Pages

July 22, 2008

....

ဒီရက်ပိုင်း ကျန်းမာရေး သိပ်မကောင်း။ အသက်ကြီးလာလို့  ချူချာတာထင်တယ်။ ဒီက ရာသီဥတုက ချက်ချင်းပူလိုက်၊ ခနနေ မိုးတွေရွာလိုက် ဖြစ်တာတွေကြောင့် ထင်ပါတယ်။ ထီးမယူတတ်တော့ မိုးရွာတိုင်း မိုးနည်းနည်း မိတတ်တယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံးက နေလို့  သိပ်မကောင်းတာကြောင့် နေ့ စဉ် အလုပ်သွားပေမယ့် လုပ်စရာတွေ အကုန်ပြီးအောင် မလုပ်နိုင်ဘူး။ နေမကောင်းလို့  ခေါင်းကိုက်နေရင် ဘာမှလည်း ရေးလို့ မရ။ စာဖတ်ရင်တောင် ခေါင်းကိုက်လို့  စာအုပ်တွေတောင် မဖတ်ဖြစ် သလောက်ပဲ။ အခုတော့ ကျန်းမာရေး နည်းနည်း ပြန်ကောင်းလာပြီ ထင်ရတယ်။ ခေါင်းသိပ် မကိုက်တော့ဘူး။ အစာလည်း စားလို့ ရလာပြီ။ ခေါင်းကိုက်ရင် အစာက စားလို့  မ၀င်၊ အစာမရှိတော့ အားနည်းပြီး ခေါင်းပိုကိုက်နဲ့  အတော်ခံရဆိုးတာ။

အခု အလုပ်မှာ လုပ်စရာကျန်တာတွေကို ပြီးအောင်ရှင်း နေတယ်။ တခြား လုပ်စရာ ကိစ္စတွေလည်း ရှိတယ်။ ဒီရက်ပိုင်းတွေ အလုပ်ရှုပ်မယ်ဆိုတာ သေချာတယ်။ ကျန်းမာရေး မကောင်းရင်သာ၊ ခေါင်းမကြည်လို့  ဘာမှ လျှောက်မရေးဖြစ်တာ၊ အလုပ်ရှုပ်တာ လောက်ကတော့ ကွန်ပြူတာရှေ့  မထိုင်နိုင်လောက်အောင် ရှုပ်နေတာ မျိုးမဟုတ်ရင် ဟိုရေး၊ ဒီရေး စိတ်ကူးပေါက်တာတွေ ချရေးဖြစ်မယ် ထင်ပါတယ်။

2 comments:

Ko Boyz said...

အော်... အဲဒါကြောင့် ပျောက်နေတာကိုး...။ နေမြန်မြန်ကောင်းပါစေဗျား။ ပို့စ်အသစ်တွေ များများ တင်ဗျား...။

Nay Nay Naing said...

ကျေးဇူး ပဲ အစ်ကိုကြီး ကိုဘွိုင်ဇ်း။ အခုရက်ပိုင်းတော့ နေလို့ ပြန်ကောင်းလာပြီ။