နေ့
မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့  သွားတိုက်ကြတယ်။
တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ်။
ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန်ဓာကိုယ်ကြီးကို ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အ၀တ်အစားတွေဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ်။
အို.....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့။
မိုဃ်းဇော်
[ပန်းအင်္လကာ၊ ဇူလိုင်လ၊ ၂၀၀၈]
မုသားတွေကို
အနံ့မထွက်ဘဲပြောဖို့
ကျွန်တော်တို့  သွားတိုက်ကြတယ်။
တစ်ယောက်ကိုတစ်ယောက်
မျက်နှာပြောင်ပြောင် ပြစ်မှားဖို့
ကျွန်တော်တို့ မျက်နှာသစ်ကြတယ်။
ကာမဂုဏ်အမျိုးမျိုးနဲ့
ခေါက်ရိုးကျိုးနေတဲ့ ခန်ဓာကိုယ်ကြီးကို ဆပ်ပြာတိုက်
ရေမိုးချိုး
ခေါက်ရိုးမကျိုးသေးတဲ့ အ၀တ်အစားတွေဖုံးလွှမ်းပြီး
လမ်းမတွေပေါ်
ကျွန်တော်တို့ ထွက်ခွာလာကြတယ်။
အို.....
ကျက်သရေအပေါင်းနှင့် ပြည့်စုံသော ကမ္ဘာကြီး
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း၌
သန့်ရှင်းသူတို့အား ကြိုဆိုလော့။
မိုဃ်းဇော်
[ပန်းအင်္လကာ၊ ဇူလိုင်လ၊ ၂၀၀၈]
No comments:
Post a Comment