Pages

May 28, 2007

မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား (၂၇-၀၅-၂၀၀၇)

၁၉၉၀ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲ အောင်ပွဲခံသည့် (၁၇) နှစ်ပြည့်နှစ်ပတ်လည်နေ့ (၂၇-၀၅-၂၀၀၇) တွင် အန်အယ်လ်ဒီရုံး ရှေ့ တွင် ကိုမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လိုက်ပါလာသော ပြည်သူလူထုနှင့်အတူ သစ္စာအဓိဌာန်ပြု၍ ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ ...

မင်းကိုနိုင် ပြောကြားခဲ့သော မိန့် ခွန်း အပြည့်အစုံ (၂၇-၀၅-၂၀၀၇) ( 7 Minutes)

ခေတ်ပြိုင်မှာ ဖေါ်ပြထားတဲ့ Mp3 မိန့် ခွန်းမှာ အပြည့်အစုံမပါတဲ့ အတွက် DVB သတင်းမှနေပြီး ကိုမင်းကိုနိုင်ရဲ့ မိန့် ခွန်း အပြည့်အစုံကို ရယူထားပါတယ်။ ၇ မိနစ်ကျော်ကြာတဲ့ ဒီ MP3 File ကို နားထောင်ကြည့်ကြပါ။ အဲ့ဒီနေ့ က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာ သတင်းအစုံကို အောက်မှ ပေးထားတဲ့ လင့်တွေမှာ ဖတ်ကြည့်လို့ ရပါတယ်။

ကျွန်မ DVB မှာရေးထားတဲ့ ကိုမင်းကိုနိုင်ရဲ့ ပြောဆိုချက်တွေကို ဖတ်ကြည့်တဲ့ အခါ၊ လွဲနေတာတွေ တွေ့ ရလို့  audio ကို အသေအချာ ပြန်နားထောင်ပြီး ပြန်ရေးလိုက်ပါတယ်။ ကိုမင်းကိုနိုင် အားမာန်အပြည့်နဲ့  ပြောကြားခဲ့တဲ့ စကားသံတွေနဲ့  ပြည်သူတို့ နဲ့ တူဆုတောင်း သစ္စာအဓိဌာန်ပြုသံတွေကို နားထောင်ရင်း ဖတ်ကြည့်ကြပါ။
* * * * * * * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * *
အားလုံး ကြွရောက်လာကြတဲ့ ဒီမိုကရေစီ မြတ်နိုးတဲ့ ကျွန်တော်တို့ ရဲ့ ပြည်သူအပေါင်းတို့  ......

ဒီနေ့ ဟာဆိုရင် ကျွန်တော်တို့ ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျ ခံထားရတာ ၄ နှစ်ပြည့်မြောက်တဲ့ နေ့ ဖြစ်ပါတယ်။ အဲ့ဒီ အကျဉ်းကျ ခံထား ရမှု့ ဟာ တရားသလား၊ မတရားဘူးလား ဆိုတာ အားလုံးပြည်သူတွေ သိပါတယ်။

" မတရားပါဘူး။ မတရားပါဘူး။ မတရားဘူးဟေ့။ "

ကောင်းပြီ........ ကျွန်တော်တို့ တတွေ ဒီနေရာမှာ လက်နက်မပါပဲ ငြိမ်းချမ်းစွာလာပြီး စုဝေးနေကြတယ်ဆိုတာ အမှန်တရားအတွက် မတရားရင် ခေါင်းငုံမခံဘူးဆိုတဲ့ စိတ်ဓာတ်နဲ့ ဟုတ်တယ် မဟုတ်လား။

" ဟုတ်ပါတယ် "

ကျွန်တော်တို့ အားလုံး ဘ၀များစွာ စတေးခဲ့ပြီးပြီ၊ လမ်းတွေပေါ်မှာ အသက်ပါ ပေးခဲ့ပြီးပြီ။ ကျွန်တော်တို့ ကို ဘယ်ခြိမ်းခြောက်မှုမျိုးနဲ့ မှ ခြိမ်းခြောက်လို့  ကြောက်မဲ့လူလား။

" မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ မဟုတ်ပါဘူး။"

အဲ့ဒါကို သက်ဆိုင်ရာ အာဏာပိုင်တွေ သဘောပေါက်ပါ။ ပြည်သူလူထု အရေခြုံထားတဲ့ လူလိမ်လူညာတွေ နားလည်ပါ။ ကမ္ဘာနိုင်ငံက ကမ္ဘာပြည်သူတွေအားလုံး အသိအမှတ်ပြုဖို့  ကျွန်တော်တို့  သတ္တိရှိတယ်ဆိုတာကို ပြမယ် မဟုတ်လား။

" ပြမယ်။ ပြမယ်။ ပြမယ်။ "

သတ္တိ ရှိတယ်ဆိုတာဟာ....... ကျွန်တော်တို့  သတ္တိရှိတယ်ဆိုတာကို ပြဖို့ ဆိုရင် ဒီကနေ့  ကျွန်တော်တို့  ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းမှုကို ဘယ်သူတွေ ခွင့်ပြုပြု၊ မပြုပြု ဟောဒီနေရာကနေပြီးတော့ ရွှေတိဂုံဘုရားကို ဦးတည်ပြီးတော့ ၀တ်ပြုဆုတောင်းပွဲလုပ်မယ်....သဘောတူလား။

" ဟုတ်တယ်။ ဟုတ်တယ်။ ဟုတ်တယ်။ "
အဲ့ ဒီလို ၀တ်ပြုဆုတောင်းပွဲလုပ်ခြင်းအပေါ်မှာ မည်သို့ သော အာဏာပိုင် အဖွဲ့ အစည်းကဖြစ်စေ၊ မည်သည့် အရေခြုံအဖွဲ့ အစည်းကဖြစ်စေ ကျွန်တော်တို့ အပေါ်မှာ ကြိုက်သလို ခြိမ်းခြောက်နိုင်တယ်။ ကြိုက်တဲ့ အရေးယူမှုမျိုးကို လုပ်နိုင်တယ်။ ကျွန်တော်တို့  တည်တည်ကြည်ကြည် သတ္တိရှိရှိ ရင်ဆိုင်ရဲတယ် မဟုတ်လား။

"ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်ရဲတယ်။ ရင်ဆိုင်ရဲတယ်။ "

ကျွန်တော်တို့ ဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့ ၊ အကြမ်းမဖက်တဲ့ နည်းနဲ့  တလျှောက်လုံး ကျင့်သုံး ခဲ့တာ အားလုံးအသိပါ။ ဒီကနေ့ ပဲ စည်ကမ်းရှိရှိနဲ့  ကျွန်တော်တို့ လုပ်ချင်တဲ့ အလုပ်၊ တရားမျှတတဲ့ အလုပ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ဟောဒီ ရွှေတိဂုံလမ်းက မြေပေါ်မှာ သစ္စာပြုပြီး သက်သေတည်ခဲ့မယ်။ သဘောတူလား။

" တူပါတယ်။ တူပါတယ်။ "

လေးစားအပ်တဲ့ ပြည်သူလူထုကြီး ခင်ဗျာ၊ ကျွန်တော်တို့ ရဲ့ ခေါင်းဆောင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေဟာ မတရားဖမ်းဆီးခံနေရတယ်ဆိုတာ အားလုံး သဘောတူပြီး ဖြစ်တဲ့ အတွက် သူတို့ ရဲ့ လုပ်ရပ်တွေကို ကျွန်တော်တို့  ဂုဏ်ယူနေကြောင်း ကျွန်တော်တို့  သူတို့ နဲ့ တသားတည်း ရှိကြောင်း၊ သူတို့ ရဲ့ ရဲစွမ်းသတ္တိနဲ့  အနစ်နာခံမှု၊ စွန့် လွှတ်မှု တွေကို လေးစားဂုဏ်ပြုကြောင်း ပြောချင်တယ်မို့ လား။

" ပြောချင်ပါတယ်။ ပြောချင်ပါတယ်။ "

မင်းကိုနိုင် နှင့် ပြည်သူတို့  တိုင်တည်ခဲ့သော သစ္စာအဓိဌာန်စကား

ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ
နိုင်ငံရေး အကျဉ်းသားအားလုံး
ကြားပါစေသား
သိပါစေသား
အများအတွက်
တိုင်းပြည်အတွက်
ကိုယ်ကျိုးစွန့် ၍
အနစ်နာခံ၍
နိုင်ငံရေးလုပ်ရင်း
မိမိယုံကြည်ချက်အတွက်
အကျဉ်းထောင်များ၌
နေအိမ်များ၌
မတရား ဖမ်းဆီးခံနေရသော
သူရဲကောင်းအပေါင်းအား
ငါတို့  ပြည်သူလူထုကြီးက
ဦးညွှတ်လိုက်ပါတယ်
ဂုဏ်ပြုလိုက်ပါတယ်
သင်တို့ ရဲ့ စွန့် လွှတ်မှု့ များကို
ငါတို့ အတုယူရင်း
သင်တို့ ရဲ့ လုပ်ဆောင်မှုများအတိုင်း
ငါတို့ လည်း ပေးဆပ်ဖို့ 
အဆင်သင့်ရှိနေပါပြီ
မြင့်မြတ်တဲ့
တော်လှန်ရေးရဲဘော်အပေါင်းတို့ 
တို့ တိုင်း တို့ ပြည်
ဒီမိုကရေစီရှိမှ
လူ့ အခွင့်အရေးရမှ
ကမ္ဘာအလယ်မှာ
ဂုဏ်သိက္ခာမြင့်မားသော
လူမျိုးနဲ့ တိုင်းပြည်အဖြစ်
ရပ်တည်နိုင်မှာမို့ 
ဒီမိုကရေစီရသည်အထိ
ငါတို့ အားလုံး
မဆုတ်မနစ်
ဇွဲမလျှော့ပဲ
သတ္တိမွေး၍
သင်တို့ ထုံးကို နှလုံးမူကာ
ဆက်လက်၍
အရေးတော်ပုံကြီးကို
ဆင်နွှဲသွားမည်ဖြစ်ကြောင်း
ငါတို့ ပြည်သူလူထုကြီးက
အကျဉ်းကျခံ ရဲဘော်အပေါင်းအား
ဤ ရွှေတိဂုံခြေတော်ရင်းမှာ
အခိုင်အမာ
သစ္စာဆိုပါတယ်။ ။
* * * * * * * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * ** * * * *


Source :
ခေတ်ပြိုင်သတင်း (27-05-2007)
ဟန့် တားခံရသည့် (၈၈) ကျောင်းသားများ၏ ဒေါ်စုလွတ်မြောက်ရေး ၀တ်ပြုပွဲ (၂)
ဟန့် တားခံရသည့် (၈၈) ကျောင်းသားများ၏ ဒေါ်စုလွတ်မြောက်ရေး ၀တ်ပြုပွဲ (၁)
ဒေါ်စု လွတ်မြောက်ရေး ဆုတောင်းသူများ နှောင့်ယှက်ဟန့်တားခံရ (ဧရာဝတီ)
အနှောင့်အယှက်များကြားမှ ရွေးကောက်ပွဲ ၁၇ နှစ်ပြည့် အခမ်းအနား (ဟစ်တိုင်)

Ubuntu Studio

10 May 2007 မှာ Ubuntu ကို အခြေခံထုတ်ထားဖြစ်တဲ့ Ubuntu Studio ကို စတင် Release လုပ်ပါတယ်။ Ubuntu Studio က Ubuntu ကို အခြေခံထားတယ်ဆိုပေမယ့် Ubuntu က တရားဝင်ထုတ်တဲ့ Version တော့ မဟုတ်ပါဘူးလို့  သိရပါတယ်။
Ubuntu Studio ဟာ Multimedia Users တွေအတွက် အဓိကထုတ်ဝေတာဖြစ်လို့  Audio, Video နဲ့  Graphic Software အများအပြား တခါတည်း သွင်းပြီးသားပါ ပါတယ်။ Ubuntu Studio မှာပါတဲ့ အဲ့ဒီ Muitimedia Software တွေကို ပုံမှန် Ubuntu သွင်းထားတဲ့ သူတွေအနေနဲ့ လည်း ကိုယ်နှစ်သက်ရာကို တစ်ခုခြင်း သွင်းယူအသုံးပြုလို့ ရပါတယ်။

Audio
* Ardour * Audacity * Hydrogen * JACK * JAMin * LilyPond
* Mixxx * Muse * Rosegarden * TiMidity++ * Wired

Video
* CinePaint * PiTiVi * Kino * Stopmotion

Graphics
* Agave * Blender * Enblend * FontForge * The GIMP * Inkscape
* Scribus * Synfig

ဒီထဲက တချို့  Software တွေဟာ Window Platform မှာ အလုပ်လုပ်တဲ့ အတွက် Window Users တွေလည်း စမ်းသုံးကြည့်လို့ ရပါတယ်။ Blender, FontForge, The GIMP, Inkscape, Scribus, Synfig, CinePaint, Audacity, Hydrogen, LilyPond, Mixxx တွေဟာ CrossPlatform အလုပ်လုပ်ပါတယ်။

Click Ubunto Studio - ScreenShots to view more Screen Shots.
Related Links:
Ubuntu Studio
UbuntuStudio/TeamStructure
List of Ubuntu Studio Applications

May 25, 2007

Tornados in singapore (25/05/2007)















Credit to : Zin Min Oo

သူငယ်ချင်းတစ်ယောက် အီးမေးကတဆင့် ပို့ ပေးလာတဲ့ ဓာတ်ပုံတွေပါ။ တကယ့်ပုံအစစ်လား၊ သူကိုယ်တိုင်ရိုက်ထားတာလား မေးပြီး၊ သူ့ စီက ခွင့်ပြုချက်အရင် ရယူပြီးမှ ကျွန်မ ဘလောခ့်မှာ ပိုစ့်တင်လိုက်တာပါ။ ( Thanks Zin Min ) သူ့ ဓာတ်ပုံတွေ သုံးပါရစေသာပြောလိုက်မိတယ်၊ ဒီဓာတ်ပုံတွေကို ဘယ်လို၊ ဘယ်အချိန်က ရိုက်လိုက်နိုင်တာလဲဆိုတာကိုတော့ မမေးလိုက်မိဘူး။

ရုပ်ရှင်တွေ၊ သတင်းတွေ၊ ဓာတ်ပုံတွေ ထဲမှာ တွေ့ ဖူးတာကလွဲရင် ခုချိန်ထိတော့ အပြင်မှာ ဒီလိုဖြစ်တာ တခါမှ မမြင်ဖူး သေးပါဘူး။ စဉ်းစားမိတယ်၊ စင်္ကာပူကျွန်းပေါ်မှာ အင်အားပြင်းပြင်းနဲ့  တိုက်သွားရင်တော့ ဘယ်သူမှမလွင့်ခင် ကိုယ်အရင် လွင့်ပြီး ပါသွားမှာ သေချာပါတယ်။ ခုတွေ့ ရတဲ့ ပုံတွေက ပင်လယ်ထဲမှာ ဖြစ်နေတာဆိုတော့ ကုန်ပေါ်ကလူတွေ အတွက် စိုးရိမ်စရာ မရှိပေမယ်၊ ပင်လယ်ထဲမှာ သွားနေသူတွေ အတွက် တွေးပြီး စိုးရိမ်မိတယ်။ ရန်ကုန်မှာ ရေကြီးတယ် ဆိုတုန်းက၊ အင်တာနက်မှာ ရေကြီးတဲ့ ပုံတွေကြည့်ပြီး ရန်ကုန်က လူတွေအတွက် စိတ်မချမ်းမသာ ဖြစ်ရုံမက၊ ဒီကျွန်းနိုင်ငံ ပိစိကွေးလေးမှာ ရုပ်ရှင်တွေထဲကလို ပင်လယ်ရေတွေ တက်လာပြီး ကျွန်းတစ်ခုလုံး မြုပ်သွားလို့ ကတော့ ငါတို့ အားလုံး ပါကုန်မှာ ဆိုပြီး တွေးမိသေးတယ်။ ပြီးခဲ့တဲ့ အပတ်က ဘန်ကောက်မှာ ငလျှင်လှုပ်သွားလို့  တိုက်တွေပေါ်က လူတွေ ဆင်းပြေးကြတယ်ဆိုတဲ့အကြောင်း သူငယ်ချင်းတချို့  သူတို့ ဘလောခ့်တွေမှာ ရေးထားတာ ဖတ်လိုက်ရတုန်းကလည်း၊ ဒီမှာ ငလျှင်လှုပ်ရင်တော့ ... အတော်မလွယ်တာပဲ၊ ဘာတွေပိပြီး၊ ဘယ်တွေရောက်သွားမလဲ ဆိုပြီး တွေးလိုက်မိသေးတယ်။ သဘာဝ ဘေးအန္တရာယ်တွေဆိုတာကလည်း ကြောက်တတ်မယ်ဆိုရင် ကြောက်ဖို့ အတော်ကောင်းသား။

Update :
Other Links: ထူးဆန်းဖွယ် စင်္ကာပူပင်လယ်ပြင်မှ သဘာဝရေပန်းကြီး ( Mr-Programmer)

Happy Birthday YTNW


ပျော်ရွှင်ဖွယ်ကောင်းသော ၊ လိုအင်ဆန္ဒများ အားလုံးပြည့်စုံသော
မွေးနေ့ ရက်မြတ်ဖြစ်ပါစေ..
၂၅-၀၅-၂၀၀၇



ယနေ့ မွေးနေ့ သာမက နောင်မွေးနေ့ ပေါင်းများစွာကိုလည်း ချစ်သောသူတွေနဲ့ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ပါစေ..

May 24, 2007

Job Interview Books

ဒီရက်ပိုင်း အလုပ်ရှုပ်နေတာနဲ့  ဘလောခ့်အတွက် ဘာမှ မရေးဖြစ်ဘူး။ ဒါပေမယ့် အလုပ်အားတဲ့ အချိန်လေး တွေမှာ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ eBooks တွေ၊ Java အင်တာဗျူး နဲ့  ပတ်သက်တာတွေ နဲ့  တခြား အသုံးဝင်မယ် ထင်တာလေး တွေကို လိုက်ရှာဖြစ်ခဲ့တယ်။

ဒီနိုင်ငံမှာ ၃ နှစ်အတွင်း ကျွန်မ အလုပ်အင်တာဗျူး ၁၀-၁၅ ခုလောက်သွားခဲ့ဖူး ပါတယ်။ ကိုယ်တိုင်လည်း သူများတွေကို အင်တာဗျူးတွေ လုပ်ခဲ့ဖူးတယ်။ ကျွန်မ့ အလုပ်ရဲ့ nature ကြောင့်ပဲလား၊ ဒီ နိုင်ငံရဲ့ ပုံစံအရ ပဲလားတော့ မသိပါဘူး ကျွန်မ ကြုံဖူးသမျှ အင်တာဗျူး တွေ အများစုက သက်တောင့် သက်သာ ရှိတယ်လို့ ထင် မိတယ်။ အင်တာဗျူး တစ်ခုမှာ လူနှစ်ယောက်၊ အများဆုံး လူ ၄ ယောက် လောက်ပဲ မေးကြပြီး၊ ဟိုမေး ဒီမေး အတင်းအကြပ် လုပ်တာမျိုးတွေ မကြုံဖူး ပါဘူး။ အ၀တ်အစားကိုလည်း အရမ်းကြီး Smart ဖြစ်နေအောင် မ၀တ်ဖြစ်ပါဘူး။ တော်သင့်ရုံဆိုရပါပြီ။

တခါတလေ တချို့ အလုပ်တွေမှာ Technical နဲ့ ပတ်သက်တဲ့ exam တစ်ခု (30 minutes to 1 hours) လောက်ကြာအောင် ဖြေရတတ်တယ်။ တစ်ခါတလေ Exam မဖြေနိုင်လည်း၊ နှုတ်ဖြေ အင်တာဗျူးမေးတာကို အဆင်ပြေပြေ ဖြေနိုင်တယ် ဆိုရင် အလုပ် Offer လည်း ရတတ်ပါတယ်။ နှုတ်ဖြေ အင်တာဗျူးက မိနစ် ၃၀ လောက် ဖြေရပါတယ်။ နှုတ်ဖြေ အင်တာဗျူးမှာ Technical နဲ့  ပတ်သတ်တာ ၊ အရင်အလုပ်အတွေ့ အကြုံတွေ ဟိုမေးဒီမေး နည်းနည်းလုပ်တတ် ပါတယ်။ တစ်ခါတလေ အလုပ်နဲ့  ပတ်သတ်တာဘာမှ မမေးဘဲ တခြား အလုပ်နဲ့ မဆိုင်တာတွေကို လျှောက်မေး၊ လျှောက်ပြောနေတာ ကြုံဖူး ပါတယ်။
နောက်ပြီး ဒီနိုင်ငံမှာ ကိုယ်အလုပ်လျှောက်တဲ့ Company အကြောင်းကိုလည်း ပုံမှန်လောက် သိရင် ရပါပြီ။ တခြား နိုင်ငံတချို့ မှာလို Interview ကို ၁ လ လောက် ခွါပြီး ရက်ချိန်းပေးတာ မဟုတ်တော့၊ အင်တာဗျူး မလာခင် Company အကြောင်း အရင် လေ့လာဖို့ အချိန် မရပါဘူး။ ဘာလို့ လည်းဆိုတော့ ဒီက Interview တွေက ရက်အနည်းငယ်အတွင်း (တစ်ခါတလေ ဒီနေ့  အလုပ်လျှောက်၊ ညနေ Interview လာခဲ့ပါ) ခေါ်တာဆိုတော့ တခါတလေ အင်တာဗျူး ရောက်မှသာ သူ့ Company က ဘာတွေ လုပ်တယ်၊ ဘယ်လို Position ခေါ်တာလည်း ဆိုတာကို ပြန်မေးရတယ် ဆိုတာမျိုးလည်း ကြုံရပါသေးတယ်။ အချိန်ရမယ်၊ ကြိုသိမယ် ဆိုရင်ကတော့ ကိုယ်အလုပ်လျှောက်မယ့် Company အကြောင်း လေ့လာထားနိုင်ရင် ပိုပြီး ကောင်းတယ် ထင်ပါတယ်။

ပုံမှန်ဆို အင်တာဗျူးတွေက အနည်းဆုံး အဆင့်၂ ဆင့် ( Human Resource Department ကလူတွေနဲ့တစ်ခါ၊ Technical ပိုင်းမေးတာ တစ်ခါ ) သွားရတတ်တယ်။ ဒါပေမယ့် 1st Interview (Technical Interview) ၁ ခါတည်း သွားရုံနဲ့  Job Offer ရတာမျိုးလည်း ရှိတတ် ပါတယ်။ တစ်ခါတလေလည်း Technical Interview ပဲ နှစ်ခါ ဆက်တိုက် ဖြေရတာမျိုးလည်း ကြုံဖူး ပါတယ်။ အလုပ်ရမရကို ပုံမှန်အရဆို တစ်ပတ်အတွင်း၊ အလွန်ဆုံး နှစ်ပတ်အတွင်း အကြောင်း ပြန်တတ်ပါတယ်။ တစ်ခါတလေကြတော့ တစ်ရက်၊ ၂ ရက်အတွင်း အကြောင်းပြန်တာလည်း ရှိတယ်။ ကျွန်မ့ရဲ့ အသိတစ်ယောက်ဆို Interview ပြီးတာနဲ့ ချက်ချင်း Job Offer တန်းရတယ်ဆိုတာ ကြားသိဖူးတယ်။

ဒီနိုင်ငံက အင်တာဗျူုး တွေဟာ တခြား နိုင်ငံကြီးတွေက အင်တာဗျူးတွေ နဲ့  နှိုင်းယှဉ်ရင် အတော်လွယ်ကူတဲ့ အင်တာဗျူးတွေလို့ ပြောလို့ ရနိုင် မယ်ထင်တယ်။ (ကျွန်မ အလုပ်ရှာရာမှာ ရရှိခဲ့တဲ့ အတွေ့ အကြုံတွေ အပေါ်မှာ အခြေခံပြောခြင်းသာ ဖြစ်ပါတယ်။)

ဒီရက်ပိုင်း ကျွန်မ ရှာဖွေတွေ့ မိတဲ့ အလုပ် အင်တာဗျူး နဲ့  ပတ်သက်တဲ့ စာအုပ် တချို့ ပါ။ ဒီ စာအုပ်တွေဟာ IT အလုပ်မှ မဟုတ်ပါဘူး၊ တခြား အလုပ်ရှာနေသူတွေ အတွက်လည်း အသုံးဝင်တဲ့ စာအုပ်တွေပါ။ တချို့  Company တွေက ဒီလို စာအုပ်ထဲက နည်းတွေသုံးပြီး အင်တာဗျူးတွေ မေးတတ်တယ် မဟုတ်လား။ အဲ့ဒီလို အင်တာဗျူးတွေနဲ့  ကြုံရတဲ့ အခါ ဒီစာအုပ်တွေကို နည်းနည်းလောက် ဖတ်ထားမိတယ်ဆို လွယ်လွယ်ကူကူ ဖြေနိုင်သွားမှာ ပါပဲ။

1. Haldane's Best Answers to Tough Interview Questions (2000)


2. Winning The Interview Game: Everything You Need To Know To Land The Job (2005)


3. Interview Skills That Win The Job - Michael Spiropoulos (2005)

4. The Complete Idiot's Guide to the Perfect Interview, Second Edition (2nd Edition) (2000)


5. Fearless Interviewing:How to Win the Job by Communicating with Confidence (2002)

6. How To Ace the Brainteaser Interview - Mcgraw Hill (2004)

May 23, 2007

Congratulations to the Newly Wedded Couple

Ko Pauk and Ma Mon
23 May 2007

Wishing you a lifetime full of happy years,
long on laughter, short on tears...
enduring love... sweet dreams come true...
all good wishes, all for you!

Congratulations on Your Marriage!

May 20, 2007

When she was young

Aung San Suu Kyi
Source : www.yogawithamey.com

မင်းနဲ့ ချစ်တာ - အဲလက်စ် + ထွန်းအိန္ဒြာဗိုလ်

ဒီသီချင်းကို နားထောင်ချင်နေတယ်ဆိုသော သူငယ်ချင်းတစ်ယောက်အတွက်.....


မင်းနဲ့ တို့ ချစ်တာ တစ်လောကလုံးသိချင် သိစမ်း..
ဒါတွေဂရုစိုက်မနေနဲ့ ကွယ် ... ချစ်တဲ့သူလေးရယ် စိတ်အေးအေးထားပါကွယ်

စိတ်မချဘူးအချစ်ရယ် ကိုယ့်ရဲ့ အသည်းလေးထဲလာ နေစမ်း
အလုံခြုံဆုံးက ရင်ထဲမှာ .. စိတ်ချနေလိုက်ပါ တသက်လုံးပဲ .. ချစ်နေမှာ

(မင်းနဲ့ မခွဲပဲ မမြဲတမ်းချစ်မယ် .. တို့ တတွေ ရူးရူးမိုက်မိုက်ချစ်တယ်
ဘ၀ရယ်ခရီးဆုံးအထိလျှောက်ကြစို့ လား. .. အချစ်လေးလာ ) ၂

မင်းနဲ့ တို့ ချစ်တာ မိဘများသိချင်သိစမ်း
ဒါတွေတွေးကြောက်မနေနဲ့ ကွယ် ... ချစ်တဲ့သူလေးရယ် စုတောင်းလေးပြည့်မှာပါ...

သိပ်ချစ်လို့ မင်းကို .. အနမ်းလေးလည်းပေးမယ်.. ယူစမ်း..
ဒီမယ်ရှက်လို့ မနေနဲ့ လေ.. ခေါင်းငုံ့ မနေနဲ့ ကွာ.. မျက်လုံးလေးမှိတ်နေပါ..

(မင်းနဲ့ မခွဲပဲ မမြဲတမ်းချစ်မယ် .. တို့ တတွေ ရူးရူးမိုက်မိုက်ချစ်တယ်
ဘ၀ရယ်ခရီးဆုံးအထိလျှောက်ကြစို့ လား. .. အချစ်လေးလာ ) ၂

May 19, 2007

Care Bears

ကျွန်မ Me2You ၀က်ဝံ အရုပ်လေးတွေကို နှစ်သက်ပြီး စုထားသလို စုထားတဲ့ CareBears ဆိုတဲ့ အရုပ်လေးတွေ ရှိတယ်။ စုထားတာတော့ ကြာပါပြီ၊ ဒီရက်ပိုင်း Computer ကို ရှင်းမှ သတိပြန်ထားမိတယ်။ CareBears က Me2You လို တစ်မျိုးထဲရှိတာမဟုတ်ပဲ အဓိပ္ပါယ်အမျိုးမျိုးနဲ့  ပုံစံကွဲလေးတွေ ရှိပါတယ်။ ကျွန်မ Care Bear လေးတွေကို ဘာလို့  ကြိုက်သလဲ။ Bear ပုံလေးတွေက နှစ်သက်စရာ ကောင်းသလို သူတို့ ရဲ့ အဓိပ္ပါယ်တွေကလည်း ကောင်းမွန်ပါတယ်။

ကျွန်မတို့ တွေ အားလုံးဟာ တစ်နေ့ တစ်နေ့  အဆင်ပြေအောင် ကြိုးစားပြီး နေထိုင်၊ လုပ်ကိုင်နေကြရတော့ တခါတလေမှာ ကိုယ့်ပတ်ဝန်းကျင်က လူတွေ၊ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေနဲ့  မိသားစုဝင်တွေကိုတောင် မကပါဘူး မိမိကိုယ်ကိုပါ ဂရုတစိုက်ရှိဖို့  မေ့နေတတ်ကြတယ်။ တကယ်တော့ အဲ့လို မဖြစ်သင့်ပါဘူး။ အဲ့ဒီလို ကျွန်မတို့  ဘ၀မှာ မေ့နေတတ်တာလေးတွေကို သတိတရရှိစေဖို့  ဒီ Care Bears လေးတွေက ကူညီမယ်၊ ဂရုမစိုက်တတ်ရင် ဂရုစိုက်တတ်လာအောင် သင်ကြားပေးမယ်လို့ ဆိုပါတယ်။

တချို့ ကပြောကြတယ်။ လူတစ်ယောက်နဲ့  တစ်ယောက် ဂရုစိုက်တယ်၊ ဂရုစိုက်မှု့ ကို ပြတယ်ဆိုတာ အပိုအလုပ်တွေပါ၊ မလိုအပ်ပါဘူးတဲ့။ ကျွန်မကတော့ အဲ့လို မထင်ပါဘူး။ ကျွန်မတို့ တွေအားလုံးဟာ စက်ရုပ်တွေ မဟုတ်ကြပါဘူး။ ခံစားချက်ရှိတဲ့၊ ခံစားတတ်တဲ့ နှလုံးသားရှိတဲ့ လူသားတွေပါ။ တကယ်ဆို လူတွေမှာ တဦးနဲ့ တဦး ဂရုစိုက်မှု့ တွေ ဘာကြောင့်၊ ဘယ်လို လိုအပ်ကြောင်း ပြောနေရင် ပြီးတော့မှာ မဟုတ်ပါဘူး။ စကားတတ်ရင် တတ်သလို ပြောလို့ ရမယ်ထင်တယ်။ ဘယ်သူတွေ ဘာလိုပဲ မယုံကြည်ဘူးပြောပါစေ၊ ကျွန်မ ကတော့ လူသားတွေမှာ တစ်ဦးနဲ့ တစ်ဦး Care လုပ်မှု့ တွေဟာ လိုအပ်တယ်လို့ လက်ခံ ယုံကြည်ပါတယ်။

American Greetings က 1980 ကျော်မှာ စပြီး မိတ်ဆက်ပေးလာတဲ့ ဒီ Care Bears တွေဟာ ဒီနှစ်ဆို 25th Anniversary ကို ကျင်းပါနိုင်ပါတော့မယ်။
Care Bears အားလုံးပေါင်း ၁၉ မျိုးရှိပါတယ်။ Care Bears လေး တစ်ကောင်စီမှာ Special Mission Care Area တွေ ရှိကြတယ်။ သူတို့  နာမည်လေးတွေကို ကြည့်လိုက်တာနဲ့  သူတို့ တွေဟာ ဘယ် Area တွေကို ကိုယ်စားပြုတယ်ဆိုတာ သိနိုင်သလို၊ ကျွန်မတို့ ဘ၀မှာ ဘယ်အရာတွေကို ဂရုတစိုက်ရှိဖို့ လိုအပ်တယ် ဆိုတာကိုလည်း သိနိုင်ပါတယ်။ ကျွန်မစုထားတဲ့ Care Bears ပုံလေးတွေထဲ့ တချို့ ကို Slide Show မှာကြည့်နိုင်ပါတယ်။

Care Bears


Bashful Heart Bear , Bedtime Bear , Champ Bear, Cheer Bear, Daydream Bear , Do-Your-Best Bear , Friend Bear, Funshine Bear, Good Luck Bear, Grumpy Bear, Harmony Bear, Laugh-a-lot Bear, Love-a-lot Bear, Secret Bear, Share Bear, Surprise Bear, Tenderheart Bear, True Heart Bear, Wish Bear

ဒါနဲ့ ကျွန်မ တစ်စုံတစ်ယောက်ကို Care Bear တစ်ခုတည်းသာ လက်ဆောင်ပေးရမယ်ဆိုရင်တော့ Good Luck Bear လေးပေးဖြစ်မယ် ထင်ပါတယ်။ ဘာလို့ လည်းဆိုတော့ ကံကောင်းနေတဲ့၊ ကံတရားရဲ့ မျက်နှာသာပေးမှု့ ကို ခံနေရတဲ့ လူတစ်ယောက်ရဲ့ ဘ၀မှာ တခြားလိုအပ်တဲ့ အရာတွေအားလုံး ပြည့်စုံစွာ ရရှိနေမယ်လို့  ကျွန်မ ယုံကြည်လို့ ပါပဲ။


Related Link : Care-Bears, CareBears (WiKi)

May 18, 2007

ဖျက်သိမ်းရမည့် လူမှု့ ရေး အသင်းများ

ဟိုနေ့ က သူငယ်ချင်းတစ်ယောက်က လူမှု့ ရေးအသင်းတွေ ဖျက်ရမယ်ဆိုတာကို ကြားတယ်လို့  သတင်းပေးကတည်းက ဘယ်အဖွဲ့ တွေ အဖျက်ခံရမလဲ စိတ်ဝင်စားနေခဲ့တာ၊ ခုတော့ ဖျက်ခံရတဲ့ အဖွဲ့ တွေစာရင်းကို မိုးမခမှာတွေ့ လို ထပ်ဆင့် ဖေါ်ပြလိုက်ပါတယ်။

ဘာလို့  ဟို ကြံ့ဖွတ် အသင်းကိုကြတော့ မဖျက်တာပါလိမ့်။ ဖျက်မယ့်ဖျက် အဲ့ဒီ အသင်းကို အရင် ဖျက်ရမှာ။ ပြည်သူ့ ဆန္ဒခံပြီး ဖျက်မယ်ဆို အဲ့ဒီအသင်းက အရင် အဖျက်ခံရမယ် ဆိုတာ သေချာပါတယ်။

အဖျက်ခံရမယ့် စာရင်းမှာ နာရေးကူညီမှု့ အသင်းက ထိပ်ဆုံးက ပါမယ်ထင်တဲ့အတိုင်း ပါလာတာပါပဲ။ နာရေးကူညီမှု့  အသင်းကို မနာလိုဖြစ်နေပြီး လိုက်ကန့် သတ်နေတာတော့ အတော်ကြာပြီဆိုတာ သတင်းတွေအရတော့ သိနေခဲ့ရတယ်။ တခြားအဖွဲ့ တွေကို ဘာလို့ ဖျက်ခိုင်းတာလဲ မသိဘူး။ ဘာသာရေးအသင်းတွေတောင် ပါလိုက်သေးတယ်။ အင်း .. ကျွန်မတို့  မြန်မာပြည်မှာ အများအကျိုး၊ သာသနာ့အကျိုး ဆောင်ရွက်တာတောင် လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရှိပါလားနော်..

ပြည်ထဲရေးဝန်ကြီးဌာနကဖျက်သိမ်းကြောင်းကျေညာခဲ့သည့် အသင်းအဖွဲ့ များ

၁၊ သာရေးနာရေးအသင်း
၂၊ နာရေးကူညီမှု့ အသင်း
၃၊ တိုးတက်ရေးစာဖတ်သင်း (၁၉၅၄ စတင်တည်ထောင်)
၎၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း
၅၊ မြန်မာနိုင်ငံ ဗိသုကာများအသင်း
၆၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း
၇၊ ကချင်တိုင်းရင်းသား ရိုးရာနှင့် စာပေယဉ်ကျေးမှု့ အသင်း
၈၊ မင်းကွန်းပဋိပတ္တိ သာသနိနဂ္ဂ အသင်း
၉၊ တရုတ်ကုန်သည်များအသင်း
၁၀၊ အိန္ဒိယ- မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း
၁၁၊ ဂုရုနာနတ် အခမဲ့ဆေးပေးရုံနှင့် မျက်စိကုဌာန
၁၂၊ မြန်မာပြည် တရုတ်အမျိုးသား ချင်းအမျိုးအနွယ် အွဲကင်းစာအသင်း
၁၃၊ ဘော်လီဘောမိသားစု သာရေးနာရေးအသင်း
၁၄၊ SPA Scholarship Foundation
၁၅၊ ဗလငါးတန် အားမာန် လူငယ်ဖြွုံဖိုးရေးအသင်း
၁၆၊ မြန်မာ-ဂျပန် ဗုဒ္ဓဘာသာအသင်း
၁၇၊ လူဝင်မှု့ ကြီးကြပ်ရေးနှင့် ပြည်သူ့ ဝန်ထမ်းဟောင်းများအသင်း
၁၈၊ မြန်မာနိုင်ငံ ယာဉ်နှင့် စက်ကိရိယာပစ္စည်းလုပ်ငန်း
၁၉၊ ကျူလီ မွတ်ဆလင်သာသနာ ပြန်ပွားရေးအသင်း
၂၀၊ အရိဆမာဂ်ျ ကုသိုလ်ဖြစ် ဆေးရုံ
၂၁၊ မြန်မာနိုင်ငံလုံးဆိုင်ရာ က္ကုန္ဒရာဟိန္ဒူ အဖွဲ့ ချုပ်
၂၂၊ ပဲနွယ်ကုန်းအသင်း
၂၃၊ ခြောက်ထပ်ကြီး ရွှေသာလောင်း မဟာဗုဒ္ဓဝေယျာဝစ္စအသင်း
၂၄၊ မြန်မာပြည် တရုတ်တိုင်းရင်းဆေး သမားတော်များအဖွဲ့ 

(အမိန့် ကြော်ငြာစာတွင် “ သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီများမှ ဆက်လက်ဖွဲ့ စည်းရန် မထောက်ခံသဖြင့် လိုအပ်သလို အရေးယူဆောင်ရွက်ရန် တိုင်းအုပ်ချုပ်ရေးမှူး (ထွေ / အုပ်) များသို့  ပြည်ထဲရေး ၀န်ကြီးဌာနမှ စာအမှတ် ၂၀၀။၆၈-၁။ ဦး ၁ ဖြင့် ထုတ်ပြန်လိုက်သည် “ လို ပါရှိသည် )

Source : MoeMaKa





















Credit to : bleakm

နန်းကြီးသုပ်၊ နန်းပြားသုပ်နဲ့  လဘက်ရည်

စာရေးဖို့  စိတ်ကူးနေတာ စိတ်မပါဘူးဖြစ်နေတယ်။ ခုချိန် စိတ်ထဲမှာ ဘာစားရင်ကောင်းမလဲဆိုတာကိုပဲ တွေးမိနေတယ်။ ဒါနဲ့  ဟိုတစ်ခေါက် ရန်ကုန်ပြန်တုန်းက စားခဲ့ရပြီး၊ အခု စားချင်စိတ်ပေါက်နေတဲ့ အစားအစာတွေ ပုံတွေပဲ တင်လိုက်တော့မယ်။


အဲ့ဒီမနက်က နန်းကြီးသုပ်၊ နန်းပြားသုပ်၊ လက်ဖက်ရည် နဲ့  ကော်ပြန် လိပ်လောက်ပဲစားဖြစ်တယ်။ အဲ့ဒီနေ့ က မနက်စောစော မြို့ ထဲသွားရင်း စားဖြစ်တာပါ။ ကြက်သားမစားရဘူးဆိုလို့  ငါးဖယ်နဲ့ ပဲစားခဲ့ရတယ်။ တကယ်တော့ မစားချင်ဘူး၊ အဖေက အတင်းကျွေးလို့  သာ မစားချင်စားချင်နဲ့  စားလိုက်ရတယ်.. တကယ်စားကြည့်တော့လည်း စားလို့ ကောင်းသားပဲ။ အမေက စားကြည့်ပါဆိုလို့  ကျွန်မ မှာတာက နန်းကြီးသုပ်၊ ဒါပေမယ့် အဖေက နန်းပြားသုပ်လည်းကောင်းတယ် ထပ်စားဆိုလို့  စားလိုက်ရတယ်။ ကုန်မှာမဟုတ်ဘူး မမှာနဲ့ လို့ ပြောခဲ့ပေမယ့် တကယ်စားလိုက်တော့လည်း ကုန်သွားတာပါပဲ။
နန်းကြီးသုပ်
နန်းပြားသုပ်
နောက်တော့ အမေက အရည်တစ်ခုခုတော့ သောက်ပါဆိုလို့  သောက်လေ့မရှိတဲ့ လဘက်ရည်တစ်ခွက် ထပ်ပြီး သောက်လိုက်ရသေးတယ်။ ကော်ဖီတော့ သောက်လို့ မဖြစ်ဘူးလေ။ ကော်ဖီသောက်ရင် တစ်နေ့ လုံးမောနေတော့မှာ။ မိုင်လို တို့  ၊ နွားနို့ တို့ က မကြိုက်လည်း သောက်ဖြစ်နေတဲ့ အရာတွေ ဆိုတော့ ရန်ကန်ုပြန်ရောက်တုန်းတော့ မသောက်ဖြစ်အောင် ရှောင်နေလိုက်တယ်။

လဘက်ရည်

အတူပါလာတဲ့ ဦးလေးက ကော်ပြန့် လေးတွေကလည်း စားလို့ ကောင်းတယ်ဆိုတာနဲ့  မစားချင်စားချင်နဲ့  ထပ်စားလိုက်ရပြန်တယ်..

ဒါတောင် အမေနဲ့  အဖေက သမီးစားနိုင်သေးတယ်၊ ထပ်စားပါဦးလား။ နန်းကြီးတစ်ပွဲနဲ့ ကော်ပြန့် မှာပေးဦးမယ်ဆိုတာကို တော်ပြီ၊ မစားတော့ဘူးဆိုပြီး အတင်းထပြန်လာရတာ။ တကယ်တော့ နေ့ လယ်ကြရင် မြန်မာထမင်းဆိုင်သွားစားမယ် ပြောထားလို့  ထပ်မစားတော့တာပါ။ အဲ့ဒီ မုန့် တွေနဲ့  မနက်စာ စားဖြစ်တဲ့ ဆိုင်က ....

အင်း ... ခုနေများ အိမ်မှာရှိနေတဲ့  အမေ့ကို ဖုန်းဆက်ပြီး နန်းကြီးသုပ်စားချင်တယ် ပြောလိုက်ရင် ကောင်းမလား၊ အဲ့ဒီက ကော်ပြန့် ကြော်လေးကလည်း ထပ်စားကြည့်ချင်စရာလေး၊ ဒီကဟာတွေနဲ့ လုံးဝ မတူဘူး အတော်စားလို့ ကောင်းတယ် ......... ရေးရင်း စားချင်လာပြီ......

Free Online Language Translator

ဒီဆိုဒ်ကို တော်တော်များများ သိကြမယ်ထင်တယ်။ Gtalk မှာ မြန်မာအများနားမလည်တဲ့ ဘာသာစကားတွေနဲ့  Status တင်လေ့ရှိသူတွေ သုံးလေ့ရှိတဲ့ Langauge Translator ပါ။ ကျွန်မကတော့ သူငယ်ချင်းတွေ တင်တဲ့ Status တွေ ဘာပြောလည်း သိချင်ရင် ဒီ ဆိုဒ်ကို သုံးပြီး ကြည့်လေ့ရှိတယ်။

အဲ့ဒီက Translate လုပ်ပေးတာတွေ ဘယ်လောက် % မှန်လည်းဆိုတာတော့ ကျွန်မက မြန်မာနဲ့  အင်္ဂလိပ် ဘာသာစကားနည်းနည်း သိတာကလွဲရင် တခြား ဘာသာစကာတွေ မသိတော့ စမ်းကြည့်လို့ မရဘူးဖြစ်နေတယ်။ အဲ့ဒီမှာ မြန်မာသာသာစကားကလည်း မပါဘူးလေ။ မြန်မာစကားပါစေဦး စာလုံးပေါင်းတွေမှန်အောင် အရိုက်တတ်တော့ ပြဿနာများတတ်လေဦးမလား တွေးမိတယ်။

May 16, 2007

Snow (Hey Oh) - Red Hot Chili Peppers

After listening to this song a few times, it becomes one of my favoruite songs... Listen and Enjoy!

Hey oh ... listen what I say oh
I got your
Hey oh ... listen what I say oh

The more I see the less I know
The more I like to let it go... hey oh
woah woah woah


Photo Source : Lluminous-landscape.com

Please Google First

တခါတလေ ဘာတွေမှန်းမသိ လာမေးသူတွေကို စိတ်ပျက်မိတဲ့အခါ ဒီပိုစ့်က ပုံလေးကို ပြလိုက်ချင်တယ်။ ဒီ Website ကို ပေးလိုက်ချင်တယ်။

အရင်ကဆို သတင်းအချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို သိချင်တယ်ဆို အဲ့ဒီအကြောင်းအရာကို သိတဲ့ သူတွေကို လိုက်မေးရ၊ Library တွေကို သွားပြီး သတင်းအချက်အလက်တွေကို လိုက်ဖတ်ရနဲ့  အတော်ပင်ပန်းပါတယ်။ သိချင်တာတွေ သိရဖို့ လည်း အတော်ခက်ခဲ ပါတယ်။ ဒါပေမယ့် ခုလို IT ခေတ်ကြီးမှာ သတင်း အချက်အလက်တွေကို အင်တာနက်ပေါ်မှာ ရှာရတာ အရမ်းကို လွယ်ကူနေ ပါပြီ။ ဘယ်ကိုမှ သွားစရာ မေးစရာ မလိုပဲ အင်တာနက် ရတဲ့ ကွန်ပြူတာတလုံးရှေ့ မှာ Search Engine တွေကို သုံးပြီးတော့ ကိုယ်သိချင်တဲ့ Key Word လေးတွေ ရိုက်ထည့်လိုက်ရုံနဲ့  သိချင်တဲ့ အကြောင်းအရာတွေကို အလွယ်တကူ ရှာဖွေ သိရှိနိုင်ပါပြီ။

ကျွန်မ အင်တာနက်ကို စပြီးသုံးခါစတုန်းကတော့ တစ်ခုခု ရှာစရာရှိတယ်ဆိုရင် MSN search ကို သုံးပြီး ဟိုရှာဒီရှာ လုပ်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတော့ Google Search ကိုပဲ အဓိကထားပြီး သုံးဖြစ်တော့တယ်။ Google ကို ၂၀၀၂ လောက်ထဲက Home Page အဖြစ်ထားပြီး သုံးဖြစ်ခဲ့တယ်။ ကျွန်မသိတဲ့ အိုင်တီသမား အတော်များများကလည်း Google Home Page ထားပြီး သုံးကြတာတွေ့ ရတယ်။ တကယ်ဆို Search Engine တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် နာမည်အကြီးဆုံး Search Engine ကတော့ Google ပဲဖြစ်ပါတယ်။ နောက်ပိုင်းတော့ Google Search Engine က ဘယ်လောက်တောင် နာမည်ကြီးလာသလဲဆို July, 2006 က စပြီး Google ကို Verb တစ်ခုအနေနဲ့  အသိအမှတ်ပြု သုံးစွဲလာကြတယ်။ Google (Verb) google it ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် သုံးလာကြပြီ။
တခြား ခက်ခက်ခဲခဲရှာရတာတွေဆို ရှာနေကြလူတွေက အလွယ်တကူတွေ့ နိုင်လို့  အကူအညီ တောင်းတယ်ဆိုတာ ထားပါတော့.. ခုတော့ လွယ်လွယ်ကူကူ အရာလေးတွေကိုပဲ လိုက်မေးနေကြတယ်... တကယ်ပါ.. တခြား အပြင်လူတွေ ( Computer သုံးလေ့မရှိသူတွေ)၊ အိုင်တီနဲ့  မရင်းနှီးသူတွေ က အကြောင်းအရာတစ်ခုကို မသိလို့  မေးခွန်းတွေ မေးလာမယ်ဆို သူတို့ မေးတာတွေ ကျွန်မ မသိခဲ့တောင်မှ Internet ပေါ်မှာ Google လို Search Engine တွေနဲ့  လိုက်ရှာပြီး အဖြေရှာပေးနေကြပါ။ ဒါပေမယ့် ဒီ အိုင်တီ အသိုင်းအ၀ိုင်းက၊ အိုင်တီနဲ့  အလုပ်လုပ်နေသူတွေ ဟိုမေးဒီမေး လုပ်လာတဲ့ အခါကြတော့........................

