Pages

November 30, 2007

ကျောင်းဖွင့်ချိန် - ရွှေဘုန်းလူ

ဟိုတစ်ရက်က ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ရွှေဘုန်းလူရဲ့ ကျောင်းဖွင့်ချိန် ကဗျာကို Scan ဖတ်ထားတာ မလိုချင်ဘူး၊ PDF ဖိုင်နဲ့  မလိုချင်ဘူး၊ မြန်မာစာလုံးတစ်ခုခုနဲ့ ရေးထားတာကို လိုချင်ပါတယ်ဆိုလာလို့  ကျွန်မ မှာရှိနေတဲ့ ဇော်ဂျီ မြန်မာယူနီကုတ်နဲ့Typing လုပ်ထားတဲ့ စာသားတွေကို ပေးဖြစ်လိုက်တယ်။ သူ့ လိုပဲ လိုချင်သူတွေ ကူးယူနိုင်အောင် ကျွန်မှာရှိနေတဲ့ ကဗျာရေးပြီးသားကို ဒီမှာ ပြန်လည်မျှဝေလိုက်ပါတယ်။ နောက်ပြီး ဒီမှာမှတ်ထားတော့ မပျောက်တော့ဘူးပေါ့။ Computer ထဲမှာဆို တစ်ခါတလေ ပြန်လိုချင်ရင် အတော် ရှာရခက်တယ်။

ဒီကဗျာက အားလုံးသိကြတဲ့အတိုင်း ရွှေဘုန်းလူ ခေါ် တာရာမင်းဝေ ရဲ့ နာမည်ကြီး ကဗျာတစ်ပုဒ်ပါ။ အပိုဒ် ၁၀ ပိုဒ်ပါဝင်ပါတယ်။ ဒီကဗျာမှာ ကျွန်မ အကြိုက်ဆုံးကတော့ နောက်ဆုံး စာပိုဒ် အပိုင် ၁၀ ပါပဲ။

ကဗျာတစ်ပုဒ်လုံးကို ဖတ်ချင်ရင် ကဗျာခေါင်းစဉ်ကို click လုပ်ပါ။
(၁၀)
နောက်ဆုံးမှာ ...
ဒေါင်းအလံကို ... ဗြောင်းဆန်အောင် လွှင့်ထူရင်း
အမှန်တရားတခုထံ
ငါတို့ သစ္စာအဓိဌာန်ပြု
အို ... သူရဲကောင်းတို့
အို ... ကျဆုံးခဲ့လေသော
ဒီမိုကရေစီ တိုက်ပွဲဝင်
သူငယ်ချင်းဟောင်း ...
သူရဲကောင်းတို့
ထာဝစဉ်မပျက်ပြယ်နိုင်လောက်အောင်
မြင့်မြတ်စွာ ကျဆုံးခဲ့သော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ရှေ့နောက်ဝဲယာ ...
ထက်အောက်ဝန်းကျင်၌
ပျံ့နှံ့တည်ရှိကြကုန်တော့၏။
ထိုသော ...
သင်တို့၏၀ိညာဉ်တန်ခိုးတော်များသည်
ငါတို့၏ခန္ဓာကိုယ်နေရာအနှံ့အပြားသို့
ထိုးဖောက်ယိုစိမ့်စီးဝင်ကာ
ရဲရင့်ခြင်းမှာ ငါတို့အားဖြစ်တည်စေတော့၏။
အို ... သူရဲကောင်းတို့
အို ... ကျဆုံးလေသော
ဒီမိုကရေစီတိုက်ပွဲဝင်
သူငယ်ချင်းဟောင်း သူရဲကောင်းတို့
ဗမာပြည်ကို ရှိခိုးကာ
ဤသွေးပင်လယ်အား
ငါတို့ ဖြတ်ကူအံ့
မိုးလုံးပြည်ကောင်းချီးသြဘာပေးသံများကြားမှာ
ငါတို့၏ အရေးတော်ပုံ အောင်မြင်ပါစေသတည်း။ ။

ရွှေဘုန်းလူ

ကျွန်မမှာလည်း ဒီကဗျာကို အင်တာနက် တစ်နေရာမှာ တွေ့ လို့  ကူးယူထားလိုက်တာပါ။ ကြာတော့ကြာပြီ။ ဘယ်နေရာကလည်း မမှတ်မိတော့ဘူး။ မူရင်း အပင်ပန်းခံ Typing လုပ်ထားသူကို ကျေးဇူးတင်ပါတယ်။

ကျောင်းဖွင့်ချိန် - ရွှေဘုန်းလူ ( PDF - Mediafire)

Myanmar and IS UNITS

အလုပ်က စင်္ကာပူရီးယမ်း သူငယ်ချင်းတစ်ယောက်က ကမ္ဘာပေါ်မှာ IS UNITS ( International System Units) တရားဝင် မသုံးတဲ့ နိုင်ငံ ၃ နိုင်ငံပဲရရှိတဲ့ အထဲမှာ နင်တို့ မြန်မာနိုင်ငံပါတယ်၊ ဒီမှာကြည့် ဆိုပြီး ကျွန်မစီ ပို့ ပေးတဲ့ ပုံလေးပါ။ သူ မနေ့ က အင်တာနက်ပေါ်မှာ လျှောက်ကြည့်ရင်း Believe It or Not! ဆိုဒ်မှာ တွေ့ လို့  ကျွန်မကို ပြရအောင် သိမ်းထားတာ ဆိုပြီးလည်း ပြောပါသေးတယ်။
မြန်မာနိုင်ငံလိုပဲ IS Units မသုံးတဲ့ တခြား နိုင်ငံနှစ်ခုကတော့ Liberia နဲ့  USA ပါ။ အင်တာနက်ပေါ် နည်းနည်းလိုက်ကြည့် လိုက်တော့ ဒီဆိုဒ်ကို လည်း တွေ့ ရတယ်။

အင်တာနက်ပေါ်မှာ အဲ့ဒီအကြောင်း ရေးထားတာ တချို့ ကိုတွေ့ ရတယ်။ ယူအက်စ်က ဘာကြောင့် မသုံးလည်း ဘာလဲဆိုတာတွေ။ ခေါင်းရှုပ်နေလို့  လိုက်ဖတ်ရတာ စိတ်မရှည်ဖြစ်နေတယ်။ နောက် အချိန်ရ၊ စိတ်ကြည်လင်မှ ထပ်ပြီး လိုက်ရှာဖတ်ကြည့်အုံးတော့မယ်။

Other Links:
Metrication (Wiki) , The Metric System in the United States

November 27, 2007

Looking for a room to rent..

ဟိုတလောကတင် အိမ်ပြောင်းထားတယ်။ အခုမကြာပါဘူး အိမ်ထပ် ပြောင်းရပြန်အုံးမယ်။ အိမ်ပြောင်းဖို့ အခန်း လိုက်ရှာနေတာ ခုချိန်ထိ မရသေးဖူး။ ခုတလော အဲ့ဒီ အခန်းငှါးဖို့  ကိစ္စအတွက် အလုပ်ရှုပ်၊ စိတ်ရှုပ် ဖြစ်နေတာပါ။ စင်္ကာပူရီးယမ်း လူမျိုးခြားတွေအိမ်မှ တစ်ခန်းငှားနေလို့  ရတာတွေတော့ တွေ့ ပါတယ်။ အဲ့လိုလည်း မနေချင်လို့  ဖြစ်နိုင်မယ်ဆိုရင် မြန်မာတွေနဲ့  ရှယ်နေလို့ ရအောင် အခန်းလိုက်ရှာ နေတာပါ။ ကျွန်မမှာကလည်း ဒီနိုင်ငံမှာ အသိသိပ်မရှိတော့ အပေါင်းအသင်းပေါတဲ့၊ လူသိများတဲ့ သူငယ်ချင်းတွေကို အပူကပ်ပြီး၊ အခန်းငှါးဖို့  မေးပေးပါ၊ လိုက်ရှာပေးပါ အကူအညီတောင်းထားရ ပါတယ်။ ဒီိကိုလာလေ့ရှိတဲ့ သူငယ်ချင်းတွေလည်း အခန်းငှါးဖို့ ရှိတယ် ကြားရင် သတင်းပေးကြပါအုံး။

တော်ရုံနဲ့  ကျွန်မစီကို ဘယ်ဧည့်သည်မှ လာလေ့မရှိပါဘူး။ တစ်ယောက်တည်း နေတတ်ပါတယ်။ နောက်ပြီး အိမ်မှာ ကျွန်မ ရှိနေရင်တောင် ရှိနေမှန်း မသိအောင် တိတ်တဆိတ်နေတတ် ပါသေးတယ်။ ကွန်ပြူတာနဲ့  အင်တာနက် ရှိနေရင် ပတ်ဝန်းကျင်ကို မေ့နေတတ်သူတွေကို စာရင်းလိုက် ပြုစုမယ်ဆိုရင်၊ အဲ့ဒီစာရင်းမှာ ထပ်ဆုံးက မဟုတ်တောင် အလယ်လောက်ကတော့ ကျွန်မ ပါလိမ့်မယ် ထင်ပါတယ်။

လိုချင်တာကတော့ တစ်ယောက်တည်း တစ်ခန်း၊ အဲ့လို အိပ်ခန်း တစ်ခန်းလုံး ရနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ common roomပဲဖြစ်ဖြစ် master room ပဲဖြစ်ဖြစ် ရပါတယ်။ လုံးဝမဖြစ်နိုင်ရင်တော့ ရှယ်နေရမလားတောင် မသိတော့ပါဘူး။ ကိုယ်က တစ်ယောက်တည်းနေနေတာ ၇နှစ်ကျော်ပြီးဆိုတော့ ရှယ်နေတယ်ဆို၊ ကိုယ်အချိန်မတော် အိပ်တတ်ပုံ၊ ကွန်ပြူတာသုံးတတ်ပုံတွေနဲ့ အတူ တစ်ခန်းထဲနေတဲ့သူကို အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တာပါ။ နေရာကတော့ အခုလက်ရှိ ကျွန်မ အလုပ်လုပ်နေတာက မြို့ လယ်မှာဆိုတော့ ဘယ်နေရာမဆို အမ်အာတီနဲ့  နီးရင်၊ သွားလာရလွယ်ရင် အဆင်ပြေပါတယ်။

Update: 30 November 2007 :
ဒီနေ့ ပဲ တစ်ခန်းတော့ ယူမယ်ပြောလိုက်တယ်။ ဒါပေမယ့် သေချာအောင် မနက်ဖြန် နောက်တစ်ခေါက် သွားကြည့်ပြီးမှ သေချာ confirm ဖြစ်မှာ။ အဆင်ပြေရင် ကိစ္စမရှိဘူး၊ အဆင်မပြေရင် တခြားအခန်း ရွေးရကြည့်ရအုံးတော့မယ်။ မြန်မြန်ပြောင်းပြီးမှပဲ အေးမှာ။ ကူညီပေးကြသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ :)

Update: 28 November 2007
comment က တဆင့် သတင်းပေးတဲ့ သူငယ်ချင်းတွေ၊ ဖုန်းဆက်၊ အီးမေးပို့  သတင်းပေးတဲ့ သူငယ်ချင်းတွေ နဲ့  ဆက်သွယ်လိုက်ရှာပေးနေတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှာနေတုန်းပဲ။ ခုထိတော့ အိမ်ခန်းမရသေးဘူး :(

November 26, 2007

Do you know where Google stores data?

အားလုံးသိကြတဲ့ အတိုင်း Google က သူရဲ့ Free Service ဖြစ်တဲ့ Gmail ရဲ့ Storage Size ကို နေ့ စဉ်နဲ့ အမျှ တိုးတိုးပြီး ပေးနေပါတယ်။ Gmail Mail size တစ်နေ့ ဘယ်လောက်တိုးပြီး ရနေသလဲ မသိရင် ကို TAZ ရေးထားတာကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ အဲ့ဒီလောက် နေ့ စဉ်အမြဲ တိုးပေးနေနိုင်အောင် ဂျီမေးကို ဘယ်နေရာမှာ သိမ်းထားလဲ။ Google ရဲ့ ၀န်ဆောင်မှု့ ကို သဘောကျသူတွေက Google ရဲ့ Gmail Storage ရှိတဲ့ နေရာကို ဒီလို ပုံလေး ဆွဲပြထားတာ တွေ့  မိပါတယ်။
ပုံအကြီးကို ကြည့်ချင်တယ်ဆို အခုအပေါ်က ပုံကို click လုပ်ပြီး ကြည့်နိုင်ပါတယ်။

ပုံအရဆိုရင်တော့ ကမ္ဘာကြီးရဲ့ အတွင်းမှာ သိမ်းထားတာတဲ့။ ဟုတ်မှာ။ :D ဒါကြောင့်လည်း တစ်နေ့ ထက် တစ်နေ့  Storage Size ကို တိုးပြီး ပေးနေနိုင်တာ ဖြစ်ပါလိမ့်မယ်။ နောက်ဆို ကမ္ဘာကြီးထဲမှာ သိမ်းလို့  မဆန့် တော့လို့  ဟိုးစကြာဝဋ္ဌာကြီးထဲက တွင်းနက်ကြီးတွေထဲမှာ သိမ်းရတော့မယ် ထင်တယ်။ ပုံလေးကို ကြည့်ပြီး သဘောကျလို့  မှတ်ထားလိုက်တယ်။

Credit to THKZ

November 23, 2007

High Hope


Pink Floyd - High Hopes

Nightwish - High Hopes

The grass was greener
The light was brighter
The taste was sweeter
The nights of wonder
With friends surrounded
The dawn mist growing
The water flowing
The endless river

Forever and ever

The fourth Thursday of November



The fourth Thursday of November
22 November 2007
Dear Mum and Dad,
I'm very thankful to you for making me who I am today. I love you much!

Dear Friends,
Many thanks to all of you for your wishes. You all are the best!!!

November 22, 2007

Are you LONELY at Work?

Are you lonely??

Don't like working on your own ?
Can't make decisions ?
Then call a MEETING !!

You can ...

SEE people ..... FEEL important
DRINK free coffee .. FEEL important
DRAW flowcharts .. FEEL important
EAT free lunch.. FEEL important
FORM subcommittees ... FEEL important
IMPRESS your colleagues .. FEEL important
MAKE meaningless recommendations .. FEEL important

ALL on COMPANY TIME !!!

MEETINGS . . .
The practical alternative to work

ဒီလေးဖတ်ပြီးမှ အလုပ်မှာ မီတင်... မီတင်.. ဆိုပြီး တချိန်လုံး ဘာကြောင့် ခေါ်နေရသလဲဆိုတာ သိရတော့တယ်။

Thanks SMA for the email..
Source : musicentre.co.uk

November 21, 2007

Happy Birthday, Mom


Wishing you have a wonderful birthday and Many More!!
I love You, Mom!!
ဒီနေ့  တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ ...
ကျွန်မ့ မေမေ ရဲ့ မွေးနေ့ ...

November 20, 2007

My Sole Wish by Moe Hein

ဒီနေ့  မိုးဟိန်း (သားဂျာနယ်ကျော်) ရေးတဲ့ ကဗျာတစ်ပုဒ်နဲ့  စာသားတစ်ချို့ ကို ပြန်ပြီး ဖတ်ဖြစ်တယ်။ ကဗျာကိုလည်း သဘောကျပါတယ်။ ရေးထားတဲ့ စာတွေကိုလည်း နှစ်သက်ပါတယ်။ အင်္ဂလိပ်စာ အရေးအသားကလည်း ပြောစရာမလိုအောင် ကောင်းပါတယ်။

“My Sole Wish”
In this very country
I wish to be reborn
loving and serving it.

I breathe its air
I eat its food
and grow up as a tree.

I care not storms
I fear not winds
come whatever for.

Happy am I
to live and die
on this beloved soil.
And to be its citizen
once again, to love and serve.

For a fish, no place is better than a river. For a bird, no happier can it be than in the woods. For man, a question also rises, what is the best? I, for one, would answer “his homeland.” Do I sound patriotic? But that is not the point. It is simply a man’s love for his soil.
Whenever I travel up or down country, a feeling of gratitude and joy overwhelms me. The fields, things growing, valley or mountain, monuments or houses, people at work, children playing, and etc. …all become a quilt. Patterns and colours may differ but the quilt is one piece. Likewise, society and surrounding merge into oneness.
Looking at this oneness of souls and soil, in other words, a country and its citizens, I am filled with pride. Since days of yore, our ancestors have gone through thick and thin, weal and woe. Times may be good, times may be bad as history will show, but we have not lost our identity. The struggle for the better continues.
As a Buddhist, and as a devotee, I do believe in “the rounds of birth”. I do not know my past life nor the future. What matters most is the present. Here, in this country, I was born. Here, I have grown up. I have enjoyed all the merits that this country could give. From the time of our forefathers to the present, the shaping and making of this country is the greatest task. With sweat and blood, the noble ones have toiled and sacrificed for this generation and for more to come. We are indebted to them. Being a son of this soil, I must serve so. Out of love and duty, and to the best of my ability, I must do utmost for the land I live in. For me, one life is not enough to fulfill this wish.
Let me be born here again, in Myanmar. I fear not what I have to face. Whatever the odds. So long as I am a citizen breathing its air, quenching my thirst with its water, and living on its produce, I shall be happy. My head and heart will uphold and cherish all the values of the land I am born in. To be among one’s countrymen and serve the land together, is my sole wish. Nothing great, just a simple and strong wish, may I say.

Photo Source : Myanmarventure

20 November 2007


November 18, 2007

Enjoy Weekend!


Hope you all enjoy yours', ... doing Just what you love to!

အခု အားလပ်ရက်မှာ ဘယ်မှမသွားဖြစ်ပဲ၊ အိမ်က ထည့်ပေးလိုက်တဲ့ အစားအစာတွေ စားလိုက်၊ အိပ်လိုက်နဲ့  အပြည့်အ၀ အနားယူနေပါတယ်။

ကျွေးတော့ မကျွေးပဲ အစားအသောက်ပုံတွေ တင်လိုက်၊ အစားအသောက် အကြောင်းတွေပဲ ရေးလိုက် လုပ်နေတယ် ဖြစ်မှာ စိုးတာနဲ့  Hide လုပ်ထားပါတယ်။ သိချင်တယ်ဆိုရင်တော့ အောက်က Link ကို Click လုပ်ပြီး ဖတ်ကြည့်လို့ ရပါတယ်။ ;)

အစားအသောက်များ

အခုရက်ပိုင်းတွေမှာတော့ အဲဒီ အစားအသောက်တွေစားရင် မိဘနှစ်ပါးရဲ့ ကျေးဇူး အထူးကြီးမားပါလားလို့  တွေးတွေးပြီး အိမ်ကို သတိရနေတော့မှာပါပဲ။ :D

November 16, 2007

ရှောက်သီးသုတ် နဲ့  ကြာဇံဟင်းခါး

ဗိုက်ဆာလို့  ကွန်ပြူတာထဲမှာရှိနေတဲ့ စားစရာပုံ တွေကြည့်နေတာ ဒီထဲက လုစားခဲ့ရတဲ့ ရှောက်သီးသုတ်၊ ကြာဇံဟင်းခါး နဲ့  ဟို ကြင်စဦး ဇနီးမောင်နှံ အစ်ကိုကြီးနဲ့ မမ စားတဲ့ ဆီချက် ခေါက်ဆွဲနဲ့  လက်ဘက်ရည်ကို စားချင်သောက်ချင်စိတ်တွေ ပေါက်လာတယ်။ နောက်ပိုင်း ရှောက်သီးသုတ်နဲ့  ကြာဇံဟင်းခါးကို အကြိမ် အတော်တော်များများ စားဖူးပေမယ့် အဲ့ဒီတစ်ခါ စားသလောက် စားမကောင်းတော့ဘူး။ အဲ့ဒီတုန်းက ကျွေးတဲ့သူတွေက စေတနာကြောင့် စားကောင်းနေတာ ဖြစ်မှာပါ။ ( နောက်တွေ့ တဲ့အခါ ထပ်ဝယ်ကျွေးချင်စိတ် ပေါက်လာအောင် တမင်ရေးတာ မဟုတ်ပေမယ့် ကျွေးမယ်ဆိုတာကို သိနေပါတယ် :D)

Migrate your domain email address to Google

ကိုယ်ပိုင် Domain နဲ့  အီးမေးကိုသုံးလည်း သုံးချင်၊ ကိုယ်တိုင် Maintain လုပ်ရမှာ စိတ်မရှည်၊ အီးမေး အတွက် အကုန်အကျ မခံချင်သူတွေအတွက် အသုံးဝင်တဲ့ Information တစ်ခုပါ။ Google Apps Service အကြောင်းကို အတော်များများလည်း သိပြီးရမယ် ထင်ပါတယ်။


အဲ့ဒီမှာ ကိုယ်ပိုင် Domain ရှိရင် Google Apps မှာ signup လုပ်ပြီး MX records ကို Google ကို point လုပ်လို့ ရတဲ့အကြောင်း နဲ့  ဘယ်လို Setup လုပ်ရမယ်၊ ဘာတွေ အားသာချက်တွေရှိတယ် ဆိုတာကို ရေးထားပါတယ်။ အားနည်းချက်တွေနဲ့  တခြားသူတွေရဲ့ အမြင်တွေကိုလည်း အဲ့ဒီပိုစ့်က Comments မှာ ဖတ်လို့ ရပါတယ်။

ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင် Email အပြင် Google ရဲ့ တခြား serive တွေဖြစ်တဲ့ Google Docs and Spreadsheets, Google Calendar, Google Talk စတာတွေကိုပါ သုံးလို့ ရမှာပါ။ Email အနေနဲ့ ကတော့ Free ပေးတဲ့ Standard Edition မှာ အခု ကျွန်မတို့  free သုံးနေတဲ့ Gmail storage size အတိုင်း ရမှာပါ။ Premier Edition ဆိုရင်တော့ 25 G (အခုလက်ရှိ) ရမှာပါ။ Premier Edition ကို သုံးမယ်ဆို user တစ်ယောက်ကို တစ်နှစ်ကို US$50 ပေးရပါ့မယ်။ 24/7 tech support နဲ့ 99.9% uptime guarantee လို့ ဆိုထားတော့ သင့်တင့်တဲ့ဈေးနှုန်းလို့  ဆိုရမယ်။ ကုမ္ပဏီအီးမေးကို ကိုယ်ပိုင် email server နဲ့ သုံးတာ ကုမ္ပဏီအကြီးတွေအတွက် ကောင်းပေမယ့် အသေးတွေ အတွက်တော့ မလိုအပ်ဘူး ထင်ပါတယ်။ အလုပ်မှာ email server ပြဿနာတတ်လို့  ပို့ မရတာ၊ ဟိုကပို့ လိုက်တာတွေ ရောက်မလာတာ၊ ကိုယ့်ကပို့ တယ် ဒီမှာလည်း အထွက်ပြတယ် ဒါပေမယ့် ဟိုကိုမရောက် .. အမျိုးမျိုးသော ပြဿနာတွေကို ကြုံဖူးရင် ဘယ်လောက်စိတ်ညစ်ရလည်း သိကြမှာပါ။ စိတ်ချရတဲ့ ဒီလို Google က service ကို ၀ယ်သုံးမယ်ဆို Email ပြဿနာတတ်မှာ မပူ ရတော့ဘူးပေါ့။ ရေးရင်း ရေးရင်း Google ကို ကြော်ငြာပေးသလိုတောင် ဖြစ်နေပြီ ထင်ပါတယ်။ :D

ဒါနဲ့  Google Apps Premier Edition ဟာ PC World Magazine က ရွေးချယ်တဲ့ The 100 Best Products of 2007 မှာ No. 1 ရထားပါတယ်။ Google Apps မှာ Education Edition ဆိုပြီး လည်းရှိသေးတယ်။ အသေးစိတ် သိချင်ရင်တော့ Google Apps မှာ ဖတ်ကြည့်နိုင်ပါတယ်။

Credit to forrestgump from MMGeeks
Related Links:
Google Apps [Wiki] , Google Apps[Google]

November 15, 2007

Dressed for Success - Roxette


ဒီညနေက အလုပ်မှာ ၂ နာရီ ခွဲ လောက် Knowledge sharing meeting မှာ သွားထိုင်လိုက်ရပြီး သကာလ နောက်ကျိသွားတဲ့ စိတ်တွေကို ပြန်လည် တက်ကြွ မြူးတူး လန်းဆန်း ကြည်လင်လာစေဖို့  နားထောင်ဖြစ်လိုက်တဲ့ သီချင်း...

November 14, 2007

New websites for Myanmar IT Professionals

ဒီရက်ပိုင်း သူငယ်ချင်းတွေ သတင်းပေးလို့  မန်ဘာဝင်ဖြစ်တဲ့ နေရာနှစ်ခု...
A society of Burmese people involved in Science and Technology activities.

ဒီဖိုရမ်ကို ဘဘောကျမိတယ်။ အဲ့ဒီမှာ အခုအချိန်အထိတော့ မန်ဘာသိပ်မများသေးဘူး။ ဒါပေမယ့် နောက်ပိုင်း များလာမယ် ထင်ပါတယ်။ မန်ဘာမ၀င်ပဲ ဖတ်လို့ ရတဲ့ ဖိုရမ်တွေကို ဒီတိုင်း ဖတ်လေ့ရှိပေမယ့် ဒီတစ်ခုတော့ မန်ဘာဝင်လိုက်ပါတယ်။ ခုထိတော့ ဘာမှ ၀င်မရေးဖြစ်သေးဘူး။ သူများရေးတာတွေကို လိုက်ပြီး ဖတ်ကြည့်နေတုန်း အဆင့်ပဲရှိသေးတယ်။ နောက်ပိုင်းတော့ ရေးဖြစ်လာမယ် ထင်ပါတယ်။
Connecting Myanmar / Burma IT Professionals World-Wide

နောက်တစ်ခုက ဒီရက်ပိုင်းမှ စတက်လာတဲ့ Friendster ၊ Facebook တို့ လို Social Network တစ်ခုပါ။ အဲ့ဒီမှာလည်း ဖိုရမ်တစ်ခုရှိတာကို တွေ့ ရတယ်။ ဒီနေရာမှာတော့ ဘယ်လောက်အထိ ပါဝင်ဖြစ်မလဲ မသိသေးပါဘူး။

မိုး နှင့် အမ်စီ

မနေ့ ညနက်ပိုင်းကတည်းက ရွာတဲ့မိုး အလုပ်သွားချိန်အထိ သည်းကြီးမည်းကြီး ရွာနေတုန်းပါပဲ။ မိုးတွေ ဒီလောက်တောင် ရွာနေမှတော့ အလုပ်မသွားချင်တော့ဘူး။ ပြန်အိပ်ချင်တဲ့စိတ်၊ ပျင်းနေတဲ့စိတ်ကို အသာထိန်းလို့  ရေအမြန်ချိုး၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး မိုးရွာထဲမှာ အလုပ်ကို ထွက်လာခဲ့တယ်.. အခန်းတံခါးဖွင့် အထွက်မှာ အိမ်ရှေ့မှာ ထိုင်နေတဲ့ သူငယ်ချင်းက မိုးတော်တော်ရွာနေတယ်၊ အလုပ်သွားမလို့ လား၊ အမ်စီမယူဘူးလားတဲ့။ မယူဘူး၊ အလုပ်သွားလိုက်ဦးမယ် ဆိုတော့ မိုးရွာထဲ အလုပ်သွားလို့ နေမကောင်းရင် ဘယ်သူမှ ဆေးကုပေး၊ ဘယ်သူမှလည်း ဂရုလာစိုက်မှာ မဟုတ်ဘူးနော်လို့  သတိပေးတယ်။

အလုပ်အလာ လမ်းမှာတင် sms တစ်ခုရတယ်။ အလုပ်က သူငယ်ချင်းတစ်ယောက်က သူ ဒီနေ့  အလုပ်မလာဘူး၊ အမ်စီ ဆိုတဲ့အကြောင်း လှမ်းအကြောင်းကြားတာပါ။ အနားယူလိုက်အုံးမယ်တဲ့။ အလုပ်ရောက်တော့ နည်းနည်းနောက်ကျနေပြီ။ ၉း၂၀ လောက် ရှိနေပေမယ့် ကိုယ့်အနားမှာ ထိုင်တဲ့သူတွေ ထဲမှာ ကိုယ်ထက်စောပြီး အလုပ်ရောက်နေတာဆိုလို့  တစ်ယောက်ပဲ ရှိကြောင်း တွေ့ လိုက် ရတယ်။ ပရော့ဂျက် မန်နေဂျာက ၃ ပတ် ခွင့်ယူထားတာကြောင့်လည်း ပါမှာပေါ့။ မိုးအေးအေး ချမ်းစိမ့်စိမ့်လေးမို့  ရေးနွေးတစ်ခွက် သွားယူသောက်ပြီး ပြန်စရာရှိတဲ့ အီးမေးတွေ ပြန်ပို့ နေတာ၊ ၁၀ ကျော်လို့  ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခုနကတစ်ယောက်ပဲ အနားမှာရှိကြောင်း သတိထားမိလိုက်တယ်။ ဒီအချိန်မှ မရောက်သေးတာ မဖြစ်နိုင်တာကြောင့် ကျန်တဲ့သူတွေ မီတင်များ သွားနေကြလားလို့  မေးကြည့်လိုက်တော့ ဒီနေ့  မနက် ဘာမီတင်မှ မရှိပါဘူးတဲ့။ ဒါဆို သေချာပြီပေါ့။ အားလုံး မိုးအေးအေးနဲ့  အမ်စီယူပြီး အိမ်မှ ကွေးကုန်ကြပြီ။ ဒီနေ့  အလုပ်မှာ ကျွန်မရဲ့ ရှေ့၊ နောက်၊ ဘေးတွေမှာ ထိုင်တဲ့ လူ ၄ ယောက် အပါအ၀င် အမ်စီယူတာ ကျွန်မတို့  အဖွဲ့  တစ်ခုတည်းကတင် ၆ ယောက် ရှိပါတယ်။

တွေးမိတယ်။ ဒီနေ့ မိုးရွာထဲအလုပ်လာရင် ဘယ်လိုလာလာ မိုးနည်းနည်းတော့မိမှာပဲ၊ ပြီးတော့ ခြေထောက် ရေစိုနဲ့  အေးစိမ့်နေတဲ့ အဲယားကွန်းခန်းတွေ ထဲမှာ တစ်နေကုန် အလုပ်လုပ်ရမယ်ဆို နောက်နေ့ မှ နေမကောင်းဖြစ်ဖို့ က ၈၀% သေချာနေပြီ။ ဒါဆို နောက်တစ်နေ့ မှာ အမ်စီရတော့မယ်။ တစ်ရက် အမ်စီယူရတာချင်း အတူတူ တစ်နေ့ ကြိုယူလိုက်တော့ လူလည်း မပင်ပန်း ဆေးသောက်စရာမလိုပဲ အနားရတာပေါ့။ အင်း... ဒီနေ့ လို မိုးသည်းကြီးမည်းကြီး ရွာတဲ့ မနက်ခင်းတွေမှာ အလုပ်မသွား၊ အမ်စီ ယူသူများကို အမျှော်အမြင်ကြီးသူများလို့  ခေါ်ရမယ်။ အခု အနွေးထည် ထူထူဝတ်ထားပြီး ရေနွေးပူပူတွေ သောက်နေတဲ့ကြားက ချမ်းစိမ့်စိမ့်နဲ့  သိပ်ပြီး နေလို့ မကောင်းတော့ဘူး။ မနက်ဖြန်ဆို ဖျားတော့ မလားမသိ။ မဖျားချင်ဘူး။ မိဝေးဖဝေး တစ်ယောက်တည်း နေတဲ့အချိန် ဖျားနာနေရင် ဘယ်လောက် ဒုက္ခရောက်တယ် ဆိုတာ ခံစားဖူးမှ သိကြမှာ။ အင်း... နောက်ဆို မနက်အလုပ်သွားချိန် မိုးရွာရင် အမ်စီယူဖို့  စဉ်းစားမှ ဖြစ်တော့မယ်။ ကျန်းမာရေးက အရေးကြီးတယ် မဟုတ်လား။ ဒီလိုနဲ့ ပဲ ဒီနိုင်ငံမှာ မနက်စောစော အလုပ်သွားချိန် မိုးသည်းကြီးမည်းကြီးရွာရင် အမ်စီယူပြီး အလုပ်မလာကြတာ ထုံးစံတစ်ခုလို ဖြစ်လာတာ ထင်ပါတယ်။

November 13, 2007

Browsershots : Cross Browser Testing

Browser တွေအကြောင်း လျှောက်ဖတ်ကြည့်နေရင်း Website တစ်ခုကို တွေ့ တယ်။ အင်တာနက်ပေါ်က Site တစ်ခုကို Different Operation System တွေမှာ Different Browser တွေသုံးပြီး ကြည့်မယ်ဆို ဘယ်လို မြင်ရမလဲဆိုတဲ့ Screenshot ပုံတွေ ထုတ်ပေးတဲ့ Website ပါ။ Website ရေးတဲ့သူတွေအတွက် အသုံးဝယ်မယ့် ဆိုဒ်တစ်ခုပါပဲ။ ဘလော့ရေးသူတွေ အတွက်လည်း အသုံးဝင်မယ်။ ကိုယ့် ဘလော့လေး Template ပြောင်းပြီးရင် တခြား Browser တွေနဲ့  အဆင်ပြေပြေ မြင်ရပါ့မလားဆိုတာကို အရင်ကလို တစ်ခုချင်း လိုက်စမ်းနေစရာ မလိုတော့ပဲ၊ ဒီဆိုဒ်လေး သုံးပြီး လွယ်လွယ်ကူကူ စမ်းသပ်နိုင်သွားတာပေါ့။

တကယ်ဆို Website တွေ၊ Web Application တွေရေးတဲ့အခါ Cross Platform Browser Independent ဖြစ်ဖို့  လိုပါတယ်။ ဟိုးအရင်ကဆို Website အတော်များများက ဘယ် Browser, ဘယ် version ကိုသုံးမှ ကြည့်လို့  ရမယ် ဆိုတာမျိုး အမြဲတွေ့  ရတယ်။ ခုနောက်ပိုင်းတော့ အရင်ကထက် စာရင်တော့ အင်တာနက်ပေါ်က websites တွေဟာ Browser Independent လာတာကို တွေ့ ရတယ်။

အခု ကျွန်မ တွေ့ တဲ့ Browsershots က အခု လက်ရှိအနေနဲ့  တော့ Linux, Windows , Mac OS တွေမှာ သုံးတဲ့ Browser တချို့ နဲ့  စမ်းသပ်လို့ ရပါတယ်။ Screen size, Color depth, Javascript, Java , Flash တွေပေါ် မူတည်ပြီးလည်း စမ်းသပ်လို့ ရပါတယ်။ စမ်းရတာလဲ လွယ်ပါတယ်။ ကိုယ့်ရဲ့ Webpage URL လေးကိုထည့်လိုက်ပြီးရင် process လုပ်နေတယ်ဆိုပြီး Page တစ်ခုရပါမယ်။ Process လုပ်တာ နည်းနည်းကြာတော့ သူပေးတဲ့ လင့်ကို မှတ်ထားလိုက်ပြီး ၁၀ - ၂၀ မိနစ် လောက်ကြာတော့မှ အဲဒီလင့်ကို ပြန်ခေါ်ကြည့်လို့ ရပါတယ်။
Browsershots makes screenshots of your web design in different browsers. It is a free open-source online service created by Johann C. Rocholl.

ကျွန်မ ဘလော့ကို စမ်းကြည့်လိုက်တယ်။ ကျန်တဲ့ Browser တွေမှာ မြန်မာစာလုံးမရှိရင်မမြင်ရတာကလွဲရင် တခြားဟာတွေ အဆင်ပြေပေမယ့် safari နဲ့  အဆင်မပြေဖြစ်နေတာတွေ့ ရတယ်။ အရင်တခါ safari နဲ့  စမ်းတုန်းက အဆင်ပြေပြေ မြင်ရပါတယ်။ အခု အဆင်မပြေဘူးဆိုတော့ ဒီကြားထဲ ပြင်လိုက်တဲ့ Code တွေမှာ ဘာတွေမှားသွားလဲ မသိဘူး။ အခုတော့ မပြင်အားသေးလို့ ဒီတိုင်းပဲ ထားလိုက်ဦးမယ်။ safari နဲ့  ကျွန်မ ဘလော့ကို ကြည့်တဲ့သူလည်း သိပ်ရှိမယ်လဲ မထင်ဘူးလေ။ နောက် အားတဲ့ တစ်ရက်ကြမှပဲ ပြန်စမ်းပြီး ပြင်ကြည့်တော့မယ်။
ဒါနဲ့  Webpage တွေကို Screen Size အလိုက် Test လုပ်ချင်တယ် ဆိုရင်တော့ Anybrowser က ScreenSizeTest Page ကို သုံးပြီးလည်း လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။

Source: browsershots.org

Busy Monday


အလုပ်များတဲ့ နေ့ တစ်နေ့ .. 12 November 2007

November 12, 2007

My Week End

ဒီတစ်ပတ် အားလပ်ရက်မှာ ဘယ်မှမထွက်ဖြစ်ဘူး။ ထမင်းဟင်းတောင် ဟိုနေ့ က ၀ယ်ထားတာတွေနဲ့ ပဲ ချက်ပြုတ် စားဖြစ်တယ်။ နှစ်ရက်လုံး အွန်းလိုင်းကနေ Lecture တက်နေရတော့ အချိန်တွေ ဘယ်လို ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ မသိသေးတာတွေ အတော်များများ သိလိုက်တဲ့ အတွက် အကျိုးရှိရှိ အချိန်တွေ ကုန်သွားတယ်လို့ ပြောနိုင်မယ် ထင်တယ်။ ဘာစာမှ မဖတ် ဟိုလိုလို ဒီလိုလိုနဲ့  အားလပ်ရက်တွေ ကုန်နေတာ အတော်များနေပြီမဟုတ်လား။

စနေ နေ့ က မနက် ၁၀ နာရီလောက်ကနေ ညနေ ၃း၃၀ လောက်အထိ၊ တနင်္ဂနွေနေ့ ကတော့ မနက် ၁၁ နာရီလောက်ကနေ ညနေ ၅း၀၀ အထိ။ အဲ့လို စာမဖတ်တာကြာလို့ လားမသိဘူး၊ ထိုင်ရာမထ အာရုံစိုက်ပြီး နားထောင်ရတာ အတော် မလွယ်တဲ့ကိစ္စပဲ ဆိုတာကို သိလိုက်ရတယ်။ ဒါတောင် သက်သောင့်သက်သာ ကိုယ့်အိပ်ခန်းထဲက ကွန်ပြူတာရှေ့ မှာမို့  တော်ပါသေးတယ်။ Lecture ခန်းထဲမှာ ၈ နာရီလောက် အတန်းတက်ရမယ်ဆို တွေးတောင် မတွေးရဲတော့ဘူး။ အခြေအနေပေးရင် ကျောင်းဆက်တက်ရင် ကောင်းမလားဆိုတဲ့ အတွေးကို အတွေးတစ်ခုအနေနဲ့ ပဲ ရပ်ထားဖို့  စဉ်းစားနေပါပြီ။ ဒီနှစ်ရက်မှာ ညနေစောင်းလို့  နားလို့  ရပြီဆိုတဲ့ အချိန်တွေမှာ မခံမရပ်နိုင်အောင် ခေါင်းကိုက်နေတာ များတယ်။ ခေါင်းကိုက် ပျောက်ဆေး သောက်ပြီး အိပ်လိုက်မှ သက်သာရာရတဲ့ အခြေအနေ။ တစ်နေကုန်နီးပါး တတွတ်တွတ်ပြောဆို ရှင်းပြပေးရတဲ့လူတော့ ဘယ်လိုနေမလဲ မသိဘူး၊ ငြိမ်ငြိမ်လေး ထိုင်ပြီး နားထောင်ရသူ ကျွန်မတော့ အတော်ပင်ပန်းတယ်လို့  ခံစားသွားရပါတယ်။ တခြားဟာတော့ မြန်မာရုပ်ရှင် နည်းနည်းလည်း ကြည့်ဖြစ်လိုက်တာပဲ ရှိတယ်။

ဒီတစ်ပတ် အားလပ်ရက်တွေဟာ စိတ်ညစ်စရာ ထွေထွေထူးထူးလည်း မကြုံတွေ့ ရ၊ အိပ်ရေး၀၀လည်း အိပ်ဖြစ်၊ အစားမှန်မှန် စားဖြစ်၊ အကျိုးရှိတာတွေ လုပ်ဖြစ်ပြီး၊ အရင်က ကျွန်မ မသိသေးတဲ့ အကြောင်းအရာတွေ အတော်များမျာကို သိလိုက်ရတဲ့အတွက် အကျိုးရှိတဲ့ အားလပ်ရက်တွေလို့  ဆိုရပါမယ်။

November 11, 2007

Centro would release in late 2008

နောက်ထပ် ဖတ်မိတဲ့ Microsoft ရဲ့ Software Release သတင်းတစ်ပုဒ်ပါ။

code-named "Centro" လို့  အမည်ပေးထားတဲ့ Windows Essential Business Server (WEBS) ကို ၂၀၀၈ နှစ်ကုန်ပိုင်းမှာ ထွက်မယ်ဆိုတဲ့ အကြောင်းပါ။ Beta version ကို ဒီနှစ်ကုန်ပိုင်းမှာ ထွက်မယ်လို့ သိရတယ်။ ကွန်ပြူတာ အရေအတွက် ၂၅ လုံးကနေ ၂၅၀ အကြားရှိမယ့် အလယ်အလတ် ကုမ္ပဏီတွေကို ရည်ထုတ်တဲ့ အဲ့ဒီ Window Essential Business Server မှာ
Windows Server 2008,
Exchange Server 2007,
Forefront Security for Exchange,
System Center Essentials
တွေပါဝင်မယ် ဆိုတဲ့ အကြာင်း သိရပါတယ်။ Standard Edition မှာတော့ နောက်အသစ်ထွက်မယ့် ISA Server ပါဝင်ပြီး Pemium Edition မှာ SQL Server 2008 ပါမယ်လို့ လည်း ပြောထားတယ်။

SQL Server ဆိုလို့  Microsoft Platform မှာ အလုပ်လုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ သူတို့  အလုပ်တွေမှာ MS SQL 2005 ကိုပြောင်းမသုံးကြသေးပဲ MS SQL Server 2000 ကို သုံးတုန်းပဲလို့ ပြောတာကို သတိရမိတယ်။ အခု 2008 ထွက်တော့မှာဆိုတော့ ပြောင်းဖို့ လိုအပ်ရင်တောင် 2005 ကို မပြောင်းပဲ 2008 ကို တန်းပြောင်းကြမယ် ထင်တယ်။ ဒီအတိုင်းဆို MS SQL 2005 ဟာ သုံးသူနည်းပြီး ပျောက်သွားမယ် ထင်တယ်။ ကျွန်မ အထင်ပြောတာပါ။

WEBS မှာ တခြား Microsoft ရဲ့ ပါတနာ Product တွေဖြစ်တဲ့ CA, Citrix, Full Armor, Symantec, and Trend Micro တွေဟာ built add-ins အနေနဲ့ ပါဝင်ပြီးသားလို့ လည်း ဖတ်လိုက်ရတယ်။ WEBS ကို Intel နဲ့  တခြား Hardware Partner တွေဖြစ်တဲ့ Fujitsu-Siemens, HP နဲ့ IBM မှာ run လို့ မယ်လို့ သိရတယ်။ ဒါပေမယ့် အဲ့ဒီ Server က 64-bit တစ်မျိုးထဲ အတွက် ထုတ်မှာလို့ သိရတယ်။ 2008 နောက်ပိုင်း ထွက်မယ့် Microsfot Server အားလုံးကို 32-bit အတွက်မထုတ်တော့ပဲ 64-bit တစ်မျိုးထဲအတွက် ထုတ်တော့မယ်လို့ လည်း ကြားမိပါတယ်။

Windows Essential Business Server အကြောင်း အသေးစိတ် ပိုပြီး သိချင်တယ်ဆိုရင်တော့ ဒီအောက်က Links တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

Credit to THKZ
Other Related Links :
Windows Essential Business Server Overview & Screenshots
Integrated IT Designed for Midsized Businesses
Widnow Small Business Server 2003

November 08, 2007

Microsoft Visual Studio 2008 & Open Source Code

ဒီနေ့  Microsoft က Visual Studio နဲ့ ပတ်သက်တဲ့ သတင်းနှစ်ခုကို ဖတ်လိုက်ရတယ်။

1- Visual Studio 2008 နဲ့  .Net Framework 3.5 ကို ဒီလကုန် ( end of november 2007 ) မှာ တရာဝင်ထုတ်မယ် ဆိုတဲ့ သတင်းပါ။ Visual Studio 2008 (Beta Version) ကို ဒေါင်းလုတ်လုပ် အသုံးပြုခွင့်ပေးနေတာတော့ လအတော်ကြာနေပါပြီ။ Beta Version ထွက်စ July လတုန်းက စိတ်ဝင်စားတာနဲ့  ပိုစ့်တစ်ခု (Visual Studio 2008 , .NET 3.5 reach Beta 2) ရေးဖြစ်ခဲ့သေးတယ်။ ခုတော့ တရာဝင် ထွက်လာတော့မယ်ပေါ့။ Version အသစ်အသစ်တွေက ထွက်တာ မြန်သလားတော့ မမေးနဲ့ ။ အခု လက်ရှိ Studio 2005 သုံးနေသူတွေထဲက ဘယ်လောက် % လောက် 2008 ကိုပြောင်းသုံးကြမလဲမသိဘူး။
Source : Microsoft sets date for Visual Studio 2008

2- နောက်သတင်းတစ်ခုက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ Visual Studio Source Code ကို Open လုပ်ပေးမယ် ဆိုတဲ့ သတင်းပါ။ အားလုံးကို ဖွင့်ပေးမှာတော့ မဟုတ်ဘူး။ Microsoft ရဲ့ Top Partners တွေကိုပဲ ဖွင့်ပေးမှာပါ။ debugging purposes အနေနဲ့  ဖွင့်ပေးတာ ဖြစ်တယ်လို့ ဆိုထားတယ်။ အဲ...licensing restriction ကိုလဲ ဖြုတ်ပေးမယ်တဲ့။ အရင်က Visual Studio development kit ကို Microsoft Platform မှာပဲ အသုံးပြုခွင့် ရှိတာပါ။ ခု အဲ့ဒီ ကန့် သတ်ချက်ကို ဖြုတ်လိုက်ရင် တခြားသူတွေက Visual Studio Application နဲ့  extensions တွေကို တခြား OS တွေမှာ လွတ်လွတ်လပ်လပ် ရေးသားနိုင်ပြီးလို့  ဆိုထားတယ်။ စိတ်ဝင်စားစရာပဲ။ ဘာတွေဖြစ်ဦးမလဲတော့ စောင့်ကြည့်ရတော့မှာပေါ့။
Source : Microsoft To Open Visual Studio Source Code to Top Partners

Credit to THKZ

November 06, 2007

Happy Ending - Mika

ခုတလော မြန်မာသီချင်းတွေပဲ နားထောင်ဖြစ်နေရာကနေ သူငယ်ချင်းတစ်ယောက် အီးမေကနေ ပို့ ပေးတာနဲ့  အင်္ဂလိပ်သီချင်းတွေ နားထောင်ဖြစ်သွားတယ်။ UK top 75 charts ထဲက သီချင်းတွေလို့  ပြောပါတယ်။ ဒီနေ့  နားထောင်ဖြစ်တဲ့ သီချင်းတွေထဲက တစ်ပုဒ်ကတော့...
Happy Ending Lyrics
Credit to P.J

Optical illusion Pictures

မနေ့ ညနေက Tea Break မှာ လက်ဘက်ရည်သောက်လိုက်မိလို့  အိပ်လို့ လည်း မပျော်၊ မောပြီး လူက တုန်တုန်ရင်ရင် ဖြစ်နေရတဲ့ အထဲ Amazing Picture ဆိုလို့  ဘယ်လို ပုံမျိုးလဲဆိုပြီး သိချင်စိတ်နဲ့  ကြည့်လိုက်မိတာ တစ်ခါတည်း ချာချာလည်သွားတယ်။ အဲ့လိုပုံတွေ အင်တာနက်ပေါ်မှာရော သူများပို့ တာတွေရော အများကြီးတွေ့ ဖူးပါတယ်။ ဒါမျိုးပုံတွေကို ကြည့်ရတာ လုံးဝ မကြိုက်ဘူး။ မျက်စိရှုပ်၊ ခေါင်းမူးတယ်။ မူးတဲ့ အရသာကို မကြိုက်လို့  လူကို မူးစေနိုင်တဲ့ အရာ ဘာမှဆိုဘာမှ မလုပ်ပဲနေတယ်။

This is an example of the truth of "Seeing is deceiving."
ဒီနေ့ တော့ အိပ်မရတာနဲ့  ဒီပုံက Animation မဟုတ်ဘူးလို့ ပြောထားတာ မှန်မမှန် သေချာသိရအောင် စမ်းကြည့်ဦးမှဆိုပြီး မျက်လုံး တစ်ဝက်လောက်ပဲ ဖွင့်ပြီး ကြည့်လိုက်တော့ လှုပ်လှုပ်ရွရွတွေကို မတွေ့ ရ တော့ဘူး။ ပုံမှန်အတိုင်း မျက်လုံးအပြည့် ဖွင့် ကြည့်မယ်ဆိုရင် လှုပ်တာတွေ တွေ့ ပြီး မူးသွားမှာသေချာတယ်။ ဒီလိုပုံတွေက တကယ်ဆို ရွေ့ နေတာ မဟုတ်ပဲ ရွေ့ နေတယ်လို့  အမြင်တွေမှားကြတာ ဘာကြောင့်လည်း ဆိုတာ သိချင်လို့  ရှာဖတ်ကြည့်တော့ ဒီလိုရှင်းထားတာတွေ့ ရတယ်။ နောင်တချိန် ပြန်ရှာရလွယ်အောင် မှတ်ထားလိုက်ပါတယ်။

Explanation : Since we live in a 3D world, our mind tries to convert a 2D object into a 3D one. In this optical illusion, we try to make sense of these 2D objects. The shading used is completely incongruous. The eyes lock onto a part of the illustration that looks appropriately shaded but then find it disjointed with shading in other nearby areas. The eyes keep jumping around the drawing trying to map out a 3-D solution that would make the shading illustration make sense, but it never seems to work.

Other Related Links:
123OpticalIllusions.com, IllusionOptical.com

November 04, 2007

Working on Sunday: 7 AM to 5 PM

MySoJu : Watch Korean Dramas Online

ဒီနေ့ တော့ အွန်လိုင်း ရုပ်ရှင်ကြည့်နေကြ SSUpload မှာ ပြင်ဆင်မှု့တွေ လုပ်နေတာကြောင့် ရုပ်ရှင်ကြည့်လို့  မရတာနဲ့  တခြား Online Site တစ်ခုမှာ Korea Movies တချို့  ကြည့်ဖြစ်တယ်။ ကျွန်မက Drama ဇာတ်လမ်းတွဲ အရှည်ကြီးတွေကို ကြည့်လေ့မရှိတာကြောင့် Movies လောက်ပဲ ကြည့်ဖြစ်ပါတယ်။ ကြည့်ဖြစ်သလောက်တော့ အဆင်ပြေပါတယ်။ အဲ့ဒီမှာ ကိုရီးယား နဲ့  ဂျပန် ရုပ်ရှင်တွေနဲ့  ဇာတ်လမ်းတွဲတွေပဲ ရှိတာဆိုတော့ တချို့ လူတွေတော့ ကြိုက်မယ် မထင်ဘူး။ ဒါပေမယ့် အင်တာနက် ကွန်နက်ရှင်ကောင်းပြီး၊ Asian Movies ကြိုက်သူတွေအတွက်တော့ အပျင်းပြေစေမယ့် ဆိုဒ်တစ်ခုပါ။

Credit to KoBoyz

November 03, 2007

မြန်မာပြည်မှ အစားအသောက်များ

www.ifood.tv က မြန်မာ အစားအသောက် ဗီဒီယိုတွေ ကြည့် ဖြစ်တယ်။ မြန်မာပြည်က အစားအသောက် တွေကို အပြင်မှာ တကယ် စားဖို့  အခွင့်အရေး မရနိုင်တောင်မှ အလွမ်းပြေလေး ကြည့်ချင်တယ်ဆိုရင် ကြည့်လို့ ရနိုင်တဲ့ နေရာတစ်ခုမို့  အသေအချာ မှတ်ထားလိုက်ပါတယ်။

အဲ့ဒီမှာ ရှိနေတဲ့ အစားအသောက်တွေကတော့ အမျိုးအစား အစုံပါပဲ။
မြန်မာပြည်မှ တရုတ်အစားအစားများ
ကချင်ရိုးရာအစားသောက်ဆိုင်
မြန်မာလမ်းဘေးမှ ခေါင်းရွက် ဗျက်ထိုးဈေးသည်များ
နံနက်ခင်းများတွေ စားလေ့ရှိသော အစားအစားများ ၁
နံနက်ခင်းများတွေ စားလေ့ရှိသော အစားအစာများ ၂ (အီကြာကွေး၊ ပဲပြုတ်နံပြား)
မြန်မာဘူဖေးစားသောက်ဆိုင် မှ အစားအစာများ
ပလာတာ ထပ်တစ်ရာ
ရှမ်းတို့ ဖူးကြော်
မိုးကုတ်မြီးရှည်
မန္တလေးရေမုန်
စမူဆာသုတ်၊ ဆိတ်သားကပတ် ၊ ဘယာကြော်
မုန့် ဟင်းခါး
ဘုရားပွဲမှ မုန့် လင်မယား
မန္တလေး မြီးရှည်
ဝက်သားတုတ်ထိုး

ဒီထဲက ဗီဒီယိုအများစုကိုကြည့်ရတာ အစားအသောက်ရောင်းတဲ့ ဆိုင်တွေမှာ ကိုယ်လိုချင်တဲ့ အစားအသောက်တွေ မှာထားပြီးတဲ့ခါ ဈေးရောင်းသူက ကိုယ့်အတွက် ပြင်ဆင်ပေးနေတာကို ဘေးက စောင့်ကြည့်နေရသလို ခံစားချက်မျိုး ရတယ်။ ပြင်လို့ ဆင်လို့ ပြီးတာနဲ့ ကိုယ့်အတွက် ပန်းကန်လေးကိုယူပြီး စားရတော့ မလိုလို၊ သူပေးတဲ့ အထုတ်လေးဆွဲယူ ထွက်သားရတော့ မလိုလို ခံစားရတယ်။

Credit to original uploader meemalee and Ma C.cube from NativeMyanmar

November 01, 2007

Oh, little dove! Fly where you have to.

Oh, little dove! Fly where you have to. Fly where you have to.

“A Mission”

Where to
my dove… where to
never tired are you?
Out there
in the open wild,
flames and painful cries.

What then
my dove… what then
can you ever do?
All songs of peace
and words of love
non-stop, I’ll coo.

Know you
my dove,… know you
the dangers not a few?
I do but I don’t flinch
so I dare go through.

Oh, what .
my dove,…oh what
makes you steadfast?
If for peace, for life,
then it’s a .. “Must”.

By Moe Hein
[Oh, little dove! Fly where you have to]

Happy Halloween