Pages

August 31, 2006

Listen to a PDF file

ဒီနေ့  သူငယ်ချင်း တစ်ယောက်ကပြောပြလို့  pdf file ထဲမှာ ရေးထားတာတွေကို နားထောင်လို့ ရတယ်ဆိုတာ သိလိုက်ရတယ်။ ကျွန်မ အဲ့လို နားထောင်လို့  ရတယ်ဆိုတာကို အရင်က လုံးဝမသိဘူး။ ဒီနေ့ မှပဲ သိတော့တယ်။ စမ်းကြည့်တော့ မဆိုးဘူး။ တစ်ခြား ဘာမှ install လုပ်စရာ မလိုပဲ နားထောင်လို့ ရတယ် ဆိုတာ တော်တော် မိုက်တယ်။ မြန်မာလို ရေးထားကို ဆိုရင် ဘယ်လို နေမလည်းလို့  စမ်းကြည့်လိုက်သေးတယ်။ နားထောင်လို့  မရဘူး။ သူတို့  မြန်မာလို ရေးထားတာတွေကိုမှ နားမလည်တာ။ ကျွန်မ စမ်းကြည့် သလောက်တော့ အင်္ဂလိပ်လို ရေးထားတာတွေ ကိုတော့ သေချာနားထောင်လို့ ရတယ်။ စာဖတ်ပျင်းတဲ့ သူတွေ အတွက်တော့ အတော်ကောင်းတဲ့ feature တစ်ခုပဲ။ တစ်ခုတော့ရှိတယ်။ ဖတ်ပြတဲ့ သူရဲ့အသံကြီးကိုတော့ ကျွန်မ မကြိုက်ဘူး။ အသံကောင်းကောင်းလေးနဲ့  ဖတ်ပြတယ်ဆို ဘယ်လောက်များ ကောင်းလိုက်မလဲ။

ဒါလေးကို စမ်းကြည့်ပြီး၊ နောင်တစ်ချိန် ချိန်မှာ.. ဘယ်သူကများ မြန်မာလိုရေးထားတဲ့ file တွေကို နားထောင်လို့ ရအောင် တီထွင်မလဲ ဆိုတာကိုလည်း သိချင်နေပြန်တယ်။ အဲ့လို တီထွင်မယ့်လူဟာ ကျွန်မ မဟုတ်ဘူးဆိုတာ ကိုလည်း ကျွန်မ အသေအချာသိနေ ပြန်ပါတယ်။

You can listen to any PDF file instead of reading. Note that this feature works with Adobe Acrobat Reader 6.0 or 7 .0, and the short cut is:

* Ctrl+Shift+B - to hear the entire document
* Ctrl+Shift+V - to hear the page
* Ctrl+Shift+C - to resume
* Ctrl+Shift+E - to stop

If the audio is not clear for hearing/understanding or because the voice is slow or fast, you can adjust the diction using the adjustment in Voice Speed of Text to speech tab from Settings > Control Panel > Speech.

August 30, 2006

ရန်ကုန်တက္ကသိုလ် ပင်မအဆောက်အဦး ရောင်းချခြင်း

တစ်ကယ် စိတ်ကုန်တယ်။ ဘာလို့ လည်းဆိုတာတော့ ဒီ မှာ ဖတ်ကြည့်ကြပါ။ ဒါတစ်ကယ်ပဲလား။ ဒီကိစ္စတွေ ကြားနေတာတော့ ကြာပြီ။ ဒါတကယ်ပဲဆို ဒီတစ်ခုနဲ့ ရပ်မယ် မထင်ဘူး။ နောက်ဘာတွေများ ရောင်းဦးမလဲ။ ရန်ကုန်မှာ အထင်ကရ နေရာတွေ အများကြီး ကျန်သေးတယ်။ အကုန်လုံးများ ရောင်းတော့မှာလား။ ဒါတွေကို ဘယ်သူတွေကမှ မတားဆီးနိုင် ကြတော့ဘူးလား။ မတားဆီးချင်ကြတော့ ဘူးလား။

ငါကိုယ်တိုင်ကရော။ မနှစ်သက်ပေမယ့် တွန်းလှန်ဖို့  မဝင့်ရဲ သူတစ်ယောက်လား။ ငါတို့  နိုင်ငံမှာ ငါလို လူတွေ က အများစုဖြစ်နေတယ် ထင်ပါရဲ့။ ငါတို့ အတွက် ဘာလို အပ်နေလဲ။

ဒီအတိုင်း ဆက်သွားနေမယ် ဆိုရင် .......




Source : DVB

August 28, 2006

Watched Movies at Weekend

ဒီအားလပ်ရက် ဘလောခ့်တောင် မဝင်ဖြစ်ဘူး ဖြစ်သွားတယ်။ ဒီနှစ်ရက်လုံး ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်ပြီး ကြည့်နေတာ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော် လောက်ကဆို အလုပ်လုပ်ရတဲ့ ရက်တွေမှည ညတိုင်း ရုပ်ရှင်တွေ ဒေါင်းလုပ်လုပ်တယ်၊ နောက် အားလပ်ရက် ရောက်ရင် အဲ့ဒီဟာတွေ ကြည့်တယ်။ ရုပ်ရှင်ကြိုက်လွန်းလို့  တော့ မဟုတ်ဘူး။ ကျွန်မ ရုပ်ရှင်ကြည့်တယ် ဆိုတာကလည်း တစ်နေရာတည်း ထိုင်ပြီး ကြည့်နေတာ မဟုတ်ဘူးလေ။ လုပ်စရာရှိတာတွေ လုပ်ရင်း ကွန်ပြူတာနဲ့  ရုပ်ရှင်ကို ဖွင့်ထား လိုက်တာ။ တစ်ချို့  ရုပ်ရှင်တွေဆို ဇတ်လမ်းကို သေချာသိဖို့ ဆို့  အနည်းဆုံး နှစ်ခါ၊ သုံးခါလောက်ကြည့်မှ သိတယ်။ ဟိုလုပ်ဒီလုပ်နဲ့ ဆိုတော့ ရုပ်ရှင်ကသာ ပြီးသွားတယ်၊ ကျွန်မကတော့ ဘာတွေပြသွားမှန်း မသိလိုက်ဘူး။ အဲ့ဒီတုန်းကဆို တစ်ပတ်ကို မနည်းဆုံးတော့ ရုပ်ရှင် ၄ကား၊ ၅ ကားပြီးအောင် ဒေါင်းလုပ် လုပ်လေ့ရှိတယ်။ နောက်ပိုင်း ကျွန်မရဲ့ အစ်ကို ဒီရောက်လာတော့ ရုပ်ရှင်တွေ ဒေါင်းလုပ် မလုပ်ဖြစ်တော့ဘူး။

ပြီခဲ့တဲ့ အပတ်က ဒေါင်းလုပ် လုပ်ဖို့ လိုတဲ့ software တွေကို ပြန် install လုပ်ပြီး ရုပ်ရှင်တွေ ဒေါင်းလုပ် လုပ်ဖြစ်ပြန်တယ်။ ဒါနဲ့  ဒီင်္အားလပ်ရက်တော့ ရုပ်ရှင် ကြည့်ဖြစ်တယ်။ မဆိုးဘူး၊ မကြည့်တာ ကြာလို့  လားမသိဘူး ခုပြန်ကြည့်ဖြစ်တော့ စိတ်ဝင်တစားနဲ့  အားလုံးပြီးအောင် အစ၊အဆုံး ကြည့်ဖြစ်တယ်။ စနေ နေ့ ကြည့်လိုက်တာ ဒေါင်းလုပ် လုပ်ထားတဲ့  English ကားတွေ ကုန်သွားတယ်။ ၂ ကားပဲ ဒေါင်းလုပ် လုပ်ထားမိတာကို။ ဒါနဲ့  မနေ့ ကတော့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုကို website က ဒေါင်းလုပ် ပြီးကြည့်ဖြစ်သွားတယ်။ ကျွန်မက ကိုရီးယား ဇာတ်လမ်းတွဲ တွေကို သိပ်မကြိုက်ဘူး။ ဒါပေမယ့် မနေ့  ကကြည့်တဲ ဇတ်လမ်းတွဲကိုတော့ နည်းနည်း သဘောကျသွားတယ်။ နောက်မှ ကျွန်မ နဲ့  ကိုရီးယား ဇတ်လမ်းတွေ အကြောင်း စိတ်ပါရင် ရေးဦးမယ်။

အချိန်ကုန်တာကလည်း၊ မြန်လိုက်တာ။ အားလပ်ရက် နှစ်ရက်ဆိုတာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ ရုပ်ရှင် ကြည့်စရာတွေက ကျန်သေးတယ်။ ကြည့်ချင်တဲ့ကားတွေ အများကြီးတွေ့ ထားတယ်။ ခုလည်း အလုပ်မှာ၊ အလုပ်လုပ်ရဦးမယ်။ ဒီအလုပ်ဖွင့်ရက် တွေတော့ ရုပ်ရှင်တွေ ကြည့်နိုင်မယ် မထင်ဘူး။ ဒေါင်းလုပ်လောက်တော့ လုပ်နိုင်ကောင် ပါရဲ့။ နောက်တစ်ပတ် အလုပ်ပိတ်ရက်မှပဲ ကြည့်တော့မယ်။

August 24, 2006

Singapore News: Personalised Employment Pass (PEP)

ကျွန်မရဲ့ အစ်ကို တစ်ယောက်က ပြောလို့  ဒီမှာ အလုပ်လုပ်တဲ့ သူတွေအတွက် pass နောက်တစ်မျိုး ထပ်ပေးမယ် လို့  သိရပါတယ်။

ကျွန်မ ဒီကို စရောက်တော့ WP, EP Q1 , EP Q2, EP P ဆိုပြီး ရှိခဲ့တယ်။ နောက်တော့ EP Q1 ကို ဖြုတ်ပြီး S Pass ဆိုတာကို လုပ်တယ်။ ခုနောက်တစ်ခု PEP ဆို ထပ်လုပ်ပြန်ပြီ။ ကျွန်မ ရဲ့ အစ်ကို ပေးတဲ့ လင်ခ့်က စာတွေကို ဒီမှာ ထပ်ဆင့်ဖော်ပြ လိုက်ပါတယ်။ အသေးစိတ်သိချင်ရင် ဖတ်လို့ ရအောင် MOM က လင်ခ့်ကိုပါ ဒီပိုစ့်မှာ ပေးထားလိုက်ပါတယ်။ နောက်အချိန်ရမှ ကျွန်မသိတဲ့ ဒီမှာ လျှောက်လို့ ရတဲ့ pass တွေ အကြောင်းရေးပါဦးမယ်။ ခုအလုပ်မှာဆိုတော့ ဒီလောက်ပါပဲ။

Personalised Employment Pass from January to attract and retain foreign talent
A new scheme has been announced to help Singapore better attract and retain global talent.
From January next year, foreigners who have been working here for a few years and earn at least $30,000 a year will be eligible for a new Personalised Employment Pass (PEP).
The Manpower Ministry says with the new pass, the foreign talent will no longer be tied to an employer.
It would be issued based on the workers' own merits and they do not need to reapply for a new one when they change jobs.
The pass, which is valid for 5 years and non-renewable, allows them to stay in Singapore for up to 6 months in between jobs.
Current P1, P2 and Q1 employment pass holders who meet the criteria can apply for the new pass.
For other foreign workers who are not eligible, the current employment pass will remain. - CNA/ir

ChannelNewsAsia : Personalised Employment Pass from January to attract and retain foreign talent
Ministory Of Manpower : Specifics on the PEP

August 23, 2006

23 August 2006 - ဒီနေ့  ကြုံတွေ့ ရသမျှ

အလုပ်မှာ ဒီနေ့  မန်နေဂျာမ ကမေးတယ်။ အလုပ်ထွက်မှာ သေချာသွားပြီလားတဲ့။ သြော် ခက်ပါလားနော်။ ထွက်စာတင်ပါတယ်ဆို မှတော့ အလုပ်ထွက်မှာ သေချာလို့ ပေါ့။

သူထူးထူးဆန်းဆန်း မေးတာလေးကို ပြောရဦးမယ်။ မပြောခင် ဒီက ထုံစံလေး တစ်ချို့ ပြောပြမယ်။ ဒီမှာ အလုပ်ထွက်ချင်ရင် ချက်ချင်းထွက်လို့  မရဘူး။ ဒီလိုပဲ ကြိုပြောပြီးမှ ထွက်လို့ ရတယ်။ ခု ကျွန်မ လက်ရှိ အလုပ်က အလုပ်ထွက်မယ်ဆို ၂ လ ကြိုပြောရမယ်။ ဥပမာ စက်တင်ဘာ ၁ ရက်မှာ ထွက်စာတင်ရင်၊ ဒီဇင်ဘာ ၁ ရက် အထိ ဒီအလုပ်မှာ လုပ်ရမယ်။ နိုဝင်ဘာလ ၁ ရက်နေ့ မှာ အလုပ်မလာချင်တော့ဘူးဆိုရင် သူတို့ ကို ၁ လစာ လျှော်ကြေးပေးရမယ်။ ကျန်တဲ့ နိုင်ငံတွေတော့ မသိဘူး ဒီမှာကတော့ အဲ့လိုပဲ။ တစ်ချို့  အလုပ်တွေမှာတော့ ၁ လ ပဲကြိုပြော ရတယ်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်လုပ်တဲ့  အလုပ်မှာဆို ၃ လ တောင် ကြိုပြောရတယ်တဲ့။ တော်တော် မလွယ်တဲ့ နိုင်ငံပဲ။ ဒါပေမယ့် ခွင့်လက်ကျန်တွေ ရှိသေးရင်တော့ ကျန်တဲ့ ခွင့်ရက်နဲ့ တွက်ပြီး စောထွက်လို့ ရတယ်။

ကျွန်မအလုပ်ထွက်စာမတင်ခင်က မန်နေဂျာကို သွားမေးတယ်။ ကျွန်မမှာ ခွင့်ရက် ၁၂ ရက်လောက် ကျန်သေးတယ်၊ ထွက်စာတင်ရင် အဲ့ဒီ ရက်တွေတွက်ပြီး စောထွက်လို့  ရမလားပေါ့။ အဲ့ဒီတော့ သူက ဘာပြန်ပြောလဲ၊ သိလား။ စောထွက်ခွင့် မပြုနိုင်ဘူးတဲ့လေ။ စာချုပ်မှာ ၂ လ ကြိုပြောရမယ်ဆို ထွက်စာတင်ပြီး နောက်၂ လ ပြည့်တဲ့ နေ့  အထိ ဒီမှာ လုပ်ရမယ်တဲ့။ ကျန်တဲ့ ခွင့်ရက်တွေကို ပိုက်ဆံပေးမယ်တဲ့။ ဒါအလုပ် ပြောင်းလို့  မရအောင် တမင်လုပ်တာ။ ဒီမှာက အလုပ်လျှောက်ရင် အလုပ်အသစ်က အလွန်ဆုံး ၁လ လောက်ပဲ စောင့်ချင်ကြတာ။ ကိုယ့်ဟာကို လျှော်ထွက်ဖို့  ဆိုတာကလည်း တော်တော်မလွယ်တဲ့ ကိစ္စ။ အလုပ်အသစ်က လခက ဒီလက်ရှိအလုပ်ထက် ၂ဆ လောက်ရ ရင်တော့ ၊ ဘာအရေးလဲ၊ လျှော်ထွက်မှာပေါ့။ လခ ၂ဆ တိုးရဖို့  ဆိုတာက ခက်တယ်။ အလွန်ဆုံးတိုးလှ ၇၀၀/၁၀၀၀ ပေါ့။ ဒီတော့ ဘယ်သူမှ လျှော်ထွက်လေ့ မရှိကြဘူးလေ။ ဒီတော့ ကျွန်မလည်း ထွက်စာတင်ခဲ့ တယ်လေ။

အဲ့ဒီတုန်းက သူတို့  က ကျွန်မ အလုပ်အသစ် အရင်လျှောက်တာ ရပြီး၊ ထွက်စာလာတင်တယ် ထင်နေတယ်နဲ့  တူတယ်။ ကျွန်မရဲ့ ခွင့်တွေကို သုံးခွင့် မပေးဘူး။ ဒါပေမယ့် ကျွန်မ အဲ့လို မှ မဟုတ်တာ။ ထွက်စာ အရင်တင်ပြီး၊ နောက်မှ အလုပ်ရှာမှာ။ မိုက်တယ်ပဲ ပြောမလား။ ၂ လ အပြည့် အလုပ်လုပ်ရမယ်ဆိုတော့ စိတ်တိုတိုနဲ့  ထွက်စာ ကောက်တင်လိုက်တာ။ မထူးဘူးလေ။ ထွက်မယ်က ဆုံးဖြတ်ထားပြီပဲ။ အရမ်းမက်မော စရာလည်း ဒီအလုပ်မှာ ဘာမှ မရှိတာ။

အင်း ခုမှ ပြောချင်တဲ့ ကိစ္စ ရောက်တော့ တယ်။ နိဒါန်ပျိုးနေတာ တော်တော်များသွားတယ်။ ဒီနေ့  မန်နေဂျာ က မနက်စောစော အလုပ်ရောက်ရောက်ခြင်း ဘာပြောလည်း ဆိုတော့ ကျွန်မဘာတွေ လုပ်ဖို့  စိတ်ကူးထားလဲက စ မေးတယ်။ သူ့ ကိစ္စမှမဟုတ်တာ၊ ကျွန်မလည်း ဖြေချင်စိတ် သိပ်မရှိတာနဲ့  ဘာကိုမေးတာလဲလို့  ထပ်မေးလိုက်တော့ အလုပ်ရပြီလားတဲ့။ ကျွန်မက ဒီအလုပ်မှာ နောက်ဆုံးကျွန်မ လုပ်ရမယ့် နေ့ ကိုပြောပြီး၊ ငါ အဲ့ဒီနေ့ အထိ ဒီမှာ လုပ်ရဦးမယ်လို့ ၊ အဲ့ဒီနေ့  ပြီးရင်တောင် ငါက အလုပ် အသစ်ချက်ချင်း ဝင်ချင်မှ ဝင်မှာ ၊ ငါ့နိုင်ငံ ခဏပြန်ရင်ပြန်မှာ၊ ခု အလုပ် ရှာတောင်မရှာ သေးဘူးလို့  ပြောလိုက်တယ်။ သူက ထပ်မေးတယ်။ အလုပ်ရ သေးဘူးလားတဲ့။ ကျွန်မလည်း သေချာအောင်ထပ်ပြောလိုက်တယ်။ စပြီး ရှာကို မရှာသေးတာလို့ ။ အဲ့ဒီတော့ ဘာပြောလည်း သိလား။ ဟင်း... ကျွန်မကို လိုချင်တယ်ဆို ခွင့်တွေကို သုံးပြီး အလုပ်ကနေ စောထွက်ခွင့် ပြုပါတယ်တဲ့။ ဘယ်နေ့ မှာ ထွက်လို့  ရတယ်ပေါ့။ ကျွန်မလည်း ဟုတ်လား။ ကျေးဇူးပဲပေါ့။ ပြီးတော့ ဘာဆက်ပြောလည်း ဆိုတော့ သူတို့  ဒီအလုပ်မှာ ကျွန်မလုပ်နေတဲ့ အလုပ်တွေကို ကျွန်မတစ်ယောက်ပဲသိတယ်၊ နောက်ပြီး ဒီဟာကလည်း ပြီးတော့မှာ ဆိုတော့ နောက်ထပ် လူသစ်လည်း ထပ်မငှါးချင်ဘူး၊ အရမ်း အရေးမကြီးရင် နိုင်ငံမပြန်ပဲ ဒီမှာ အချိန်ပိုင်းဆက် လုပ်ပေးပါပေါ့။ ကျွန်မလည်း သူပြောတာ နားထောင်ပြီး တော်တော် အူကြောင်ကြောင်ဖြစ်သွားတယ်။ ခွင့်ကို သုံးပြီး စောထွက်ခွင့် ပြုတယ်လည်းပြောသေးတယ်၊ ပြီးတော့ အချိန်ပိုင်း ဆက်လုပ်ပေးပါလည်း ပြောသေးတယ်။

ဒီမှာ တစ်ခုပြောဖို့ ရှိတာက ဒီအလုပ်မှာ အချိန်ပိုင်းဆိုတာ မနက် ၈ နာရီ၊ ညနေ ၆ နာရီ အထိလုပ်ကြတာ။ လခ နဲ့  မပေးပဲ နာရီနဲ့ တွက်ပေးတာလေ။ မလာတဲ့ နေ့  လခမရဘူး။ ကျွန်မ တစ်ခြားသူတွေ အချိန်ပိုင်း လုပ်တာ မြင်နေတာက တော့ အဲ့လိုပဲ။ ကျွန်မလည်းပြောလိုက်တယ် ငါက အလုပ်ရ ရင် ဘယ်လို လုပ် ဒီမှာ အချိန်ပိုင်းလာလုပ်နိုင် မလဲ လို့ ။ အဲ့ဒီ တော့ သူကပြောတယ် မရခင် လာလုပ်ပါတဲ့။ ဖြစ်နိုင်ရင် ဒီမှာ အချိန်ပိုင်း ၃ လလောက်လုပ်စေချင်တယ်တဲ့။ သူဒါလေးပဲ တောင်းဆိုချင်ပါတယ်ပေါ့ ။ ပြီးတော့ ချက်ချင်းအဖြေ မပေးပါနဲ့ ဦးတဲ့၊ စဉ်းစားပါဦး၊ နောက်မှ သူ့  ကို အဖြေပေးပါတဲ့လေ။

ဒီနေ့  တစ်နေ့ လုံး ကျွန်မ စဉ်းစာကြည့်နေတယ်။ ဒီလောက် လုပ်စေချင်နေရင် ဘာလို့  ခွင့်တွေကို သုံးပြီး စောထွက်ခွင့် ပြုတာလဲ။ ကျွန်မရဲ့ ခွင့်တွေကို သုံးခွင့်ပေးရင် ကျွန်မက ဒီအလုပ်ကနေ ၃ပတ်လောက် စောထွက်လို့  ရတာ။ ပြီးတော့ ဖြစ်နိုင်ရင် နိုင်ငံမပြန်သေးပဲ ဒီက ဟာတွေ ပြီးအောင် လုပ်ပေးပါတဲ့။ ဒါဆို ကျွန်မ ဒီကနေ ခွင့်တွေသုံးပြီး အလုပ်စော ထွက်ခွင့် ပေးတယ် ဆိုတာ ဘာလဲ။ ကျွန်မ အတွက်တော့ ဘာမှ အကျိုးမရှိဘူးလိုပဲ။ ဒါပေမယ့် သူတို့  အတွက်တော့ ထူးတဲ့ပုံပဲ။ ကျွန်မ အချိန်ပိုင်း သာဒီမှာ လုပ်မယ်ဆိုရင် သူတို့  ကျွန်မကို ပေးရတဲ့ လခ အများကြီး သက်သာသွားပြီ။ ဘယ်နည်းနဲ့ မှ ကျွန်မ ခုရနေတဲ့ လခလောက်ကို ပေးမှာ မဟုတ်ဘူး။ အချိန်ပိုင်းလုပ်တယ်ဆိုတာ ပုံမှန်လုပ်သလောက်တော့ ဘယ်ပေးပ မလဲ။ တစ်ခြားသူတွေ တုန်းကလည်း ဒီလိုပဲ ပုံမှန် လခထက် အများကြီး လျှော့ပေးတာပဲ။ တော်တော်ကောင်းတဲ့ အိုင်ဒီယာပဲနော်။

အား.. ဒီလောက်ပဲ တော်ပြီ။ ရေးရတာ တော်တော်ပင်ပန်းသွားပြီ။ ဘာလုပ်ရမလဲ နောက်မှ စဉ်းစားပြီး ဘာတွေဖြစ်လဲ နောက်မှ ရေးတော့မယ်။ ကောင်းသော ညပါ။

Bob Dylan - The Times they are A-changin' -1965

Bob Dylan ကို ကြိုက်နှစ်သက်သူ နားဆင်ဖို့ ...ဒီဗားရှင်းက 1965 ကဆိုထားတာနော်..

BlackMoore's Night ရဲ့ MTV ကို ရှာနေတာတော့ မရသေးဘူး။ YouTube မှာရှာကြည့်တာတော့ ကျွန်မလိုချင်တဲ့ ဗားရှင်းမရဘူး ဖြစ်နေတယ်။ နောက်တွေ့ မှပဲ ဒီမှာ လာပိုစ့်လုပ်တော့မယ်။

August 22, 2006

Times They Are A Changin'

ကျွန်မ ကြိုက်တဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီသီချင်းကို လွန်ခဲ့တဲ့ ၅ နှစ် လောက်က စတင် နားထောင်ဖြစ်ခဲ့ တာပါ။ ဒီသီချင်းကို ပြန်နားထောင်ဖြစ်တိုင်း သူငယ်ချင်းတွေကို အသိရမိတယ်။

၂၀၀၁ နွေရာသီ ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ အတူ စုနေကြတဲ့အချိန်၊ သီချင်းအရမ်းကြိုက်တဲ့ သူငယ်ချင်း တစ်ယောက်က အဲ့ဒီ အခွေကိုဝယ်လာတယ်။ အဲ့ဒီမတိုင်ခင်ကတော့ ကျွန်မတို့  သူငယ်ချင်တစ်စုလုံး ဘယ်သူမှ BlackMoore's Night ဆိုတာကို မကြားဘူးခဲ့ကြဘူး။ ဒါပေမယ့် သူ ဝယ်လာတဲ့ အခွေကိုယူပြီး နားထောင်ရင်းကနေ အဲ့ဒီ အခွေလေးကို ကြိုက်သွား ခဲ့တယ်။ အဲ့ဒီအခွေမှာ MTV တစ်ပုဒ်လား၊ နှစ်ပုဒ်လား မသိဘူး လက်ဆောင် အဖြစ်ပါသလိုပဲ။ အဲ့ဒီထဲက ခု ကျွန်မတင်ထားတဲ့ သီချင်းရဲ့ MTV လေးကို ကျွန်မတို့  အားလုံး အရမ်းကြိုက်၊ အမြဲနားထောင် ဖြစ်သွားခဲ့ ကြတယ်။ ဘယ်လောက်တောင် ကြိုက်ကြလည်းဆို အဲ့ဒီ သီချင်း MTV ကို ၂၄ နာရီလုံး လုံးဝ ရပ်နားခြင်းမရှိ ၊ ရက်ပေါင်းများစွာ ဖွင့်ပြီး နားထောင်ခဲ့ကြဘူးတယ်။ အဲ့ဒီ အချိန်က ရှင်တို့ သာ ကျွန်မတို့ နေတဲ့ အိမ်ကို လာလယ် ဖြစ်ခဲ့ကြမယ်ဆိုရင် အခန်းတိုင်းမှာ ဒီသီချင်းဖွင့်ထားသံ တိုးတိုးလေးကို ကြားမိမှာ သေချာပါတယ်။

အဲ့ဒီ သီချင်းရဲ့ မူရင်းအဆိုတော်က BlackMoore's Night မဟုတ်ပါဘူး။ BlackMoore's Night က ပြန်ဆိုထားတာပါ။ ဒါပေမယ့် ကျွန်မ စပြီး နားထောင်ဘူးတာက BlackMoore's Night ဆိုတဲ့ ဗားရှင်းပါ။ ဒီနေ့  မနက်တော့ THKZ က ပို့  ပေးတာနဲ့  အရင် အဆိုတော်ဆိုထားတဲ့ ဗားရှင်းကို နားထောင်ဖြစ်ခဲ့တယ်။ နှစ်ခုလုံးကို နှစ်သက်ပါတယ်။ ရသတစ်မျိုးစီပေးသလိုပဲ ။

ဒီမှာ ဗားရှင်း နှစ်မျိုးလုံး ကို နားထောင်ချင်ရင် နားထောင်လို့ ရအောင်၊ download လုပ်ချင်ရင်လည်း download လုပ်လို့  ရအောင် ပေးထားပါတယ်။ နားထောင်ကြည့်ကြပါ။ ဒီသီချင်းနှစ်ပုဒ်ကို နားထောင်ဖြစ်ခဲ့ပြီး ကြိုက်နှစ်သက်ရင် ကျွန်မ တစ်ခုလောက်တော့ တောင်းဆိုချင်ပါတယ်။ ဘယ်သူ ဆိုထားတာကို ပိုကြိုက်တယ် ဆိုတာလေးကို ပြောပေးနိုင်ရင် ပြောခဲ့ပေးစေချင်ပါတယ်။ မကြိုက်တဲ့ သူများကိုတော့ ဘာလို့ မကြိုက်လဲ လို့  မမေးလိုပါဘူး။

Bob Dylan - Times They Are A Changin'
BlackMoore's Night - Times They Are A Changin'

Come gather 'round people
Wherever you roam
And admit that the waters
Around you have grown
And accept it that soon
You'll be drenched to the bone.
If your time to you
Is worth savin'
Then you better start swimmin'
Or you'll sink like a stone
For the times they are a-changin'.

Come writers and critics
Who prophesize with your pen
And keep your eyes wide
The chance won't come again
And don't speak too soon
For the wheel's still in spin
And there's no tellin' who
That it's namin'.
For the loser now
Will be later to win
For the times they are a-changin'.

Come senators, congressmen
Please heed the call
Don't stand in the doorway
Don't block up the hall
For he that gets hurt
Will be he who has stalled
There's a battle outside
And it is ragin'.
It'll soon shake your windows
And rattle your walls
For the times they are a-changin'.

Come mothers and fathers
Throughout the land
And don't criticize
What you can't understand
Your sons and your daughters
Are beyond your command
Your old road is
Rapidly agin'.
Please get out of the new one
If you can't lend your hand
For the times they are a-changin'.

The line it is drawn
The curse it is cast
The slow one now
Will later be fast
As the present now
Will later be past
The order is
Rapidly fadin'.
And the first one now
Will later be last
For the times they are a-changin'.

August 21, 2006

စနေ၊ တနင်္ဂနွေ

ဒီ အလုပ်ပိတ်ရက်မှာ ကိုယ့်ဘလောခ့်ကို ပိုစ့်လုပ်ဖို့ မအားဘူး ဖြစ်သွားတယ်။ ဒီရက်ပိုင်း ဘာတွေ လုပ်ဖြစ်သလဲ။

သောကြာနေ့ ညနေ က အလုပ်ကနေ ညစာကျွေးလို့ သွားစားတယ်။ ကစားပွဲတွေ လုပ်ပြီး ကစားကြတယ်။ သူများတွေကြည့်ရတာ တော်တော်ပျော်နေ သလိုပဲ။ ကျွန်မ အတွက်တော့ ပျော်စရာ မကောင်းပါဘူး။ ဒါနဲ့  ၈ နာရီ ထိုးတော့ ပြန်လာလိုက်တယ်။ အိမ်အပြန်လမ်းမှာ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ခေါ်တာနဲ့  အိမ်မပြန်ဖြစ်ပဲ မြို့ ထဲရောက်သွားတယ်။ သူငယ်ချင်းတွေနဲ့  လျှောက်သွား၊ ဟိုကြည့်ဒီကြည့်လုပ်ပြီ ကော်ဖီသောက်ရင်း စကားပြော နေလိုက်တာ အိမ်ပြန်ရောက်တော့ ည ၁၂ ကျော်နေပြီ။ ဒါ ၁၀လ ကျော် အတွင်း ပထမဆုံး သူငယ်ချင်းတွေနဲ့  ညဘက် အပြင်ထွက်၊ ကော်ဖီဆိုင်မှာ စကားထိုင်ပြော ဖြစ်ခြင်းပဲ။

စနေ နေ့  ညနေက ဆံပင်ညှပ်ဖြစ်တယ်..
အဲ့ဒီ ကိစ္စ လုပ်မယ် စဉ်းစားနေတာ ကြာပြီ။ စနေ နေ့ ကမှ တစ်ကယ်လုပ်ဖြစ် သွားတော့တယ်။ နောက်ဆုံး ဆံပင်ညှပ်ထားတာ ၃၁ ဒီဇင်ဘာ ၂၀၀၅ က။ မညှပ်တာ ၈လလောက်ရှိပြီ ဆိုတော့ ဆံပင်ကတော်တော်ရှည်နေပြီ။ ကျောလယ်လောက် ရောက်နေတာကို ပခုံးလောက်ပဲ ကျန်အောင် ညှပ်လိုက်တယ်။ ဒီလောက် တိုအောင်ညှပ်ဖို့ ဟာကို တော်တော်ပြော လိုက်ရတယ်။ ဆံပင်ညှပ်ဆိုင်သွားတာ သူငယ်ချင်း က အဖော်လိုက်ပေးတယ်။ ဆိုင်ရောက်တော့ ဆံပင်ညှပ်ပေးမယ့် သူကမေးတယ် ဘယ်လိုပုံစံ ညှပ်မှာလဲ တဲ့။ ရွေးထားတဲ့ ပုံစံပြလိုက်တော့ ကျွန်မ့ ဆံပင်က ပျော့လွန်းတယ်။ အဲ့လို ပုံထွက်မှာ မဟုတ်ဘူးတဲ့။ ကိစ္စ မရှိဘူး နမူနာပုံအဖြစ်သာ ပြတာ အဲ့လောက် တိုရင်ပြီရော တူတူမတူတူ အဲ့လို ပုံသာညှပ်လိုက်လို့ ပြောတာကို သိပ်လက်ခံချင်ပုံ မပေါ်ဘူး။ သူကညှပ်လို့ ပြီးပြီဆိုလို့  ကြည့်လိုက်တာ ကိုယ့်မျက်စိထဲတော့ သိပ်မတိုဘူးလိုပဲ။ သူငယ်ချင်းကို ဘယ်လို ထင်လဲလို့  မေးတော့ သူက ထပ်တိုမလားတဲ့၊ တိုချင်ရင် တိုလို့  ရလောက်သေးတယ်လို့  ပြောတယ်။ ဒါနဲ့  ဆံပင်ညှပ်တဲ့သူကို ထပ်တို ပေးပါဦးလို့ ပြောတာကို .. သူက ဒီအတိုင်း ကောင်းပါတယ်၊ အရမ်းတိုသွားရင် ပြန်ရှည်ချင်လို့  မရဘူးနော်တွေ လာလုပ်နေတယ်။ ရတယ် ကိစ္စမရှိဘူး ညှပ်သာညှပ်လို့  ပြောမှ ရတော့တယ်။ ဒါတောင် အရှည်လေးက လှတယ်၊ ဘာညာ ဆက်ပြောနေသေးတယ်။ ဟုတ်ပါတယ်။ သူပြောတာ မှန်ပါတယ်။ ပထမ သူညှပ်ပေးထားတဲ့ နည်းနည်း ရှည်တာက ပိုလှတယ်။ ဆံပင်ကို ဂရုတစိုက်ထားမယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့် ကိုယ့်ဒုက္ခ ကိုယ်သာသိတယ်။ ဒီမှာက ခုတလော အရမ်းပူတယ်။ ဆံပင်ရှည်နဲ့  ဆိုနေ့ တိုင်း ခေါ်င်းလျှော်ဖို့ က မဖြစ်နိုင်ဘူး။ ဆံပင်ကို ဂရုစိုက်နေဖို့ ကလည်း စိတ်မရှည်ဘူး။

ဆံပင်ညှပ်ပေးတဲ့ တစ်ယောက်က သဘောကောင်းပါတယ်။ ပထမတုန်းက စကားသိပ်မပြောဘူး။ နောက်ထပ် တိုပေးပါပြောလိုက်မှပဲ ဘာလို ဒီလောက်တိုချင်တာလဲ၊ ပုံစံပြောင်းချင်လို့ လား ၊ အရင် ဆံပင်ပုံ ထားတာ ဘယ်လောက်ကြာပြီလဲ မေးတော့တာတယ်။ မြန်မြန်စကားပြတ်အောင် မလှလည်း ကိစ္စ မရှိဘူး၊ ပူလို့  ဆံပင်တိုတို ညှပ်ချင်တာလို့ ပဲ ပြောလိုက်ရတော့တယ်။ အားလုံးလည်းပြီးရော ကျွန်မကို ဆံပင်စည်းပုံ စည်းနည်းတွေ လာပြော နေသေးတယ်။ ပူတယ်ဆို ခုသူညှပ်ပေးလိုက်တဲ့ ပုံစက စည်းထားလို့  ရတယ်ပေါ့၊ စည်းထားမယ်ဆို ဘယ်လိုလေး စည်းထား၊ လှတယ်။ ဟိုပုံစံမစည်းနဲ့  မလိုက်ဘူး။ အိုး... စုံသွားတာပဲ။ အားတောင် နာသွားတယ်။ ကိုယ်က ဒီလောက် စိတ်ရှည်တာ မဟုတ်ဘူး။ ဘာပဲပြောပြော စိတ်ကူး ပေါက်တဲ့နေ့ မှ သူပြောသလို စည်းကြည့်အုံးမယ်။ လှမလားလို့  ။

ဒါပြီးတော့ သူငယ်ချင်းက စာအုပ်ဝယ်စရာရှိတယ်။ ဖုန်းကပ်ဝယ်မယ်ဆို လို့  သွားဝယ်ဖြစ်တယ်။ တစ်လက်စတည်း စားစရာ နည်းနည်းဝယ်တယ်။ ဝယ်စရာရှိတာ တွေဝယ်ပြီး ညစာ သွားစားဖြစ်တယ်။ ကျွန်မကျွေးတာမဟုတ်ဘူး။ သူငယ်ချင်းက ဝယ်ကျွေးတာ။ သူခမျာ ကျွန်မ ဆံပင်ညှပ်တာလည်း လိုက်ပေးရသေးတယ၊် ညစာလည်း ဝယ်ကျွေးသေးတယ်။ တော်တော် ချစ်ဖို့  ကောင်းတဲ့ သူငယ်ချင်းပါပဲ။ ပြီးတော့ ထုံစံအတိုင်း ညစာ စားပြီး အိမ်တန်းမပြန်သေးဘူး။ ဟိုကြည့် ဒီကြည့် လိုက်လုပ်ကြတာပေါ့။ နောက်တော့ skirt တစ်ထည်ဝယ်ဖြစ်တယ်။ ဝယ်တော့ ဝယ်လိုက်တယ်၊ ဘယ်တော့များမှ ဝတ်ဖြစ်မလဲ မသိဘူး။

ကျွန်မရဲ့ ဆံပင်က ဘယ်လောက်ညှပ်ညှပ် ဒီပုံပဲ ထွက်နေသလား မသိဘူး။ အိမ်ရောက်တော့ အစ်ကို ကပြောတယ်။ ဒါဆံပင်ညှပ်လာတာ လားတဲ့။ ဟုတ်တယ်လေ ဆိုတော့၊ ဒီတိုင်းလိုပါပဲတဲ့ ။ ဘာမှလည်း မထူးပါဘူးတဲ့။ စိတ်ကို ညစ်သွားတာပဲ။ THKZ ကလည်းပြောတယ်၊ ဘာမှ မထူးဘူးတဲ့။ သူ မြင်နေရတာတော့ နဂိုပုံလိုပဲတဲ့ရှင်။ ကျောလယ်လောက်ရှိတဲ့ ဆံပင်ကို ပုခုံးလောက် ဖြစ်အောင်ညှပ် ထားတာကို ဘာမှ မပြောင်လဲဘူး ဆိုတော့၊ ဘယ်လိုများကြမှ ပြောင်းလည်းသွားတယ် ပြောကြမလဲ။ ဂတုံး တုံးလိုက်ရင်ရော... ပြောင်သွာမလား။ အဲ့လိုတော့ မမေးရဲဘူး။ အစ်ကိုရော THKZ ရောက တားမယ့် သူတွေမဟုတ်ဘူး။ သူတို့ ကို သွားမေးလို့ ကတော့ ဂတုံးလား၊ တုံးသာ တုံးလိုက်၊ မတားပါဘူးလို့  ပြောကြမယ့် သူတွေကြီးပဲ ဖြစ်နေတယ်။ ဒါကစနေ နေ့ ။

တနင်္ဂနွေနေ့ ကတော့ ဘာမှ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး။ တစ်နေလုံး စကားပြော၊ စာဖတ်၊ အိပ်... ဒါနဲ့ ပဲ တစ်နေကုန်သွားတာပါပဲ။ အပြည့်အဝ အနားယူတယ်ပေါ့။

ဒီလောက်ပါပဲ။ ဘာမှ ထူးထူးခြားခြားမရှိပါဘူး။

August 19, 2006

စိုင်းထီးဆိုင် - အချစ်ထောင်

ကျွန်မရဲ့ ချစ်သူ ကြိုက်နှစ်သက်တယ်ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ပါ။ သီချင်းစာသားကိုတော့ ချစ်သူဖတ်ဖို့  သီချင်းကို နားထောင်ပြီး ကျွန်မကြားသမျှ ကြိုးစားရေးသားထားခြင်းဖြစ်လို့  အမှားအယွင်းများ ရှိနိုင်ပါတယ်။

ဒီသီချင်းကို မျှဝေပေးတဲ့ Native Myanmar Forum က ကို SoMeOnEnUlL ကို ကျေးဇူးတင်ပါတယ်။



အချစ်ထောင်..
သံယောစဉ် ကြိုးနဲ့  တည်းနှောင်ထားတဲ့ အကျဉ်းဆောင်
ကိုယ်ဘယ်လို လုပ်ပြီး.. ရုန်းမှာလဲ မင်းပြောပါ
ကိုယ်ပိုင်တဲ့ လွတ်လပ်မှု့ တွေ စွန့် လွှတ်.... ထားလိုက်ပြီ

အချစ်ထောင်..
လူ့ လောက အကြီးမားဆုံး အရာဝတ္တု .. နှိုင်းမရအောင်
အပါယ်ဘုံဖြစ်လိုက်.. နတ်ပြည်ဖြစ်လိုက် .. ရူးချင့်စရာ
မဆိုင်လှတဲ့ ဦးနှောက် အတွေးအခေါ်များလည်း .. အပ်လိုက်ပြီ
ကိုယ့်ကို ထာဝရ ချုပ်နှောင်.. မင်းအကျဉ်းထောင်

နေပူပစေ မိုးကျပစေရတယ် .. မှောင်နေပစေ လင်းလွန်းပစေရမယ်
ရယ်ပစေ ငိုပစေ ပြုံးပစေ မဲ့ပစေ.. ဘာဖြစ်ဖြစ်ရနေပါတယ်.. အစဉ်အမြဲလည်း ရပါစေမယ်
အချစ်... အကျယ်ချုပ်လား .. အချစ်.. တကယ်လုပ်မလား .. အချစ်
ကြေအက်နှလုံးသား စံပြအကျဉ်းသား

ချစ်တာ .. ရင်ထဲက တငွေ့ ငွေ့ နဲ့ ခံစားချက်
မေတ္တာ .. အကုန်ပေါ်အောင် ထုတ်ပြီး မပြနိုင်စွမ်းလို့  ပေါက်ကွဲမတတ်
ကြင်နာ တဲ့ စကားလေးတစ်ခွန်းလောက် ပေးသနား ရမယ်နော်
အချစ်မှာ ဘယ် ဥပဒေ .. ပုဒ်မ နဲ့ လာဖမ်းလို့  မဖြစ်ပါ

ဒါပေမယ် မင်းအတွက်တော့ လိုအပ်အမျှ ဖြစ်ရမယ်
စကားနာတွေ ထိုးခြင်းမျိုး မဟုတ်ဘူးကွယ့် မင်းနားထောင်
ကိုယ့်ကို ထာဝရ ချုပ်နှောင်... မင်းအကျဉ်းထောင်

အပြင်မှာလေ .. တစ်စက္ကန့် အချိန်တိုင်းဟာ
ရင်မှာလေ .. ခဏနဲ့ တစ်ကမ္ဘာလောက်ထင်
ပိုရင် .. တို တကိုယ်ဆွေးရင် .. ဆန့် သကို
လိုအပ်သမျှရှိနေပါတယ်.. ထာဝရအထိရှိပါစေမယ့် .. အချစ်
အမြန်စီးလား .. အချစ် .. ပြန်နှေးမလား .. အချစ်
ခုန်တဲ့ နှလုံးသား စံပြအကျဉ်းသား

နေပူပစေ မိုးကျပစေရတယ် .. မှောင်နေပစေ လင်းလွန်းပစေရမယ်
ရီပစေ ငိုပစေ ပြုံးပစေ မဲ့ပစေ .. ဘာဖြစ်ဖြစ်ရနေပါတယ် အစဉ်အမြဲလည်း ရပါစေမယ်
အချစ်... အကျယ်ချုပ်လား .. အချစ် .. တကယ်လုပ်မလား .. အချစ်
ကြေအက်နှလုံးသား စံပြအကျဉ်းသား

August 18, 2006

18 August 2006 - သူငယ်ချင်းများ

ဒီနေ့  ကျွန်မရဲ့ အစ်မ တစ်ယောက်လို ချစ်ခင်ရတဲ့ သူငယ်ချင်း တစ်ယောက်မွေးနေ့ ပါ။ မနေ့ က သူု့ မွေးနေ့ ထင်ပြီး မွေးနေ့  ဆုတောင်း သွားပြောမိတယ်။ ဟီး ဟီး။ မှတ်ထားတာ နေ့  မှားပြီး မှတ်မိ ရက်သား ဖြစ်နေတာ။ တော်သေးတယ်၊ သူ့ မွေးနေ့ ကို မမှတ်မိရကောင်းလားဆိုပြီး စိတ်မဆိုးလို့ ။

သူ့ မွေးနေ့ ဆုတောင်းရင် အဲ့ဒီက သူငယ်ချင်းတွေကို သတိရသွာတယ်။ ကျွန်မရဲ့ မမေ့နိုင်တဲ့ ချစ်သူငယ်ချင်းတွေ။ သြော် မွေးနေ့ ရှင်ကို ... မ.. လို ခေါ်နေလို့  ကျွန်မထက် အသက်မရမ်းကြီးတဲ့ အစ်မကြီး တစ်ယောက်လို့  မထင်လိုက်ကျပါနဲ့ ။ ကျွန်မ နဲ့  လပိုင်းလေးပဲ ကွာတာပါ။ ကျွန်မထက်လည်း နုပျိုချောမောပါတယ်။ ဒါပေမယ့် သူက ကျွန်မ့ဆိုးအမျှ ကျွန်မအပေါ် နာလည်မှု့  အပြည့် နဲ့  ခွင့်လွတ်တတ်၊ ကျွန်မကို ညီမ တစ်ယောက်လို သဘောထားပြီး ဂရုတစိုက်လည်းရှိ၊ ကျွန်မကလည်း သူငယ်ချင်းတစ်ယောက်လိုရော၊ အစ်မတစ်ယောက်လိုပါ ခင်တွယ်တဲ့ အတွက် .. မ.. လို့  ခေါ်တာပါ။

မိန်းကလေး သူငယ်ချင်းဆို လက်ချိုးရည်ရင်တောင် လက် ၁၀ချောင်း ပြည့်အောင်မရှိတဲ့ ကျွန်မ အတွက်တော့ တကယ့် ရှားရှားပါးပါး သူငယ်ချင်း တစ်ယောက်ပါ။ မှတ်မိပါသေးတယ် ။ နောက်တစ်နေ့  ဆို ကျွန်မ ဘွဲ့ တစ်ခုယူဖို့  အတွက် နောက်ဆုံးတင်ရတဲ့ စာတမ်းက တင်ရတော့မယ်။ ဘယ်အရာမဆို အချိန်ကပ်မှ လုပ်တတ်တဲ့ ကျွန်မကလည်း ထုံစံ အတိုင်း တစ်ချို့ ဟာတွေက အဆင်သင့် မဖြစ်သေးဘူး။ တစ်ချို့ ရေးဖို့  လိုတာတွေကို ဒီနေ့  မွေးနေ့ ရှင် ကရေးပေးတယ်။ နောက် သူလို့ ပဲ ကျွန်မက အစ်မတစ်ယောက်လို ချစ်ခင်ရတဲ့ သူငယ်ချင်းတစ်ယောက်က လိုတာတွေ စစ်ပေးတယ်။ စာအုပ်ပုံစံ တင်ရမှာဆိုတော့ လိုတာတွေ၊ ပါရမှာတွေကို မေ့ကျန်ခဲ့မှာ စိုးလို့  စစ်ပေးတာ။

အရမ်းလည်း ရယ်ဖို့ ကောင်းပါတယ်။ ကျွန်မတို့  အားလုံး IT သမားတွေ ဖြစ်ပေမယ့် ကျွန်မ အဲ့ဒီတုန်းက စာတမ်း အတွက် လုပ်တဲ့ အကြောင်းအရာက သူတို့ တွေ မသိကြပါဘူး။ ကျွန်မကိုယ်တိုင်တောင် စာတမ်း တင်ပြီးမှ ရေးရေးလေး သဘောပေါက်သလို ရှိတဲ့ အကြောင်း အရာတစ်ခုပါ။ သူတို့ က မေးတယ်။ ကျွန်မရေးနေတာ ဘာကြောင်းလဲ တဲ့။ ဟီး ဟီး။ ကျွန်မလည်း တတ်သလောက်ရှင်းပြပေမယ့် သူတို့  ကြည့်ရတာ နားလယ်တဲ့ ပုံ မပေါ်ပါဘူး။ သူတို့ မှ မဟုတ်ပါဘူး၊ အဲ့ဒီတုန်းက ကျွန်မနဲ့  ကျောင်းတူတူတက်နေတဲ့ သူတွေလည်း ကျွန်မရဲ့ စာတမ်း နာမည်ကြားရင် ဘာကြီးလဲ၊ နားမလည်ဘူး၊ ရှင်းပြပါလား၊ အဲ့လိုတွေ အမြဲမေးခံထိ ခဲ့တာပါ။ ဒါတွေထားပါ။ ကျွန်မ အခု အဓိကပြောချင်တာက ဘာမှန်းမသိတဲ့ ကြားက ရအောင် ရေးပေး၊ ကူညီပေးခဲ့ ကြတာတွေကို ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ကျေးဇူး အရမ်းတင် ပါတယ်။

သူတို့ မှ မဟုတ်ဘူး တစ်ခြား သူငယ်ချင်းတွေ အားလုံးကလည်း ကျွန်မ လိုသမျှ၊ သူတို့ လုပ်ပေးနိုင်တာတွေ မှန်သမျှ အားလုံးကို ဘယ်တော့မဆို မငြီမငြူလုပ်ပေးခဲ့ ကြတာပါ။ ဒီမှာ တစ်ယောက်တည်း စိတ်ညစ်စရာတွေ ကြုံလာတိုင်း အဲ့ဒီတုန်းက သူငယ်ချင်းတွေနဲ့  တူတူနေခဲ့တဲ့ အချိန်တွေကို အရမ်းသတိရမိတယ်။ နောင်ဖြစ်နိုင်ရင် တစ်ချိန်ချိန်မှာတော့ သူငယ်ချင်း အားလုံးနဲ့  ပြန်ဆုံချင်ပါသေးတယ်။

ဒီနေ့ တော့ ဒီလောက်ပဲ၊ တော်ပြီ။ နောက်မှပဲ အချိန်ရရင် ကျောင်းတုန်းက အကြောင်းတွေ၊ သူငယ်ချင်းတွေ အကြောင်းတွေ ရေးတော့မယ်။

Happy Birthday "Innocent Soul"

မင်္ဂလာရှိသော မွေးနေ့  ဖြစ်ပါစေ။
အစစ အရာရာ အားလုံး အဆင်ပြေပြီး
မ.. လိုချင်တဲ့ ပျော်ရွှင်ဖွယ်ကောင်းသော မိသားစု ဘဝလေး ကို မြန်မြန်ရပါစေ။

မ ရေ.. ဒီနေ့ တော့ မွေးနေ့  အမှန်နော်။ နောက်ဆို လုံးဝ မမှားတော့ပါဘူး။ မှတ်မိသွားပြီ။

August 15, 2006

Pluto May Not Be A Planet

The farthest planet from the Earth, Pluto, is under attack from astronomers and may be demoted as a planet.

3,000 astronomers and scientists from around the world will meet in Prague this week to discuss this very topic. They need to decide if Pluto, which was discovered in 1930, is actually a planet by definition.

"The pivotal question is the status of Pluto, which is clearly very different from Jupiter, Saturn, Uranus, and Neptune,"

Owen Gingerich, professor of Astronomy and History of Science emeritus a the Harvard-Smithsonian Center for Astrophysics told Reuters.

Such a change would cause quite a stir as millions of text books would be outdated and the curriculum for teaching the solar system would have to be drastically changed.


Source : RevolutionPortal
About Pluto : Wiki , NinePlanets

August 14, 2006

မိမိကိုယ်ကို ပြန် သုံးသပ်ခြင်း

Good Morning Everybody!!

တစ်ပတ်ပြီး တစ်ပတ် အချိန်တွေက အကုန်မြန်လိုက်တာနော်။ ဒီနေ့  မနက် အလုပ်ကို လာရင်းစဉ်းစားမိတယ်။ ခုတစ်လော အချိန်တွေသာ ကုန်သွားတယ်၊ ဘာများ အကျိုးရှိတဲ့ အလုပ်တွေ လုပ်ဖြစ်သလဲလို့ ။ အလုပ်သွားတယ်၊ လကုန်တော့ လခ ရတယ်ဆိုတာ ကို ထဲ့ စဉ်းစားဖို့  မလိုဘူး ထင်တယ်။ ဒါ လူတိုင်း နေ့ စဉ် မလုပ် မနေရ လုပ်နေရတဲ့ အရာတစ်ခုပဲ။ အဲ့ဒါကလွဲလို့  တစ်ခြားဟာရော၊ ပညာရေး၊ လူမှု့ ရေး ၊ အလုပ် ၊ စီးပွားရေး နဲ့  ပတ်သက်လို့ တိုးတက်မှု့ လို့  ပြစရာရှိအောင် ဘာတွေ လုပ်ဖြစ်သလဲ။ သေချာစဉ်းစား ကြည့်တယ်။ ဘာဆိုဘာမှ မလုပ်ဖြစ်ဘူး ဆိုတဲ့ အဖြေထွက်လာတယ်။

ဒီလိုပဲ အချိန်တွေ အကုန်ခံသွားတော့ မှာလား။ ကိုယ်က သာ ဒီအတိုင်းရှိနေမယ်။ အချိန်တွေကုန်ပြီး အသက်တွေ ကြီးလာတာပဲ ရှိမယ်။ တစ်ခြားတော့ ဘာမှ ဖြစ်လာမှာမဟုတ်ဘူး။ တစ်ခု ခုတော့ လုပ်ဦးမှ။ ဒီအတို်င်းဆက်သွား နေလို့  မဖြစ်ဘူးထင်တယ်။ တကယ်ဆို လုပ်လို့  ရတာတွေ အများကြီးပဲ။ တစ်ခု ခု မလုပ်ခင်တော့ ဘယ်အရာက ကိုယ့်အတွက် အရေးကြီးတယ်၊ ကိုယ်ဘာကို လိုအပ်တယ်၊ဘယ်လို လုပ်လို့ ရတယ် ဆိုတာတွေကို သေချာ စဉ်းစားဖို့  အရင် လိုမယ်။

ကဲ ကိုယ်ကိုကိုယ် မမေ့အောင်၊ သတိပေးတယ့် အနေနဲ့ တော့ မှတ်ထားလိုက်ပြီး။ တစ်ကယ် လုပ်ဖြစ် မဖြစ်ကတော့ စောင့်ကြည့် ရမှာပဲ။ ဘာတွေ လုပ်ဖြစ်မလဲ။

August 13, 2006

Personal Scale - ပေါင်ချိန်စက်

ဒီနေ့ ဖန်နဲ့  လုပ်ထားတဲ့ ပေါင်ချိန်စက် တစ်လုံးဝယ်ဖြစ်တယ်။ ဖန်နဲ့  လုပ်ထားတာ ဆိုတော့ ကြည်ကြည်လေး။ လှတယ်။ ဒါက ဒီနေ့ ဝယ်လာတဲ့ ပေါင်ချိန်စက်လေး။

Glass Electronic Personal Scaleဝယ်ပြီး အိမ်ပြန်ရောက်တာနဲ့ ပေါင်ချိန်ကြည့်တယ်။ အိမ်မှာရှိတဲ့ လူတွေအားလုံး ကျွန်မရဲ့ ပေါင်ချိန်စက်လေးမှာ လာစမ်းချိန်ကြည့်ကြတယ်။ လူတိုင်းဝ လာတယ်၊ ကျွန်မက လွဲရင်ပေါ့။ ကျွန်မကတော့ အရင်ကထက် နည်းနည်းပိုပိန် သွားတယ်။ ဘယ်လောက် ရှိလည်းတော့ မပြောတော့ဘူး။ ဟီး ဟီး။ ပိန်သွားတယ်ဆိုတာ သိပေမယ့် ဒီလောက်ပဲရှိမယ် မထင်ဘူး။ စိတ်ကို လေ သွားတာပဲ။ ကျွန်မရဲ့ ချစ်သူကို ကျွန်မခု ဘယ်လောက် ပေါင်ချိန်ရှိနေလည်း မပြောရဲတော့ဘူး။ သူသိရင် ဒီလောက်တောင် ပိန်နေရလားဆိုပြီး ဆူမှာ။ ဆူတာ သူ့ အလွန် မဟုတ်ပါဘူး။ သူက ကျွန်မကို အစာမှန်မှန် စားဖို့  အမြဲပြောတယ်။ နေ့ လယ်စာ စားချိန် ဖုန်းဆက်ရင်လည်း အစာကုန်အောင်စားဖို့  အမြဲ သတိပေး၊ မနက်ဆိုလည်း နွားနို့ သောက်၊ ညဆို မိုင်လို သောက်လို့  မှာတဲ့ ကြားက ကျွန်မကလည်း ကျွန်မပါပဲ။ ဝလာတယ်ကိုမရှိ၊ ပိန်မြဲ ပိန်လျှက်ပါပဲ။

အရင် က နွားနို့ နဲ့  မိုင်လို သောက်လို့ မရဘူး။ သောက်တာနဲ့ အမ် ချင်တယ်။ ခုတော့ မနက်နဲ့  ညတွေမှာ ချစ်သူက ဖုန်းဆက်၊ အတင်းသောက်ခိုင်းလို့ ၊ နှာခေါင်းပိတ် သောက်ရင်နဲ့ တော့ အဲ့ဒါတွေသောက်လို့  ဝင်လာပြီ။ တိုးတက်လာတဲ့ သဘောလို့  ပြောရမယ်။ ဒါတောင်ခုတလော သူကမပြောလို့  မသောက်ဖြစ်ပြန်ဘူး။ သူ့ ခဗျာလည်း အမြဲလိုက်ပြော နေရတာ ပင်ပန်းသွားပြီနဲ့ တူပါရဲ့။

ဒီနေ့ ပေါင်ချိန်စက်လေး သွားဝယ်တာကလည်း ကိုယ့်ကိုကိုယ် ဝလာမလာ သိချင်လို့ ပါ။ နည်းနည်း ဝလာရင် ပိုပြီး အားတက်သရောနဲ့  အစာတွေ မှန်မှန်စား၊ အိပ်ရေး ဝအောင်အိပ် လုပ်ဖြစ်မလားလို့ ။ ဘာပဲ ပြောပြော စမ်းကြည့်တာပေါ့။ ဒီနေ့  ပေါင်ချိန်ကြည့်လိုက်တော့ ပိန်နေတာ သိလိုက်ရလို့  ညစာလည်း စားလိုက်တယ်၊ အိပ်ခါနီး မိုင်လိုသောက်ပြီး စောစောအိပ်မယ်။ ကိုယ်ကိုကိုယ် ဂရုစိုက်ပါ၊ ဝအောင်လုပ်ပါ၊ ဒီလောက်ပိန်နေတာ မြင်ရတာ စိတ်မချမ်းသာဘူးလို့ အမြဲ ပြောနေတဲ့ မိဘတွေနဲ့  ချစ်သူ စိတ်ချမ်းသာအောင် ကြိုးစားလိုက်ဦးမယ်။

တစ်ခုပြောရဦးမယ်၊ ကျွန်မကို ကီလို ၄၀ ပြည့်တဲ့နေ့  လုပ်ချင်တဲ့ အရုပ်တွေ ဝယ်ပို့ ပေးမယ်လို့  ပြောတဲ့ မောင်ငယ်တစ်ယောက်၊ လိုချင်တာ ဝယ်ပေးမယ်၊ စားချင်တာ လိုက်ကျွေးမယ် ပြောတဲ့ သူငယ်ချင်း တစ်ယောက်။ ၄၅ ကီလို ရှိရင် ကြိုက်တာ အကုန်ဝယ်ပေးမယ် ပြောထားတဲ့ မောင်ငယ်ကတစ်ယောက် ရှိတယ်။ သူတို့ ပြောတာ ကြာလှ ရှိပြီပေါ့၊ ကျွန်မကတော့ ခုချိန်ထိ သူတို့ ကို တစ်စုံတစ်ရာ ဝယ်ခိုင်းခွင့် တစ်ခါမှ မရဘူးသေးပါဘူး။

13 August 2006

စိတ်ထဲ ရှိတိုင်း ဖွင့်ပြောတာ မကောင်ဘူးထင်တဲ့ အတွက် စိတ်ထဲရှိ နေတဲ့ တစ်ချို့ သောအရာတွေကို မြင်နိုင်သူတွေသာ မြင်ရအောင် သိမ်းဆည်းထား လိုက်တော့ မယ်။

13 August 2006 - 09:50 AM

August 10, 2006

10 August 2006 - အတွေးများ

လူအများစုဟာ တစ်ခါတလေမှာ သူတို့ ရဲ့ အရင်းနှီးဆုံး ဆိုတဲ့ လူတွေကို အသိအမှတ်ပြုပေးဖို့  မေ့နေတတ်ကြတယ်။

