တနင်္ဂနွေ.. နေ့ လည် ၁၂း၀၀ - ည ၂၃း ၄၅ နာရီ
တနင်္လာ.. နေ့ လည် ၁၂း၀၀ - အင်္ဂါ မနက် ၀၀း၃၀
အင်္ဂါ .. မနက် ၇း၄၅ - ည ၂၃း၄၅
ဗုဒ္စုဟူး.. မနက် ၇း၄၅ - ည ၂၂း၃၀
ကြာသာပတေး .. မနက် ၈း၃၀ - ညနေ ၆း၃၀
ဒီအချိန်တွေအကုန် ကိုယ့်အလုပ်စာပွဲ ကွန်ပြူတာရှေ့ မှာ ထိုင် အေးအေးဆေးဆေး အလုပ်လုပ်နေရတာ မဟုတ်ပါဘူး။ လူ ၁၂ ယောက်ထိုင်နေတဲ့ စားပွဲ ၁၂ လုံး နဲ့  ရှေ့ မှာ ထိုင်ခုံ အများပြား ချထားတဲ့ အခန်း တစ်ခုမှာ ဘယ်သူတွေများ ဘာအကူအညီလိုမလဲ မျက်ခြေမပြတ်လိုက်ကြည့်၊ အကူအညီလိုတယ် အချက်ပြလိုက်တဲ့ စားပွဲတွေအကြား ပြေးလွှားသွားလာ၊ ပြောဆိုညွန်ကြားကူညီရင်း အချိန်တွေ ကုန်သွားခဲ့ရတာ။ ပြဿနာပေါင်းများစွာ၊ ထိုင်ချိန် မရှိဘူး။ တောက်လျှောက် လမ်းလျှောက်နေရတာ။ လူပင်ပန်း၊ ဦးနှောက်ချောက်ရသလို၊ စကားပြော ရှင်းပြရတာတွေလည်း ရှိသေးတယ်။ တခါတလေ အရစ်လည်း ခံရတယ်။
တနင်္လာနေ့ ကဆို နေ့ လည် အလုပ်ရောက်ကတည်းက ပြန်တဲ့အထိ တစ်ချက်မှ အနား မရခဲ့ဘူး။ အဲဒီ ကိုယ်တာဝန်ယူထားတဲ့ အခန်းထဲက ထွက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ Tea Break ဆိုတာ မေ့လိုက်၊ ညစာ ထမင်းကိုတောင် အဲဒီ အခန်းထဲမှာပဲ စားလိုက်ပါဆို့ လာပို့ တယ်။ ဒီလောက် လူတွေအများကြီးရှေ့ မှာ မျက်နှာချင်းဆိုင်ထိုင်ပြီး မစားတတ်တာနဲ့  ညစာ မစားဖြစ်တော့ဘူး။ လူတွေအားလုံးရှင်းတဲ့အချိန်က ၁၂ ကျော်မှာဆိုတော့ လူလည်းမောနေပြီး၊ စားလို့ လည်းမ၀င်တော့ဘူး။ အိမ်ပြန်ရောက်တော့ သန်းခေါင်းကျော် ၊ ၁၂ နာရီနီးပါး မတ်တပ်ရပ် (ပြေးလွှား)နေရတဲ့ ခြေထောက်က ကောင်းကောင်းတောင် လမ်းလျှောက် မရတော့ဘူး။ အဲဒီနေ့ က စီးထားတဲ့ ဖိနပ်ကလည်း ဒေါက်နဲ့။ အဲဒီနေ့ က အိမ်ရောက်တာနဲ့  ရေချိုး ခြေထောက်ဆေးလိမ်းပြီး လှဲလိုက်တာ ဘယ်လို အိပ်ပျော်သွားမှန်းတောင် မသိလိုက်ဘူး။ နောက်နေ့ တွေမှာ တော့ ဖိနပ်အပါးပဲ စီးမှဖြစ်မယ် ပြောပြီး အပါးပဲစီး ဖြစ်တော့တယ်။
တနင်္လာအတွေ့ အကြုံအရ တစ်ခန်း တစ်ယောက် မနက်၊ည ခွဲ တာဝန်မယ်ဆို နိုင်လည်းမနိုင် နားချိန်လည်း မရှိဆိုတော့၊ တစ်ခန်း ၂ ယောက် တာဝန်ယူရဖို့  အင်္ဂါ၊ ဗုဒ္ဓ္ဓဟူးတွေမှ မနက် ၇း၄၅ - ည ၁၁း၀၀ အလုပ်လုပ်ရတယ်။ ၁၁ ဆိုပေမယ့် ပြန်ရတဲ့အချိန်က အားလုံးပြီးမှဆိုတော့ သန်းခေါင်ကျော်မှ အိမ်ရောက်တာပါပဲ။ တစ်ယောက် တစ်လှည့် ထမင်းသွား စားလို့ ရတယ်။ အချိန်စာရင်းထဲကဆို တခါနား မိနစ် ၃၀ နဲ့  ၃ ခါ နား ဆိုတာတော့ မရဘူး။
အလုပ်က စီစဉ်ပေးတာတွေ စားမရဘူး။ တနင်္လာနေ့ မှာ သူတို့ စီစဉ်တာတွေ မစားတတ်လို့  ဘာမှ မစားဘူးဆိုတာ သိသွားတဲ့ အစားအသောက် စီစဉ်တဲ့သူက အင်္ဂါနေ့  မှာ နေ့ လည်စာကို သီးသန့် သွားဝယ်ပေးပါတယ်။
ကိုယ့်ထမင်းစားတဲ့အချိန်က သူများတွေ Tea Break သွားတဲ့ အချိန်ဖြစ်နေတာလဲ ပါတယ်။ သီးသန့် ကြီး ၀ယ်ပေးရတာ အားနာတာနဲ့  နောက်ပိုင်း စားသောက်ချိန်တွေမှာတော့ သူများတွေ အတွက် စီစဉ်တာပဲ စားမယ်ပဲ ပြောလိုက်တော့တယ်။ စားဖြစ်လားဆို ဒီလိုပါပဲ။ Lunch/Dinner ဟာတွေ လုံးဝ မစားနိုင်ဘူးဆိုတော့ Tea Break က မုန့် လောက်ပဲ စားဖြစ်တယ်။ မနက်ပိုင်းမှာ အောက်ထပ်ဆင်းပြီး Breakfast ကိုယ့်ဘာသာ ၀ယ်စားလိုက်တယ်။ ခုရက်ပိုင်း ပိန်သွားတယ်နော် ပြောကြရင်တော့ ၀ မှာစိုးလို့  ၀ိတ်ချနေတာလို့  ပြန်ဖြေလိုက်မယ် :))
ဒီရက်ပိုင်း မျက်နှာချင်းဆိုင် တွေ့ ရတဲ့သူတွေက ကျွန်မတို့  အလုပ်လုပ်ရတဲ့အချိန်တွေကို သိနေတော့ မေးကြတယ်။ သူတို့ တွေ့ ရာ.. လုပ်တာကိုင်တာတွေ အပြုံးမပျက်၊ ပင်ပန်းတဲ့ပုံ မပေါက်ဘူးတဲ့။ တကယ်ဆို ဦးနှောက်လည်း ပင်ပန်းသလို၊ လူလည်း ပင်ပန်းတယ်။ ဒါပေမယ့် မပြုံးနေလို့ မဖြစ်တာ၊ အလုပ်တစ်ခုကို အလုပ်လိုပဲ ဒီလိုပဲ လုပ်ရမှာပေါ့။
“Work is either fun or drudgery. It depends on your attitude. I like fun.”
မလုပ်မဖြစ် လုပ်ရမယ်ဆိုတဲ့ အနေအထားမှာ ကိုယ့်စိတ်လေး ထားတတ်အောင် အလုပ်လုပ်မှ။ သည်းမခံနိုင်ဘူးဆို နောက်မှ ကိုယ်နဲ့ အဆင်ပြေမှာကို အချိန်ယူ အသေအချာ စဉ်းစား ဆုံးဖြတ်ပြီး လုပ်စရာရှိတာတွေ လုပ်ရမယ်လို့  ထင်တာပဲ။အလုပ်လုပ်တာမှ အလုပ်ချိန်များ အလုပ်ပင်ပန်းတာကြောင့် မဟုတ်ပဲ အလုပ်က လူတချို့ ရဲ့ အပြုအမူတွေကြောင့် စိတ်တိုရတာတွေတော့ ရှိတယ်။ အဲဒါတွေ ခေါင်းထဲ သိပ်မထည့်တာကောင်း ပါတယ်။ စိတ်တို ဒေါသထွက်စရာ ဆိုတာမျိုးက ချရေးတိုင်း မကောင်းဘူး၊ တခါတလေ ချရေးလိုက်ရင် စိတ်ထဲမှာ ပိုဖျောက်မရ မှတ်မိနေပြီး ကိုယ့်ဒုက္ခကိုယ် ပိုရှာသလို ဖြစ်နေတတ်တယ်။
ဆက်တိုက် ပင်ပန်းထားတဲ့အတွက် ဒီနေ့  ခွင့်ယူချင် ယူလို့ ရတယ်။ လုပ်စရာလေးတွေလည်း ရှိ၊ အီးမေးတွေလည်း ပြန်စရာရှိမယ်ထင်လို့  ဒီနေ့  Off မယူပဲ အလုပ်လာဖြစ်တယ်။ ဒီနေ့ က သာမန် အလုပ်ချိန်ပဲ ( မနက် ၉ နာရီ- ညနေ ၆ နာရီ) ။ ကိုယ်ကပဲ ပေတာလား မသိဘူး။ ဒီလောက် ပင်ပန်းတာ (တစ်ပတ်လောက်) အရမ်းပင်ပန်းတယ် မခံစားရဘူး၊ အိုကေ သေးတယ်။ ဆက်တိုက်ဆိုရင်တော့ ဘယ်လောက် ခံနိုင်ရည်ရှိရှိ ရေရှည်ကျန်းမာရေးအတွက် မကောင်းဘူး။
ဒါနဲ့  ဒီရက်ပိုင်း လူအများကြီးနဲ့  ဆက်ဆံပြောဆိုရလို့ လားမသိဘူး လူတွေအကြောင်း အရင်ထက် နည်းနည်းပိုသိလာ သလိုလိုပဲ။ ဒါပေမယ့် သေချာတွေးကြည့်ရင် လူဆိုတာ လူပါပဲ။ :))





Labour Day
Christmas Day
New Year's Day
Good Friday
Vesak Day
National Day
Hari Raya Puasa
Deepavali
Chinese New Year

Before taking ITCA Department Group Photo


Boss is calling: 
Training:
Tea break:
Ready for getting off work:

Tough target:

OT for a whole night:


Little achievement: 



