Pages

July 11, 2008

10 July 2008

အဖော်ကောင်းတာနဲ့  Hellboy II: The Golden Army သွားကြည့်ဖြစ်တယ်။ အဖော်ကလည်း ဒီရက်ပိုင်းမှ ကောင်းပြီး နေပါလားလို့  မထင်နဲ့ ။ တကယ်ဆို အမြဲကောင်းတာ။ သိတဲ့အတိုင်း ဒီနိုင်ငံက ကျဉ်းကျဉ်းလေး။ အားချိန်မှာ လုပ်စရာဆိုလို့  ဆိုင်ကောင်းကောင်းမှာ ထမင်းသွားစားဖို့ ၊ ရုပ်ရှင်ကြည့်ဖို့ နဲ့  shopping ထွက်ဖို့ ပဲရှိတယ်။ ရှိသမျှသူငယ်ချင်းတွေကလည်း ဒါတွေလုပ်ဖို့ ပဲ ခေါ်နေကြတာပဲလေ။


Hellboy II ရုပ်ရှင်လား။ အတူသွားကြည့်တဲ့သူငယ်ချင်းတွေမှာ ကြိုက်တဲ့သူလည်းရှိရဲ့၊ မကြိုက်တဲ့သူလည်း ရှိပါရဲ့။ တစ်ယောက်ကတော့ ဒီရုပ်ရှင်ကို ကြိုက်လို့  HellBoy I ကို မကြည့်ဖူးတာနဲ့  အခု ပြန်ရှာကြည့်အုံးမယ် ဆိုပဲ။ ကျွန်မ အနေနဲ့  ကတော့ ဒီရုပ်ရှင် မဆိုးဘူးလို့  ပြောချင်တယ်။ ဇာတ်လမ်းကတော့ မဖြစ်နိုင်တဲ့ ဇာတ်လမ်းပဲပေါ့။ Super Heroes တွေပဲ။ ရုပ်ရှင်ထဲက တစ်ချို့ အခန်းတွေဆို မပြခင်ထဲက ဒါတွေဖြစ်လာမယ် ဆိုတာ ကြိုမှန်းလို့ ရတယ်။ တချို့ အခန်းတွေက ရီရတယ်။ အပန်းဖြေဖို့  ကြည့်တာပဲဆို ကြည့်လို့  အဆင်ပြေပါတယ်။ အရင်အပတ်က ကြည့်ဖြစ်တဲ့ Hancock ထက် စာရင် ဒီဟာပိုကြည့်ရတာ ပိုတန်တယ် ထင်တယ်။

No comments: