Pages

November 08, 2007

Microsoft Visual Studio 2008 & Open Source Code

ဒီနေ့  Microsoft က Visual Studio နဲ့ ပတ်သက်တဲ့ သတင်းနှစ်ခုကို ဖတ်လိုက်ရတယ်။

1- Visual Studio 2008 နဲ့  .Net Framework 3.5 ကို ဒီလကုန် ( end of november 2007 ) မှာ တရာဝင်ထုတ်မယ် ဆိုတဲ့ သတင်းပါ။ Visual Studio 2008 (Beta Version) ကို ဒေါင်းလုတ်လုပ် အသုံးပြုခွင့်ပေးနေတာတော့ လအတော်ကြာနေပါပြီ။ Beta Version ထွက်စ July လတုန်းက စိတ်ဝင်စားတာနဲ့  ပိုစ့်တစ်ခု (Visual Studio 2008 , .NET 3.5 reach Beta 2) ရေးဖြစ်ခဲ့သေးတယ်။ ခုတော့ တရာဝင် ထွက်လာတော့မယ်ပေါ့။ Version အသစ်အသစ်တွေက ထွက်တာ မြန်သလားတော့ မမေးနဲ့ ။ အခု လက်ရှိ Studio 2005 သုံးနေသူတွေထဲက ဘယ်လောက် % လောက် 2008 ကိုပြောင်းသုံးကြမလဲမသိဘူး။
Source : Microsoft sets date for Visual Studio 2008

2- နောက်သတင်းတစ်ခုက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ Visual Studio Source Code ကို Open လုပ်ပေးမယ် ဆိုတဲ့ သတင်းပါ။ အားလုံးကို ဖွင့်ပေးမှာတော့ မဟုတ်ဘူး။ Microsoft ရဲ့ Top Partners တွေကိုပဲ ဖွင့်ပေးမှာပါ။ debugging purposes အနေနဲ့  ဖွင့်ပေးတာ ဖြစ်တယ်လို့ ဆိုထားတယ်။ အဲ...licensing restriction ကိုလဲ ဖြုတ်ပေးမယ်တဲ့။ အရင်က Visual Studio development kit ကို Microsoft Platform မှာပဲ အသုံးပြုခွင့် ရှိတာပါ။ ခု အဲ့ဒီ ကန့် သတ်ချက်ကို ဖြုတ်လိုက်ရင် တခြားသူတွေက Visual Studio Application နဲ့  extensions တွေကို တခြား OS တွေမှာ လွတ်လွတ်လပ်လပ် ရေးသားနိုင်ပြီးလို့  ဆိုထားတယ်။ စိတ်ဝင်စားစရာပဲ။ ဘာတွေဖြစ်ဦးမလဲတော့ စောင့်ကြည့်ရတော့မှာပေါ့။
Source : Microsoft To Open Visual Studio Source Code to Top Partners

Credit to THKZ

No comments: