Pages

November 16, 2007

Migrate your domain email address to Google

ကိုယ်ပိုင် Domain နဲ့  အီးမေးကိုသုံးလည်း သုံးချင်၊ ကိုယ်တိုင် Maintain လုပ်ရမှာ စိတ်မရှည်၊ အီးမေး အတွက် အကုန်အကျ မခံချင်သူတွေအတွက် အသုံးဝင်တဲ့ Information တစ်ခုပါ။ Google Apps Service အကြောင်းကို အတော်များများလည်း သိပြီးရမယ် ထင်ပါတယ်။


အဲ့ဒီမှာ ကိုယ်ပိုင် Domain ရှိရင် Google Apps မှာ signup လုပ်ပြီး MX records ကို Google ကို point လုပ်လို့ ရတဲ့အကြောင်း နဲ့  ဘယ်လို Setup လုပ်ရမယ်၊ ဘာတွေ အားသာချက်တွေရှိတယ် ဆိုတာကို ရေးထားပါတယ်။ အားနည်းချက်တွေနဲ့  တခြားသူတွေရဲ့ အမြင်တွေကိုလည်း အဲ့ဒီပိုစ့်က Comments မှာ ဖတ်လို့ ရပါတယ်။

ကိုယ်ပိုင် Domain Name နဲ့  Google Apps ကို သုံးမယ်ဆိုရင် Email အပြင် Google ရဲ့ တခြား serive တွေဖြစ်တဲ့ Google Docs and Spreadsheets, Google Calendar, Google Talk စတာတွေကိုပါ သုံးလို့ ရမှာပါ။ Email အနေနဲ့ ကတော့ Free ပေးတဲ့ Standard Edition မှာ အခု ကျွန်မတို့  free သုံးနေတဲ့ Gmail storage size အတိုင်း ရမှာပါ။ Premier Edition ဆိုရင်တော့ 25 G (အခုလက်ရှိ) ရမှာပါ။ Premier Edition ကို သုံးမယ်ဆို user တစ်ယောက်ကို တစ်နှစ်ကို US$50 ပေးရပါ့မယ်။ 24/7 tech support နဲ့ 99.9% uptime guarantee လို့ ဆိုထားတော့ သင့်တင့်တဲ့ဈေးနှုန်းလို့  ဆိုရမယ်။ ကုမ္ပဏီအီးမေးကို ကိုယ်ပိုင် email server နဲ့ သုံးတာ ကုမ္ပဏီအကြီးတွေအတွက် ကောင်းပေမယ့် အသေးတွေ အတွက်တော့ မလိုအပ်ဘူး ထင်ပါတယ်။ အလုပ်မှာ email server ပြဿနာတတ်လို့  ပို့ မရတာ၊ ဟိုကပို့ လိုက်တာတွေ ရောက်မလာတာ၊ ကိုယ့်ကပို့ တယ် ဒီမှာလည်း အထွက်ပြတယ် ဒါပေမယ့် ဟိုကိုမရောက် .. အမျိုးမျိုးသော ပြဿနာတွေကို ကြုံဖူးရင် ဘယ်လောက်စိတ်ညစ်ရလည်း သိကြမှာပါ။ စိတ်ချရတဲ့ ဒီလို Google က service ကို ၀ယ်သုံးမယ်ဆို Email ပြဿနာတတ်မှာ မပူ ရတော့ဘူးပေါ့။ ရေးရင်း ရေးရင်း Google ကို ကြော်ငြာပေးသလိုတောင် ဖြစ်နေပြီ ထင်ပါတယ်။ :D

ဒါနဲ့  Google Apps Premier Edition ဟာ PC World Magazine က ရွေးချယ်တဲ့ The 100 Best Products of 2007 မှာ No. 1 ရထားပါတယ်။ Google Apps မှာ Education Edition ဆိုပြီး လည်းရှိသေးတယ်။ အသေးစိတ် သိချင်ရင်တော့ Google Apps မှာ ဖတ်ကြည့်နိုင်ပါတယ်။

Credit to forrestgump from MMGeeks
Related Links:
Google Apps [Wiki] , Google Apps[Google]

No comments: