Pages

Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

April 17, 2019

New Year Wishes - Tin Moe

"နှစ်သစ်ဆုတောင်း"
 အမြင်ကျဉ်းမြောင်း၊ စိတ်ကျဉ်းမြောင်၍
တွင်းအောင်ရသည့်ဘဝမှ လွတ်ပါစေ။

စိတ်ဓါတ်သေးနုပ်၊ ညဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ။

တို့ အချင်းချင်း၊ ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်၊ စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့် ဘဝမှ လွတ်ပါစေ ။

သူကမမှန်၊ ငါကမှန်ဟု
တစ်ယူသန်စွဲ၊ စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ ။

သူ့ ဂုဏ်ကိုချ၊ ကိုယ့်ဂုဏ်ပြကာ
မာနစကား၊ တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ။

မကောင်းမှုခင်၊ ကောင်းမှုကြဉ်သည့်
ဥာဉ်ဆိုးဥာဉ်မိုက်၊ မီးပုံမြှိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ။

နှစ်သစ်မြတ်ဆု ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသော်..

 တင်မိုး
၁၇ - ၄ - ၉၁
နံနက်ခင်း
(မြန်မာ နှစ်ဆန်းတစ်ရက်  ၁၃၅၃ခု)

September 27, 2011

အင်တာဗျူး (မိကောက်)

အင်တာဗျူး

ဘာလုပ်တာလဲ
ဦးနှောက်ဖောက်စားတာ။

မြိန်ရဲ့လား
ဆား လုံးဝမပါ။

ဘာလိုသလဲ
အချိုမှုန့် ကဲနေတယ်။

မိကောက်
ခပ်ညံ့ညံ့ကဗျာများ
(၁၉၉၁-၁၉၉၆) ကဗျာစုစည်းမှု

July 26, 2011

I Believe (Author Unknown)



I Believe...

That just because two people argue, it doesn't mean they don't love each other.
And just because they don't argue, it doesn't mean they do love each other.

I Believe...
That we don't have to change friends if we understand that friends change.

I Believe...
That no matter how good a friend is,
they're going to hurt you every once in a while and you must forgive them for that.

I Believe...
That true friendship continues to grow, even over the longest distance.
Same goes for true love.

I Believe...
That you can do something in an instant that will give you heartache for life.

I Believe....
That it's taking me a long time to become the person I want to be.

I Believe...
That you should always leave loved ones with loving words.
It may be the last time you see them.

I Believe...
That you can keep going long after you think you can't.

I Believe...
That we are responsible for what we do, no matter how we feel.

I Believe...
That either you control your attitude or it controls you.

I Believe...
That heroes are the people who do what has to be done when it needs to be done,
regardless of the consequences..

I Believe...
That money is a lousy way of keeping score.

I Believe...
That sometimes the people you expect to kick you when you're down, will be the ones to help you get back up.

I Believe...
That sometimes when I'm angry I have the right to be angry, but that doesn't give me the right to be cruel.

I Believe...
That maturity has more to do with what types of experiences you've had and what you've learned from them and less to do with how many birthdays you've celebrated.

I Believe...
That it isn't always enough, to be forgiven by others sometimes, you have to learn to forgive yourself.

I Believe...
That no matter how bad your heart is broken the world doesn't stop for your grief.

I Believe...
That our background and circumstances may have influenced who we are,
but, we are responsible for who we become.

I Believe...
That you shouldn't be so eager to find out a secret. It could change your life Forever.

I Believe...
Two people can look at the exact same thing and see something totally different.

I Believe...
That your life can be changed in a matter of hours by people who don't even know you.

I Believe...
That even when you think you have no more to give,
when a friend cries out to you - you will find the strength to help.

I Believe...
That credentials on the wall do not make you a decent human being.

I Believe...
That the people you care about most in life are taken from you too soon.

I Believe...
I believe in you, that's why I share this with you.


သူငယ်ချင်းတစ်ယောက် သူ့ ဘလော့မှာ share လုပ်ဖူးလို့  ဖတ်ခဲ့ဖူးတာလေး သတိရတာကြောင့် အင်တာနက်ပေါ်မှာ လိုက်ပြန်ရှာပြီး မှတ်ထား ဖြစ်တယ်။ မူရင်းရေးသားသူ ဘယ်သူဆိုတာ သိချင်လို့ လိုက်ရှာတာ ရှာလို့ မတွေ့ ဘူး။ ရေးသူ မသိ (Author unknown) ဆိုတာတွေပဲ တွေ့ မိတယ်။ လိုက်ရှာရင်း Youtube က Movie Clip လေးတစ်ခု တွေ့ တယ်။

Movie Clip credit to Original Uploader Nur287

April 05, 2011

နေ့ - မိုဃ်းဇော်

နေ့

မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့  သွားတိုက်ကြတယ်။

တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ်။

ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန်ဓာကိုယ်ကြီးကို ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အ၀တ်အစားတွေဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ်။

အို.....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့။

မိုဃ်းဇော်
[ပန်းအင်္လကာ၊ ဇူလိုင်လ၊ ၂၀၀၈]

May 30, 2010

Self-pity

Self-pity

I never saw a wild thing
sorry for itself.
A small bird will drop frozen dead from a bough
without ever having felt sorry for itself.

D.H. Lawrence

May 14, 2010

The Victor

The Victor
Poet: C.W. Longenecker

If you think you are beaten, you are.
If you think you dare not, you don’t
If you like to win but think you can’t,
It’s almost a cinch you won’t.

If you think you’ll lose, you’re lost.
For out in the world we find
Success begins with a fellow’s will
It’s all in the state of mind.

If you think you are outclassed, you are.
You’ve got to think high to rise.
You’ve got to be sure of yourself before
You can ever win the prize.

Life’s battles don’t always go
To the stronger or faster man.
But sooner or later, the man who wins
Is the man who thinks he can.



ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိပါ။
စိတ်ဓာတ်ခိုင်မာပါ။
ကြိုးစားပါ။

March 25, 2010

... မြ ...

... မြ ...

အခါတစ်ပါး၌ သူမ၏လက်ဝယ်
ထက် " မြ " သော မြားတစ်စင်းတည်၏။
သို့သော် " တေး " မရှိ။
ထိုအခါ
ငါ၏လက်ဝယ်
ချို " မြ " သော စောင်းတစ်အိုးတည်၏။
သို့သော် " ကြိုး " မရှိ။

သျှပ်မှူးကျော်၊ မောင်မိုးကျော်၊ အရိုင်းဖြူ

March 22, 2010

Today I....


Today I smiled, and all at once things didn't look so bad.
Today I shared with someone else, a bit of hope I had.

Today I sang a little song, and felt my heart grow light,
And walked a happy little mile, with not a cloud in sight.

Today I worked with what I had and longed for nothing more,
And what had seemed like only weeds, were flowers at my door.


Today I loved a little more and complained a little less,
And in the giving of myself, I forgot my weariness.

Written By: Author Unknown

ဖတ်မိတာလေးပါ။ ရေးတဲ့သူ ဘယ်သူဆိုတာ မသိရဘူး။ ရှာလို့ လည်းမတွေ့ ဘူး။ ပုံလေးတွေကတော့ စိတ်လက်ပို ပေါ့ပါးအောင် အင်တာနက်ပေါ်မှာ လိုက်ရှာပြီး ထည့်တားတာပါ။ ပုံပိစိလေးတွေ ကြည့်ပြီး သဘောကျသလား မမေးနဲ့ ။ ဒီလိုပဲ နေ့ ရက်တွေကို ဖြတ်ကျော်ရင်း...

January 28, 2010

တွေ့ရ တွေးရ

တွေ့ရ တွေးရ

အရက်ခွက်လောက်တောင် အရသာမရှိတဲ့ အရာတွေကတော့ အများကြီးပါပဲ
ဒီခွက်နဲ့ သောက်ရတာမကောင်းလို့ ၊ ဟိုခွက်နဲ့ ပြောင်းသောက်ကြည့်တော့လည်း
ဟိုခွက်ထဲမှာလည်း ဒီခွက်ထဲကလို မကောင်းတာတွေ အများကြီးပါပဲ။

စိတ်ညစ်လို့ သပွတ်အူဘေးသွားထိုင်တော့ မြစ်ကမ်းပါးကြီးက ပေါလောမျောလာ
မစင်တာတွေရော စင်တာတွေရော ခုတလော ဖတ်ဖတ်နေရတယ်မို့လား
ဖတ်ရတာ ဖတ်ဖတ်မောလာတော့
ဟိုပုလင်းကို သောက်ရတာအဆင်မပြေလို့ ၊ ဒီပုလင်း ပြောင်းသောက်ကြည့်တော့လည်း
ဒီပုလင်းထဲမှာလည်း ဟိုပုလင်းထဲကလို အဆင်မပြေတာတွေ အများကြီးပါပဲ။

မဖြစ်ထွန်းတဲ့ ညစ်တွန်းတွေနဲ့လည်း တွေ့ရတွေးရ
ငါပြောသမျှ အမှန်ဝါဒတွေနဲ့လည်း တွေ့ရတွေးရ
ကြက်ခွေးတောက်ကို အရသာမတွေ့လို့ ၊ ၀က်ခေါင်းသုပ်ပြောင်းမှာကြည့်တော့လည်း
ဝက်ခေါင်းသုပ်ဆိုတာလည်း ကြက်ခွေးတောက်လို အရသာမရှိတာတွေ အများကြီးပါပဲ။

ခါဇန်ဘူတာရုံတွင် ဖြစ်ပျက်ခဲ့ပုံကိုကား ပြောပင်မပြောချင်တော့ပါ။
သို့ရာတွင် ဘယ်နေရာမှာပဲဖြစ်ဖြစ် ပလိပ်ရောဂါသည် ပလိပ်ရောဂါသာ ဖြစ်ပါသည်။
ကျွန်တော်သည် ပလိပ်ရောဂါကို ဘာစီလိုနာတွင် မြင်ခဲ့ဖူးပါပြီ။ ပါရီတွင် မြင်ခဲ့ဖူးပါပြီ။
ထိုစဉ်ကမူ ကျွန်တော့်စိတ်သည် စာပေမှာထက် တခြားသို့ရောက်ရောက်နေပါသည်။
အခြားမဟုတ်ပါ။ ပျောက်သွားသော မုတ်ဆိတ်ရိတ်ဓားဆီသို့သာ
စိတ်ရောက်နေပါသည်။

ကြည်ဇော်အေး
Mandalay Icon Magazine (Vol;2, No;2, October, 2009)


ဖတ်မိလို့  မှတ်မိတဲ့ ကဗျာတွေထဲက တစ်ပုဒ်။ မှတ်ထားတဲ့အချက်အလက်တွေမှာ မူရင်း ကဗျာရေးသူနဲ့  ဘယ်မဂ္ဂဇင်းကဆိုတာပဲ ပါတယ်။ စိတ်ထဲ မှတ်မိသလောက် မမှားဘူးဆို ဒီကဗျာကို MMCupid ဖိုရမ်မှာ မန်ဘာတစ်ယောက် မျှလို့  ဖတ်ခွင့် ရခဲ့တာလို့  ထင်တယ်။ နောက်ပိုင်း ကဗျာတွေ မှတ်ထားရင် မူရင်း ရေးသားသူတွေ အပြင် ဘယ်နေရာမှာ ဘယ်သူမျှဝေလို့  ဖတ်ခွင့်ရတယ်ဆိုတာလေးပါ မှတ်ထားရအုံးမယ်။

ဒီကဗျာဖတ်ပြီး အရက်ကလေးသောက်၊ ကြက်ခွေးတောက် နဲ့  ၀က်ခေါင်းသုပ် စားချင်သွားတယ် ဆိုရင်တော့ တောင်းပန်တယ်။ ကျွေးဖို့ မပြောနဲ့  ဥပမာပြဖို့ တောင် ဓာတ်ပုံမရှိဘူး။ ကဗျာကို ကဗျာလိုသာ ခံစားကြပါလေ။

January 15, 2010

I'm nobody! Who are you?

I'm Nobody! Who are you?
Are you -- Nobody -- Too?
Then there's a pair of us--don't tell!
They'd banish us, you know.

How dreary -- to be -- Somebody!
How public -- like a Frog --
To tell one's name -- the livelong June --
To an admiring Bog!

*****

"I'm nobody! Who are you?"
by Emily Dickinson
(December 10, 1830 – May 15, 1886)

Source : Emily Dickinson

January 07, 2010

နှင်းဆီလွင်ပြင်

ခုရက်ပိုင်းဖတ်ဖြစ်တဲ့ ကဗျာ။ ကဗျာဆရာ ဇွန်မှိုင်း ရေးသားတဲ့ "နှင်းဆီလွင်ပြင်"။ ဒီကဗျာလေးကို ဖတ်ဖူးတာ အတော်ကြာပြီ။ ဟိုတနေ့ ကမှ အမှတ်မထင် သတိသွားလို့  လိုက်ရှာတာ အတော်လေး ရှာလိုက်ရတယ်။ ကိုယ်က နာမည်နဲ့  အကြောင်းအရာကို ၀ိုးတိုးဝါးတာ သတိရတာမျိုး ဖြစ်နေတာကို။ ကိုယ်ဖတ်ခဲ့ဖူးတာ အင်တာနက်ပေါ်က တစ်ဆင့်ဆိုတာ သေချာတာကြောင့် ရှိမှာပဲဆို စဉ်းစားရသမျှ စာလုံးမျိုးစုံနဲ့  လိုက်ရှာလိုက်တာ နောက်ဆုံးတော့ ရှာလို့ တွေ့ ပြီ။ ဘလော့တွေမှာ တင်ပေးထားတဲ့ Chocolaier နဲ့  Dreamcolormm ကိုအထူး ကျေးဇူးတင်မိတယ်။
နှင်းဆီလွင်ပြင် - ဇွန်မှိုင်း

ဝတ်ရွတ်သံ၊ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်
ဘုရားတန်ဆောင်း မဟုတ်တာတော့ သေချာတယ်
ဖျာတစ်ချပ်တော့ ရှိရဲ့၊ ပုပ်အဲ့အဲ့ အနံ့တချို့လဲရှိ
ဆွံ့အအ အလင်းတချို့လဲ ရှိနေတဲ့ ဒီအခန်း
ကြမ်းပြင်က အေးစက်စက် စွတ်စို
တခါးရွက်ကို သွပ်ပြားတချပ်နဲ့ ထပ်ကာထားတယ်။

တခြားအခန်းတွေကို စကားလှမ်းမပြောနဲ့ ၀င်တဲ့
ရမ်းကားတင်းမာလွန်းတဲ့ လေသံတွေ
တခါးသော့ခတ်သံ ခပ်ကြမ်းကြမ်း လျှောက်ထွက်သွားတဲ့
ဖိနပ်သံတွေ ဝေးသွား၊
သွပ်ပြားပေါက် ကြားက ချောင်းကြည့်
သူတို့လဲ ကျုပ်ဖက်ကို ကြည့်နေကြ၊
ဒုက္ခသည်အသစ်ကို စိတ်မကောင်းစွာ
ကြိုဆိုနေကြတာ၊
သူတို့ မျက်နှာတွေပေါ်မှာ ဂုဏ်ယူတာလဲပါ၊
နွေးထွေးခြင်းလဲပါ၊ ဒါ မဟာကာလ ငရဲရဲ့
ရင်ကွဲတိုက်ပါ မိတ်ဆွေ။

မှေးကနဲ အိပ်ပျော်သွားတော့
အားလုံး ကောင်းကြရဲ့လား
ငှက်ဆိုးတကောင်ရဲ့ မေးသံနဲ့ လန့်နိုးလာတယ်၊
ကျုပ်ဘေးမှာ လူတယောက် ရောက်နေသလိုမျိုး
အိုး ကာနယ်ချစ်ကောင်းပါလား၊
စာအုပ်အဟောင်းတအုပ်ကို လှမ်းပေး၊
ကျနော် ရေးတဲ့ အနှစ်နှစ်ဆယ်လေတဲ့
ချစ်စရာကောင်းတဲ့ အပြုံးမျိုးနဲ့
သခင်သာခင်ရဲ့ လူဖမ်းနှုန်း
အခုထိ ကြမ်းတုန်းပါလားဗျ။
အားရပါးရ ဟားတိုက်ရယ်၊
ပြီးတော့ ပြန်တည်သွားတယ်
မြန်မာပြည်သစ်ကို ဆက်ဆောက်ပါ ရဲဘော်တဲ့၊
ကျုပ်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်နှုတ်ဆက်
အခန်းထဲကနေ လှမ်းထွက်သွားတယ်၊

အိပ်မလို့ လှဲနေတုန်း
ခပ်ပြုံးပြုံးဝင်လာသူက ကိုဗဟိန်း
မင်္ဂလာပါ ရဲဘော်၊
ကျနော်နဲ့ အတူ ကိုဖုန်းမော်၊ ကိုအောင်ကျော်တို့လဲပါတယ်၊
တကသ ဘယ်တော့လောက် ပြန်ဆောက်ကျမလဲ
အာရှနဲ့ ပစိဖိတ်တက္ကသိုလ်၊
နိုင်ငံတကာ အဆင့်မြင့် နည်းပညာ ဗဟို
သစ်ပုပ်ပင်အိုဘေးမှာ ဆောက်ချင်တယ်ဗျာ၊
ဒါ ကျနော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒပါ၊
ရဲဘော်တို့ရဲ့ ဒီဇင်ဘာ အားလုံးကိုလဲ
လုံးဝ ဂုဏ်ယူပါတယ်ဗျာ၊
ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်
တယောပြားတလက်ကို တီးခတ်ရင်း
ကျုပ်ကို ဒို့ဗမာ သီချင်းတက်ပေးသွားတယ်။

ဘာသံတွေပါလိမ့် ဒီဘက်ကို လာနေတာ
သခင် ဖိုးလှကြီး မဟုတ်လား၊
အိပ်ပျော်ရဲ့လား ကိုရင်
ကျုပ်ဝင်ခဲ့မယ်နော်တဲ့
ဆင်မလိုက်နဲ့ သမိုင်းက လူတွေ
ကျုပ်နဲ့အတူ မနက်ဖြန်မနက် ချီကာဂိုကို ချီတက်ကြတော့မှာ
နိုင်ငံတကာ အလုပ်သမားမိတ်ဆွေအတွက်
ကိုရင်ရဲ့ နှုတ်ဆက်သ၀န်လွှာ ကျုပ်ယူသွားချင်တယ်ဗျာ။
ကျေးဇူးတင်လိုက်တာ အာဠာဝကကြီးရယ်
ရေးမယ် ကျနော်ရေးမယ်
တန်ဖိုးတံတား နက်နက်ရှိုင်းရှိုင်းကို ရေးမယ်
သမိုင်းဘီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ဆိုတာ
ရိုးပြတ်နံ့တွေ ကျုပ်အခန်းထဲ ရုတ်တရက် ရောက်လာလေသလား
သိပ်ဟုတ်တာပေါ့ဗျာ။

ခင်များအိပ်တဲ့အခန်းနွေးအောင်
ကျုပ်လက်ဆောင်အဖြစ် ကောက်လှိုင်းသစ် တထုံးယူခဲ့တယ်
အသေအချာလှည့်ကြည့်လိုက်တော့
ဆရာစံ
ဆေးတံကို ခဲရင်း
ဘုရင်ခံ ဆာဂျေအေ မောင်ကြီး
အသက်ဘယ်လောက်ကြီးကြီး
လက်သံကတော့ ပြောင်ဆဲပဲနော်။
ကျောကုန်းပေါ်က အရေစုတ်အောင်
နံပါတ်တုတ်နဲ့ အရိုက်ခံရဆုံးလူဟာ
ကျုပ်တို့ပဲ ဆက်ဖြစ်နေတာ
ဂလိုဘယ်ရွာမှာ ဘယ်လို စဉ်းစားကြမလဲ
ခင်များနဲ့ တိုင်ပင်ချင်သဗျာ၊
ပါလာတဲ့ ကောက်ညှင်းပေါင်းထုပ်ဖြေကျွေးရင်း
မိုးလင်းလုထိ ထိုင်ပြီး ဆွေးနွေးဖြစ်ကြတယ်။

"သား နိုးပြီလား" တဲ့
ဂရုဏာအပြည့်နဲ့ ဒီအသံ
ဟန်ဆောင်မှုကင်းတဲ့ ဒီရုပ်သွင်
ကျုပ်နှလုံးသားထဲ အမြဲရှင်သန်နေတဲ့
ဆရာကြီးမှိုင်း
ကပျာကယာထပြီး ခြေအစုံကို ကန်တော့မိ
"ဒီမိုကရေစီမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးသား၊
ပန်းတိုင် မရောက်ရောက်အောင် သွားကြ
အရိုးသားဆုံး ဆွေးနွေးကြကွာ" တဲ့
ဆရာမှိုင်းရဲ့ အမှာစကား
ဆရာမှိုင်း သင်္ကေတကြားမှာ အသက်ဝင် ရွေ့လျား
နှင်းဆီတပွင့်ဖြစ်သွားတယ်။

တပွင့်၊ နှစ်ပွင့်၊ သုံးပွင့်
တပွင့်ပြီး တပွင့်ဆင့်ဆင့်ပြီး
ပွင့်လာလိုက်တာ ဟောဒီ အာရုဏ်ဦးမှာ
ကျုပ်အခန်းဟာ နှင်းဆီ လွင်ပြင်ဖြစ်သွားတယ်။


ခဏအကြာမှာတော့ မျက်စိရှေ့မှာတင်ပဲ
နံရံတွေ ပြိုလဲကျ၊ သံတိုင်ညိုတွေ ကျိုးပြတ်ပျော့ခွေ
အရုပ်ဆိုးဆိုး အုတ်ရိုးမြင့်ကြီးတွေတောင်
တစစီ ကြေမွပြုတ်ထွက်
နက်နက်ခင်းနေခြည်အောက်မှာတော့
မြင်ကွင်းအားလုံး တောက်ပ ရွှန်းလဲ့
အောင်စည်ရွှမ်းသံ လွှင့်လွှင့်ပျံ
မိုးယံသိမ့်သိမ့်သာတော့တယ်။


October 30, 2009

Lessons from Life

နေးတစ်မှာ မသက်ထား ရေးတင်ပေးထားတဲ့ စာကြောင်းလေးတွေ ဖတ်ကြည့်ရင်း မစန္ဒာရဲ့ အရိပ် ၀တ္ထုထဲက "လူကြီးတွေဟာ ကလေးဘ၀ရဲ့ အရိပ်" ဆိုတဲ့ စာသားတွေကို သတိရသွားတယ်။

(၁) ပြစ်တင်ရှုတ်ချခံရမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သူရဲဘောကြောင် လူတောမတိုးနဲ့ စိတ်ဓါတ်တွေရလာစေတယ်။
(၂) ဝေဖန်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်ဓါတ်တွေ ရလာစေတယ်။
(၃) ယုံကြည်စိတ်ချမှုကင်းမဲ့စွာ နဲ့ နေခဲ့ရတဲ့ ကလေးဟာ လိမ်ညာလှည့်စားတဲ့စိတ်ဓါတ်တွေ ရလာစေတယ်။
(၄) ချစ်ခင်နှစ်သက်မှုတွေ နဲ့ နေခဲ့ရတဲ့ ကလေးဟာ ချစ်တတ် ခင်တတ်တဲ့စိတ်ဓါတ်တွေရလာစေတယ်။
(၅) အားပေးမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချတဲ့စိတ်ဓါတ်တွေ ရလာစေတယ်။
(၆) မှန်ကန်ဖြောင့်မတ်သူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တရားမျှတမှု စိတ်ဓါတ်ကို ရလာစေတယ်။
(၇) ချီးကျူးထောပနာပြုမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ တန်ဖိုးထားလေးစားတတ်တဲ့ စိတ်ဓါတ်ကို ရလာစေတယ်။
(၈) မျှဝေခံစားမှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ စာနာတတ်သက်ညှာတတ်တဲ့ စိတ်ဓါတ်ကိုရလာစေတယ်။
(၉) အသိဥာဏ်ဗဟုသုတတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့စိတ်ဓါတ်ကို ရလာစေတယ်။
(၁၀) ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ သည်းခံတတ်တဲ့စိတ်ဓါတ်ကိုရလာစေတယ်။
(၁၁) ပျော်ရွှင်မှုတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ မေတ္တာတရားနဲ့ အလှအပတို့ကိုရှာဖွေတွေ့ရှိလိမ့်မယ်။

Ronald Russell - Lesson from Life ကို လူထုဦးစိန်ဝင်း ဘာသာပြန်ထားတာလို့ သိရတယ်။ မြန်မာလို ဘာသာပြန်ထားတာကိုဖတ်ရင်း English Version ကိုပါ လိုက်ရှာဖတ်ဖြစ်တယ်။

Lessons From Life (1971)
BY Ronald Russell

A CHILD that lives with ridicule learns to be timid
A CHILD that lives with criticism learns to condemn
A CHILD that lives with distrust learns to be deceitful
A CHILD that lives with antagonism learns to be hostile
A CHILD that lives with affection learns to love
A CHILD that lives with encouragement learns confidence
A CHILD that lives with truth learns justice
A CHILD that lives with praise learns to appreciate
A CHILD that lives with sharing learns to be considerate
A CHILD that lives with knowledge learns wisdom
A CHILD that lives with patience learns to be tolerant
A CHILD that lives with happiness will find love and beauty

June 29, 2009

အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

မိုဃ်းဇော် ရဲ့ ကဗျာ။ သေတမ်းစာ ကဗျာစာအုပ်မှာ ပါတယ်။ အဲဒီ ကဗျာစာအုပ်လေး ကိုင်မိတိုင်း အနည်းဆုံး တစ်ကြိမ်တော့ ပြန်ဖတ်မိတဲ့ ကဗျာ။ "သားချော့တေး" ။ နောက်လည်း ဖတ်ဖြစ်နေအုံးမှာပါ။ "အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။" ဆိုတဲ့ စာကြောင်း ကို နှစ်သက်မိတယ်။ ကဗျာတစ်ပုဒ်လုံးကိုလည်း သဘောကျပါတယ်။
သားချော့တေး

သားရေ
ငိုသံတွေကို လမ်းခင်းပြီးမှ
မင်းရဲ့နန်းတော်ကြီးဆီ ရောက်မယ်ဆိုရင်
အဲဒီလမ်းကို မလျှောက်လေနဲ့။

မိုးလောက်ကြီးပဲ မြင့်ပါစေ
လူတွေရဲ့ ပခုံးကို တက်နင်းပြီးမှ
မင်းဘ၀ အထက်တန်းကျမယ်ဆိုရင်
အဲဒီအမြင့်ကိုလည်း မလှမ်းလေနဲ့။

မင်းရဲ့ ယုံကြည်ချက်ကြောင့်
ဘ၀တွေပျက်
အိုးအိမ်တွေပျက်
မိသားစုတွေရဲ့ ပျော်စရာအနာဂတ်တွေလည်း
ကြေကွဲပျက်စီးရမယ်ဆိုရင်
အဲဒီယုံကြည်ချက်ကိုလည်း မင်းအကောင်အထည်မဖော်လေနဲ့။

မသိနားမလည်သူ
လူတွေကို လှည့်စားပြီးမှ
ဇိမ်ခံခွင့်ရမယ်ဆိုရင်
အဲဒီစည်းစိမ်ကိုလည်း မင်း မမက်မောလေနဲ့။

ဒီလောကကြီးမှာ
သစ်သီးကလေးတစ်လုံး သီးဖို့ 
အချိန်တွေ အများကြီးယူရတယ်
ပန်းကလေးတစ်ပွင့် ပွင့်ဖို့
အဆင့်ဆင့် တည်ဆောက်ခဲ့ရတယ်
မြေနီလမ်း နံဘေးက
တောပန်းကလေးတွေကအစ ကြင်နာပါ
ဒုက္ခရောက်သူကို ဖေးကူပါ
လူ့ သိက္ခာကို စောင့်ရှောက်ပါ
အပြစ်ကင်းမှုတိုင်းကို ချစ်ပါ။

ရိုးသားဖြူစင်သူတွေကို
တစ်ဖက်သတ် အနိုင်ယူပြီးမှ
မင်းရဲ့ သရဖူကို ရမယ်ဆိုရင်
အဲဒီသရဖူကိုလည်း မင်းလုံးဝမယူလေနဲ့။ ။

ဒီကဗျာကို ပထမဆုံးဖတ်ဖြစ်တာ ကဗျာစာအုပ်ထဲက မဟုတ်ပါဘူး။ နိုင်းနိုင်းစနေ ဘလော့မှာ ဖတ်ဖြစ်ခဲ့တာပါ။ ကဗျာကို ဖတ်ပြီး သဘောကျလို့  ကဗျာစာအုပ်လေးကို ၀ယ်ဖြစ်သွားခဲ့တယ်။ နောက်ပိုင်း မိုဃ်းဇော် ရေးတဲ့ ကဗျာတွေ တွေ့ တိုင်း ဂရုတစိုက် ဖတ်ဖြစ်တယ်။

June 04, 2009

Where The Mind is Without Fear

Where The Mind is Without Fear
By
Rabindranath Tagore

Where the mind is without fear and the head is held high
Where knowledge is free
Where the world has not been broken up into fragments
By narrow domestic walls
Where words come out from the depth of truth
Where tireless striving stretches its arms towards perfection
Where the clear stream of reason has not lost its way
Into the dreary desert sand of dead habit
Where the mind is led forward by thee
Into ever-widening thought and action
Into that heaven of freedom, my Father, let my country awake.

May 28, 2009

စလေဦးပုည

ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊ တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင် မျောက်လိုက်လို့မောင်း။ ။

လေးတရာ့ဆီမှန်လျှင်၊ ရေနံလောက်မကောင်း၊ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊ တူရိယာ နတ်စည်စောင်း၊ သူဖုန်းတောင်းချင်းကတဲ့သွင်။

ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ်ကြံကြပြီ၊ ဘုန်းရို့ဝသီ၊ ခုများဖြင့် မုသားညီတယ်၊ အပလီ ဗိုလ်မင်းပလေး။ ။

Credit to Yoke KS

April 22, 2009

Do less..

ဖတ်မိတာလေး သဘောကျလို့ ...

We sometimes get so caught up in issues and we try to do more than we can. And, we sometimes do more negative things than we do positive!

Do less thinking,
and pay more attention to your heart.

Do less acquiring,
and pay more attention to what you already have.

Do less complaining,
and pay more attention to giving.

Do less controlling,
and pay more attention to letting go.

Do less criticizing,
and pay more attention to complimenting.

Do less arguing,
and pay more attention to forgiveness.

Do less running around,
and pay more attention to stillness.

Do less talking,
and pay more attention to silence.


~~~~

ကဗျာဖတ်ပြီး သဘောကျလို့  ပိုစ့်တင်ပြီးမှ DO LESS ဆိုတာကို ကြည့်ရင်း ကြည့်ရင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စလို့  အခု အချိန်အထိ အလုပ်က Conference တွေ၊ Meeting တွေတိုင်းမှာ အမြဲ ကြားနေရတဲ့ စကားတစ်ခွန်းကို သတိရသွားတယ်။ အလုပ်မှာ ဖြုတ်တော့ မဖြုတ်သေးဘူး၊ ဒါပေမယ့် ဘယ်သူထွက်ထွက်၊ အဲဒီ ထွက်သွားတဲ့ လူတွေရဲ့ နေရာတွေမှာ အစားထိုးပြန်ခန့် တာမျိုး မရှိတော့ဘူးလို့  ပြောထားတာ ကြာပြီ။ တကယ်လည်း ထပ်မခန့် ဘူး။ ဒီတော့ လူနည်းသွားတယ်၊ ဒါပေမယ့် အလုပ်တွေကတော့ နည်းမသွားဘူး။ အလုပ်တွေပြီးဖို့ ဆို ကျန်တဲ့သူတွေက အရင်ထက် ပိုပြီး အလုပ်လုပ်ကြဖို့  လိုတယ်ဆိုတဲ့ သဘောနဲ့  လူအမျိုးမျိုးက အချိန်အမျိုးမျိုး နေရာအမျိုးမျိုးမှာ စကားပြောဖို့  အခွင့်အရေးကြုံလိုက်တာနဲ့ ဒီစကားကိုပဲ ထပ်တလဲလဲ ပြောနေကြတော့တာပါပဲ။

February 25, 2009

The First Poem Written for Computers

အလုပ်လုပ်ရင်း ခေါင်းနည်းနည်း ရှုပ်လာတာနဲ့  စိတ်အပြောင်းအလွဲဖြစ်အောင် ဂူးဂဲလ်သုံးပြီး ကဗျာတွေ လိုက်ရှာဖတ်ဖြစ်တယ်။ အောက်က ကဗျာလေးကို ကဗျာခေါင်းစဉ်ကြောင့် ဖတ်ဖြစ်သွားခဲ့တယ်။

The First Poem Written for Computers
<>!*”#
^”`$$-
!*=@$_
%*<>~4
&[]../
|{,,SYSTEM HALTED

ကဗျာကို ကြည့်တယ်။ နားမလည်ဘူး။
ဘာအဓိပ္ပါယ်လဲ။ စဉ်းစားတယ်။ အဖြေ မထွက်ဘူး။

အောက်ရေးထားတာကို ဆက်ဖတ်ကြည့်တယ်။
အသံထွက်ပြီး ရွတ်ကြည့်တယ်။
ပြီးတော့ သဘောကျသွားတယ်။


For you somewhat cybernetically challenged, it goes something like this (using the proper cyber-names):

Waka waka bang splat tick tick hash,
Caret quote back-tick dollar dollar dash,
Bang splat equal at dollar under-score,
Percent splat waka waka tilde number four,
Ampersand bracket bracket dot dot slash,
Vertical-bar curly-bracket comma comma CRASH


လိုက်ရှာကြည့်တော့ ဒီကဗျာရဲ့ မူရင်းက
Douglas D. Dankel II (Assistant Professor)
Department of Computer and Information Science and Engineering - University of Florida
http://www.cise.ufl.edu/~ddd/poem.htm

January 14, 2009

ဒီည၊ ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ - မိုဃ်းဇော်

အစက
နင်းထားရတာ မြေကြီဆို
အဆုံးတော့
မော့ကြည့်ရတာလည်း မြေကြီးပဲ
ဒီမြေကြီးပေါ်မှာမှ
တစ်ဦးနှင့်တစ်ဦး မဝေမျှနိုင်ခဲ့ဘူး။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။

မြေကြွက်တစ်ကောင်လို
ကြုံရာတွင်းမှာ မအောင်းချင်ဘူး.
ငါ့ဝိညာဉ်ကို
ဓာတ်တိုင်ထိပ်မှာ မချိတ်နိုင်ဘူး။
ငန်းဖမ်းနေတဲ့ "ဂျစ်ပစီ" ဟာ
ငါ မဟုတ်ဘူး။
မထူးတော့တဲ့ ဒီည
အာဖရိက ခြင်္သေ့တစ်ကောင်လို အော်ဟစ်ပြီး
ကမ္ဘာကြီးကို ကုတ်ခြစ်ပစ်ချင်ရဲ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။

လူ့ ဘ၀မှာ ကြယ်တွေလတွေ မစုံပေမယ့်
မိုးလုံလေလုံ အိပ်ရာကလေးတော့ လိုအပ်တယ်။
"မေမေရေ"
သော့ခတ်ထားတဲ့ လမ်းတစ်လျှောက်
အိပ်ရာပျောက်ညတဲ့ညများ များပေါ့။
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။

စက်ဝိုင်းထဲ
ညတိုင်းတော့တိုးနေရတဲ့ ဒီည။
တရားထူးရခဲ့ရင်
အရင်ဦးဆုံး ဟောကြားလှည့်ပါ "အရှင်"။
မြေကြီးကို ခင်တွယ်ခဲ့သမျှ
မြေကြီးကို ပစ်ချခဲ့တဲ့ ဒီည
ဒီည
ငါ့အိပ်ရာကလေးကို ငါစီပို့ ပေးကြ။ ။

မိုဃ်းဇော်

December 18, 2008

နေကြာပန်းများ - မိုဃ်းဇော်


Photo taken by wabberjocky

နေကြာပန်းများ

အနီရောင်
ရေသောက်မြစ်တွေစီက
သူလာခဲ့တယ်။

ပွင့်ပြီး ကြွေရမှာလည်း
သူ သိခဲ့ပေရဲ့။
ကြွေပြီးရင် နွမ်းရမှာလည်း
သူ သိခဲ့ပေရဲ့။

မလိုပါဘူး
သင်တို့ ဆီက
ဘာအကူအညီမှ မလိုပါဘူး။

နေမင်းကို
အံကြိတ်ရင်း သူကြည့်
သတ္တိရှိတဲ့ မွှေးရနံ့ တွေနဲ့ ။ ။

မိုဃ်းဇော်
(ပိတောက်ပွင့်သစ်မဂ္ဂဇင်း၊ ၂၀၀၆ မတ်)

December 07, 2008

အိမ် - မိုဃ်းဇော်

အိမ်

အိမ်ကလေးကသေးတယ်
သဘောထာကြီးပါ ငါ့မိန်းမ။

ခြံကလေးကကျဉ်းတယ်
အမြင်ကျယ်ပါ ငါ့သမီး။

ခေါင်မိုးကနိမ့်တယ်
စိတ်ထားမြင့်ပါ ငါ့သား။

ဒုက္ခကများတယ်
အလိုနည်းပါ ငါ့ညီမ။

လူတွေကသေတယ်
သတ္တိမွေးပါ ငါ့ညီ။

ဘ၀ကတိုတယ်
စိတ်ရှည်ပါ ငါ့သူငယ်ချင်း။

သိပ်အထာမကျတဲ့
ကဗျာညမှာ
လိပ်ပြာလှအောင်နေကြစို့။

မိုဃ်းဇော်
( မဟော်သဓာ သုတရသစုံ မဂ္ဂဇင်း၊ အမှတ် ၁၈၊ ဇူလိုင် ၂၀၀ရ )

Credit to MgPo from MMCP forum ခံစားမှု့ ကဗျာစာစုများမှ