Someone thinks you are an idiot because you were too stupid to check Google before asking a question.

Google Is Your Friend

All Smart People Use Google


Related Link : Google.com

May 14, 2007

Java ဖြင့် ရေးသားထားသော အသေးငယ်ဆုံး Database

Java 6 မှာ Build in ပါလာတဲ့ Derby Database အကြောင်း နည်းနည်း စမ်းကြည့် ဖြစ်တယ်။ Database နဲ့  ပတ်သတ်ပြီး ဗဟုသုတ သိပ်မရှိဘူးပဲ ပြောရမလား Derby Database ဆိုတဲ့ နာမည်ကို Java 6 နဲ့  တွဲပြီးမှပဲ စပြီး ကြားဖူးတာ။ ကျွန်မ ကြားဖူးတဲ့ Derby ဆိုတာ England မှာ Derbyshire county မှာရှိတဲ့ Derby ဆိုတဲ့ မြို့ နဲ့  Kentucy Derby ဆိုတဲ့ မြင်းပြိုင်ပွဲပဲရှိတယ်။ နောက်ပြီး ကျွန်မက Database ဆို Oracle , Microsoft SQL Server, MySQL တွေနဲ့ ပဲ ရင်းနှီးပြီး အဲ့ဒီ Database တွေလောက်ပဲ ကောင်းကောင်း သုံးဖူးတာပါ။

ဖတ်ကြည့်မှပဲ Java 6 မှာ ပါတဲ့ Derby ဆိုတာ Apache က ထုတ်တဲ့ Opensource Porject တစ်ခု ဖြစ်မှန်းသိလိုက်ရတယ်။ ဖတ်မိသလောက် အဓိက သတိထားလိုက်မိတာကတော့
Derby ဟာ
- a lightweight database
- a transactional, relational database and provides a small footprint on disk.
ဒီထက် အသေးစိတ် သိချင်ရင်တော့ Apache Website မှာသွားဖတ်ကြည့်လို့  ရပါတယ်။
ကျွန်မကတော့ Java 6 မှာ Derby Database ကို ဘယ်လို သုံးနိုင်တယ် ဆိုတာလောက်ကိုပဲ သိအောင် စမ်းကြည့် ဖြစ်တယ်။ စာတွေမှာ ပြောထားတဲ့ အတိုင်း Java 6 မှာ ပါတဲ့ Derby ကို Connect လုပ်ရတာ အတော်လေး လွယ်ကူပါတယ်။ Java 6 ကို Install လုပ်ပြီး JAVA_HOME နဲ့  PATH တွေ ပေးဖြစ်တယ်။ တကယ်ဆိုရင် Derby ကို သုံးလို့ ရအောင်အတွက် derby.jar နဲ့  derbytools.jar file တွေကို PATH မှာ Point လုပ်ပေးဖို့ လိုပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အလွယ်လမ်းလိုက်ပြီး Java folder အောက်က db\frameworks\embedded\bin အောက်ကိုပဲ Point ပေးထားလိုက်ပါတယ်။ ဘာလို့ လဲ ဆိုတော့ အဲ့ဒီအောက်က ij.bat မှာ အဲ့ဒီ jar files နှစ်ခုကို Path ပေးပြီးသားဖြစ်နေလို့ ပါ။ ဒီမှာ ij.bat file ပါ။


1. Install JDK 6 update 1
2. set JAVA_HOME=C:\Program Files\Java\jdk1.6.0_01
3. set PATH=%PATH%;%JAVA_HOME%\bin; JAVA_HOME%\db\frameworks\embedded\bin
Derby မှာ ij ဆိုတဲ့ Command-line tool တစ်ခုပါတယ်။ အဲ့ဒီ ij ကို အသုံးပြုပြီး Derby database ကို Connect လုပ်နိုင်ပါတယ်။ Database တစ်ခု ဆောက်ရတာ အတော်လွယ်ပါတယ်။
connect 'jdbc:derby:DatabaseName;create=true'; ဆိုပြီး ပေးလိုက်ရင် Database တစ်ခု Create လုပ်ပြီးသားဖြစ်သွားတယ်။
4. C:\>ij
5. ij> connect 'jdbc:derby:MyDbTest;create=true';
6. ij>exit;
ကျွန်မ အနေနဲ့  ပထမဆုံး MyDBTest ဆိုတဲ့ Database ကို creat လုပ်ကြည့်လိုက်တယ်။ Database ဆောက်မဆောက် သိချင်လို့  exit နဲ့  ပြန်ထွက်ပြီး ပြန် Connect လုပ်ကြည့်လိုက်တော့ Database ဆောင်ပြီးသားဖြစ်တာကို တွေ့ ရတယ်။
7. C:\>ij
8. ij> connect 'jdbc:derby:MyDbTest'; //command to connect Database
9. ij> create table mytable (id int
not null
generated always as identity,
name long varchar);
10. ij> show tables;
11. ij> insert into mytable values (default, 'Nay Nay Naing');
12. ij> insert into mytable values (default, 'Su Su');
13. ij> select * from mytable;
ပြီးတော့ Table တစ်ခုဆောက်ကြည့်ပြီး နည်းနည်း စမ်းကြည့်ဖြစ်တယ်။ နောက်ဆို Demonistration တွေဘာတွေ ပြရင် ဒီ Database လေးနဲ့  ချိတ်ပြီး ပြလို့ ရမယ်ထင်တယ်။

ကျွန်မ Java Folder အောက်က DB folder size ကို သွားကြည့်လိုက်တာ 6.7 MB ပဲရှိပါတယ်။ ဒါ Demo, Release Notes, Tools နဲ့  Documentation အချို့ ပါပြီးသားပါ။ Apache Site မှာ ဖတ်ရတာကတော့ Derby ရဲ့ base engine နဲ့  embedded JDBC driver size နှစ်ခု ပေါင်းမှ 2 MB ပဲရှိတယ်သိရတယ်။ Derby Database က Size သာသေးတာ Client/Server mode Support လုပ်တယ်လို့ လည်း သိရတယ်။ နောက်အချိန်ရမှာပဲ အဲ့ဒီ အကြောင်း ထပ်စမ်းကြည့်တော့မယ်။

Derby ရဲ့ Command တွေကို သိချင်တယ်ဆိုရင် Help ( ij> help ; ) ဆိုပြီး ခေါ်ကြည့်လို့ ရပါတယ်။

Source :
Apache Derby
Sun Developer (JavaDB)

Mother, How Are You Today?

Maywood - Mother How Are You Today

Mother, how are you today?
Here is a note from your daughter
With me everything is OK
Mother, how are you today?

မေမေ..
နေကောင်းလား မေမေ...

