Pages

July 12, 2008

Firefox 3, Arial Font and ZawGyi Unicode

ဒီမှာ ရေးခဲ့သလို ကျွန်မ ကွန်ပြူတာမှာ Firefox 3 နဲ့  Airal Font နဲ့ ပြဿနာတတ်နေတာ ကြာပြီ။ Firefox 3 နဲ့ ကြည့်ရင် Airal Font တွေကို Bold (စာလုံးထူထူ) တွေအနေနဲ့ ပဲ မြင်နေရတယ်။ ဇော်ဂျီနဲ့  ပြဿနာတတ်နေလို့  ဖြစ်နေတယ်ဆိုတာ သိပေမယ့် အချိန်မပေးနိုင်( ကွန်ပြူတာ restart အကြိမ်ကြိမ် လုပ်ရမှာ မလုပ်ချင်၊ Opera နဲ့  လည်း အဆင်ပြေနေတာကြောင့်) စမ်းမကြည့်ပဲနေတာ ဒီနေ့  မနက်ပိုင်းမှပဲ အချိန်နည်းနည်းပေး လုပ်ဖြစ်သွားတော့တယ်။
ကွန်မန့် တွေအရ ယူနီကုတ်သုံးသူတွေတိုင်း ဒီပြဿနာ မတတ်ဘူးဆိုတာ သိလိုက်ရပါတယ်။ ဘာကြောင့်လည်း စဉ်းစားကြည့်တော့ သွင်းထားတဲ့ Version တွေ မတူတာကြောင့်ပဲ ဖြစ်နိုင်ပါတယ်။ ကျွန်မ Zawgyi Unicode ကို သွင်းပြီး သုံးနေတာ အတော်လေးကြာပြီ။ သုံးလို့  အဆင်ပြေနေတာကြောင့် ZawGyi Unicode အသစ်တွေ ထွက်လည်း ထပ်ပြောင်း မသွင်းပဲ အဟောင်းကိုပဲ ဆက်သုံး ဖြစ်ခဲ့တယ်။ ဒါကြောင့် အခု ရှိသမျှ Zawgyi နဲ့  ဆိုင်တာတွေကို အကုန်ဖယ်ထုတ်ပြီး ပြန်သွင်းကြည့်မယ် စိတ်ကူးလိုက်ပါတယ်။ ပထမအဆင့် အနေနဲ့  ZawGyi Font တွေကို ဖြုတ်ပစ်ပါတယ်။ ပြီးတော့ ZawGyiUnicode Gtalk Add-in ကို remove လုပ်တယ်။ Gtalk Add-in ကို remove လုပ်ပြီးရင် ကွန်ပြူတာ restart လုပ်ဖို့  လိုပါတယ်။ restart လုပ်ပြီး Firefox ကို စမ်းကြည့်တဲ့အခါ Airal Bold ဖြစ်တဲ့ ပြဿနာ မတတ်တော့ပါဘူး။ ZawGyi Unicode ကို ဆက်ပြီး remove လုပ်ပါတယ်။ အကုန်လုံး အစအဆုံး ပြန်သွင်းချင်လို့  လုပ်တာပါ။ ကျွန်မ ဒေါင်းလုတ်လုပ်ထားတဲ့ Installer မှာ ဇော်ဂျီ ယူနီကုတ် ကီဘုတ်၊ ဂျီတော့အတွက်ဖွန့်  အကုန်ပါတယ်။ ZawGyi Installer ကို သွင်းပြီး၊ ကွန်ပြူတာ restart လုပ်ပြီး ပြန်စမ်းကြည့်တော့ Firefox 3 မှာ Arial စာလုံးတွေကို ပုံမှန်မြင်ရ၊ ဇော်ဂျီ ယူနီကုတ် ရေးတာလည်း အဆင်ပြေ၊ ဂျီတော့မှာလည်း မြန်မာလို ရေးလို့ ရပြီး အားလုံး အဆင်ပြေသွားပါတယ်။
Firefox 3 မှာ ZawGyi Unicode ကြောင့် Airal Font ကို Bold အနေ နဲ့ မြင်နေရလျှင်..
  1. Download "Gtalk Myanmar Add-in Removal", "Alpha Zawyi Unicode Removel" and "Version 1.0.0.11" from MandalayAlpha.com
    ( GtalkMyanmarAddInRemover.EXE, AlphaZawgyiRemover.EXE, ZFK-EG-W.EXE )
  2. Remove ZawGyi Font from computer ( ဒါက မလုပ်လဲ ရတယ်)
  3. Run "Gtalk Myanmar Add-in Removal" (GtalkMyanmarAddInRemover.EXE) and Restart Computer
  4. Run "Alpha Zawyi Unicode Removel" (AlphaZawgyiRemover.EXE) and Restart Computer
  5. Run "Version 1.0.0.11" (ZFK-EG-W.EXE) and Restart Computer..
No 2 အဆင့်ကို မလုပ်လဲရပါတယ်။ 3 နဲ့  4 (Gtalk Myanmar Add-in Removal နဲ့  Alpha Zawyi Unicode Removel) ကို run ပြီးတစ်ခါပဲ ကွန်ပြူတာ Restart လုပ်လဲရတယ်။ ကျွန်မက remove လုပ်သွားတာ သေချာအောင် လုပ်တဲ့အနေတဲ့ တစ်ခု run ပြီးတိုင်း restart တစ်ခါလုပ်တာပါ။ ကျွန်မ ဘယ်လိုရှင်းလဲ ဆိုတာ ပြောပြတာပါ။ တခြား ဖြေရှင်းနည်းတွေလဲ ရှိနိုင်ပါတယ်။

အရင်ပိုစ့်မှာ ကွန်မန့် ချန်ခဲ့ကြသူ အားလုံးနဲ့  အကြံဥာဏ်ပေးကြတဲ့ သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါတယ်။
Credit to THKZ

Update (12-July-2008) :
ကျွန်မ ပြောဖို့ ကျန်သွားတာလေးတွေကို ပိုစ့်အသစ်မတင်ချင်တာနဲ့  ဒီပိုစ့်မှာပဲ Update လုပ်လိုက်ပါတယ်။
- ဇော်ဂျီမြန်မာစာလုံးတွေကို မြင်ရတာ နည်းနည်း ၀ါးတားတားဖြစ်နေတယ်ဆို ကျွန်မ ဒီမှာ ပြောပြီး ဒေါင်းလုတ်လုပ်သွင်းတဲ့ ZawGyi Installer မှာ Clear Type အတွက် မပါတာကို ရွေးထားတော့ ကိုယ့်ဘာသာ Manually သွားပြောင်းရပါမယ်။ လွယ်ပါတယ်။

Desktop (Right Click ) --> Properties --> Apperance --> Effects --> (Use the following methong to smooth edges of screen fonts) Choose "Clear Type" from topdown list and Click "OK"

နောက်တစ်ခုက ZawGyi Unicode ကို သွင်းပြီးတဲ့အခါမှာ သတိထားကြည့်မယ်ဆို Start Menu ပေါ်က စာလုံးတွေ ၊ Status Bar ပေါ်က Icon လေးတွေ နဲ့  အရင်လို မတူပဲ နည်းနည်း ကြီးပြီး ၀ါးတားတား ဖြစ်နေတာ တွေ့ ရပါလိမ့်မယ်။ အဲ့ဒါ ZawGyi Unicode က Window font တွေကို ပြင်သွားလို့ ပါ။ ကျွန်မတော့ အဲ့လို ၀ါးတားတား icons တွေကို မကြိုက်တာကြောင့် နဂိုအတိုင်းဖြစ်အောင် ပြန်ပြောင်းပါတယ်။

Desktop (Right Click ) --> Properties --> Apperance --> Widndows and Buttons မှာပုံမှန်အတိုင်း သုံးတယ်ဆို လက်ရှိသုံးနေတဲ့ Window Style ပြနေပါလိမ့်မယ်။ အဲ့ဒါကို တခြားမတူတာတစ်ခု ပြောင်းပြီး OK Button ကို Click လုပ်ပါ။

ကျွန်မ ကွန်ပြူတာမှာဆို ပထမဆုံးမြင်ရတာက "Window XP Style" ပါ။ ဒါကို "Window Classic Style" ပြောင်းပြီး OK ကို ကို နှိပ် လုပ်လိုက်ပါတယ်။ ပြီးရင် နည်းနည်းစောင့်ပါ။ Widnow Style ပြောင်းသွားပါ လိမ့်မယ်။ အဲ့လို ပြောင်းသွားပြီးရင် တခါ ပြန်ပြီး "Widnow Classic Style" ကနေ အရင် မူလပုံစံကို ပြန်ပြောင်းဖို့ အတွက် မူလက သုံးထားတဲ့ "Widnow XP Style" ကို ပြန်ရွေးပြီး OK ကို နှိပ်လိုက်ပါ။ System Tray က icons တွေနဲ့  Start Menu မှာပေါ်နေတဲ့ စာလုံးတွေနဲ့  icons တွေကို ကြည့်လိုက်ပါ။ အရင် ကျွန်မတို့  ZawGyi Unicode မသွင်းခင်က ပုံစံအတိုင်း လှလှပပလေးတွေ အဖြစ် ပြန်မြင်ရပါ လိမ့်မယ်။

ZawGyi Unicode Installer က ပြောင်းလိုက်တဲ့ Font Setting တွေကို remove လုပ်ပြီး Widnow ရဲ့ နဂိုပုံစံအတိုင်း ပြန်မြင်ရအောင် ကျွန်မလုပ်တဲ့နည်းပါ။ ဖတ်ရတာ ရှုပ်သွားလားမသိဘူး။ မရှင်းလို့ ပဲ ဖြစ်ဖြစ်၊ တခြား တစ်ခုခု သိချင်တာပဲ ဖြစ်ဖြစ် ရှိတယ်ဆိုရင် Comment မှာ မေးနိုင်သလို ၊ Gtalk ကနေ မေးလဲရပါတယ်။ သိတာဆို ဖြေပေးပါ့မယ်။ :-) ဒီထက်ပိုပြီး လွယ်တဲ့ နည်းတွေကို သိတယ်ဆိုလည်း အားလုံးသိရအောင် Comment ကနေ မျှဝေခဲ့စေချင် ပါတယ်။

2 comments:

Anonymous said...

ဟုတ်ပါ့။ အနော်လည်း ခံရဘူးတယ်။ Gtalk မှာ square
တွေဘဲပေါ်လို့ IEZawGyiGtalkfont reinstall လုပ်မှ okတာ
about:config နဲ့ unicode fonts ရှေ့မှာ Zawgyi-One,
ထည့်ပေးရင် ပိုကောင်းသလားလို့။ content\fonts&colour ကို defult ဘဲထားတယ်။ myanmar 3 ပါ ဖတ်လို့ရတယ်။ ၀င်ဖြီးတာ ချိတ်ချိုးနဲ့..

Nay Nay Naing said...

စိတ်ဆိုး စရာ မရှိပါဘူး။ အခုလို သိတဲ့ နည်းလမ်းတွေးကို ပြောပြပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

ကျွန်မ လည်း Gtalk ZawGyi Addin သွင်းထားရဲ့ နဲ့  Square တွေပဲ ပေါ်တာ တစ်ခါ ကြုံဖူးတယ်။ ကျွန်မ ဖြစ်တုန်းကတော့ Gtalk --> Setting --> Change Font ရဲ့ Font မှာ ZawGyi-One ကို ရွေးပေးလိုက်တာ အဆင်ပြေသွား ပါတယ်။ :) အဲ့ဒီ နည်းနဲ့  အဆင်ပြေခဲ့ရင်တော့ ကိုစံလီပြောသလို Remove လုပ်ပြီး ပြန်သွင်းကြည့်ရမယ် ထင်တယ်။