Google Video - TP Thingyan 2005

ဒီနေ့  အလုပ်မှာ အလုပ် လုပ်ရင်း ထုံးစံ အတိုင်း အချိန် နည်းနည်းရတာ နဲ့  google video မှာ Myanmar ဆိုပြီး ရှာရင် ဘာတွေများ ထွက်လာမလည်း သိချင်တာနဲ့  ရှာကြည့်လိုက် တော့ မြန်မာနဲ့  ဆိုင်တဲ့ video တော်တော်များများ တွေရတယ်။ ဒါနဲ့  ဟိုဟာဖွင့်ကြည့် ဒီဟာဖွင့်ကြည့် နဲ့  စပ်စုနေတာ နောက်တော့ ဒီက TP poly က 2005 Thingyan ပွဲမှာ ရိုက်ထားတဲ့ TP Myanmar Play 1 ဆိုတဲ့ video လေးကို တွေလို့  ကြည့်လိုက်တာ သဘောကျ သွားတာနဲ့  လိုက်ရှာကြည့်တော့ video အပိုင်းလေးတွေ တော်တော်များများ တွေ့ ရတယ်။ အလုပ်မှာ ပဲ အားလုံးပြီအောင် ကြည့်လိုက်တယ်။ အဲ့လောက်တောင် အလုပ်ကို အရမ်းကြိုးစား တာပါ။ TP Thingyan 2005 အခွေကို ဒီက လူတော်တော်များများကတော့ ကြည့်ပြီးကြမယ် ထင်တာပဲ။

ဒီမှာ Poly တွေမှာ Thingyan ပွဲတွေ လုပ်လေ့လုပ်ထ ရှိကြတယ်။ ကျွန်မ ဒီရောက်ခါစကတော့ TP Thingyan 2004 ကို ကျွန်မရဲ့ မောင်ဝမ်းကွဲ နဲ့  သူ့ သူငယ်ချင်းတွေ အတင်းဖိတ်တာနဲ့ သွားဖြစ်တယ်။ အဲ့ဒီနေ့ က နေ့ တစ်ဝက်အလုပ် လုပ်ရတော့ အလုပ်ကနေ တန်းသွားရတာ။ ဟိုရောက်တော့ လူတွေက အများကြီးပဲ။ အဲ့လောက် လူများမယ် ထင်မထားဘူး။ ကျွန်မက လူတွေ အရမ်းများရင် မနေတတ်တော့ဘူး။ ကိုယ်နဲ့  သိတဲ့ သူ သိပ်မရှိတာလည် ပါမယ်ထင်တယ်။ သူတို့ တွေက တော့ ပြဇာတ်ကောင်းတယ်၊ အကုန်ပြီးအောင် ကြည့်ပါ၊ ပြီးရင် ရေလည်းပတ်ကြဦးမှာ၊ မုန့် တွေလည်းကျွေးမယ်၊ ပြီးရင် အိမ်လိုက် ပို့ ပေးမယ် ဘယ်လောက်ပဲ ပြောပြော အလုပ်က လာရတာ ပင်ပန်းနေတယ်လို့  ရောချလိုက်ပြီး၊ သူတို့ ကျေနပ်အောင် နာရီဝက်လောက်ပဲ နေပြီး ပြန်လာလိုက်တယ်။ သူတို့  က TP Thingyan ကို အခွေထုတ်မှာ လို့ လည်း ကြိုပြောထားတာလည်းပါ ပါတယ်။ ရေပတ်ခံရ မှာလည်း မကြိုက်ဘူး၊ လူများတဲ့ ပွဲတွေလည်း မသွားချင်တော့၊ နောက်ပိုင်း ဘယ် Thingyan ပွဲမှ မသွားတော့ဘူးလို့  ဆုံးဖြတ်လိုက်တယ်။

2005 Thingyan ပွဲတွေတော့ သူငယ်ချင်းတွေက ဖိတ်သေးတယ်။ မလာနိုင်ဘူးပြောရင် စိတ်ဆိုးကြမှာ။ ဒါပေမယ့်လည်း ကျွန်မ ရန်ကုန်ပြန်တဲ့ နေ့ နဲ့  တိုက်နေလို့  ထွေထွေထူးထူး အကြောင်ရှာ ငြင်းနေစရာ မလိုတော့ဘူး ဖြစ်သွားတယ်။ နင်မလာဖြစ်လည်း အခွေ ထွက်ရင် လာပေးမယ် ပြောလိုက်ကြတာ ဘယ်လောက်တောင်များ သတိတရ ရှိလိုက်ကြလည်းဆိုတော့ ဒီနေ့ မှပဲ google ရဲ့ ကျေးဇူးနဲ့  TP Thingyan 2005 ကို ကြည့်ရပါတော့တယ်။

မကြည့်ရ သေးတဲ့ သူငယ်ချင်းတွေ ကြည့်ချင်ရင် ကြည့်လို့ ရအောင် ကျွန်မ ဒီနေ့  ကြည့်ဖြစ်တဲ့ google video က TP Thingyan 2005 လင့်ခ်တွေကို ဒီမှာ ထပ်ဆင့်မျှဝေ လိုက်တာပါ။ ဒီ video တွေကို ပိုစ့်လုပ်ပေးထားသူ တွေကိုလည်း ကျေးဇူးတင်ပါတယ်။

Google Video - TP MYANMAR Thingyan 2005

YouTube မှာ ရှာရင်လည်း ဒီက Poly တွေရဲ့ Thingyan အခွေတွေ တွေနိုင်မယ် ထင်တယ်။ ကျွန်မတော့ ခုဟာက အလုပ်မှာ ဆိုတော့ Google Video လောက်နဲ့ ပဲ ကျေနပ်လိုက်တော့မယ်။ YouTube ကဟာတွေ တော့ အိမ်ရောက်မှ ကြည့်တော့မယ်။

YouTube - Thingyan

09 August 2006

Singapore National Day
ဒီနေ့  ဒီနိုင်ငံ ရဲ့ အနှစ် ၄၁ ပြည့် မွေးနေ့ တဲ့။ အပြင်မှာ အရမ်းစည်းကား နေတယ် ပြောကြတာပဲ။ ဘာတွေ နဲ့  စည်ကားနေလဲ တော့ ငါမသိဘူး။ သိလည်း မသိချင်ဘူး။ ခု ငါတစ်ယောက်တည်း အိမ်မှာ ရှိနေတယ်။ အစ်ကိုတော့ အပြင်ထွက် သွားတယ်။ အိမ်က တူတူနေတဲ့ လူတွေအားလုံး အပြင်သွားနေကြတယ်။ ငါကို အပြင်မထွက်ဘူးလားတဲ့။ အပြင်ထွက်ဖို့ စိတ်မဝင်စားဘူး ဖြစ်နေတယ်။ လူတွေ အများကြီးနဲ့  တိုးဝှေ့ ပြီး သွားလာရမယ် နေရာတွေ ဆို အရမ်းအရေးကြီးတဲ့ ကိစ္စ၊ မသွားမဖြစ် ကိစ္စတွေ ကလွဲရင် ဘယ်နေရာမှ မသွားချင်ဘူး။ အိမ်မှာ အိပ်နေတာကမှ၊ အိပ်ရေးဝပြီး အနားရသေးတယ်။ ဒီနေ့ ပြီးရင် နောက်လ အတွင်း အားလပ်ရက် တစ်ရက်မှ မရှိတော့ဘူး။ စက်တင်ဘာလ ကုန်ခါနီးမှ အားလပ်ရက် ရတော့မှာ။ ရှားရှားပါးပါး ရတဲ့ ဒီ အားလပ်ရက်လေးမှာ အပြင်မထွက်ချင်ပါဘူး။ အင်တာနက် က သတင်းတွေလိုက်ဖတ်၊ စာအုပ်တွေဖတ် လုပ်ဖြစ်တယ်။ ဘလောခ့်တစ်ချို့ လိုက်ဖတ်ဖြစ်တယ်။ ဘလောခ့်တွေ တောင် အရင်ကလောက် မဖတ်ဖြစ်တာကြာပြီ။ ဖတ်စရာ အကြွေးတွေက အများကြီးပဲ။

Happy Birthday Py Py
ဒီနေ့  ပိုင်ပိုင် ရဲ့ မွေးနေ့ ။ ဖုန်းဆက်ပြီး မွေးနေ့  ဆုတောင်းလုပ်ရင် ကောင်မလား စဉ်းစားမိသေးတယ်။ မလုပ်တော့ဘူး။ အီးကတ်တော့ ပို့ လိုက်တယ်။ ပိုက်ဆံ မရှိတာနဲ့  ဒီနှစ်တော့ ဘာမှ မွေးနေ့  လက်ဆောင်မပေးဖြစ်လိုက်ဘူး။ အိမ်ပြောင်းသွားပြီပြောတယ်။ အိမ်လိပ်စာ အသစ် လည်း မသိဘူး။ မေးလည်း မမေးမိဘူး။ အဲ့ဒီတော့ ဘာမှ မပို့  ဖြစ်လိုက်တော့ဘူး။ နောက်နှစ်မှပဲ မွေးနေ့  လက်ဆောင်ပို့ တော့မယ်။ မွေးနေ့  လေး ဆုတောင်းပေးလိုက်ဦးမယ်။

ပိုင်ပိုင်
ဒီနေ့  ပိုင်ပိုင်ရဲ့ ၂ရ နှစ်မြောက် မွေးနေ့ မှသည်.. နောင်နှစ်ပေါင်းများစွာတိုင်အောင် လိုအင်ဆန္ဒ အားလုံးပြည့်စုံပါစေ။ အရင်က ထက် ဂိမ်းများများ ပိုဆော့နိုင်ပါစေ။ ပိုက်ဆံတွေ အများကြီးရှာနိုင်ပြီး နေနေ့ ကို မုန်းဖိုးများများပေးနိုင်ပါစေ။ အမွေများများ ပေးနိုင်ပါစေ။

ဒီပိုစ့် ကို မတော်တဆ ပိုင်ပိုင် ဖတ်ဖြစ်ခဲ့လို့  သူ့ အသက်ကြီထဲ့ ရေးထားတာ တွေ့ ရင် စိတ်များဆိုးနေမလားပဲ။ ဟား ဟား။

August 08, 2006

Happy Birthday Thiha Kyaw Zaw

ပျော်ရွှင်ဖွယ်ကောင်းသော မွေးနေ့  ဖြစ်ပါစေ.. ချစ်သူ။

ယနေ့မှစ နှစ်ပေါင်းများစွာတိုင်အောင် စိတ် ချမ်းသာ၊ ကိုယ် ကျန်းမာစွာ ဖြင့်
ဖြစ်ချင်တာ၊
ဖြစ်သင့်တာ နဲ့ 
ဖြစ်နေတာတွေ တထပ်တည်းကြပြီး ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

ချစ်ခြင်းများစွာဖြင့်
နေနေ

August 07, 2006

07 August 2006 - အတွေးများ

တစ်ကယ်ပါ အလုပ်က မောမောပန်းပန်းနဲ့  အိမ်ပြန်ရောက်ပြီဆို ပွစိ ပွစိ နဲ့  နားငြီး မယ့်ဟာတွေ နားမထောင်ချင်ဘူး။ ပင်ပင်ပန်းပန်းလည်း ဘာမှ မလုပ်ချင်ဘူး။

အရင်က ကြားဘူးတာတွေ၊ စာအုပ်ထဲမှာ ဖတ်ဘူးတာတွေ အရ အိမ်ထောင် တစ်ခုမှာ ယောက်ျားက အလုပ်က မောမောပန်းပန်းနဲ့  ပြန်လာ၊ အိမ်မှာ မိန်းမက ပွစိပွစိ လုပ်တော့ ရန်တွေဖြစ်ကြရော ဆိုတာတွေကို .. ခံစားလို့  မရခဲ့ဘူး။ ခုမှပဲ နည်းနည်း ကိုယ်ချင်းစာ မိတော့တယ်။

အရင်က တစ်ယောက်တည်း နေတော့၊ အလုပ်က အိမ်ပြန်ရောက်ပြီဆို အနားယူ၊ သီချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ အိပ်ချင်ရင်လည်း တန်းအိပ်လိုက်၊ စိတ်အေးလက်အေး ကိုယ်နေချင် သလိုနေ ပြောမယ့်သူ ဆိုမယ့်သူမရှိ၊ မလုပ်ချင်တဲ့အရာတွေကို ထပြီး လုပ်နေစရာလည်း မလို၊ ဘယ်လောက် ကောင်းလိုက်လဲ။ ခုကြ တော့ အစ်ကို ဖြစ်တဲ့ သူက ရောက်နေတယ်။ တစ်ခုခုဆို ကိုယ်လုပ်တာ ကိုင်တာတွေ သူ့ စိတ်နဲ့  မတွေ့ ရင် အိမ်ပြန်ရောက်တာနဲ့  အဆူက ခံရပြီ။ အစ်ကိုက ကောင်းစေချင်းလို ပြောနေတာတွေ ဆိုတာသိပေမယ့် ကိုယ်က နားမှ မထောင်ချင်တာ။ မောလည်းမောနေတော့ စကားကို လေ လုံးကွဲအောင် ပြန်မပြောချင်ဘူး။ အဲ့ဒီတော့ အစ်ကိုက စိတ်တွေဆိုးလာပြီး ပိုပြီးဆူရော။ ပိုပြီးဆူတော့ ကိုယ်က ပိုပြီး နားမထောင်ချင်ဖြစ်လာတယ်။ ဒါတောင် သူက အစ်ကို မို့ လို့ ပြန်မပြောရဲလို့  သာ ငြိမ်နေရတာ။ သူကလည်း ညီမလေး ဆိုပြီ ကိုယ့်ရဲ့ မလှုပ်တလှုပ်ပုံစံကို သည်းငြီးခံနေလို့ ။ ကိုယ်က ပြန်ပြော၊ သူက သည်းငြီးမခံနဲ့ ဆို ရန်ပွဲတွေ ဆက်နေမှာ ကြာလှပေါ့။

ဒါကြောင့်လည်း ဖေဖေနဲ့  မေမေက သမီးရဲ့ အကျင့်တွေနဲ့  ဆို ယောက်ျားယူလို့ ကတော့ တော်ရုံ ကောင်လေးမျိုးနဲ့  ဖြစ်မှ မဟုတ်ဘူး၊ အဲ့ဒီတော့ အပျိုကြီပဲလုပ်တော့ လို့  အမြဲပြောနေတာဖြစ်မယ်။ ကြာလေ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် နေရတာ ဘယ်လောက်ကောင်းလည်းဆိုတာ ပိုသိလေ၊ ကိုယ့်ရဲ့ အကျင့်ဆိုးတွေနဲ့ ဆို တစ်ယောက်တည်းနေတာ ပိုအဆင်ပြေလောက်တယ် ဆိုတာ ပိုသိလေ။ အင်း ဒီအတိုင်းဆို ကြာရင် ငါလည်း အပျိုကြီးပဲ ဖြစ်တော့မလား မသိပါဘူး။

Take Care

အလုပ် လုပ်ရတာ စိတ်မဖြောင့်ဘူး ဖြစ်နေတယ်။ ခု သူ ဗိုက်အောင့်နေ ပြန်ပြီလေ။ ဘာလို့  ခဏ ခဏ ဗိုက့်အောင့်နေရတာလဲ။ အစာ များများစားတာနဲ့ ဖြစ်ရောပဲ။ တော်တော့်ကို ပေတိ ပေကပ်နဲ့  လုပ်ချင်တာလုပ်၊ စာချင်တာ စားတယ်။ ဒီနေ့  ဗိုက်အောင့်နိုင်တယ် စိတ်ထဲ ထင်နေလို့  မနေ့ ညက ကိုယ်မအိပ်ခင် သူ့ စီ ဖုန်းခေါ်ဖို့  ကြိုစားသေးတယ်။ အစာ စားတာ ဂရုတစိုက်စားဖို့ ၊ အစာကျေလွယ်တာတွေပဲစားဖို့  မှာမလို့ဟာကို ဖုန်းကဆက်လို့  မရ။ မနက် မိုးလင်း၊ အလုပ်သွားခါနီး ဖုန်းထပ်ဆက်တော့ မှပဲ ရတော့တယ်။ ဖုန်းဆက်လို့  ရတဲ့ အချိန်ကြတော့ ညစာက စားပြီးနေလို့  အိမ်တောင်ပြန်တော့မယ်။ ခု အိမ်ပြန် ရောက်တော့ ဗိုက်ကအောင့်ပြီ။ ခက်တယ်။

ကိုယ်က အနီးအနားမှာ ဆိုလည်း အစား၊ အသောက်ကိစ္စကို ကိုယ်တတ်နိုင် သလောက် ဂရုတစိုက် လိုက်လုပ်ပေးလို့  ရသေးတယ်။ ခုဟာက အဝေးကြီး။ ဘာလုပ် ပေးရ မှန်းကို မသိတော့ဘူး။ ခုရော အိပ်လို့ ပျော်ရဲ့ လား မသိဘူး။ ဖုန်းဆက်လို့  လည်း မဖြစ်ဘူး။ အိပ်ပျော်နေရင် နိုးသွားမှာ စိုးရသေးတယ်။

သူ့ မှာ ကျန်တာတွေ ဘာမှ စိတ်ပူစရာ၊ စိုးရိမ်စရာ မရှိဘူး။ ဒီ အစားအသောက် ကိစ္စတစ်ခုပဲ စိုးရိမ်နေရတယ်။ အစာအိမ်ကလည်း ကောင်းတာ မဟုတ်။ အစားမျုားများ စားရင်ဗိုက်က အောင့်ပြီ။ ဟင်း... ဒီလို ဗိုက်အောင့်နေပြီဆို သူလည်း ခံရတာ မသက်မသာ၊ ကိုယ်လည်း စိတ်ပူပြီ ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်ဆို အစားအသောက် ဂရုစိုက်ဖို့  အမြဲသတိပေးနေမှ ဖြစ်တော့မယ်။

မနက်ကြရင်လည်း အလုပ် သွားရအုံးမယ်။ ခုတော့ သူ ဗိုက်အောင့် သက်သာပြီး အိပ်သွားပါစေလို့ ပဲ ဆုတောင်းရတော့မှာပဲ။ ကျန်တာ ဘာမှ လုပ်ပေးလို့  မှမရတာ။

August 05, 2006

ဥဒစ္စအလွန် - စိုင်းထီးဆိုင်

ဥဒစ္စအလွန် သီချင်းကို အရမ်းကြိုက်နှစ်သက်တယ် ပြောသူတစ်ယောက်အတွက် ကြိုးစား ရေးသားထားခြင်းပါ။ အောက်ကစာသားတွေဟာ သီချင်းကို နားထောင်ကြည့်ပြီး၊ ကြားမိသမျှကြိုးစား ရေးထားခြင်းဖြစ်လို့  စာသားတွေမှာ မှားယွင်းမှု့  တွေ ရှိနိုင် ပါတယ်။ ကျွန်မ ဒီ ဥဒစ္စအလွန် သီချင်းကို ကိုအောင်လံမောင်ရဲ့ ဇူလိုင်လ အတွက် သီချင်းများ ဆိုတဲ့ ပိုစ့်မှ ရရှိခြင်း ဖြစ်ပါတယ်။ သီချင်းပေါင်းများစွာကို အမှတ်တရ ပြန်လည်နားထောင်ဖြစ်အောင် မျှဝေခဲ့ တဲ့ အစ်ကိုကြီး ကိုအော်လံမောင် ကို အရမ်းကျေးဇူး တင်ပါတယ်။ ဒီလင်ခ့်က http://awlanmg.blogspot.com/ ကိုအော်လံမောင်ရဲ့ ဘလောခ့်ပါ။ ကျွန်မ အမြဲသွားရောက် ဖတ်ရှု့  လေ့ ရှိတဲ့ သလောခ့်တစ်ခုပါ။ အဲ့ဒီ ဘလောခ့်မှာ ဖတ်စရာ၊ မှတ်စရာ အကြောင်အရာပေါင်းများစွာ၊ နားထောင်ချင်စရာ သီချင်းပေါင်းများစွာ ရှိပါတယ်။

ဥဒစ္စအလွန် - စိုင်းထီးဆိုင်

ရင်ထဲက နှင်းများကျတဲ့ ဒီဟေမာန် နံနက်ခင်းမှာ
ချယ်ရီပန်းများလည်း ဖူးပွင့်ဝေပြီ
အမှောင်ကွယ်ကာ တိမ်တွေကြားက
ပြူထွက်မယ့် ရှင်နေမင်းလို
မျှော်ကိုးဆဲ ချစ်သူရယ် မလာတော့

တုန်ချမ်းလို့  ခိုက်ခိုက်အေးနေ
အပြင်ဘက်က တိုက်တဲ့ မြောက်လေ
ဝတ်ထားတဲ့ ကိုယ့်ရဲ့ အနွေးထည် ... မကာနိုင်ရှာ

ဒါပေမယ့် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်လုံ့ လ ချစ်ဝိရိယများ

ရင်ထဲက မီးပြင်းတိုက်သလို
ဒီဂိန်မာန် နေမွန်းတည့်
နွေဥသြကလေးလည်း လွမ်းတေးသီပြီ
ချောင်ငယ်မှာ ထိုင်ကာတွေးမိ
လိုချိန်မှာ မသာတဲ့လလို
မျှော်လင့်ဆဲ ညချိန်ရယ်လာတော့ 

ကျိမ်စာတွေ ပြုကာထားသလား
ဝေဟင်က ကျတဲ့မျှား ပမာ
ကိုယ်ဆောင်းတဲ့ ထီးကပျော့တယ် မခံနိုင်ရှာ

ဒါပေမယ့် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်သောက ချစ်စိတ်တဇများ

ရင်ထဲကကျတဲ့ မျက်ရည်
ဒီဝတ်သာန် အခါညချမ်းမှာ
ကိုယ်တစ်ယောက်တည်း အဖော်လွဲ ထီးတည်းကျန်နေ

လှောင်ရယ်ကာ နေနိုင်ရက်သူ
ရွာလေပြီ လျှပ်ပြက်မိုးခြိန်း
မျက်လုံးနဲ့ နား ခံနိုင်ရည်ဝ
မုန်တိုင်းများ ပုန်းတဲ့ ငုတ်ကောင်
မျှော်လင့်ချက် ဆက်ရွေ့  ထားကာ
မာနလည်း မထားပြီ၊ မရှိပြီ ယုံပါတော့

ဆိုချင်တယ် သေချာလည်းလေ
ကြင်နာသူ ပေါ်မယ့်လမ်းမှာ
မျက်လုံးက မှိတ်လည်း စိတ်နဲ့ မြင်နေမယ်

ဥဒစ္စအလွန် ကမ်းကုန်နေပြီ
ချစ်အတိတ်ကောင်း ချစ်နိမိတ်ကောင်းများ

August 03, 2006

Microsoft Launches Windows Live Spaces

ဒီနေ့  ကျွန်မကို THKZ က Microsoft ကနေပြီးတော့ Window Live Spaces ဆိုတာကို စသုံးလို့ ရပြီ ဆိုပြီ သတင်းပေးပါတယ်။ အသစ်ဆို တော့ ဘယ်လိုဟာလည်းလို့  သိချင်၊ စမ်းချင် သွားတယ်။

MSN Spaces မှာ ကျွန်မရဲ့ hotmail နဲ့  လုပ်ထားတဲ့ site တစ်ခုရှိပါတယ်။ http://spaces.msn.com/naynaynaing ဆိုတဲ့ site ပါ။ Window Live Spaces ဆိုလို့  MSN Spaces နဲ့  ဘာကွာ လည်း သိချင်လို့  http://spaces.live.com/ မှာ account သွား လုပ်တာ၊ hotmail နဲ့  password ထည့်လိုက်တော့ ကျွန်မ ဘာမှ မလုပ်ရပဲ account က ရှိနေတယ်။ တော်တော် အံ့သြသွားတယ်။ ဘာဖြစ်လို့ လည်းလို့ ၊ သေချာကြည့် မှ သိတော့ တယ်။ အဲ့ဒီက data တွေက ကျွန်မရဲ့ MSN Spaces က data တွေပဲ။ Window Live Spaces ဆိုတာ MSN Spaces ပဲလို့  အဲ့ဒီမှ သိတော့တယ်။

MSN Spaces မှာ account မရှိသေးတဲ့ သူတွေမှသာ Window Live Spaces မှာ new account လုပ်ဖို့ လိုတာပါ။ ကျွန်မတို့ လို MSN Spaces မှာ account ရှိပြီးသာလူတွေကြတော့ ဘာမှ ထပ်လုပ်ဖို့ မလိုတော့ပါဘူး။ Micorsoft က MSN spaces ကနေ Window Live Spaces လို့  နာမည်ပြောင်းပြီး Feature အသစ်တွေ ထပ်ထည့်ပေးထားတာပဲလေ။ တူတူပဲပေါ့။ ကျွန်မကို ကလည်း တော်တော်ကို တုန်းပါတယ်၊ တုန်းရုံ မက စာဖတ်တာ လည်းပျင်းတော့ MSN Live Spaces အကြောင်းကို သေချာဖတ် မကြည့်ပဲ၊ ဒီတိုင်း စမ်းကြည့် လိုက်တာပါ။ နောက်မှ ကျွန်မရဲ့ MSN spaces site link ကို သွားကြည့်တော့ http://naynaynaing.spaces.live.com/ ဒီလင်ခ့်ကို redirect လုပ်သွားတာတွေရတယ်။ ခုဆို MSN Spaces ဆိုတာ မရှိတော့ ပါဘူး။ MSN Live Spaces ဆိုတာပဲ ရှိပါတော့တယ်။

ထုံစံ အတိုင်း အသစ်ဆိုလို့  သာ စမ်းကြည့်ချင်တာ။ ခုဟာက account ရှိပြီး သားဆို တော့ စမ်းကြည့်ဖို့  စိတ်မပါတော့ဘူး။ ဘာ Feature အသစ်တွေပါ လည်းဆိုတာကိုတော့ နောက်၊ အားမှ စမ်းကြည့်တော့မယ်။ ခုတော့ ပျင်းသွားပြီ။

Window Live Spaces အကြောင်း သိချင်ကြရင်တော့ အောက်ကလင်ခ့် မှာ ဖတ်လို့  ရပါတယ်။
DailyTech (Window Live Spaces)

ဒါ ကျွန်မ ဖတ်ဖို့ ဆိုပြီး THKZ က ပို့ ပေးတဲ့ လင့်ခ်ပါ။ ကိုယ်ဟာကို ဆို ဘာမှ မဖတ်ဘူး။ ပျင်းတယ်။

02 August 2006

ဒီနေ့  ဖေဖေ ရန်ကုန်ပြန်သွားပြီ ဆိုတော့ နောက်ရက်တွေမှာ အလုပ်သိပ် မရှုပ်လောက်တော့ဘူး ထင်ရတာပဲ။ လုပ်စရာ ရှိတာတွေ လည်း တော်တော်ပြီး သွားပြီ၊ ဖေဖေလည်း ပြန်သွားပြီ။ ပြီးခဲ့တဲ့ အပတ် စနေနေ့  ညထဲက ဖေဖေ ဒီရောက်နေတာ၊ ဒီတစ်ခေါက် ထူးထူးခြားခြား hotel မှာ မနေပဲ ကျွန်မ တို့  အိမ်မှာ လာနေတယ်လေ။ သူ့ ရဲ့ သမီး ဒီမှာ နေတဲ့ Life Style ကို သိချင်လို့ တဲ့လေ။ ခုတော့ ပြန်သွားပြီး။ ဖေဖေ ဘာတွေ များ သိသွားလဲ မသိဘူး။ ဖေဖေ သိသွားမှာ သေချာတာ တစ်ခုတော့ ရှိတယ်၊ အဲ့ဒါက ကျွန်မဟာ ကျွန်မရဲ့ အဖေ သူနဲ့ တချို့ နေရာတွေမှာ အရမ်းကို တူနေ တယ်ဆိုတာကိုပါ။ ဟီး ဟီး။ အရင်ထဲကလည်း သိမှာပါ။ ခုတော့ ပိုသိသွားမယ်လို ထင်ရတာပဲ။

ကျွန်မ က ရုပ်ရည် အရ အဖေတူ သမီး ဆို တာ ရင်းနှီး သူတိုင်းသိကြတယ်။ အဲ့ဒီလို တူနေတာက ကျွန်မ့အတွက် တစ်မျိုးကောင်းနေတယ်။ တစ်ခုခုဆို အဆူခံ ရတော့ မယ်ဆို.. "သမီးက အဖေ တူ သမီးပဲ ဒီလောက်တော့ ရှိမှာပေါ့" လို့  သာပြောလိုက် အဖေဆူ တာကိုလုံဝ မခံရတော့ ဘူးဆိုတာ သေချာသလောက် ရှိသွားပြီ။ ဆူခံရ ခါနီးတိုင်း တင် မဟုတ်ပါဘူး၊ ကောင်းတာတွေ လုပ်ထားလို့  ချီးကျူး ခံရ ခါနီးတိုင်လည်း ပြောပေးဖို့  တော့ လို တာပေါ့ နော်။

ဒီတစ်ခေါက် ဖေဖေ ဒီကိုလာတာ မဆိုးဘူး။ မုန့် ဖိုး ပေးပါဆိုပြီး တောင်းလိုက်တော့ ပေးသွားတယ်။ ဟီး ဟီး။ အရင် နှစ်လ လောက်က မေမေ လာတုန်းက လည်း ပြန်ခါနှ်ီးမှာ မုန့် ဖိုး ပေးသွား သေးတယ်။ ခဏ ခဏ လာပြီး၊ မုန့် ဖိုး အမြဲပေးသွား ကြရင် ကောင်းမယ်။ အမေ ဒီမှာ ရှိနေတုန်း ကဆို၊ အိမ်မှာ ဘာမှ မလုပ်ရဘူး။ အလုပ်ကနေ အိမ်ပြန်လာပြီဆို မေမေ ချက်ထားတဲ့ ထမင်းကို အစဉ်သင့်လေး စားရုံပဲ။ အဝတ်လျှော် စရာလည်း မလိုဘူး၊ မီးပူလည်း တိုက်ပြီးသား၊ ဝတ်တော့မယ်ဆို အစဉ်သင့်ပဲ။ အမေကျေးဇူး များတယ်ကြီး ပါလာနော်။ ခုများကြတော့ ကိုယ့်ဟာကို အကုန်လုပ် နေရတယ်။ မေမေ ဒီမှာရှိနေတုန်း ကျွန်မ နည်းနည်းတောင်ဝ လာတယ်။ ညဆို စောစော အိပ်ခိုင်း၊ မနက်ဆို မနက်စာ စားခိုင်း၊ နွားနို့ သောက်ခိုင်းနဲ့ ဆိုတော့ ဝလာတာ ဘာဆန်းမလဲ။ အဲ့ဒီတုန်းက ဝလာတာ မဆန်းသလို ခု ပြန်ပိန်သွားတာလည်း ဘာဆန်းမလည်းနော်.. ။

နွားနို့ ဆိုလို့ ကျွန်မက နွားနို့  လုံးဝ မကြိုက်ဘူး။ ပြီးခဲ့တဲ့ အပတ်က နွားနို့  မှန်မှန် မသောက်လို့  မေမေ ဖုန်းဆက်ပြီး လှန်းဆူတာ ခံလိုက်ရသေးတယ်။ ကျွန်မ အဆူခံရတာ မဟုတ်ဘူး၊ ဖေဖေ နဲ့  အစ်ကို အဆူခံရတာ။ ကျွန်မ နွားနို့ မကြိုက်တာ၊ မသောက်ချင်တာ၊ အတင်းသောက်ခိုင်းရင်လည်း အကြောင်ရှာ လျှောင်ပြေးနေတာကို မေမေ သိနေတာပဲ။ အဲ့ဒီတော့ ကျွန်မကို မဆူဘူး၊ ကျန်တဲ့ သူတွေကို ဆူတာပေါ့။ ဟား ဟား။ ဖေဖေကလည်း သူ အဆူမခံရအောင်ဆိုပြီး၊ သူရှိနေ တဲ့ မနက်တိုင်း ကျွန်မကို အလုပ် မသွားခင် နွားနို့  သောက်ခိုင်းတယ်။ ပြန်ခါနီးတော့ ကျွန်မ သောက်ဖို့  ဆိုပြီး နွားနို့  တွေ အများကြီးဝယ်ပေးသွားတယ်။ Full Cream တွေဝယ်ပေးတာ။ သောက်ရတာ အော်ကလီဆန်လိုက်တာ။ ကိုယ်ဟာကိုဆို Skmi အလွန်ဆုံးဝယ်တဲ့ ဟာကို၊ ခုတော့ မနက်တိုင်း အဲ့ဒီဟာတွေသောက်ပြီး အန်ချင်နေတယ်။ အဲ့ဒီဟာတွေ ကုန်ရင် အစ်ကို ကို နွားနို့  အမြဲမပြတ်အောင် ဝယ်ရမယ်လို့  ပြောသွားတာ ကြားတာပဲ။ စိတ်ညစ်နေတယ်။ နွားနို့  အစား တစ်ခြားတစ်ခုခု ပြောင်းသောက်မယ် ပြောရမှာပဲ။ အစ်ကိုနဲ့  နားလည်မှု့ ယူရအုံးမယ်။

ခုတစ်လော သာမာန်ထက် ပို အပျင်းထူနေတယ်။ လုပ်စရာ လေးတွေ ပြီးအောင်လုပ်မှ ဖြစ်မယ်။ စာမေးပွဲ ဖြေဖို့ ဟာလည်း နည်းနည်း ခေါင်းထဲ ထည့်ထားအုံးမှ ဖြစ်မယ်။ လူက ကြာလေ အပျင်းထူ လေဖြစ်လာ သလိုပဲ။ ကိုယ်တစ်ယောင်တည်းတော့ မဟုတ်လောက်ပါဘူး။ ဒီနိုင်ငံမှာ ရှိနေတဲ့ ရှားရှားပါးပါး သူငယ်ချင်းကလည်း ကိုယ့်လိုပဲ ဆိုတော့ ဘာပဲ ပြောပြော အဖေါ်ရှိ သေးတာပေါ့။ ကိုယ်က သူ့ ထက် ပိုပျင်းတာ တော့ အသေအချာပဲ နေမှာ။ သူမှာ ဟို တစ်လောကလည်း ဘာဆိုလားလည်း မသိဘူးတတ်သေးတယ်။ ပြီးခဲ့တဲ့ လ တုန်ုးကလည်း စာမေးပွဲ တစ်ခု ဖြေတာ ခုအောင်စာရင်းထွက်ပြီ၊ အောင်သွားပြီလို့  ပြောတယ်။ သူ့ ကို အားကျပြီး သူ့ လို လိုက်လုပ်ချင်စိတ် ပေါက်ရင်ကောင်းသား။ ခုတော့ အဲ့ လို စိတ်ကူး မပေါက်ပဲ သူ့ ကို မုန့် လိုက် ဝယ်ကျွေးခိုင်း ချင်စိတ်ပေါက် နေတယ်။ ( မုန့် ဝယ်ကျွေး မလား။ )

ပြီးခဲ့တဲ့ အပတ်တုန်းက သူငယ်ချင်းစီက လက်ဆောင်ရတယ်။ သူဘန်ကောက်က ဝယ်လာတာ ဆိုပြီးပေးတာ။ နောက် သူငယ်ချင်း တစ်ယောက်က ရန်ကုန်ကနေ (The Waves) magazine နှစ်စောင်နဲ့ ၊ journal တစ်စောင် ဝယ်လာ ပေးတယ်။ နောက် သူငယ်ချင်း တစ်ယောက်က အထိမ်းအမှတ် တစ်ခု အတွက် ရှေ့အပတ်မှာ မုန့် လိုက်ကျွေးမယ်ပြော ထားတယ်။ ခု ဆုတောင်းရင် သူငယ်ချင်းတွေ ခရီးများများ သွားရပါစေ၊ ရန်ကုန် ခဏ၊ခဏ ပြန်ကြ ပါစေ၊ အောင်မြင်မှု့  တွေ များများ ရကြ ပါစေ လို့ ပါ ထဲ့ပြီး ဆုတောင်းရမလို ဖြစ်နေုပြီ။ ရှိသေးတယ် အစ်ကို စာမေးပွဲ မြန်မြန် အောင်ပါစေ၊ ဖေဖေ နဲ့  မေမေ စီက မုန့် ဖိုး များများရပါ စေလို့ ပါထဲ့ ဆုတောင်း ရမယ်။ ပြောသာ ပြောတာ ဘုရားမှာ ဆုမတောင်း ဖြစ်တာ တောင် အတော်ကြာပြီ။

ဘာရေးစရာ ကျန်သေးလဲ။ မရှိတော့ဘူး ထင်တယ်။ ဒီနေ့  တော့ ဒီလောက်ပါပဲ။ အိပ်သင့်ပြီ။ ကောင်းသော ည ပါ။

August 01, 2006

တို့ ဗမာ

ဒီနေ့  နားထောင်ဖြစ်ပြီး ကြိုက်နှစ်သက်သွားတဲ့ သီချင်းတစ်ပုဒ်..

Background Song of Democratic Federation of Burma



Download