သူငယ်ချင်းတစ်ယောက်က Mother's Day အတွက် သီချင်းရှာခိုင်းလို့  အမေနဲ့  ပတ်သတ်တဲ့ သီချင်းတွေကို လိုက်ပြီး နားထောင်ကြည့်ရင်းကနေ ဒီသီချင်းလေးကို ထပ်ခါထပ်ခါ နားထောင်ဖြစ်သွားရင်း မေမေ့ကို သတိပိုရသွား မိတယ်။ ကျွန်မရဲ့ အမေ အကြောင်း တစ်ခုခုရေးမယ် စိတ်ကူးလိုက်တိုင်း မေမေ့ကို သတိရစိတ်နဲ့  အဆုံး မသတ်နိုင်ခဲ့တဲ့ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ ခုချိန်ထိတော့ ကျွန်မ့ မေမေနဲ့  ပတ်သတ်တဲ့ အကြောင်းအရာတွေ ပိုစ့်လုပ်တိုင်း ပုံလေးတွေ နဲ့  စာနည်းနည်းလောက်ကပဲ ရေးနိုင်ခဲ့ပါတယ်။ အင်း... နောက်နှစ် အားလပ်ရက် အမေ့အိမ် ပြန်ရောက်ချိန်၊ အမေဘေးမှ ရှိတဲ့ တစ်နေ့ ကြမှပဲ ကျွန်မရဲ့ အမေအကြောင်း ရေးဖြစ်အောင် ကြိုးစားပါတော့မယ်။

May 13, 2007

Dear Mother



Dear Mother, I love you
And I'm so glad you're mine
You hug me and hold me
And you make each day fine

Dear Mother, I love you
For all you have done
And I want to tell you
That you're my number one

May 12, 2007

Linux Journal ( May and June 2007 )

မေလ နဲ့  ဂျွန်လ ထုတ် Lunix Journals တွေပါ။ အဲ့ဒီ ဂျာနယ်တွေကို linuxjournal.com မှာ ၀ယ်ယူ ဖတ်ရှု့ နိုင်ပါတယ်။ Lunix ကို စိတ်ဝင်စားသူ အားလုံး ဖတ်နိုင်ဖို့  ကျွန်မ ဘလောခ့်မှာ ထပ်ဆင့် မျှဝေလိုက်တာပါ။ နောက်လတွေမှာလဲ လစဉ် တင်ပေးသွားမယ် စိတ်ကူးပါတယ်။


အဲ့ဒီ Journals တွေကို linuxjournal.com မှာ Subscribe လုပ်ထားပြီး လစဉ် ၀ယ်ယူဖတ်လေ့ရှိ သူက ကိုသီဟပါ။ ( ဒီ Journals တွေကို ကျွန်မ့ အမြဲ ၀ယ်ဖတ်တယ် အထင်ကြီးကုန်ကြမှာစိုးလို့  ကြိုရှင်းထားတာပါ။ ကျွန်မက သူပို့ ပေးရင်တော့ ဖတ်လိုက်ပါတယ်။ ကိုယ်ဟာကို ၀ယ်ဖတ်ဖို့ တော့ စိတ်မကူးမိသေး ပါဘူး :D ) ။ သူ ဒီ Lunix Journals တွေကို အမြဲဖတ်ဖြစ်သလို ၊ တခြား Lunix စိတ်ဝင်စားသူတွေကို ဒီဂျာနယ်တွေ ဖတ်မိစေချင်တာကလည်း ကိုသီဟပါပဲရှင်။ ဒါပေမယ့် သူ့ ထုံးစံအတိုင်း အပျင်းထူပြီး သူ့ ဘလောခ့်မှာ သူကိုယ်တိုင်တင်ဖို့  စိတ်မကူးဘဲ၊ ကျွန်မရဲ့ ဘလောခ့်မှာပဲ သူများတွေ ဖတ်နိုင်အောင် တင်ပေးပါ Request လုပ်လာခဲ့လို ဒီပိုစ့်ကို တင်ရခြင်းဖြစ်ပါတယ်။ ကျွန်မ အချိန်ရရင် Lunix Journals အဟောင်းတွေကိုလည်း ပြန်ပြီး တင်ပေးပါဦးမယ်။

Credit to : THKZ

Hope to see you again..

မနေ့  က သူငယ်ချင်းတစ်ယောက် ပြန်ခါနီးမို့  နှုတ်ဆက်ဖို့ ခနဆိုပြီး သွားလိုက်တာ အိမ်ပြန်ရောက်တော့ အတော်လေးကို မိုးချုပ်နေပါပြီ။ (မိုးလင်းနေပြီလို့ တောင် ပြောလို့ ရမယ် ထင်တယ်။) နောက်နေ့ မှာ အလုပ်တွေရှိကြပေမယ့် အားလုံးပျော်ရွှင်နေခဲ့ကြပြီး တစ်ယောက်မှ စောစောမပြန်ဖြစ်ခဲ့ကြဘူး။ ပျော်စရာကောင်းတဲ့ နှုတ်ဆက်ပွဲ တစ်ခုပါပဲ။ နောက် မဝေးလှတဲ့ တချိန်မှာ အားလုံးနဲ့  ဒီလိုပဲ ပြန်လည် တွေ့ ဆုံနိုင်ဖို့  မျှော်လင့်ပါတယ်...

May 09, 2007

Mozilla CEO speaks out on future of Firefox

Mozilla CEO ပြောတဲ့ Firefox ဘယ်လို ဖြစ်လာတယ်၊ ရှေ့ မှာ ဘာတွေ ဆက်လုပ်မယ် ဆိုတဲ့ အကြောင်း Interview တစ်ခု ဖတ်လိုက်ရပါတယ်။ ဒီ Interview စပြီး ဖတ်မကြည့်ခင်တည်းက Mozilla ရဲ့ CEO က အမျိုးသမီးတစ်ယောက်ပဲ ဆိုတာ သိလိုက်ရလို့  သဘောကျသွားမိတယ်။
ကျွန်မအနေနဲ့  FireFox ကို Primary Browser အဖြစ်သုံးနေတာ ၁ နှစ်ကျော် ရှိပါပြီ။ FireFox က Cross Platform ရတယ်၊ OpenSource ၊ Stable လည်းဖြစ်တယ်၊ Security ကောင်းတယ်၊ ကိုယ့်အတွက် သုံးရတာ အဆင်ပြေလို့  Primary Browser အနေနဲ့ သုံးနေခဲ့တာပါ။ ဒါပေမယ့် တချို့ ဆိုဒ်တွေ၊ အထူးသဖြင့် စင်္ကာပူ အစိုးရ Website တွေကတော့ Microsoft က ထုတ်တဲ့ IE နဲ့ ပဲ ကိုက်ညီအောင် ရေးထားတော့ FireFox ဒါမှမဟုတ် တခြား Browser တွေနဲ့ ကြည့်ရင် အဆင်မပြေပါဘူး ဖြစ်နေတယ်။ ဒီတော့ IE ကိုလည်း စွန့် လို့ မဖြစ် လိုအပ်ရင် လိုအပ်သလို သုံးရတုန်းပါပဲ။ ဒါတောင် IE 6 နဲ့ ပဲ အဆင်ပြေပြီး IE 7 နဲ့  ဆို အဆင်မပြေတဲ့ Site တွေလည်း ရှိသေးတယ်။ တကယ်ဆို အဲ့ဒီလို Browser Dependent မဖြစ်သင့်ပါဘူး။ Browser Independent ဖြစ်အောင် ရေးထားသင့် ပါတယ်။

ခုနောက်ပိုင်းမှာ FireFox ကို အသုံးပြုသူ များလာတာ တွေ့ ရတယ်။ W3C ရဲ့စာရင်းတွေနဲ့  တခြား Web Stats တွေအရ သိနိုင်တယ်။ ဒီ၂ နှစ်အတွင်း အသုံးပြုသူ တိုးတက်နှုန်းက အတော်မြန်ပါတယ်ဆိုရမယ်။ W3C မှာ သွားကြည့်ရင် 2003 က စတင်ခဲ့တဲ့ Firefox Browser ကိုအသုံးပြုသူဟာ 2005 နှစ်ဆန်းမှာ 3.4 % ပဲရှိတာကနေ ခုဆို (2007 April) 32.9% ရှိနေပြီဆိုတာ တွေ့ နိုင်ပါတယ်။

အဲ့ဒီ Interview ကို ကြည့်ပြီးမှ သတိထားမိလိုက်တဲ့ FireFox Japan က လုပ်ထားတဲ့ Foxkeh ဆိုတဲ့ Cartoon ပုံလေး ကိုလည်း သဘောကျမိတယ်။