Wishing you have a wonderful birthday and Many More!!
I love You, Mom!!
I love You, Mom!!
ဒီနေ့  တန်ဆောင်မုန်းလဆန်း ၁၂ ရက်နေ့ ...
ကျွန်မ့ မေမေ ရဲ့ မွေးနေ့ ...
ကျွန်မ့ မေမေ ရဲ့ မွေးနေ့ ...
ဒီနေ့  မနက်စောစော အိပ်ရာနိုးတာနဲ့  အိမ်ကို ဖုန်းဆက်ပြီး မေမေနဲ့  စကားပြောဖြစ်တယ်။ ကျွန်မ ဖုန်းဆက်တဲ့ အချိန်မှာ မေမေ ဘုရားရှိခိုးနေတုန်းပဲ ရှိပါသေးတယ်။ ခနနေရင် အပြင်သွားတော့မှာလို့ ပြောတယ်။ ဒီနေ့  ဘာတွေလုပ်မယ် ဆိုတာကိုလည်း ပြောပြပြီး သာဓုခေါ်ဖို့  ပြောပါတယ်။ တကယ်ဆို မေမေ့မွေးနေ့ ဟာ အင်္ဂလိပ် ပြက္ခဒိန်အရဆို နိုဝင်ဘာ ၁၈ ရက်နေ့ ပါ။ အဲ့ဒီနေ့ ကလည်း ကုသိုလ်ကောင်းမှု့ တချို့ ပြုဖြစ်ခဲ့ကြောင်း မေမေကပြောတယ်။ အရင်နှစ်တွေကဆို မေမေရဲ့ အင်္ဂလိပ်လို့  မွေးနေ့ ကိုပဲ ကျွန်မတို့  မှတ်ထားပြီး တစ်ခုခု ပြုလုပ်နေကြပါ။ ဒါပေမယ့် ဒီနှစ်တော့ မြန်မာလို မွေးနေ့ မှာ မေမေရဲ့ မွေးနေ့ မွေးရက်နဲ့  တိုက်ဆိုင်နေတဲ့ အပြင်၊ သူ့ သမီးဖြစ်သူရဲ့ မွေးနေ့  နဲ့ လည်း နီးတာကြောင့် ဒီနေ့ မှ နှစ်ယောက်လုံး အတွက် ပေါင်းပြီး ကုသိုလ်ကောင်းမှု့တွေ လုပ်လိုက်တယ်လို့  မေမေကပြောပြတယ်။ သူ့ ရဲ့သမီးမွေးနေ့  မှာလည်း ထပ်ပြီး ကုသိုလ်ပြုမှု့တွေ လုပ်အုံးမှာဖြစ်ကြောင်း သတင်းပေးပါတယ်။ နောက်ပြီး ဒီနေ့ ညနေကြရင် အိမ်သားတွေ အတူညစာ စားမယ်ဆိုတဲ့အကြောင်းနဲ့  ဆွေမျိုးအိမ်တွေကို စားစရာတချို့  ပို့ မယ့် အကြောင်း ကိုပြောတော့ နားထောင်ရင်း ကျွန်မလည်း အိမ်ပြန်ချင်စိတ် ပေါ်သွားမိသေးတယ်။ မေမေ့ကိုတော့ ကျွန်မ ပြန်လာချင်ကြောင်း မပြောဖြစ်လိုက်ပါဘူး။ တော်ကြာ မွေးနေ့  မနက်ခင်းမှာ အဝေးရောက်နေတဲ့ သားသမီးတွေအားလုံးကို လွမ်းပြီး မေမေ စိတ်မကောင်း ဖြစ်နေအုံးမယ်လေ။ ကျွန်မတို့  အိမ်မှာက မိသားစုဝင်တွေရဲ့ မွေးနေ့ တွေမှာ မွေးနေ့ ပါတီတွေ ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်လေ့ မရှိပေမယ့်၊ အလှူတချို့ လုပ်လေ့ရှိပြီး၊ ဘုန်းကြီးကျောင်းကို ဆွမ်းပို့ တာ နဲ့  ညနေဆို မိသားစုတွေ အတူတစ်ခုခု ထွက်စားတာမျိုးတော့ နှစ်စဉ်လုပ်လေ့ ရှိပါတယ်။ အင်း.. ဒီလိုမျိုး မွေးနေ့ တွေ မကြုံရတာ အတော်ကြာနေပါပြီ။ မေမေလည်း သူ့ မွေးနေ့ နဲ့  သားသမီးတွေရဲ့ မွေးနေ့ တွေမှာ အဝေးမှာ ရောက်နေတဲ့ ကျွန်မတို့ တွေကို သာမန်ထက် ပိုပြီး သတိရနေမှာ သေချာပါတယ်။ တော်ပါသေးတယ်။ ဒီနှစ်မွေးနေ့ မှာ ဖေဖေ အိမ်မှာရှိနေလို့  မေမေနဲ့  ဖေဖေ အတူတကွ ကုသိုလ်ကောင်းမှု့တွေ ပြုနိုင်ကြတာကြောင့် မေမေ စိတ်ချမ်းသာမှာပါ။ မနှစ်ကဆို ဒီလိုအချိန်မှာ မေမေ့နားမှာ ညီမလေး တစ်ယောက်ပဲ ရှိနေခဲ့တယ်။
ချစ်သော ဖေဖေနဲ့  မေမေ အမြဲထာဝရ မခွဲပဲ နှစ်ပေါင်းများစွာတိုင်အောင် သက်ရှည် ကျန်းမာ ပျော်ရွှင်ကြနိုင်ပါစေ။
2 comments:
Have a wonderful birthday!
~ May your life be like a forever blooming flower ~
မွေးနေ့ ဆုတောင်းအတွက် ကျေးဇူးတင်ပါတယ်။ :* မွေးနေ့ ကတ်လေးကိုလည်း သဘောကျတယ်။ ကတ်ထဲမှာပါတဲ့ နှစ်ယောက်လုံး ချစ်စရာလေးတွေနော်။ မွေးနေ့ လက်ဆောင် အဖြစ်ပေးတဲ့ ရွှေပြားတွေလည်း ရပါတယ်။ :D ကျေးဇူးပါ။
Post a Comment