Pages

July 07, 2008

အရည်ပျော်ခြင်း - လေးဖြူ + မဒီ


လေးဖြူ + မဒီ - အရည်ပျော်ခြင်း
(မဒီနှင့် ဆုံမှတ်များ )

အချိန်တွေလွန်ကုန်မှ နောင်တတွေ အရည်ပျော်ပြီး
ဘ၀တို့ တွေ့ ဆုံရာ ရင်ခွင်ရယ်ဝေးပြီ

ပြန်လည်ရှာဖွေသော်လည်း.... နေရာရယ် လူရယ်လွဲ
တစ်ယောက်နဲ့ တစ်ယောက်က လျှို့ ဝှက်ပြီး မနေနိုင်သည်ပဲ..

မေ့လိုက်တော့ အချစ် ... ဇွတ်တိုးရန် မလွယ်တော့ဘူး
နောက်ဆုတ်ဖို့ ကျ ခက်နေတယ်... တို့ မဆုံနိုင်တော့ဘူး
အတူရှိချင်တယ် ..
ရင်ခုန်သံ ပျောက်ဆုံးခံစား
ခုကျတော့မှ ဘယ်ကြမ္မာ အငြိုးများလဲ

ဒါပေမယ့် အိုး..
တခါပြန်ယူလိုက်ချင်တယ်.. ဟိုတုန်းကနေ့ ရက်များ
ရင်ထဲ နှမျောမိခဲ့ ရင်ထဲထိလှမ်းကြည့်လိုက်
အမှန်ကို မြင်ပြီ ထားဦး...
ခုဘ၀ မဖြစ်နိုင်တော့ဘူး ...
ဘာဖြစ်လို့  တို့ အချစ်များ .. ဒီချိန်မှာ တွေ့မြင်လာ

ဟူး... မှားသွား...
ဘ၀တွေသိပ်ဆန်းပြား..

ပြန်လို ချင်ပေမယ့်
ပြန်ယူခဲ့ပါ ...

အချိန်လွန်နေမှ ...
မသေချာတော့ပါ....
တို့ နှစ်ယောက် ဖွင့်ပြောမယ် အချစ်တွေ ..

လေပြေထဲမှာ...
မိုးရေထဲမှာ ...

ပြယ်လွင့်သွားမယ်...
အိုး... မိုးစက်တွေလို ..

ငါနှုတ်ဆက်ရင်းနဲ့ ..
ကျန်နေခဲ့ပြီလား....

တို့ ဘ၀တွေဟာ တကယ်ဝေးကြတော့မယ်
မတတ်နိုင်ပါလား...

ဒါပေမယ့် အိုး..
တခါပြန်ယူလိုက်ချင်တယ်.. ဟိုတုန်းကနေ့ ရက်များ
ခုမှ နှမျောမိခဲ့ ရင်ထဲထိလှမ်းကြည့်လိုက်
အမှန်ကို မြင်ပြီ ထားဦး...
ခုဘ၀ မဖြစ်နိုင်တော့ဘူး ...
ဘာဖြစ်လို့  တို့ အချစ်များ .. ဒီချိန်မှာ နှောင်း .. အဆွေးများ...

အမှန်ကို မြင်တွေ့ သွားဦး...
ရှေ့ဆက်မရနိုင်တော့ဘူး ...
ဟူး... ထားလိုက်တော့ တို့ အချစ်များ..
ဒီတသက်လုံး ဝေးနေမှာ....

No comments: