က တည်းပဲ။
ရန်ကုန်ပြန်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေ၊ ခရီးထွက်တုန်းက ရိုက်ထားတဲ့ပုံတွေ၊ အစားအသောက်ပုံတွေ ( အိမ်မှ စားတာ၊ အပြင်မှာ မိသားစုနဲ့ စားတာ၊ သူများလိုက်ကျွေးတာတွေ) အများကြီး။ Camera ကလက်ထဲအမြဲပါတယ်လေ။ တစ်ရက်တည်း မနက်၊ နေ့ လည်၊ ညစာ ၃ နပ်မက ပိုစားတဲ့ နေ့ တွေ မနည်းဘူး။ ကျွေးတဲ့သူတွေစိတ်ချမ်းသာအောင်လို့ ပါ။ နောက်ဆုံး အခေါက် မြန်မာပြည်ပြန်တုန်းက အဓိက လုပ်ဖြစ်တာက အစားအသောက် စားခြင်းဖြစ်ပါတယ်။
8 comments:
မြန်မာပြည်က ဟင်းတွေမှာ အဓိကပေါတာ ဆီ။
ဗိုက်ဆာတယ် :(
ငါးခြောက်ဖုတ်. . တို့စရာ ငပိရည် အကြိုက်ဆုံး။
ငပိ တို့စရာနဲ့ ငါးသလဲထိုးကြော် ငမ်းသွားတယ်
ပုံတွေထဲမှာ ငါးခြောက်ပုံ လိုက်ရှာတာ ရှာလို့ လဲ မတွေ့ ဘူး။ ငါးရံ့အူ၊ ငါးမြင်း၊ ငါးသလဲထိုး ၊ ပိုးတီချဉ်၊ ငါးပိရည် တို့ စရာ ပုံတွေပဲ တွေ့ တယ်။
သွားရည်သိမ်းပြီး ပြန်သွားပြီ။ ကြိုက်လိုက်တာ..
ဂွီ ဟုသာ အသံထွက်ပြန်သွားပါသည်။
နှစ်သစ်ကူးပိတ်ရက်နီးလို့ ဘာလုပ်စားရကောင်းမလဲ ဆိုပြီး ဘလော့ဒ်တွေထဲ ၀င်ကြည့်တာ..
မြန်မာထမင်းဝိုင်းတွေတာ ပိတ်ရက်တောင်မစောင့်နိုင်တော့ဘူး...
တံတွေးမျိုချနေရတယ်...
ဟီး..ဟီး...
Post a Comment