Pages

November 06, 2007

Optical illusion Pictures

မနေ့ ညနေက Tea Break မှာ လက်ဘက်ရည်သောက်လိုက်မိလို့  အိပ်လို့ လည်း မပျော်၊ မောပြီး လူက တုန်တုန်ရင်ရင် ဖြစ်နေရတဲ့ အထဲ Amazing Picture ဆိုလို့  ဘယ်လို ပုံမျိုးလဲဆိုပြီး သိချင်စိတ်နဲ့  ကြည့်လိုက်မိတာ တစ်ခါတည်း ချာချာလည်သွားတယ်။ အဲ့လိုပုံတွေ အင်တာနက်ပေါ်မှာရော သူများပို့ တာတွေရော အများကြီးတွေ့ ဖူးပါတယ်။ ဒါမျိုးပုံတွေကို ကြည့်ရတာ လုံးဝ မကြိုက်ဘူး။ မျက်စိရှုပ်၊ ခေါင်းမူးတယ်။ မူးတဲ့ အရသာကို မကြိုက်လို့  လူကို မူးစေနိုင်တဲ့ အရာ ဘာမှဆိုဘာမှ မလုပ်ပဲနေတယ်။

This is an example of the truth of "Seeing is deceiving."
ဒီနေ့ တော့ အိပ်မရတာနဲ့  ဒီပုံက Animation မဟုတ်ဘူးလို့ ပြောထားတာ မှန်မမှန် သေချာသိရအောင် စမ်းကြည့်ဦးမှဆိုပြီး မျက်လုံး တစ်ဝက်လောက်ပဲ ဖွင့်ပြီး ကြည့်လိုက်တော့ လှုပ်လှုပ်ရွရွတွေကို မတွေ့ ရ တော့ဘူး။ ပုံမှန်အတိုင်း မျက်လုံးအပြည့် ဖွင့် ကြည့်မယ်ဆိုရင် လှုပ်တာတွေ တွေ့ ပြီး မူးသွားမှာသေချာတယ်။ ဒီလိုပုံတွေက တကယ်ဆို ရွေ့ နေတာ မဟုတ်ပဲ ရွေ့ နေတယ်လို့  အမြင်တွေမှားကြတာ ဘာကြောင့်လည်း ဆိုတာ သိချင်လို့  ရှာဖတ်ကြည့်တော့ ဒီလိုရှင်းထားတာတွေ့ ရတယ်။ နောင်တချိန် ပြန်ရှာရလွယ်အောင် မှတ်ထားလိုက်ပါတယ်။

Explanation : Since we live in a 3D world, our mind tries to convert a 2D object into a 3D one. In this optical illusion, we try to make sense of these 2D objects. The shading used is completely incongruous. The eyes lock onto a part of the illustration that looks appropriately shaded but then find it disjointed with shading in other nearby areas. The eyes keep jumping around the drawing trying to map out a 3-D solution that would make the shading illustration make sense, but it never seems to work.

Other Related Links:
123OpticalIllusions.com, IllusionOptical.com

3 comments:

ဒိုင်ယာရီ said...

It is really amazing. I had dizziness after looking at it.

Thanks. Cheers!

thein kyaw said...

IF YOU LOOK AT A POINT, ESPECILLY AT THE CENTRE, IT WILL BE SAME AS NORMAL.YOU CAN CONTROL IT.

Nay Nay Naing said...

Thein >> Thanks alot! Now I know how to view those photos..
Mai Dai Yar Yi>> Thanks for visiting my blog :)