Pages

November 16, 2007

ရှောက်သီးသုတ် နဲ့  ကြာဇံဟင်းခါး

ဗိုက်ဆာလို့  ကွန်ပြူတာထဲမှာရှိနေတဲ့ စားစရာပုံ တွေကြည့်နေတာ ဒီထဲက လုစားခဲ့ရတဲ့ ရှောက်သီးသုတ်၊ ကြာဇံဟင်းခါး နဲ့  ဟို ကြင်စဦး ဇနီးမောင်နှံ အစ်ကိုကြီးနဲ့ မမ စားတဲ့ ဆီချက် ခေါက်ဆွဲနဲ့  လက်ဘက်ရည်ကို စားချင်သောက်ချင်စိတ်တွေ ပေါက်လာတယ်။ နောက်ပိုင်း ရှောက်သီးသုတ်နဲ့  ကြာဇံဟင်းခါးကို အကြိမ် အတော်တော်များများ စားဖူးပေမယ့် အဲ့ဒီတစ်ခါ စားသလောက် စားမကောင်းတော့ဘူး။ အဲ့ဒီတုန်းက ကျွေးတဲ့သူတွေက စေတနာကြောင့် စားကောင်းနေတာ ဖြစ်မှာပါ။ ( နောက်တွေ့ တဲ့အခါ ထပ်ဝယ်ကျွေးချင်စိတ် ပေါက်လာအောင် တမင်ရေးတာ မဟုတ်ပေမယ့် ကျွေးမယ်ဆိုတာကို သိနေပါတယ် :D)

9 comments:

Min Htet said...

မြန်မာ လိုကြိုးစား ပြီးရေးနေ ပါတယ်။ လာဖတ် ပေးပြီး Comment ပေး ပါ ဦး။ မြန် မာ လို ဖတ် လို့ ရ မရ လည်း
သိ လို ပါ တယ်၊www.generationseven.blogspot.com

Anonymous said...

Sis >> Now I am using pseudonym in my new address blog.

နိုင်းနိုင်းစနေ said...

ဟင်း..ဟင်း..ဟင်း...
သွားရည်တွေ စီးကျလာလို့ပါ...
ဒီလိုမြင်ပြီး မစားရတဲ့ ဝေဒနာက ပိုခံရခက်ပါတယ် နေနေး)

ThuHninSee said...

Happy Birthday naynay.

Nay Nay Naing said...

Min Htet>> နာမည်အသစ်နဲ့ ဆိုတော့ ဘယ်သူများလည်းလို့ ။ အစ်ကိုရေ.. အမြဲရောက်ပါတယ်။ Comment ကတော့ ပျင်းနေတာ၊ ရေးဖို့ အဆင်မပြေတာတွေ နဲ့  ချန်မထားဖြစ်တာ များနေတာပါ။

နိုင်းနိုင်း>> မြင်ရ၊ စားရပြီး အရသာမကောင်းတာကလည်း တမျိုး ခံရခက်ပါတယ်။ ဒီနေ့  ပုံတွေကြည့်ပြီး စားချင်စိတ်ပေါက်လို့  သွားဝယ်စားတာ စားလို့  မကောင်းဘူး။ အရသာ လုံးဝ မရှိဘူး။

မမွန်>> ကြိုပြီး ဆုတောင်းပေးထားတာလား :P ကျေးဇူးတင်ပါတယ်။

ThuHninSee said...

ဟယ်..စကားမစပ်..

အဲဒီအစားအသောက်တွေကိုမြင်ဖူးလိုက်တာ။

ရင်းနှိးနေသလိုပဲ။

Nay Nay Naing said...

မြင်ဖူးယုံပဲလား...
စားဖူးတာမဟုတ်ဘူးလား...

MYO HAN HTUN said...

ငါ့ညီမရေ .. အပြင်အဆင်ကတော့ တအားကို Formal ကျလွန်းတယ် .. ပုံကြည့်လိုက်တာနဲ့ .. အလှစားပဲ ဖြစ်ရမယ် .. အ၀စားတော့ မဖြစ်နိုင်ဘူး။ :P .. ဂလု .. ဂလု

Nay Nay Naing said...

ဒါစင်္ကာပူက မြန်မာစားသောက်ဆိုင်မှာလေ။ အဲ့ဒီတုန်းက ဗိုက်အရမ်းဝနေတဲ့ အချိန်မှာ ထပ်စားတာဆိုတော့ အတော်လေး ၀သွားတယ်။ ကိုတိုးလာလည်ရင် ဗိုက်တင်းနေတဲ့အချိန်မျိုးမှာ ဒါမျိုးတွေထပ် ၀ယ်ကျွေးမယ်။ :D