Pages

July 06, 2008

ကလေးထက်ညံ့သူ


ကလေးအတွက်မူ
အဖြူသည် အဖြူ
မိုးရွာလျှင်လည်း
မိုးရေထဲမှာ ပြေးဆော့နေ
နေပူလျှင်လည်း
နေပူထဲမှာ ပြေးဆော့နေ
လမင်းဝင်းလဲ့
သာတဲ့အခါ
ငေးကာ မျှော်ကြည့် တေးဆို၏။

ငါ့အတွက်မူ
အဖြူလည်း အမဲဖြစ်ရ
လိမ်ရညာရ ကိုယ့်ကိုယ်ကို။

မိုးရွာလျှင်လည်း
နေပဲ မြင်နေ
နေပူလျှင်လည်း
မိုးပဲ မြင်နေ
လမင်းဝင်းလဲ့
သာတဲ့အခါ
မျက်နှာလွှဲမိ ကျိန်ဆဲမိ
ငါ့အတွက်မူ
အဖြူလဲ အမည်းဖြစ်ရ
လိမ်ရညာရ နွမ်းလျမူးနောက်
အရိပ်အောက်မှာ။

မောင်နွယ်အေး ( ဆေးတက္ကသိုလ်)
ရှုမ၀ မဂ္ဂဇင်း

အိမ်အသစ်မှာ ရှိနေတဲ့သူတွေက စာဖတ်ဝါသနာပါသူတွေ ဖြစ်တာကြောင့် ခုအိမ်မှာ စာအုပ်မျိုးစုံ အများကြီး ရှိနေတယ်။ ရေငတ်တုန်း ရေတွင်းထဲ ကျသလိုမျိုးပဲ ခံစားရတယ်။ ဒီရက်ပိုင်း အားတဲ့ အချိန်တိုင်း စာအုပ်တွေနဲ့ ပဲ အချိန်ဖြုန်း ဖြစ်နေပါတယ်။ အခု ကဗျာကို စာရေးဆရာမှ ခင်မြဇင်ရေးသားသော "စိတ်ကူးမြစ်၏ တစ်ဖက်ကမ်းပါး" စာအုပ်မှာ တွေ့ ပြီး ဖတ်ဖြစ်သွားတာပါ။ သဘောကျတာနဲ့  မှတ်ထားလိုက်တယ်..

No comments: