Pages

July 14, 2008

Diary : 12 and 13 July 2008

12-July-2008
စနေနေ့ က နေ့ လယ်စာကို Diandin Leluk Thai Restaurant (Golden Mile) မှာ စားဖြစ်တယ်။ ထုံးစံအတိုင်း ငါးပေါင်း၊ တုံယန့် ဟင်း၊ ဖားသားအကျွတ်ကြော်နဲ့  အရွက်ကြော် တစ်ပွဲစားဖြစ်တယ်။ သင်္ဘောသီးထောင်း စားမယ် စိတ်ကူးပေမယ့် မှာထားရဲ့နဲ့  နားလည်မှု့ လွဲပြီး လာချမပေးတာနဲ့  ထပ်မမှာ ဖြစ်တော့ဘူး။ စားဖို့ ပဲ စိတ်ဝင်စားနေတာကြောင့် ဓာတ်ပုံတော့ မရိုက်ဖြစ်ဘူး။ အရင်တုန်းက ပုံတွေကြည့်ချင်တယ်ဆို ဒီမှာ ကြည့်လို့ ရတယ်။ အဲ့ဒီ ထိုင်းဆိုင်မှာ မြန်မာပြည်ကလူတွေလည်း အလုပ်လုပ်နေတာရှိတော့ မြန်မာလိုပြောပြီး အစားအသောက်မှာလို့  ရပါတယ်။ ဆိုင်က အတော်ကြီးတယ်။ နှစ်ဆိုင်တွဲ။ ဆိုင်နံပါတ် ၆၇ နဲ့  ၇၁။ သွားစားမယ်ဆို ရှာရလွယ်မှာပါ။
Diandin Leluk Thai Restaurant Pte Ltd
Address : 5001 Beach Road, #01-67 (01-71) Golden Mile Complex, Singapore, 199588
Tel: 6293 5101

ဒါက အခန်းနံပါတ် ၆၇ ရဲ့ပုံ။ ဒီပုံကို အင်တာနက်ပေါ်က ရှာထားတာပါ။

စားပြီးတော့ Ubi က Perfume Warehouse sales ကို သွားဖြစ်ခဲ့တယ်။ ၄ နာရီလောက် အဲ့ဒီကို ရောက်သွားပြီး ဆိုင်ပိတ်ခါနီး ၆ နာရီလောက်မှ ပြန်ထွက်လာ ဖြစ်ခဲ့တယ်။ ဟိုရေမွှေးစမ်း၊ ဒီရေမွှေး စမ်းကြည့်နဲ့  ပြန်ထွက်လာတဲ့ အချိန်မှာ အတော်လေး ခေါင်းမူးနေပြီ။ Perfume Warehouse Sales က ရေးမွှေးတွေ အတော်လေး ဈေးသက်သာတယ်။ နာမည်ကြီး Brand တွေ အများစုက S$38, S$45, S$60, S$70 ဈေး အမျိုးမျိုးပဲ။ $38 နဲ့  $45 တွေ အများစုက 100 ml - Tester တွေများတယ်။ Tester တွေဆိုတော့ သိတဲ့အတိုင်း ဗူးလှလှ နဲ့  မဟုတ်ဘူးပေါ့။ အဲဒီ ဈေးလောက်ထဲမှာ Tester မဟုတ်တာတဲ့ 50 ml ပုံမှန်ဗူးတွေလဲ ရှိပါတယ်။ $60 နဲ့  $70 တန်တွေကတော့ အပြင်မှာ ရောင်းသလိုပဲ ဗူးလှလှလေးတွေနဲ့  ထည့်ထားတာတွေပါ။ နောက်ပိုင်းထွက်တာတွေ များတယ်။ အဲဒီက ရေမွှေးဈေးတွေကို Bugis နဲ့  Raffle Shopping Center မှာ ဈေးမေးကြည့်တော့ တစ်ဝက်လောက် သက်သာတာ တွေ့ ရပါတယ်။ အပြင်မှာ ၀ယ်သလို တခြားအပို လက်ဆောင် ပစ္စည်းတွေ မရပေမယ့် ဈေတစ်ဝက်လောက် သက်သာတာကြောင့် ရေမွှေးဝယ်ဖို့  စိတ်ကူးရှိရင် သွားကြည့်သင့်တယ်။

Branded Persumes Warehouse Sales
Payment by Cash and Net Only
Open Monday to Saturday 11 AM - 6 PM
10 Ubi Cresent Lobby B #07-30 Ubi Tech Park S 1408564
Tel: 6749 2265/ 6742 9252

Eunos MRT က သွားမယ်ဆို Bus 63 စီးသွားလို့ ရတယ်။

အဲဒီကနေ ရေမွှေး ၃ မျိုး ၀ယ်ဖြစ်တယ်။ ဘာစိတ်ကူးပေါက်လို့  ဒီလို ၀ယ်ဖြစ်သွားလဲ ကိုယ်ဟာ ကိုယ်တောင် အသေအချာ မသိဘူး။ အင်း.. ရေမွှေးလည်း ကြိုက်၊ ရေမွှေးလည်း အမြဲ သုံးတတ်သူ တစ်ယောက် ပြောလေ့ရှိတဲ့ စကားလုံးတွေရဲ့ သက်ရောက်မှု့ ကြောင့် လားတော့ မသိဘူး။ တကယ်ဆို ရေမွှေးကို မသုံးဖြစ် သလောက်ပါပဲ။ တစ်ခါတလေ မှသာ သုံးဖြစ်တယ်။ ဒါတောင် သုံးသင့်တယ် ပြောခဲ့လို့ ။ အခုတော့ အကျင့် ဖြစ်အောင် စမ်းသုံးကြည့်မယ် စိတ်ကူးပြီး အနံ့  ခံနိုင်မယ် ထင်တာလေးတွေ ၀ယ်လာလိုက်တယ်။ တမျိုး မကြိုက်၊ နောက်တမျိုး ပြောင်းသုံးလို့  ရတာပေါ့။

ရေမွှေးဝယ်ပြီး အိမ်မပြန်ချင်သေးတာနဲ့  Bugis Junction ရောက်ဖြစ်တယ်။ အင်္ကျီတစ်ထည် ၀ယ်ဖြစ်တယ်။ ပြီးတော့ Bugis ကနေ CityHall ကို လမ်းလျှောက်သွား၊ “အင်းလေး” ဆိုင်မှာ ညစာစားဖြစ်တယ်။ ခေါင်းကိုက်နေလို့  သိပ်မစားနိုင်ဘူး။ ညစာစားပြီး အိမ်မပြန်ကြသေးပဲ Raffle ဘက် လမ်းလျှောက်သွားပြီး မြက်ခင်းစိမ်းတွေ နားမှာ ခနထိုင်၊ တောင်ရောက် မြောက်ရောက် စကားတွေ ပြောလို့  အိမ်ပြန်လာတဲ့ အချိန်မှာ ည ၁၁ နာရီ ခွဲလောက်ရှိနေပြီ။ အဲဒီနေ့ က ထူးထူးဆန်းဆန်း မိုးကောင်းကင်တစ်ခုလုံး ပြာလဲ့ပြီး ကြယ်တွေ လတွေ ကြည်လင်လို့ ၊ မြက်ခင်းစပ်မှာ ထိုင်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကြည့်လို့  အတော်လေး ကောင်းတယ်။

13-July-2008
စနေညက အိပ်တာ အတော်လေး နောက်ကျပေမယ့် တနင်္ဂနွေမနက်ရောက်တော့ ပုံမှန်အတိုင်း ၇ နာရီ မထိုးခင် အချိန်ပဲ နိုးလာတယ်။ ပြန်အိပ်ဖို့  ကြိုးစားပေမယ့် အိပ်ချင်စိတ်မရှိတာနဲ့  ဆက်မအိပ်ဖြစ်တော့ဘူး။ စကားတွေ ပြောဖြစ်တယ်။ စကားပြောပြီး နေ့ လယ်မှာ အပြင်ခန ထွက်လို့  ခေါက်ဆွဲ ၀ယ်စားတယ်။ စားလို့  မကောင်းဘူး။ အ၀တ်လျှော်ဖို့  ဆပ်ပြာရည် နဲ့  လို တာတစ်ချို့  ၀ယ်တယ်။ လမ်းကြုံတာနဲ့  သစ်သီးတွေ ( သရက်သီး၊ မင်းဂွတ်သီး နဲ့  ငှက်ပျော်သီး) ၀ယ်လာလိုက်တယ်။ နောက်တစ်ပတ်မှာ ဒူးရင်းသီး ၀ယ်စားမယ် စိတ်ကူးတယ်။ စက်နဲ့ ရော၊ လက်နဲ့ ရော တစ်ပတ်စာ လျှော်စရာ အ၀တ်တွေ လျှော်တယ်။ ပြီးတော့ စာဖတ်၊ သီချင်းနားထောင်ပြီး နားနားနေနေပဲ နေဖြစ်ခဲ့ပါတယ်။

3 comments:

နိုင်းနိုင်းစနေ said...

အီး..အီ.. ခုထိ ဖားသားမစားဖူးသေးဘူး
သဘောင်္သီးထောင်းကြိုက်ရင် နာမည်မှတ်ထားလိုက်
နောက်တစ်ခါ လာမချဘဲ မနေဘူး.. “ဆုံ့တန်” လို့
ဟား..ဟား.. သရက်သီး ချိုချိုလေးတွေ စားချင်တယ် ;)

Nay Nay Naing said...

နိုင်းနိုင်း >> ကျွန်မလည်း အရင်က မစားဖူးဘူး။ HeartStations က Ko Boyz ကျေးဇူးနဲ့  စားဖူးသွားတာ။ နောက်ပိုင်း အလုပ်က Lunch တစ်ခုမှာ ဖားသားဟင်းချက်ထားတာ စားဖူးတယ်။ ဒါပေမယ့် အဲဒီချက်တာကို မကြိုက်ဘူး။ ( ကောင်းကောင်းချက်ထားတာ မစားဖူးသေးလို့ လားတော့ မသိဘူး)။ အခုလို ဂျင်းနဲ့  ကြက်သွန်ဖြူနဲ့  အကျွတ်ကြော်ရင်တော့ စားလို့ အတော်လေး ကောင်းတယ်။ ကြိုက်တယ်။ နိုင်းနိုင်း နောက်တစ်ခါ ဒီလာရင် ပြောလေ။ လိုက်ဝယ် ကျွေးမယ်။

သဘောင်္သီးထောင်းကို ဘယ်လို ခေါ်လည်း ပြောပြတာ ကျေးဇူး။ အဲ့ဒီက သင်္ဘောသီးထောင်းလည်း စပ်စပ်လေးနဲ့  စားလို့ ကောင်းတယ်။ သိလား. လာစားချင်အောင် တမင်ပြောတာ မဟုတ်ပါဘူး:D

SZA said...

i want to go and eat again :D