Pages

November 11, 2007

Centro would release in late 2008

နောက်ထပ် ဖတ်မိတဲ့ Microsoft ရဲ့ Software Release သတင်းတစ်ပုဒ်ပါ။

code-named "Centro" လို့  အမည်ပေးထားတဲ့ Windows Essential Business Server (WEBS) ကို ၂၀၀၈ နှစ်ကုန်ပိုင်းမှာ ထွက်မယ်ဆိုတဲ့ အကြောင်းပါ။ Beta version ကို ဒီနှစ်ကုန်ပိုင်းမှာ ထွက်မယ်လို့ သိရတယ်။ ကွန်ပြူတာ အရေအတွက် ၂၅ လုံးကနေ ၂၅၀ အကြားရှိမယ့် အလယ်အလတ် ကုမ္ပဏီတွေကို ရည်ထုတ်တဲ့ အဲ့ဒီ Window Essential Business Server မှာ
Windows Server 2008,
Exchange Server 2007,
Forefront Security for Exchange,
System Center Essentials
တွေပါဝင်မယ် ဆိုတဲ့ အကြာင်း သိရပါတယ်။ Standard Edition မှာတော့ နောက်အသစ်ထွက်မယ့် ISA Server ပါဝင်ပြီး Pemium Edition မှာ SQL Server 2008 ပါမယ်လို့ လည်း ပြောထားတယ်။

SQL Server ဆိုလို့  Microsoft Platform မှာ အလုပ်လုပ်နေကြတဲ့ ကျွန်မသူငယ်ချင်းတွေ သူတို့  အလုပ်တွေမှာ MS SQL 2005 ကိုပြောင်းမသုံးကြသေးပဲ MS SQL Server 2000 ကို သုံးတုန်းပဲလို့ ပြောတာကို သတိရမိတယ်။ အခု 2008 ထွက်တော့မှာဆိုတော့ ပြောင်းဖို့ လိုအပ်ရင်တောင် 2005 ကို မပြောင်းပဲ 2008 ကို တန်းပြောင်းကြမယ် ထင်တယ်။ ဒီအတိုင်းဆို MS SQL 2005 ဟာ သုံးသူနည်းပြီး ပျောက်သွားမယ် ထင်တယ်။ ကျွန်မ အထင်ပြောတာပါ။

WEBS မှာ တခြား Microsoft ရဲ့ ပါတနာ Product တွေဖြစ်တဲ့ CA, Citrix, Full Armor, Symantec, and Trend Micro တွေဟာ built add-ins အနေနဲ့ ပါဝင်ပြီးသားလို့ လည်း ဖတ်လိုက်ရတယ်။ WEBS ကို Intel နဲ့  တခြား Hardware Partner တွေဖြစ်တဲ့ Fujitsu-Siemens, HP နဲ့ IBM မှာ run လို့ မယ်လို့ သိရတယ်။ ဒါပေမယ့် အဲ့ဒီ Server က 64-bit တစ်မျိုးထဲ အတွက် ထုတ်မှာလို့ သိရတယ်။ 2008 နောက်ပိုင်း ထွက်မယ့် Microsfot Server အားလုံးကို 32-bit အတွက်မထုတ်တော့ပဲ 64-bit တစ်မျိုးထဲအတွက် ထုတ်တော့မယ်လို့ လည်း ကြားမိပါတယ်။

Windows Essential Business Server အကြောင်း အသေးစိတ် ပိုပြီး သိချင်တယ်ဆိုရင်တော့ ဒီအောက်က Links တွေမှာ ဖတ်ကြည့်နိုင်ပါတယ်။

Credit to THKZ
Other Related Links :
Windows Essential Business Server Overview & Screenshots
Integrated IT Designed for Midsized Businesses
Widnow Small Business Server 2003

No comments: