တကယ်ဆို Website တွေ၊ Web Application တွေရေးတဲ့အခါ Cross Platform Browser Independent ဖြစ်ဖို့  လိုပါတယ်။ ဟိုးအရင်ကဆို Website အတော်များများက ဘယ် Browser, ဘယ် version ကိုသုံးမှ ကြည့်လို့  ရမယ် ဆိုတာမျိုး အမြဲတွေ့  ရတယ်။ ခုနောက်ပိုင်းတော့ အရင်ကထက် စာရင်တော့ အင်တာနက်ပေါ်က websites တွေဟာ Browser Independent လာတာကို တွေ့ ရတယ်။
အခု ကျွန်မ တွေ့ တဲ့ Browsershots က အခု လက်ရှိအနေနဲ့  တော့ Linux, Windows , Mac OS တွေမှာ သုံးတဲ့ Browser တချို့ နဲ့  စမ်းသပ်လို့ ရပါတယ်။ Screen size, Color depth, Javascript, Java , Flash တွေပေါ် မူတည်ပြီးလည်း စမ်းသပ်လို့ ရပါတယ်။ စမ်းရတာလဲ လွယ်ပါတယ်။ ကိုယ့်ရဲ့ Webpage URL လေးကိုထည့်လိုက်ပြီးရင် process လုပ်နေတယ်ဆိုပြီး Page တစ်ခုရပါမယ်။ Process လုပ်တာ နည်းနည်းကြာတော့ သူပေးတဲ့ လင့်ကို မှတ်ထားလိုက်ပြီး ၁၀ - ၂၀ မိနစ် လောက်ကြာတော့မှ အဲဒီလင့်ကို ပြန်ခေါ်ကြည့်လို့ ရပါတယ်။
Browsershots makes screenshots of your web design in different browsers. It is a free open-source online service created by Johann C. Rocholl.ကျွန်မ ဘလော့ကို စမ်းကြည့်လိုက်တယ်။ ကျန်တဲ့ Browser တွေမှာ မြန်မာစာလုံးမရှိရင်မမြင်ရတာကလွဲရင် တခြားဟာတွေ အဆင်ပြေပေမယ့် safari နဲ့  အဆင်မပြေဖြစ်နေတာတွေ့ ရတယ်။ အရင်တခါ safari နဲ့  စမ်းတုန်းက အဆင်ပြေပြေ မြင်ရပါတယ်။ အခု အဆင်မပြေဘူးဆိုတော့ ဒီကြားထဲ ပြင်လိုက်တဲ့ Code တွေမှာ ဘာတွေမှားသွားလဲ မသိဘူး။ အခုတော့ မပြင်အားသေးလို့ ဒီတိုင်းပဲ ထားလိုက်ဦးမယ်။ safari နဲ့  ကျွန်မ ဘလော့ကို ကြည့်တဲ့သူလည်း သိပ်ရှိမယ်လဲ မထင်ဘူးလေ။ နောက် အားတဲ့ တစ်ရက်ကြမှပဲ ပြန်စမ်းပြီး ပြင်ကြည့်တော့မယ်။
ဒါနဲ့  Webpage တွေကို Screen Size အလိုက် Test လုပ်ချင်တယ် ဆိုရင်တော့ Anybrowser က ScreenSizeTest Page ကို သုံးပြီးလည်း လွယ်လွယ်ကူကူ စမ်းကြည့်လို့ ရပါတယ်။Source: browsershots.org
No comments:
Post a Comment