Pages

November 27, 2007

Looking for a room to rent..

ဟိုတလောကတင် အိမ်ပြောင်းထားတယ်။ အခုမကြာပါဘူး အိမ်ထပ် ပြောင်းရပြန်အုံးမယ်။ အိမ်ပြောင်းဖို့ အခန်း လိုက်ရှာနေတာ ခုချိန်ထိ မရသေးဖူး။ ခုတလော အဲ့ဒီ အခန်းငှါးဖို့  ကိစ္စအတွက် အလုပ်ရှုပ်၊ စိတ်ရှုပ် ဖြစ်နေတာပါ။ စင်္ကာပူရီးယမ်း လူမျိုးခြားတွေအိမ်မှ တစ်ခန်းငှားနေလို့  ရတာတွေတော့ တွေ့ ပါတယ်။ အဲ့လိုလည်း မနေချင်လို့  ဖြစ်နိုင်မယ်ဆိုရင် မြန်မာတွေနဲ့  ရှယ်နေလို့ ရအောင် အခန်းလိုက်ရှာ နေတာပါ။ ကျွန်မမှာကလည်း ဒီနိုင်ငံမှာ အသိသိပ်မရှိတော့ အပေါင်းအသင်းပေါတဲ့၊ လူသိများတဲ့ သူငယ်ချင်းတွေကို အပူကပ်ပြီး၊ အခန်းငှါးဖို့  မေးပေးပါ၊ လိုက်ရှာပေးပါ အကူအညီတောင်းထားရ ပါတယ်။ ဒီိကိုလာလေ့ရှိတဲ့ သူငယ်ချင်းတွေလည်း အခန်းငှါးဖို့ ရှိတယ် ကြားရင် သတင်းပေးကြပါအုံး။

တော်ရုံနဲ့  ကျွန်မစီကို ဘယ်ဧည့်သည်မှ လာလေ့မရှိပါဘူး။ တစ်ယောက်တည်း နေတတ်ပါတယ်။ နောက်ပြီး အိမ်မှာ ကျွန်မ ရှိနေရင်တောင် ရှိနေမှန်း မသိအောင် တိတ်တဆိတ်နေတတ် ပါသေးတယ်။ ကွန်ပြူတာနဲ့  အင်တာနက် ရှိနေရင် ပတ်ဝန်းကျင်ကို မေ့နေတတ်သူတွေကို စာရင်းလိုက် ပြုစုမယ်ဆိုရင်၊ အဲ့ဒီစာရင်းမှာ ထပ်ဆုံးက မဟုတ်တောင် အလယ်လောက်ကတော့ ကျွန်မ ပါလိမ့်မယ် ထင်ပါတယ်။

လိုချင်တာကတော့ တစ်ယောက်တည်း တစ်ခန်း၊ အဲ့လို အိပ်ခန်း တစ်ခန်းလုံး ရနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ common roomပဲဖြစ်ဖြစ် master room ပဲဖြစ်ဖြစ် ရပါတယ်။ လုံးဝမဖြစ်နိုင်ရင်တော့ ရှယ်နေရမလားတောင် မသိတော့ပါဘူး။ ကိုယ်က တစ်ယောက်တည်းနေနေတာ ၇နှစ်ကျော်ပြီးဆိုတော့ ရှယ်နေတယ်ဆို၊ ကိုယ်အချိန်မတော် အိပ်တတ်ပုံ၊ ကွန်ပြူတာသုံးတတ်ပုံတွေနဲ့ အတူ တစ်ခန်းထဲနေတဲ့သူကို အနှောင့်အယှက် ဖြစ်မှာ စိုးရိမ်တာပါ။ နေရာကတော့ အခုလက်ရှိ ကျွန်မ အလုပ်လုပ်နေတာက မြို့ လယ်မှာဆိုတော့ ဘယ်နေရာမဆို အမ်အာတီနဲ့  နီးရင်၊ သွားလာရလွယ်ရင် အဆင်ပြေပါတယ်။

Update: 30 November 2007 :
ဒီနေ့ ပဲ တစ်ခန်းတော့ ယူမယ်ပြောလိုက်တယ်။ ဒါပေမယ့် သေချာအောင် မနက်ဖြန် နောက်တစ်ခေါက် သွားကြည့်ပြီးမှ သေချာ confirm ဖြစ်မှာ။ အဆင်ပြေရင် ကိစ္စမရှိဘူး၊ အဆင်မပြေရင် တခြားအခန်း ရွေးရကြည့်ရအုံးတော့မယ်။ မြန်မြန်ပြောင်းပြီးမှပဲ အေးမှာ။ ကူညီပေးကြသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ :)

Update: 28 November 2007
comment က တဆင့် သတင်းပေးတဲ့ သူငယ်ချင်းတွေ၊ ဖုန်းဆက်၊ အီးမေးပို့  သတင်းပေးတဲ့ သူငယ်ချင်းတွေ နဲ့  ဆက်သွယ်လိုက်ရှာပေးနေတဲ့ သူငယ်ချင်း အားလုံးကို ကျေးဇူးတင်ပါတယ်။ ရှာနေတုန်းပဲ။ ခုထိတော့ အိမ်ခန်းမရသေးဘူး :(

8 comments:

shin said...

Hi, I just forward some of the advertisement which come to my mail from NYP Myanmar group...Hope this will help you!

1st mail,
Dear All

We has one common room to rent in Woodlands Area. There is located at (5~6) minutes walking distance to Marsiling MRT and easily catched up Bus service numbers are 856, 911, 912, 950, 960, 961, 963, 966, 187.

The room is on high floor level and has Single Two Beds, Wardrobe, TV, Air-con. Water Heater, Washing Machine & Light Cooking are available.

Room will be available on Mid of Dec 2007 and prefer to FEMALE only and SINGLE or TWO SHARE are also welcome.

Any interest pls call to me at H/P 82339892.

Thanks and Regards

AKT

2nd mail,
Hi,

1 big common room available at Dover Road..

Only for female tenants

$750 excluding PUB Bill....

Fully Furnished, air-con...

Near AH, NUH, NUS, SP, SIM, ITE Dover..

Between Dover MRT and Bounavista MRT...

Bus services : 14, 33, 74, 166, 196

Please contact: 90466921, 67784660

Chit Lay Pyay said...

Hi Nay Hay,

One common room is available for girls @ 4 bus stop from lake side mrt. Rental charges is S$ 500. More detail, contact this no. 81334350.

ThuHninSee said...

computer, internet အပြင်.........PHONEရှိရင်
လောကကိုမေ့နေတာမဟုတ်ဘူးလား

Nay Nay Naing said...

shin နဲ့  မလေပြေကို အထူးကျေးဇူးတင်ပါတယ်။ သတင်းပေးတဲ့ အခန်းတွေ အားလုံးကို ဆက်သွယ်ပြီး availavle ဖြစ်တယ်ဆို အမြန်သွား ကြည့်နိုင်အောင် ကြိုးစားနေပါတယ်။ မနေ့ ညနေက အခန်း သွားကြည့်တာ ည ၁၂ ထိုးခါနီးမှ အိမ်ပြန်ရောက်တော့တယ်။ ကျွန်မကလည်း ညနေပိုင်းလေးတင် အားတာဆိုတော့ ရတဲ့အချိန် ချိန်းပြီး သွားကြည့်နေ ရတယ်။ အတော်တော့ မလွယ်ဘူး။ အဆင်ပြေ၊ သင့်တော်တဲ့အခန်း မြန်မြန်ရပါစေ ဆုတောင်းနေရတယ်။ အားလုံး ကျေးဇူးပါ။

မမွန်... ဖုန်းက အိမ်ဖုန်းမဟုတ်ပဲ mobile သုံးတာမို့  မထည့်တော့တာပါ။ :D

Su said...

Nay,

do u need room imme.?
coz some friends coming on Dec16 and all are girls.
they are looking forward to share a room.
if u interested, lemme know. i'll try to contact them and get back to u.if u can use yahoo msgr, aindarayshin@yahoo.com.
thanks

Mr.Pooh @ မောင်ပွတ် said...

ကျွန်တော်လည်း တွေ့ရင် အကြောင်းကြားပါ့မယ်။ စိတ်မပျက်ပါနဲ့။

Anonymous said...

clementi မှာရှိတဲ့အခန်းက ၈၀၀ တဲ့..စိတ်ဝင်စားရင် အဲဒီဖုန်းကိုခေါ်ကြည့်လိုက်ပါ 91010479

Nay Nay Naing said...

အခန်းတစ်ခုတော့ ယူမယ်ပြောလိုက်တယ်။ အဲ့ဒီအခန်း အဆင်ပြေမလား မသိဘူး။ သိပ်မသေချာသလိုပဲ။ မလွယ်ဘူး။ ဆက်ကြည့်ရအုံးမလား မသိဘူး။ ဟင်း.. စိတ်မောတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။