Update: 05 November 2007
မနေ့ က ( 4th Nov 2007) မနက် ၇ နာရီက ညနေ ၅ နာရီလောက် အထိအလုပ်လုပ်ပြီး အိမ်ပြန်ရောက်တော့ ခေါင်းအ၇မ်းကိုက်နေတယ်။ ရေမြန်မြန်ချိုးပြီး ဆေးသောက် အိပ်လိုက်ရတယ်။ တရေးနိုးမှာ သက်သာသွားလို့  တော်သေးတယ်။ အဲ့လို ခေါင်းမကိုက်တာ အတော်ကြာနေပြီ။ အလုပ်ပင်ပန်းပြီး အအေးမိသွားတာကြောင့် ဖြစ်မယ်ထင်တယ်။ ဒါနဲ့  ခေါင်းကိုက်နေတဲ့ အချိန်မှာ အဆင်မပြေတဲ့ စကားတွေကြားရရင် ဘယ်လိုမှ သည်းငြီးမခံနိုင်ဘူး။ ပူညံပူညံအသံတွေ၊ ထေ့လုံးငေါ့လုံးတွေ မကြားချင်လို့  တစ်ယောက်တည်း သည်းသန် ဖြစ်အောင် ကြိုးစားနေတာတောင် အဲ့ဒီအသံတွေက မလွတ်နိုင်ပါလားနော်။
မနေ့ က အလုပ်ကိစ္စတွေ ရေးမယ် စိတ်ကူးပေမယ့် ခုတော့ အသေးစိတ် ရေးချင်စိတ် မရှိတော့ပါ။ ဒါပေမယ့် ရှားရှားပါးပါး တနင်္ဂနွေ တစ်ရက်လုံး မနက် ၇ မှာ အလုပ်ရောက်အောင်သွားရပြီး တစ်နေကုန် အလုပ်ရှုပ်တဲ့ နေ့ ဆိုတာကိုတော့ မှတ်ထားလိုက်ဦးမယ်။ ပုံမှန် Release တွေဆို Deployment နဲ့  Testing ပါ အပြီးအစီး ၅ နာရီလောက်ပဲ ကြာတတ်ပေမယ့် အခုဟာကတော့ v.2.33 ကနေ v.2.40 အသစ်ထုတ်တာဆိုတော့ Deployment က တစ်ရက် ( Sat - 3:00 PM to 8:30 PM) နဲ့  Testing တစ်ရက် ( Sun : 7:00 AM to 5:00 PM) လုပ်လိုက်ကြရတယ်။ ဘာမှ ပြဿနာကြီးကြီးကျယ်ကျယ်မတတ် အားလုံးအဆင်ပြေပြေ ပြီးသွားတဲ့အတွက် ၀မ်းသာမိတယ်။
No comments:
Post a Comment