အင်္ဂါနေ့ က အလုပ်က လက်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နောက်ဆုံး အလုပ်လုပ်တဲ့နေ့။ ဟိုတစ်နေ့ က အင်ဒိုနီးရှားဆိုင်မှာ ကုမ္ပဏီက Fareware Lunch လုပ်တယ်။ အင်္ဂါနေ့ ကတော့ ကျွန်မတို့  အလုပ်မှာ ရင်းနှီးတဲ့သူငယ်ချင်းတွေ ကြီးပဲ Fareware Lunch ထပ်လုပ်ကြတယ်။ အစားအသောက် ရွေးလွန်းပြီး၊ ပုံမှန်စားနေကြ အစားအစာတွေကိုသာ စားလေ့ရှိတဲ့ ကျွန်မကို အစားအသောက် အသစ်အဆန်းတွေ စားတတ်လာအောင် စိတ်ရှည်လက်ရှည်နဲ့  ပြောတတ်တဲ့ သူတစ်ယောက်။ နောက်မှ ဒီအလုပ်က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ အကြောင်း စိတ်ကူးပေါက်ရင် ရေးမှတ်ထားမယ်။ ဒီနိုင်ငံမှာ ပထမဆုံး ရင်းရင်းနှီးနှီး ခင်မင်မိတဲ့ လူမျိုးခြား သူငယ်ချင်းတွေ...

ပုံမှန်ဆို ကျွန်မ ဂျပန်အစားအသောက် မကြိုက်ဘူး။ အသားကင်ကလွဲရင် တခြား ဘယ်ဂျပန်ဆိုင်မှာမှ မစားဘူး။ ကျွန်မ အကြောင်းသိတဲ့ သူတို့ တွေက ကျွန်မ ပါရင် ဂျပန်အစားအသောက်ကို ရှောင်ပြီး စားကြတယ်။ အဲ့ဒီနေ့ ကတော့ CCY ရဲ့ နောက်ဆုံးနေ့  အမှတ်တရ ဖြစ်အောင် ဂျပန်ဆိုင်မှာ သွားစားဖြစ်ခဲ့တယ်။ ဆူရှီကို ကျွန်မ ဘယ်လိုမှ စားဝင်မှာ မဟုတ်တာ သေချာတာကြောင့် Waraku မှာပဲ သွားစားဖြစ်ကြတယ်။ ဓာတ်ပုံတွေရိုက်ကြ စကားတွေပြောကြတဲ့ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ Fareware တစ်ခုပါပဲ။
အဲ့ဒီနေ့ က Farewell Lunch သာမက၊ Farewell TeaBreak နဲ့  Farewell Dinner ဆိုပြီး လုပ်ကြသေးတယ်။ Lunch နဲ့  Tea ကို ကိုယ်စားတာ ကိုယ်ရှင်းစနစ်နဲ့ ပေးကြပြီး၊ Dinner ကိုတော့ Chan Yee က ရှင်းတယ်။ အဲဒီ ညနေက ချိန်းထားတာလေးတွေ ရှိနေလို့  Dinner တော့ မသွားနိုင်တော့ဘူး။
No comments:
Post a Comment